Showing posts with label softwares. Show all posts
Showing posts with label softwares. Show all posts

Sunday, 4 December 2011

ဖိုင်ဆိုဒ်ကြီးသော ဖိုင်များကို ခွဲနိုင် ဆက်နိုင်သော software

ဒီ software လေးက အားလုံးအတွက် အသုံးဝင် မယ်လို.ထင်သောကြောင်. ပြန်လည်မျှဝေပေးတာပါ။  ဘယ်လိုနေရာတွေမှာ အသုံးဝင်လည်း ဆိုတော.  အီးမေးလ်ကနေ. ပို.၍ မရနိုင်သော ဖိုင် ဆိုဒ်ကြီးသည်.ဖိုင်များကို   ဆိုဒ်သေးသေးလေးတွေ ဖြစ်အောင် အညီအမျှခွဲပြီး ပို.ပေးနိုင်ပါတယ်။ ဒီလိုပို.ပေးထားသော ဖိုင်များကို   တစ်ခုတည်းပြန်ဖြစ်အောင်  ဆက်ပေးနိုင်ပါသည်။  ဇတ်ကား ကောင်းများ  မှတ်တမ်း မူဗီများ  သင်ခန်းစာများ အစရှိသည်များကို   မိတ်ဆွေ သူငယ်ချင်း မိဘများအား ပို.ပေချင်သော သူများအတွက် အရမ်းကို အဆင်ပြေနိုင်စေမယ်. software လေး တစ်ခုပါ ။ ဖိုင်ဆိုဒ်လည်း  သိပ်မများပါဘူး။ portable  software လေး ဖြစ်တဲ.အတွက် လိုအပ်တဲ.အချိန်မှာအလွယ်တစ်ကူ အသုံးပြုနိုင်မှာပါ။  အသုံးပြုပုံမှာလည်း ငှက်ပျောသီး အခွံနွာတာထက်တောင် လွယ်ပါတယ် ---:P။  


အသုံးပြုနည်း 

ဒီမှာ ဒေါင်းယူပါ 




 http://www.mediafire.com/?ax61i9o33w52ky4

Tuesday, 15 November 2011

folderလေးတွေကို စိတ်ကြိုက်အရောင်ပြောင်းနိုင်သော software

ကွန်ပျူတာ အသုံးပြုသော သူများအားလုံး  ဖိုင်တွေ သိမ်းဆည်းထားသည်. ဖိုဒါများကို အရောင်များဖြင်. စနစ်တကျ သတ်မှတ်ပေးနိုင်သည်. software လေးတစ်ခု ဖြစ်ပါတယ်။ စုဆောင်းတာ ၀ါသနာပါသော မိတ်ဆွေများ ပိုပြီး အသုံးတည်.ပါလိမ်.မည်။  ရုံးလုပ်ငန်း အသုံးပြုသည်. မိတ်ဆွေများလည်း လိုအပ်မည် ထင်သည်။  icon တွေ ခပ်ဆန်းဆန်း ပေးမည်.အစား  ဒီအရောင်လေးတွေနဲ. အသုံးပြုပါ ကမျက်စိလည်းရှင်း လိုအပ်သော ဖိုင်များကို ရှာဖွေရာ၌ လည်း လွယ်ကူမည် ဖြစ်ပါသည်။ software run  ပုံကလည်း ပုံမှန် software များ run သလိုပါဘဲ။ ဖိုင်ဆိုဒ်ကလည်း  2.13 MB ဘဲရှိသောကြောင်. စက်လေးမှာလည်း ပူစရာမလိုပါ။ အသုံးပြု ပုံမှာ software run ပြီးပါက မိမိပြောင်းလိုသည်. ဖိုဒါကို right click ထောက်
ပြီး  folderlight ------  ကြိုက်နှစ်သက်သော အရောင်ကိုရွေးချယ်ပါ။

 
http://www.mediafire.com/file/5et1b1mc5q4u9gs/foldrlight%20software.rar                                


မောင်မောင်(မြစ်ဆုံ)

Thursday, 3 November 2011

မြန်မာသီချင်းများဖြင်.ပြုလုပ်ထားသော phoneringtone များ



စုစည်းထားတာလေးတွေကို ပြန်လည်မျှဝေလိုက်တာပါ။  ပြည်ပတွင်ရောက်နေသောသူများ မိမိနေ.စဉ်အသုံးပြုနေသည်. ဖုန်းများတွင် ဒီဖုန်းသံလေးများကို ထည်းသွင်းထားခြင်းဖြင်. အလွမ်းပြေနိုင်မည်ဟု ထင်ပါသည်။ ခေတ်သီချင်းမြူးမြူးကြွကြွလေးများသာမက သင်္ကြန်သီချင်းများ ၊ နတ်ဒိုးများ၊ နိုင်ငံခြားသီချင်းတွေ ပြုလုပ်ထားတာတွေလည်း ပါပါတယ်။ မရှိသေးသောသူများအတွက် အသုံးဝင်မည်ဟု ထင်မိပါသည်။  download လင်.ကိုနှိပ်ပြီးဒေါင်းယူပါ။





download link
http://www.mediafire.com/?6mok5u9jgbybbgj

Saturday, 13 August 2011

မိမိကိုင်ဆောင်သည်. ဖုန်းတွင် မလာစေချင်သောဖုန်းနံပါတ်များ block လုပ်ထားပေးနိုင်မည်. freeware

 


တစ်ခါတစ်ရံမှာအလိုက်မသိတတ်သောသူများကြောင်.အင်မတန်မှစိတ်အနှောင်.အယှက် ဖြစ်ရတတ်ပါတယ်။ အလုပ်တွေများနေတဲ.အချိန်ကိုယ်ရေးကိုယ်တာဖုန်းနံပါတ်များကိုပိတ်ထားနိုင်ပါတယ်။ကိုယ်နဲ.ရန်ဖြစ်ထားသော မိတ်ဆွေများ၊ ဖုန်းနံပါတ်တော. သိနေပီးစကားမပြောချင်သောသူများ၊  နှောင်.ယှက်တတ်သောဖုန်းသရဲများ၊ ထိုသူများဖုန်းခေါ်တဲ.အခါမိမိဖုန်းမှမအားသေးပါဒါမှမဟုတ်ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်လို.ဖြေမှာ ဖြစ်ပါတယ်။  စိတ်ကောက် တတ်သော ရည်းစားရှိသူများ လည်း အသုံးတည်.မယ် ထင်ပါသည်။ freewareမှာBlacklisted နဲ. Setting ဆိုပါပါတယ်။   Blacklisted  အောက်မှာ blacklist လုပ်ထားတဲ.ဖုန်းအရေအတွက်၊ history ၊ ဖုန်းနံပါတ်တွေကို  blacklist သွင်းရန် Add New ပါဝင်ပါတယ်။ ပေးထားတဲ.ဖုန်းအမျိုးအစားကတော. Android ဖုန်းတွေ အတွက်ဖြစ်ပီး 1.405MB ပမာဏ ရှိပါတယ်။  တစ်ခြား ဖုန်းအမျိုးအစားတွေလည်း စမ်း
သုံးကြည်.လို.ရနိုင်ပါတယ်။



 မူရင်း ဆိုဒ်လေးမှာဘဲ ဒေါင်းယူနိုင်ပါတယ်။

   

http://www.freewarelovers.com/android/app/callblocker