Showing posts with label ကွန်ပျူတာနည်းပညာများ. Show all posts
Showing posts with label ကွန်ပျူတာနည်းပညာများ. Show all posts

Wednesday, 18 January 2012

javascript ကို လေ.လာလိုချင်သူများအတွက်

Javascript သည် web ပေါ်မှာ အသုံးများသော script language တစ်ခုဖြစ်ပါတယ်။ javascript ကို
ECMAScript ၏လက်နက်အဖြစ်နဲ့လဲ တင်စားကြပါတယ်။ ECMAScript သည် ECMA-262 specification andISO / IECအမေရိကန်နိုင်ငံ ၏ software company “Netscape “ မှ Brendan Eich က တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။javascript ၏ မူရင်း နာမည်သည် livescript ဖြစ်ပါတယ်။ livescript ကို Netscape
ပထမဆုံးအသုံးပြုခဲ့ကြပါတယ်၊ Livescript ကို 1995 ခုနှစ် စက်တင်ဘာ လတွင် တရားဝင် language အဖြစ်
သတ်မှတ်ခဲ့ကြပါတယ်၊ဒါပေမဲ့ 1995 ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့မှာပဲ sun Microsystems (magazine )က
javascript အဖြစ် တရားဝင် အမည်ပြောင်းလဲကြေညာခဲ့ပါတယ်။ 1966 ခုနှစ်မှာ javascript သညှ် browser
အားလုံးမှာ support ဖြစ်ခဲ့ပါတယ်။ 1997(Informationstandards) ၏ စံသတ်မှတ်ခြင်းခံခဲ့ရပါတယ်။ 1998 ခုနှစ်မှတော့ international ISO (ISO/IEC 16262)အဖြစ်စံသတ်မှတ်ခဲ့ကြပါတယ်။ javascript သည် client-side scripting language ကဲ့သို့ပဲ လျှင်မြန်စွာနဲ့web ပေါ်မှာ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ 2009 ခုနှစ် သြဂုတ်လမှာ js အတွက် အဓိကကျသော commonstandars library ကို တွေ့ရှိခဲ့ပါတယ်။ ၎င်းကို commonjs project ခေါ်ပါတယ်။JavaScript (CSJA) နှင့် sever-side-Javascript ပုံစံတွေ အဖြစ်နဲ့ web ပေါ်မှာ run ကြပါတယ် ၊ JS သည်User interface နှင့် dynamic website တွေ အတွက် အများကြီး အထောက်ကူ ဖြစ်စေပါတယ်။ javascript၏ syntax တွေကိုတော့များများသည် java မှာ ရယူထားပါတယ်။ javascript ၏1662မှာ စံသတ်မှတ်ထားတဲ့ languageတစ်ခုဖြစ်ပါတယ်။
ဒါကတော. အမြည်းလေးပါဘဲ  ဆက်ပြီး နှံ.နှံ.စပ်စပ်လေ.လာချင်ပါက
ဒီမှာ   တိုက်ရိုက်သွားဖတ်နိုင်ပြီး  
စာအုပ်တစ်ခုလုံးကို ဒေါင်းယူချင်ပါက    ဒီမှာ   ဒေါင်းယူပါ။  အလကားရတုန်းယူထားပါ ခင်ဗျာ--- :P။


Saturday, 17 December 2011

မိမိ ဓါတ်ပုံနဲ. ခရစ်စမတ်သီချင်းလေးကို ပြုလုပ်ကြရအောင်

မကြာခင်မှာ ခရစ်စမတ်ရောက်တော.မှာ ဖြစ်သဖြင်. မိမိမိတ်ဆွေ ချစ်သူ သူငယ်ချင်းများထံသို. သာယာနာပျော်ဖွယ် သီချင်းလေး နဲ. ခရစ်စမတ်ကဒ် လေးတွေ ပြုလုပ်ပီး လက်ဆောင် ပို.ပေးကြရအောင်။
mp 3 mp 4 cd တွေ ထွေထွေ ထူးထူး လုပ်ပေးမည်.အစား ဒီ ဆိုဒ်လေးမှာ ၀င်လုပ်ပြီး လင်.လေး တစ်ခုသာ လွယ်လွယ် ကူကူနဲ. ပို.ပေး နိုင်မှာ ဖြစ်ပါတယ်။
 သီချင်းလေး နဲ. အတူတူ လိုက်ကနေသော ပုံမှာ မိမိ ပုံထည်.ပီး  ပြု လုပ်ရမှာ ဖြစ်ပါတယ်။ ပြုလုပ်တဲ. နည်းကလည်း လွယ်ကူ ရိုးစင်းပါတယ်။ သီချင်းလေး နဲ.ဆိုတော.  နားထောင်လို.လည်း အဆင်ပြေမှာပါ။ အားလုံး နှစ်သက်လိမ်.မယ်လို. မျှော်လင်.ပါတယ်။ မသိသေးသော သူများအတွက်ပါ။
ပြုလုပ်နည်း အဆင်.ဆင်.ကို  ပုံလေးတွေ ဖြင်. ရှင်းပြထားပါတယ်။ ပုံကို တော. နာမည်ကြီး  ကိုရီးယား မင်းသားတစ်ယောက်၏ ပုံကို နမူနာ အသုံးပြုထားပါတယ်---- :P။
အောက်ပါ လင်.လေး မှာ သွားရောက် လုပ်ယူပါ။ 


http://www.dancingsantacard.com/en/







Saturday, 5 November 2011

website နည်းပညာများကို လေ.လာလိုသူများအတွက် CSS(Cascading Style Sheets), HTML


  ဒီဖိုင်လေးတွေကို ပြုစုထားသော သူမှာ မောင်မောင်မဟုတ်ပါ။ သူငယ်ချင်းတစ်ယောက်မှ (http://www.itloading.com/)သူလေ.လာထားသော ဘာသာရပ်လေးကို မျှဝေပေးပါအုန်းဆို၍  စိတ်ဝင်စားသောသူများ လေ.လာလိုသူသော သူများအတွက် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ မည်သည်.ပညာရပ်တစ်ခုကို မဆိုတတ်မြောက်ထားပါက အချည်းနည်းမဖြစ်နိုင်ပါ။  ယနေ.ဘလေ.ရေးနေသော မိတ်ဆွေများအတွက်   တစ်နည်းနည်းတော.အသုံးဝင်လိမ်.မည်ဟုမျှော်လင်.ပါသည်။
   ဒါကတော.အမြည်းလေးပါ     Cascading Style Sheets (CSS) ဆိုတာ style sheet language တစ်ခုပဲဖြစ်ပါတယ် ၊ CSS သည်
markup language ထဲမှာ ရေးသားထားတဲ့ document တွေ၏ style တွေကို formatting ချဖို့အတွက်
World Wide Web Consortium (W3C) ဖန်တီးထားခြင်းဖြစ်ပါတယ် ၊ CSS တွေကို
အများဆုံးအသုံးပြုတာကတော့ HTML , XHTML နှင့်ရေသားထားသော document တွေမှာ
အသုံးပြုကြပါတယ် ၊CSS အကြောင်း မလေ့လာခင်မှာ HTML / XHTML ကိုတော့
သိထားသင့်ပါတယ်။HTML 3.2 မှာ font နှင့် color တွေ သတ်မှတ်တဲ့ အခါ web developers
တွေအတွက် အဆင်မပြေမူတွေ၊ HTML 3.2 နှင့် ကြီးမားတဲ့ web sites တစ်ခုတည်ဆောက်တဲ့
အခါ ရူပ်ထွေးမူတွေဖြစ်ပေါ် စေပါတယ် ၊ CSS – Cascading Style Sheets ဆိုတာ HTMl
element တွေကို ဘယ်လို style မျိုးနဲ့ ဖော် ပြမလဲဆိုတဲ့ အခါ အသုံးပြုပါတယ် ၊ CSS files တွေကို
  သီခြားထားပြီး ခေါ်ယူအသုံးပြုနိုင်ပါတယ် ။ 


     CSS သတ်မှတ်သော ပုံစံ

ပြထားသော ပုံကိုကြည့်လိုက်ပါ။ ၎င်းမှာ အပိုင်းနှစ်ပိုင်း၇ှိပါတယ်၊  Selector ဆိုတာ ကိုအသုံးပြုချင်တဲ့ HTML element (p,h1,h2 စသဖြင့်) ပါ။
Declaration ထဲမှာတော့ Property နှင့် value တွေ ပါဝင်ပါတယ်၊
CSS declarations တွေကိုတော့ အမြဲတမ်း semicolon(;) နဲ့ ဆုံးပြီး၊ declaration groups တွေကို
curly brackets { } တွေနဲ့ ပိတ်ပါတယ်။ တစ်ခုထက်ပိုတဲ့ declaration တွေ ကြေညာချင်ရင်တော့
semicolon(;) နဲ့ ခြားပြီး ဖေါ်ပြပါတယ်။ အောက်မှာ ကြည့်ကြည့်ပါ-----
CSS style 

  
 ဆက်လက်ပြီးလေ.လာချင်ပါက  အောက်ကလင်.လေးမှာအပြည်.အစုံရေးထားသောစာအုပ်ဒေါင်းယူပါ။
http://www.mediafire.com/?an0wiuqhwmdmf3i#1



    

Saturday, 13 August 2011

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ








 

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက်... ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။ ၁။ အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။ ၂။ အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။ ၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။ နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။ ၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။ ၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။ ၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။ ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။ ဒီစာလေးကို သင့်ရဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ ခင်မင်စွာဖြင့် yanaing Ref: How to Detect Hidden Camera in Trial Room, HOW TO DETECT A 2-WAY MIRROR
                                                                                                      

Wednesday, 10 August 2011

World Wide Web (WWW) သြဂုတ်လ ၆ ရက်နေ့တွင် အနှစ် ၂၀ ပြည့်မြောက်

 


ယနေ့ခေတ် လူသန်းပေါင်းများစွာ၏ နေ့စဉ်ဘ၀တွင် ဒွန်တွဲနေသော အစိတ်အပိုင်းတစ်ခု ဖြစ်သည့် အင်တာနက်လိပ်စာ World Wide Web (WWW) သည် သြဂုတ် ၆ တွင် အနှစ် ၂၀ ပြည့်မြောက်ခဲ့သည်။
သိပ္ပံပညာရှင်များအကြား ၎င်းတို့၏ ဓာတ်ခွဲခန်းများ အတွင်း အချက်အလက်များ မျှဝေသုံးစွဲနိုင်ရေး အတွက် link များပါဝင်သည့် စာမျက်နှာတစ်ခုကို ဖန်တီးရာမှ (WWW) အစပျိုးခဲ့ခြင်း ဖြစ်သည်။၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့တွင် ဆာတင်မ်ဘာနာစ်လီက ပထမဆုံး (WWW) စာမျက်နှာကို အင်တာနက်ပေါ် လွှင့်တင်ခဲ့သည်။
လန်ဒန်ဖွား ရူပဗေဒနှင့် ကွန်ပျူတာသိပ္ပံပညာရှင် တင်မ်ဘာနာစ်လီသည် ဂျီနီဗာမြို့ရှိ ဥရောပသမဂ္ဂ၏ နျူကလီးယား သုတေသန အဖွဲ့အစည်း CERN တွင် အလုပ်လုပ်နေစဉ် လုပ်ဖော်ကိုင်ဖက်များအကြား အချက်အလက်များ မျှဝေနိုင်ရေးအတွက် အကောင်းဆုံး နည်းလမ်းများကို ရှာဖွေရာမှ (WWW) လိပ်စာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ပထမဆုံး (WWW) လိပ်စာကို လွှင့်တင်ခဲ့ပြီးနောက် အခြားနေရာများသို့လည်း ပျံ့နှံ့ရောက်ရှိနိုင်ရေးနှင့် အခြား အချက်အလက်များ မျှဝေနိုင်မည့် gateway server များ ထားရှိရေး အတွက် ဘာနာစ်လီနှင့် လုပ်ဖော်ကိုင်ဖက်များက စိတ်ဝင်စားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ Web Server ၅၀ ၀န်းကျင်အထိ ရှိလာခဲ့ပြီး သြဂုတ် ၆ တွင် ၀က်ဘ်ဆိုက် စာမျက်နှာ ၁၉ ဒသမ ၆၈ ဘီလျံ အထိ ရှိလာခဲ့သည်ဟု www.worldwidewebsize.com မှ ဖော်ပြချက်အရ သိရသည်။
ပထမဆုံး ဒိုမိန်း www.symbolics.com ကို ၁၉၈၅ ခုနှစ်၊ မတ် ၁၅ တွင် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။ အင်တာနက်ပေါ် လှိုင်းစီးသည် surfing the internet ဆိုသော စာစုကို စာရေးဆရာ Jean Armour Polly က ၁၉၉၂ ခုနှစ်၊ ဇွန်တွင် စတင် သုံးစွဲခဲ့သည်။ အင်တာနက်တွင် ပထမဆုံး ရှာဖွေသော စာလုံးမှာ Archie ဖြစ်သည်။ Internet ဟူသော စကားလုံးကို ၁၉၇၄ ခုနှစ်တွင် စတင် သုံးစွဲခဲ့ပြီး သန်းချီသော ကွန်ပျူတာများကို ချိတ်ဆက် သုံးစွဲသော ကြီးမားသည့် ကွန်ရက်ကို ရည်ညွှန်းသည်။ (WWW) မှာမူ အင်တာနက်ပေါ်တွင် ၀က်ဘ်ဆိုက် စာမျက်နှာများမှ တစ်ဆင့် သတင်းအချက်အလက်များကို ရယူရာတွင် အသုံးပြုသော ပစ္စည်း ဖြစ်သည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=9708:world-wide-web-www------&catid=49:asia&Itemid=118        မှ ပြန်လည်ကူးယူဖော်ပြ
ထားခြင်း ဖြစ်ပါတယ်။




Tuesday, 9 August 2011

အသုံးပြုရန်လွယ်ကူတဲ. photo slide show software





   ဓါတ်ပုံများများ ရှိတဲ.သူများအတွက် အဆင်ပြေစေမယ်. software လေးပါ။  ကွန်ပျူတာ knowledge နည်းပါးသည်.သူများလည်း  သုံးနိုင်လောက်အောင်  ရှင်းလင်းပါတယ်။မြန်မာလို အသုံးပြုရန် နည်းလေးပါ ထည်.ပေးထားပါတယ် ။ zip ဖိုင်အမျိုးအစားဖြစ်သည်.အတွက် စက်ထည်းမှာ WinRAR software ရှိဖို.တော.လိုတယ်နော်။ကြိုက်မကြိုက် စမ်းသုံးကြည်.ပါအုန်း။



http://www.mediafire.com/?3gb6whah7hoyvzh

                                                                                       လေးစားစွာဖြင်.(မောင်မောင်)