Showing posts with label ဗဟုသုတများ. Show all posts
Showing posts with label ဗဟုသုတများ. Show all posts

Saturday, 18 August 2012

" အရှေ့တောင်အာရှနိုင်ငံများ၏ ဗုဒ္ဓဘာသာဝင်အရေအတွက် "



၁ - ဗီယက်နမ်နိုင်ငံ - ၇၄,၂၆၈,၇၅၀ သန်း ( ၈၅ ရာခိုင်နှုန်း )


၂ - ထိုင်းနိုင်ငံ - ၆၁,၈၁၄,၇၄၂ သန်း (၉၂.၆ ရာခိုင်နှုန်း )

၃ - မြန်မာနိုင်ငံ - ၄၈,၀၁၉,၂၀၀ သန်း ( ၇၉.၆ ရာခိုင်နှုန်း )

၎ - ကမ္ဘောဒီးယားနိုင်ငံ - ၁၃,၉၃၈,၄၆၀ သန်း ( ၉၈.၅ ရာခိုင်နှုန်း )

၅ - လာအိုနိုင်ငံ - ၆,၁၉၅,၈၉၈ သန်း ( ၉၅.၃ ရာခိုင်နှုန်း )

၆ - အင်ဒိုနီးရှားနိုင်ငံ - ၈,၀၉၂,၀၀၀ သန်း (၃.၄ ရာခိုင်နှုန်း)

၇ - မလေးရှားနိုင်ငံ - ၅,၉၇၀,၈၀၀ သန်း ( ၂၂ ရာခိုင်နှုန်း )

၈ - ဖီလစ်ပိုင် - ၂,၇၅၉,၄၉၀ သန်း ( ၃ ရာခိုင်နှုန်း )

၉ - စင်္ကာပူနိုင်ငံ - ၃,၃၄၁,၆၉၂ သန်း ( ၆၇ ရာခိုင်နှုန်း )

၁၀ - ဘရူနိုင်းနိုင်ငံ - ၂၉,၈၂၂ သိန်း ( ၀.၁၃ ရာခိုင်နှုန်း )


- ဗုဒ္ဓဘာသာလူငယ်များအသင်း

  
 

Friday, 29 June 2012

ATM(ငွေထုတ်စက်)များအကြောင်း













      ၁၉၅၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ ATM စက် (အလိုအလျောက်ငွေထုတ်စက်) ကို ပထမဆုံးအသုံးပြုခဲ့ပါ တယ်။ ၁၉၆၀ နောင်းပိုင်းကစတင် ရေပန်းစားပြီး ယနေ့အချိန်အထိ အသုံးပြုနေတဲ့ ATM (Automated teller machine) ရဲ့ အခြေခံ ဖွဲ့စည်းပုံအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ CPU (အသုံးပြုသူ interface နှင့် ငွေထုတ်စက်အား ထိန်းချုပ်ရန်)
၂။ Magnetic/ Chip card (ငွေထုတ်သူ Customer အား ခွဲခြားဆုံးဖြတ်ရန်)
၃။ PIN/ Touch Screen ( လျို့ဝှက်ကုဒ်နံပါတ်ရိုက်ရန်)
၎။ Display (ဖန်သားမျက်နှာပြင်)
၅။ Function key buttons/ Touch screen ( ထုတ်မည့်ငွေပမာဏအားရိုက်ထည့်ရန်)
၆။ Vault (ငွေများအားထိန်းသိမ်းကာကွယ်သည့် မီးခံသေတ္တာအလွှာ)
၇။ Housing (စက်အခွံ)

စက်ကို interbank network နဲ့ချိတ်ဆက်ထားရပါတယ်။ ယင်း ဘဏ်ကသီးသန့်အသုံးပြုတဲ့ သီးခြား အတွင်း Network မို့လို့ သူ့ကို interbank network လို့ခေါ်ပါတယ်။ ယင်းဟာ ဘဏ်အမျိုးအစားတစ်ခုနဲ့တစ်ခု မတူပါဘူး။ သို့ပေမဲ့ တစ်ခါတစ်ရံမှာ ဘဏ်အများအပြားကို Network တစ်ခုတည်းအသုံးပြုတာမျိုး လည်းရှိပါတယ်။ ဥပမာ-ဖိလစ်ပိုင်မှာဆိုရင် ဘဏ် ၁၉ခုလောက်ဟာ Megalink ကပေးတဲ့ Network ကို အသုံးပြုပါတယ်။

ပြီးတော့ စက်ကို host နဲ့တိုက်ရိုက်ချိတ်ဆက်ခြင်း (သို့မဟုတ်) ADSL (သို့မဟုတ်) dail-up modern (သို့မဟုတ်) leased line တို့နဲ့လည်း ချိတ်ဆက်ရပါသေးတယ်။ ADSL ကတော့ ကော့ပါးတယ်လီဖုန်းလိုင်းဖြစ်ပြီး Data ပို့လွတ်မှုမြန်ဆန်မှုရှိပါတယ်။ dail-up modern ဆိုတာကတော့ ရိုးရိုးတန်းတန်း တယ်လီဖုန်းလိုင်းလိုဖြစ်ပါတယ်။ Leased line မှာ POTS လို့ခေါ်တဲ့ လိုင်းကိုအသုံးပြုပါတယ်။ POTS ဆိုတာ Plain old telephone service ဖြစ်ပြီး Data အပို့၊အလွတ် အင်မတန်ရိုးဆင်းလွယ်ကူပါတယ်။

ပြီးတော့ လိုင်းဆွဲအားကောင်းတဲ့ အင်တာနက်လိုင်း ( VPN connection) လိုအပ်ပါသေးတယ်။ ATM စက်ရဲ့ Network ကိုနေရာတစ်ခုကနေ အခြားမြို့နယ်က စက်ဆီကို ကူးနိုင်ဖို့ အင်တာနက်လိုင်းကို အသုံးပြုရပါတယ်။ အသုံးများတဲ့ lower-level layer communication protocols ကတော့ SDLC, TC500, Async, X.25, TCP/IP တို့ဖြစ်ပါတယ်။

စက်အလုပ်လုပ်ပုံအကျဉ်းချုပ်ကတော့ ကဒ်ကို ထဲလိုက်တဲ့အခါမှ reader ကဖတ်ပြီး ရလာတဲ့ Data ကို Administrator ဆီ interbank Network ကနေပို့လွတ်ပါတယ်။ ပြီးတော့ user ကထုတ်မည့်ငွေပမာဏကို တွက်ချက်ပြီး Cash Dispenser ကနေ ထုတ်ပေးပါတယ်။ ပြီး ထုတ်ယူတဲ့ ငွေပမာဏကို user အားသိစေရန် အသိအမှတ်ပြုစာရွက် (ဘောင်ချာ) ပြန်ပေးပါတယ်။

လုံခြုံရေးအဆင့်မြင့်ပါတယ်။ ဥပမာ လျှို့ဝှက်နံပါတ် မှားရိုက်မှုအကြိမ်အရေအတွက် များလာရင် မှတ်သားပြီး user ရဲ့တောင်းဆိုချက်ကို ဘာမှတုန့်ပြန်မှုမပေးတော့ပါဘူး။ ပြီးတော့ အခြား Security function ပါဝင်ပါသေးတယ်။

သို့ပေမဲ့ အားနည်းချက်များလည်းရှိပါတယ်။ ဥပမာ-မီးပျက်လို့မရပါဘူး။ မီးပျက်ရင် (Electrical suppy shut down/ off) ဖြစ်မယ်ဆိုရင် အခက်တွေ့ပါပြီ။ မီးယာယီပျက်ပြီး ပြန်လာရင်လည်း စက်ကို ပုံမှန်ပြန်လည်ပတ်ပို့သေချာစစ်ဆေးပေးရပါတယ်။ နိုင်ငံကြီးတွေမှာတောင် မမျော်လင့်ပဲ မီးပျက်တဲ့အခါ အခွင့်ကောင်းစောင့်တဲ့ hacker များဟာ ATM စက်ကို နည်းအမျိုးမျိုးနဲ့ Hack ပြီးငွေခိုးလေ့ရှိကြပါတယ်။ CCTV ကင်မရာထားသော်ငြားလည်း ယနေ့အထိ အားနည်းနေဆဲဖြစ်ပါတယ်။ ATM Card အစား အခြား ဗိုင်းရက်စ်ပါတဲ့ Malware card များအသုံးပြုပြီးထုတ်ယူသူများလည်းရှိတယ်လို့ လေ့လာဖူးပါတယ်။

သို့ပေမဲ့ အားနည်းချက်အနည်းငယ်ရှိသော်လည်း လုံခြုံရေးအားသာချက်ပေါင်းများစွာရှိနေတဲ့ ATM စက်များကို ကမ္ဘာတစ်ဝန်းမှာ ယနေ့တိုင်အသုံးပြုနေကြတာကို တွေ့ရပါတယ်။

မှတ်ချက်။ International news for myanmar's Page  မှ ပြန်လည်မျှဝေ ထားခြင်းဖြစ်ပါတယ်။

Wednesday, 27 June 2012

ကမ္ဘာပေါ်တွင် အလှဆုံးသော မြွေ ( ၁၀) မျိုး

ကမ္ဘာပေါ်မှာအလှဆုံးဟု သတ်မှတ်ထားသော မြွေအမျိုးအစား ဆယ်မျိုးကို စုစည်းပြီး တင်ပြထားပါတယ်။ ဘယ်လိုဘဲ လှပသော မြွေမျိုး ဖြစ်ပါစေ အန္တရာယ်ပေးနိုင်သော သတ္တ၀ါ ဖြစ်ပါတယ်။


 
1။Green Tree Python
အစိမ်းရောင်စပါးကြီးမြွေကို  အင်ဒိုနီးရှား ၊ သြစတြေးလျား နဲ. ပါပူအာနယူဂီနီ တို.မှာ တွေ.ရနိုင်ပါတယ်။ အရှည်ဆုံးမှာ  ၇ ပေခန်.ရှိပါတယ်။

2။ Blue Racer snake
အပြာရောင်ဒီမြွေမျိုးကို ကနေဒီယန်ကျွန်းဆယ်များနဲ.မက္ကစီကိုဒေသမှာ တွေ.ရနိုင်ပါတယ်။ 
                                                      3။ Eastern Coral Snake
                            မြွေဘုရင် ဟု သိကြသည်. ကော်ဘရာ မြွေမျိုးစိတ်ထည်းမှာပါဝင်တဲ. ဒီမြွေမျိုးကို အမေရိကနဲ. မက္ကစီကို ဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
                                     
                                                         4။Brazilian Rainbow Boa
နှစ် ၂၀ ခန်.အသက်ရှင်နေနိုင်သည်.ဒီမြွေမျိုးကို အမေရိက ဒေသနဲ. ဘရာဇီးရှိ အမေဇုန်ဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
                                
5။Melanistic Burmese Python
ဒီအ၀ါရောင်စပါကြီးမြွေမျိုးစိတ်ကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုချိုင်းနားကျွန်းဆွယ်တို.မှာ တွေ.ရနိုင်ပါတယ်။ အနှစ် ၃၀ ထက် အသက်ရှင်နေနိုင်သော နှစ်ချို.သတ္တ၀ါ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာက ဗမာစပါအုန်းမြွေလို.နာမည်ပေးထားချင်းဘဲ ဖြစ်ပါတယ်။
                                                      6။The Iridescent Shieldtail
                     ဒီတောက်ပတဲ.မြွေမျိုးစိတ်ကို အိန္ဒိယ နိုင်ငံမှာအများဆုံး တွေ.ရနိုင်ပါတယ်။
                                                 7။The Emerald Tree Boa
                      ဒီမြွေမျိုးကိုတော. အမေရိကဒေသနဲ. ဘရာဇီးဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
                                            
 

8။Indigo Eastern Rat Snake
မိန်းမကိုင်အိတ်တွေပြုလုပ်ဖို. အသတ်ခံနေရတဲ. ဒီမြွေမျိုးကိုတော. အမေရိကဒေသမှာ အများဆုံးတွေ.ရနိုင်ပါတယ်။ 
                                                          9။Leucistic Texas Rat Snake
                lady white လို.တင်စားခေါ်ဝေါ်ကြသော ဒီမြွေမျိုးစိတ်ကို အမေရိက ဒေသနဲ. အိန္ဒိယ ဒေသတွေမှာ အများဆုံး တွေ.ရနိုင်ပါတယ်။

                                                      
10။ Honduran Milksnake
အနီ အနက် အ၀ါ သုံးရောင်ခြယ်ထားတဲ. ဒီမြွေမျိုးစိတ်ကို ဟွန်ဒူးရပ်စ် နိုင်ငံမှာ အများဆုံးတွေ.ရနိုင်ပါတယ်။ 

                                                                             
                                                                            မောင်မောင်
Ref// http://www.environmentalgraffiti.com/

Sunday, 24 June 2012

မှတ်သားဖွယ်ရာများ




အနိုင်ယူနည်း
၁။ မိမိထက်သာသောသူကို မိမိကိုယ်ကို နှိမ်.ချခြင်းဖြင့်
၂။ တန်းတူ သူအား သူ့ထက်သာအောင်ကြိုးစားခြင်းဖြင့်
၃။ နိမ့်ကျသောသူအား အနည်းငယ်ပေးကမ်းစွန့်ကျဲခြင်းဖြင့်
၎။ရဲရင့်သော အဖွဲ့အစည်းအား သွေးခွဲခြင်းဖြင့်


သူရူး(၃) ဦး
၁။ ပစ္စည်းဥစ္စာမချမ်းသာပဲ အကောင်းစားချင်သူ
၂။ ခွန်အားဗလမရှိပဲ အသတ်အပုတ်လုပ်ချင်သူ
၃။ အသိပညာမပြည့်ဝပဲ လူသူကြားပြောချင်သူ

မပြောသင့်သော စကား(၅)ရပ်
၁။စီးပွားပျက်ခြင်း
၂။စိတ်နှလုံးပူပန်ရခြင်း
၃။မယားဖြစ်သူဖောက်ပြန်ခြင်း
၎။အလှည့်စားခံရခြင်း
၅။မထီမဲ့မြင် အပြုခံရခြင်း


ပျက်စီးခြင်း(၄)မျိုး
၁။ ကျက်မှတ်ထားသောစာများအား နေ့စဉ်ပြန်မနွေးသောကြောင့်
၂။အိမ်ထောင်တစ်ခုတွင် ထကြွလုံ့လနည်းသောကြောင့်
၃။ ရုပ်ရည်လှပတင့်တယ်သော်လည်း ပျင်းရိသောကြောင့်
၎။ ဣနြေ္ဒရှိသော်လည်း သတိမေ့တတ်သောကြောင့်


မရှက်အပ်သော အခါများ ၎
၁။ပစ္စည်းဥစ္စာ ရောင်းဝယ်သောအခါ
၂။ အတတ်ပညာသင်ယူသောအခါ
၃။ သံတမန် လုပ်ငန်းများဆောင်ရွက်သောအခါ
၎ ။မေထုန်မှီဝဲသောအခါ

ပညာရှိပင်ဖြစ်လင့်ကစား ဘ၀ပျက်တတ်သောအကြောင်းများ
၁။ ဥာဏ်တုံးသော တပည့်အားပညာသင်ပေးခြင်း
၂။ အကျင့်မကောင်းသော မိန်းမနှင့် အိမ်ထောင်ပြုမိခြင်း
၃။ သူယုတ်မာနှင့်ပေါင်းမိခြင်း


အလိုရှိသတိ၇တတ်မှု
၁။စစ်မြေပြင်တွင်ရဲရင့်သောသူအားလိုကို၎င်း                                                                                                                                             ၂။ အစားကောင်းစားရသောအခါ ချစ်သူကို ၄င်း
၃။ အခက်အခဲကြုံလာသောအခါ ပညာရှိကို၎င်း
၎။ တိုင်ပင်၇န်လိုလာသောအခါ နှုတ်လုံသူအား၎င်း အလိုရှိတတ်ကျ၏


မူယာမာယာများတတ်သူများ
၁။ ၂လင် ၃ လင်ပြောင်းပီးသောမယား
၂။ ၂ကျောင်း၃ကျောင်းပြောင်းပီးသော ရဟန်း
၃။ ထောင်ချောက်မှ ၂ကြိမ် ၃ကြိမ် လွတ်ဖူးသော ငှက်။
 

သိမ်းသွင်းနည်း(၄)မျိုး
၁။ အလိုရမက်ကြီးသူအား လက်ဆောင်ပေးခြင်းဖြင့်
၂။ မာန်ခက်ထန်သူအားအရိုအသေပေးခြင်းဖြင့်
၃။ မသိမလိမ္မာသူအား အလိုလိုက်ခြင်းဖြင့်
၎။ ပညာရှိအား ဟုတ်ရာမှန်ရာပြောခြင်းဖြင့် သိမ်းသွင်းရာ၏




Friday, 22 June 2012

ဂျက်လီ၏ အအောင်မြင်ဆုံး ဇတ်ကားဆယ်ကား

သရုပ်ဆောင်တွေထည်းမှာ ဂျက်လီ နဲ. ဂျက်ကီချန်းကို ငယ်စဉ်ကတည်းက နှစ်သက်စွာ အားပေးခဲ.တာ ခုချိန်ထိပါဘဲ။  မောင်မောင်လိုဘဲ နှစ်သက်သူတွေ ပြန်ပြီး ကြည်.နိုင်အောင်အအောင်မြင်ဆုံး ဇတ်ကား တွေ  ကို  http://movies.about.com  မှာ ရွေးချယ်ထားတာ တွေ.လို ပြန်ပြီးမျှဝေလိုက်ပါတယ်။ 


1။ " First of Legend -1994 


2။ 'My Father is a Hero (aka 'The Enforcer) - 1995
     
3။ Once Upon a Time in China' - 1990
               
4။'The Legend of the Swordsmen II' - 1992
       
5။'The Legend of Fong Sai Yuk' - 1993
                                                    
6။'Fearless' 2006
                                               
                                       
7။ 'Hero' - 2002
                                              
 8။'Black Mask' - 1996
 9။'The Tai Chi Master' - 1993
                                                    
 10။'Lethal Weapon 4' - 1998

    ဒီဇတ်ကားတွေကို ကြည်.ရှု.လိုပါက      LetMeWatchThis 
ရှိ  Search Title တွင်  မိမိကြည်.လိုသော ဇတ်ကား  Title ကို ရိုက်ထည်.ပြီး  ရှာဖွေ ကြည်.ရှု နိုင်ပါသည်။

                                                                                           လေးစားစွာဖြင်.          
                                                                                                                              မောင်မောင်


                                    

Sunday, 17 June 2012

ကမ္ဘာ.ပညာတတ်အများဆုံး ၁၀ နိုင်ငံ



 မောက္ခပညာရေးမဂ္ဂဇင်းဆိုက်လေးမှာ ဖော်ပြထားတာလေးကိုအားလုံးသိစေချင်လို. ပြန်လည်ကူးယူဝေမျှလိုက်တာပါ...

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။

၁၀။ ဖင်လန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (၁၉၉၉-၂၀၀၉) ၁.၈ ရာခိုင်နှုန်း ( တတိယ အနိမ့်ဆုံး)
တဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဒေါ်လာ ၃၆ ၅၈၅ ( အမြင့်ဆုံး အမှတ်စဉ် ၁၄)
လူဦရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၃.၁၅ ရာခိုင်နှုန်း ( အနိမ့်ဆုံး အမှတ် ၁၀)
ဖင်လန်နိုင်ငံသည် အခြားသော OECD နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေးငယ်သောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ တနှစ်လျင် ၁.၈ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ ဖင်လန်နိုင်ငံတွင် လူမှုရေးသိပ္ပံ၊ စီးပွားရေးဘာသာရပ်နှင့် ဥပဒေတို့မှာ လူကြိုက်မများသော ဘာသာရပ်များဖြစ်ပြီး၊ ကောလိပ်ကျောင်းသား အများစုမှာ အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ရေးဆိုင်ရာ ဘာသာရပ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဘာသာရပ်တို့မှာ လူကြိုက်များသော ဘာသာရပ်များဖြစ်သည်။

၉။ ၾသစေၾတလ်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)း ၃.၃ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၁)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၀၇၁၉ ( အမြင့်ဆုံးအဆင့် ၆)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၁၄.၆၃ ( တတိယ အမြင့်ဆုံး)
သြစတြေလျ၏ လူဦးရေတိုးတက်နှုန်းမှာ သက္ကရာဇ် ၂၀၀၀-၂၀၀၉ အတွင်း ၁၄.၆၃ ရခိုင်နှုန်းရှိသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် လူဦးရေ တိုးတက်မှုနှုန်း တတိယ အမြင့်ဆုံးဖြစ်သည်။ သြစတြေလျနိုင်ငံသည် ပြည်သူ့ဘဏ္ဍာငွေအား ပညာရေးကဏ္ဍ၌ အသုံးပြုမှုမှာ OECD နိုင်ငံများအတွင်း အနိမ့်ဆုံးအဆင့် ၆ တွင်ရှိသည်။

၈။ ဗြိတိန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း ၄.၀ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၉ တွင်ရှိသည်)
တဦးချင်းပြည်တွင်း အသားတင်ထုတ်ကုန် ဒေါ်လာ ၃၅ ၅၀၄ (အမြင့်ဆုံးအဆင့် ၁၆)
လူဦးရေ အပြောင်းအလဲ (၂၀၀၀-၂၀၀၉)း ၃.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၃)
အခြားသော OECD အဖွဲ့ဝင်နိုင်ငံများနှင့် မတူဘဲ အင်္ဂလန်နိုင်ငံ၏ ပညာတတ်လူဦးရေ တိုးတက်မှုမှာ သက္ကရာဇ် ၁၉၉၉-၂၀၀၉ အတွင်း ၄ ရာခိုင်နှုန်းအထိ ရှိသည်။ အင်္ဂလန်နိုင်ငံသည် ပြည်သူ့ဘဏ္ဍာ ကိုပညာရေး၌ အသုံးပြုမှုမှာ OECD အဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့် ၄ တွင်ရှိသည်။
၇။ နော်ဝေ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် ၅၆၆၁၇ ဒေါ်လာ (ဒုတိယ အမြင့်ဆုံး)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၇.၅၂ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၁၄)
နော်ဝေနိုင်ငံသည် ပြည်သူ့ဘဏ္ဍာကို ပညာရေးကဏ္ဍ၌ အသုံးပြုရာတွင် တတိယ အများဆုံးနိုင်ငံဖြစ်သည်။ ဂျီဒီပီ၏ ၇.၃ ရာခိုင်နှုန်းကို အသုံးပြုသည်။နော်ဝေနိုင်ငံ၏ ၆၀ ရာခိုင်နှုန်မှာ ကောလိပ်ဘွဲ့ရများ ဖြစ်သည်။နော်ဝေ နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် တဦးချင်းဝင်ငွေ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။
၆။ တောင်ကိုးရီးယား
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၉ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၅.၃ ရာခိုင်နှုန်း ( အမြင့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၂၉၁၀၁ ( အနိမ့်ဆုံးအဆင့် ၁၃)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၃.၇ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၄)
ကိုးရီးယားနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံများတွင် ဘွဲ့ရများသောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ဘွဲ့ရဦးရေ ၅.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ OECD အဖွဲ့ဝင်များကြားတွင် အမြင့်ဆုံးအဆင့် ၅ ရှိသည်။ ကိုးရီးယားကျောင်းသား အများစုကြိုက်နှစ်သက်သော ဘာသာရပ်များမှာ ပညာရေး၊ လူမှုရေးဘာသာရပ်၊ အနုပညာ ဘာသာရပ်တို့မှာ အမြင်းဆုံးဖြစ်သည်။

၅။ နယူးဇီလန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၅ ( အနိမ့်ဆုံးအဆင့် ၁၄)
တဦးချင်းပြည်တွင်းထုတ်လုပ်မှု ဒေါ်လာ ၂၉၈၇၁ (အနိမ့်ဆုံးအဆင့် ၁၄)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၁.၈၈ ( အမြင့်ဆုံးအဆင့် ၈)
နယူးဇီလန်နိုင်ငံ၏ တဦးချင်းပြည်တွင်းထုတ်လုပ်မှုမှာ ဒေါ်လာ ၃၀၀၀၀ အောက်လျော့နည်းသည့်အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၄ ရှိသည်။ လူဦးရေ ၄၀ ရာခိုင်နှုန်းမှာ ကောလိပ်အဆင့် တက်ရောက်သူများ ဖြစ်သည်။ ကမ္ဘာတွင်ကောလိပ်တက်ရောက်မှု အဆင့် ၅ တွင်ရှိသည်။ 

၎။ အမေရိကန် ပြည်ထောင်စု
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၁ ရာခိုင်နှုန်း
နှစ်စဉ် တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀) ၁.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးဖြစ်သည်)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၆ ၅၈၈ (အမြင့်ဆုံးအဆင့် ၄)
လူဦးရေပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၈.၆၈ ( အမြင့်ဆုံးအဆင့် ၁၂)
အမေရိကန် ပြည်ထောင်စုတွင် ကောလိပ်ပြီးဆုံးမှုသည် လူဦးရေ အချိုးအစားနှင့်တွက် ချက်ပါက ၁.၄ ရာခိုင်နှုန်းသာရှိသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် အနိမ့်ဆုံးဖြစ်သည်။ ပညာရေးအတွက် အသုံးစရိတ်မှာ ပညာရေး အသုံးစရိတ်စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း ကို ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၆ ရှိသည်။ အရွယ်ရောက်ပြီးသူ ပညာတတ် အများဆုံးသော နိုင်ငံဖြစ်သည်။

၃။ ဂျပန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၄ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၂ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၀)
တဦးချင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံးအဆင့် ၁၇)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉ ရာခိုင်နှုန်း) ၀.၄၆ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၆)
ဂျပန်နိုင်ငံရှိ လူဦးရေ ၄၄ ရာခိုင်နှုန်းမှာ ကောလိပ် တက်ရောက်ဖူးသူများ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အလယ်တန်းအဆင့် အောင်မြင်မှုတွင် ဖင်လန်နိုင်ငံနှင့် အဆင့်တူညီရှိသည်။ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၁.၅ ရာခိုင်နှုန်းကို ကောလိပ်အဆင့် ပညာရေးတွင် သုံးသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၇ တွင်ရှိသည်။

၂။ အစ္စရေး
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၅ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု ၂၈၅၉၆ ဒေါ်လာ
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၉.၀၂ ရာခိုင်နှုန်း ( အမြင့်ဆုံး)
၂၀၀၇ ခုနှစ်တွင် ကောက်ယူသော စစ်တမ်းအရ အသက် ၂၅-၆၄ နှစ်အတွင်း ကောလိပ်ပညာ ပြီးဆုံးမှုသည် ၄၄ ရာခိုင်နှုန်းရှိသည်။ အမျိုးသားထုတ်ကုန်နှင့် တွက်ချက်ပါက ပညာရေး အသုံးစရိတ်မှာ ၂၀၀၀-၂၀၀၈ ခုနှစ်အတွင်း ကျဆင်းလာခဲ့သည်။

၁။ ကနေဒါ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၅၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ( အနိမ့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ၃၉၀၇၀ ( အမြင့်ဆုံးအဆင့် ၁၀)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၉.၈၉ ( အမြင့်ဆုံးအဆင့် ၁၀)
ကနေဒါနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းမှာ ကောလိပ်ပညာ ပြီးဆုံးသူများ ဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု၏ ၂.၅ ရာခိုင်နှုန်းကို ပညာရေးတွင် သုံးသည့်အတွက် OECD အဖွဲ့ဝင်များတွင် အမြင့်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကျောင်းသား ၂၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြောင်းရွှေ့လာသူများဖြစ်သည်။ 

Friday, 8 June 2012

စာအုပ်ဆိုတာဘာလဲ (သို.) စာအုပ်အမျိုးအစားများ




  ပညာရှိတစ်ယောက်၊ စာရေးဆရာတစ်ယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသားထားတဲ့ စာပုဒ်ဟာ စာအုပ်တစ်အုပ်ပဲ။ စာအုပ်တွေထဲမှာ မကောင်းတာတွေ၊ အပေါ်ယံကျတာတွေ၊ ကရော်ကမည် ရေးထားတာတွေ၊ ဟန်လုပ်ရေးထားတာတွေ ပါကောင်းပါနိုင်တယ်။ ဒါပေမယ့် ကိုယ်က မှန်ကန်စွာ ဖတ်တတ်လို့ရှိရင် အဲဒီအထဲမှာ ကောင်းမွန်တဲ့ အပိုင်းအစတွေ တွေ့လိမ့်မယ်။ အဲဒီ အပိုင်းအစတွေဟာ စာအုပ်ပဲ။
စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက ခုလောလောဆယ် ဖတ်ရမယ့် စာအုပ်၊ ခု နာရီပိုင်းသာခံတဲ့ စာအုပ် ဖြစ်တယ်။ နောက်တစ်မျိုးကတော့ ရေရှည်ဖတ်ရမယ့် စာအုပ်၊ ခေတ်တိုင်း ခေတ်တိုင်း ခံတဲ့ စာအုပ် ဖြစ်ပါတယ်။ နာရီပိုင်းသာ ခံတဲ့စာ၊ ခုချက်ချင်းဖတ်ရမယ့် စာပေဆိုတာကတော့ ဗဟုသုတကိုပေးတဲ့ စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ဟာ တစ်နေ့လုံး ဖတ်ရမယ့် စာတွေ မဟုတ်ဘူး။ မနက်ပိုင်း ဖတ်လိုက်ရင် ကုန်သွားတာပဲ။ ခေတ်တိုင်း ခံတဲ့ စာဆိုတာကတော့ ခံစားချက်၊ အတွေးအခေါ်ကို လှုံဆော်ပေးတဲ့ စာဖြစ်ပါတယ်။
ဒီစာအုပ် အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တစ်နည်း ပြောပါသေးတယ်။ အသံကို ပွားစေတဲ့ စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို ပြောပါသေးတယ်။ အသံကို ပွားစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများစွာကို တစ်ခါတည်း မပြောနိုင်တဲ့အတွက်၊ တစ်နေရာတည်းမှာ ပြောလို့ မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး ပြောရတာ။ တိုင်းမဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေဟာ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ ပြောလို့မရတဲ့အတွက် အဲဒီထဲမှာပါတဲ့ သတင်းတွေကို ပွားပြီး၊ ကူးယူပြီး ဖြန့်ဝေရတယ်။ ဒါကြောင့်မို့ အသံကို ပွားစေတဲ့ စာအုပ်လို့ ရပ်စကင်းက ခေါ်ပါတယ်။ အသံကို ထိန်းသိမ်းပေးတယ်ဆိုတဲ့ စာအုပ်ကတော့ အတွေးအခေါ်များ၊ အဆိုအမိန့်များ၊ ခံစားချက်များကို နောင်မှာ ပျောက်ကွယ်မသွားအောင် နောင်လာနောင်သားတွေ မှတ်နိုင်ဖတ်နိုင်အောင် ထိန်းသိမ်းထားတဲ့ စာအုပ်တွေပါ။
ဒီနှစ်မျိုးကိုပဲ ရပ်စကင်းက နောက်တစ်နည်း ထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့ စာအုပ်နဲ့ စာရေးထားတဲ့ စာအုပ်လို့ သူက ခေါ်ပါတယ်။ စကားပြောထားတဲ့ စာအုပ်ဆိုတာ မနှစ်က ဒီနေရာမှာ ဘယ်လို ရာသီဥတု ရှိခဲ့တယ်။ လမ်းပန်းက ဘယ်လို ရှိတယ်။ စားသောက်ဆိုင်က ဘယ်နှစ်ဆိုင် ရှိတယ်။ ဘယ်နားမှာ ဘယ်ဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေပါ။ သူတို့ အဲဒီလို စာတွေကို ဘယ်လောက်ပဲ လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲဒီစာအုပ်ဟာ တကယ့် စာအုပ်မဟုတ်ဘူး။ ပြောပြထားတဲ့ စာအုပ်ဖြစ်တယ်။ တကယ့်စာအုပ်ကတော့ ရေးပြထားတဲ့စာအုပ်၊ ဖတ်ပြီး သိရုံ ရေးထားတဲ့ အရာမဟုတ်ဘဲ ဖတ်ပြီး ခံစားရအောင် ရေးထားတဲ့ စာအုပ်လို့ ပြောတယ်။
သုတစာပေနဲ့ ရသစာပေကို ပြောတာပါပဲ။ ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက ရေတိုခံတဲ့စာအုပ်နဲ့ နောက်တစ်မျိုးက ရေရှည်ခံတဲ့စာအုပ်၊ တစ်နည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာ ရေတိုခံတဲ့ စာအုပ်ဟာ မကောင်းဘူး။ ရေရှည်ခံတဲ့ စာအုပ်မှ ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ်မျိုးစလုံးဟာ စာကောင်းချည်းပဲ။ ဒါပေမယ့် တစ်မျိုးက ရေတိုအတွက် ဖတ်တာ။ သုတအတွက် ဖတ်တာ။ နောက်တစ်မျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက် ဖတ်တာ။

ဆရာမြသန်းတင့်














Tuesday, 1 May 2012

လူသားများ၏ကျေးဇူးရှင်များနေ.(သို.)မေဒေး နေ. သမိုင်း

    

  မေဒေး နေ.ဟု ပြောလိုက်ရင် လူတိုင်း လူတိုင်း သိကြပေမယ်.  ဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာကတော. လူတိုင်း သိမည် မဟုတ်ပါ။ အလုပ်သမားတွေဆိုသာ တစ်ကမ္ဘာလုံး ၊ နေရာတိုင်းမှာ ရှိသည်.အတွက် ဒီနေ.ကိုတော. လူတိုင်း သိထား ရင်းနှီးကျွမ်းဝင် ဖြစ်သင်.သည်ဟု  ကျွန်တော်ယူဆသည်.အတွက် ကျွန်တော်ဖတ်ခဲ. တာလေးကို ပြန်လည်မျှဝေပါရစေ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်လည်း ဒီသတင်းစာလေးကို မဖတ်ခဲ.သည်.အချိန်တိုင်အောင် မေးဒေးနေ. ဘယ်လိုပေါ်ပေါက်လာသည်ဆိုတာကို သဲသဲကွဲကွဲ မသိပါ။ 
              အလုပ်သမားတွေဆိုတာ  အမှန်တော. ကျွန်တော်တို. လူသားတွေ အားလုံးရဲ.ကျေးဇူးရှင်တွေပါ။ သူတို.တွေ ရှိလို. ကျွန်တော်အားလုံး နေ.စဉ်ဘ၀တွေမှာ အဆင်ပြေချောမွေ.နေတာ ဘယ်သူမှ ငြင်းလို.မရနိုင်တာ အမှန်ဘဲ ဖြစ်ပါတယ်။  ခေတ်မှီစက်ပစ္စည်းတွေ ဘယ်လိုဘဲပေါ်ထွက်လာပါစေ  ကျွန်တော်တို. အလုပ်သမားထုကို အားကိုးနေရအုန်းမှာဘဲ ဖြစ်သည်။ အလုပ်သမားဟု ဆိုလိုက်လျှင် အောက်ခြေသိမ်းအလုပ်သမားက အစ  အာကသနယ်ပယ်များအထိ အလုပ်လုပ်သော သူများအားလုံးကို  အလုပ်သမားဟု ခေါ်ဆိုပါတယ်။
                      လွန်ခဲ.သော ၁၉ ရာစုတွင်း အမေရိကန်နိုင်ငံ၌ ချမ်းသာကြွယ်ဝသောအရင်းရှင်ကြီးများက အလုပ်သမားများအား အလုပ်ချိန် မတန်တဆ ခိုင်းစေရမှ အလုပ်သမားအုံကြွမှုကြီးဖြစ်ကာ အလုပ်သမားနေ. ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ၁၈၈၉ ခုနှစ်က ပြင်သစ်နိုင်ငံပါရီမြို.တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအသင်းချုပ်ကြီး၏ ဒုတိယအကြိမ် ညီလာခံက အမေရိကန်အလုပ်သမားများ တိုက်ပွဲဝင်ခဲ.သော မေ ၁ ရက်နေ.ကို  ကမ္ဘာ.အလုပ်သမားနေ.အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ရာမှ ကမ္ဘာ.အလုပ်သမားနေ.ကြီး ပေါ်ပေါက်လာရ
ခြင်းဖြစ်သည်။ ထိုနေ. ထိုအချိန်မှစ၍ အလုပ်သမားများ၏ အလုပ်ချိန်မှာလည်း တစ်နေ.  ၈ နာရီအဖြစ် သတ်မှတ်ပေးနိုင်ခဲ.ပေသည်။
                 မည်သည်.အလုပ် တစ်ခုကို   လုပ်ကိုင်သည်ဖြစ်စေ   အလုပ်သမား ပင်ဖြစ်သည်။ စက်ရုံ အလုပ်ရုံ၌ လုပ်ကိုင်သည်ဖြစ်စေ၊ ရုံး၌လုပ်ကိုယ်သည် ဖြစ်စေ၊ ပုဂ္ဂလိက အလုပ်အကိုင် လုပ်သည်ဖြစ်စေ အလုပ်တစ်ခုလုပ်နေလျှင် အလုပ်သမားပင်ဖြစ်သည်။ ကာယ နှင်.့ လုပ်သည်ဖြစ်စေ  ဥာဏနှင်.လုပ်သည်ဖြစ်စေ အလုပ်သမားပင် ဖြစ်သည်။ ထိုအလုပ်သမားတို.သည်ကား လူ.ဘောင် ကောင်းကျိုးအတွက်  ထုတ်ကုန်ပစ္စည်းအမျိုးမျိုးတို.ကို ထုတ်လုပ်ပေးနေကြသည်။ ထို.ကြောင်.ပင် အလုပ်သမားတို. ၏ ကျေးဇူးကား ကြီးမားလှပါသည်။ 
                     ကမ္ဘာပေါ်တွင် ရှိရှိသမျှသောအဆောက်အအုံများ၊အ၀တ်အထည်အသုံးအဆောင်များမှအစ ယဉ်မျိုးစုံအထိအဆုံး အားလုံးသောအရာရာတိုင်းသည် အလုပ်သမားတို.၏ တီထွင်မှု၊ ထုတ်လုပ်မှု ၊တည်ဆောက်မှုမှတစ်ဆင်. ပေါ်ထွန်းလာရပေသည်။ ယနေ.လူသားများ ခေတ်မီစွာနေထိုင်နေကြခြင်းသည်
ပင်လျှင် အလုပ်သမားများ၏ ကျေးဇူးတရားများနှင်. မကင်းပေ။ အဘယ်ကြောင်.ဟူမူ အလုပ်သမားတိုင်းသည်  ဘ၀ရပ်တည်မှု တစ်ခုအတွက် အလုပ်လုပ်နေကြသည်ဟု ဆိုပင် ဆိုငြားသော်လည်း လူသားကောင်းကျိုးအတွက် မိမိ၏ခွန်အားနှင်. အကြံဥာဏ်များကို အသုံးပြုပြီး အလုပ်လုပ်ကိုင်နေကြခြင်းကြောင်.ပေတည်။ 
         ထို.ကြောင်.ပင် ပြည်သူတရပ်လုံးက အလုပ်သမားများ၏ စွမ်းပကားကို လေးစားဂုဏ်ပြုကြရ၏။ လူမှုစီးပွားဘ၀တိုးတက်မြင်.မားရေးအတွက်ဖြည်.ဆည်းဆောင်ရွက်ပေးကြရ၏။အားပေးချီးမြှောက်ကြရ၏။
အလုပ်သမားတို.၏ဘ၀ကိုစာနာထောက်ထားခြင်းဖြင်. တတ်စွမ်းသရွေ. ဖေးမကူညီပေးကြရ၏။ အလုပ်သမားတို.၏ ကျေးဇူးကား ကြီးမားလှပေသည်။
           သို.ဖြစ်ပါ၍ လူတိုင်းလူတိုင်းသည် အလုပ်သမားတို.၏ကျေးဇူးနှင်. မကင်းပေ။ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင်.သော်လည်းကောင်း ကျေးဇူးကားရှိ၏။ ထိုကျေးဇူးတရားများကို လူတိုင်းသတိမူစေခြင်းအား နှစ်စဉ် နှစ်တိုင်း မေလ ၁ ရက်နေ.ရောက်လေတိုင်းအလုပ်သမားနေ.ခေါ် မေ
ဒေးနေ.ကို သတ်မှတ်ရခြင်းပင်ဖြစ်သည်။ ထို.ကြောင်.ပင် အလုပ်သမားနေ.သည်ကား မမေ.အပ်သော နေ.တစ်နေ. ပင်ဖြစ်ပါ သည်။ 
                 ( မေလ ၁ ရက်နေ.ထုတ် မြန်မာ.အလင်းသတင်းစာမှ အယ်ဒီတာ အာဘော်ကို ပြန်လည်ကောက်နှုတ် ဖော်ပြထားခြင်းဖြစ်ပါသည် ) 

                                                                                      လေးစားစွာဖြင်.          
                                                                                                                                 မောင်မောင်  

www.mgthuya.com
         

                      
                  
           
               

Monday, 19 March 2012

မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ



အများသူတို.ကိုဗဟုသုတ ရစေချင်သောအလို.ငှာ  ပြန်လည်မျှဝေလိုက်ရပါသည်။


မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အ၀ိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ၀ိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မ၀ိုင်းသေးဘူး။
ဝ-၀ကလေး ၀ိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အ၀ိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအ၀ိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မ၀ိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။
ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။
ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။


ခွေခွေကလေးနေလို့ ခ-ခွေး၊
လုံးလုံးကလေး နေလို့ စ-လုံး၊
လိမ်ခွေနေလို့ ဆ-လိမ်၊
အောက်ကွဲနေလို့ ဇ-ကွဲ၊
ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊
ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊
ဝမ်းပူနေလို့ တ-၀မ်းပူ၊
အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊
အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊
မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊
အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊
ကုန်းနေလို့ ဘ-ကုန်း၊
ပက်လက်လန်နေလို့ ယ-ပက်လက်၊
အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။

အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊
ဝမ်းဘဲနဲ့တူလို့ ဌ-၀မ်းဘဲ၊
ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊
ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။

င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။
ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။
ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။
မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။
သံယောဇဉ်တို့၊ ၀ိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။

ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။
ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။
ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။
မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။

မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။
ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။
ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။
ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။
လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။
အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။)
ဈ (ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။


ကိုးကား ။ ။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၀-ဒီဇင်္ဘာလ) 


Monday, 20 February 2012

အရောင်များကပြောပြမည်. သင် နဲ. သင်.ချစ်သူအကြောင်း



 ပထမဆုံး သင်.အကြောင်းကို အရင်ဖတ်နော်။ ကိုယ်ဘာအရောင်ကြိုက်တတ်လည်းဆိုတာ တော. သိမှာပါ။ပြီးမှ ချစ်သူကြိုက်တဲ.အရောင်ကို မေးပြီး ဖတ်ကြည်.။ 


သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။



သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။



သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပု တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။



သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။



သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။



သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်း ရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။



သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။



သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။


မ  su sue san ၏ ဖေ.ဘုတ်စာမျက်နှာမှ တစ်ဆင်.ပြန်လည်မျှဝေတာပါခင်ဗျာ။  အပျော်သဘောလေးနဲ.ဘဲ ကြည်.နော် ဗေဒင်ဆိုတာ အရမ်းကြီးယုံကြည်လို.မရဘူး မဟုတ်လား။ တော်ကြာ ချစ်သူတွေ ကွဲသွားမှ မောင်မောင် တရာခံဖြစ်နေအုန်းမယ် :PPPP ။  ကောင်းကွက် ဆိုးကွက် မျှပြီး ချစ်ကြပါလို. တိုက်တွန်းပါရစေ။

Saturday, 11 February 2012

ဗိုလ်ချုပ် ဒို.ဖခင် ( ဗိုလ်ချုပ်မွေးနေ.ကို ကြိုဆိုဂုဏ်ပြုလျှက်)


 
ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး

ရှေ့နေဥ
ီးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်

သိကြများခုတိုင်
 
့ကြံ့ ကြံ ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား…

တစ်ထောင့်ကိုးရာလေးဆယ့်ခွန်

ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘ၀င်ညှိုး

ဇူလိုင် တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်

ဗိုလ်ချုပ် ဒို့ဖခင်

ကောင်းစေချင်တဲ့ အမှာစကား

ငါတို့မမေ့အား

ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ

ဗိုလ်ချုပ်ချမှတ်သွား…
။

  ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာထည်းမှာ သင်ခဲ.ရတဲ. ဗိုလ်ချုပ်ကဗျာလေးပါ။  ဘယ်တော.မှ မေ.လိုမရတဲ. ကဗျာလေး တစ်ပုဒ်ပါ။  ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ.လေးမှာ အားလုံးဘဲ သတိရစေဖို.မျှဝေလိုက်ရခြင်းဖြစ်ပါတယ်။  
   ကျွန်တော်တို. လူငယ်တွေ အများစုသည်  ဖေဖော်ဝါရီ (14 ) ရက် ချစ်သူများနေ.ကိုတော. မှတ်မှတ်ရရ ရှိနေကြပေမယ်.   ဖေဖော်ဝါရီ (13) ရက် လွတ်လပ်ရေး ဖခင်ကြီး၏ မွေးနေ.ကိုတော. အများစုက မေ.နေကြတာကို တွေ.နေရတာတော. အင်မတန်မှ ၀မ်းနည်းဖွယ်ရာ ဖြစ်ပါတယ်။  
      အနောက်နိုင်ငံမှ  မတိကျ မသေချာတဲ. ရာဇ၀င်လေး တစ်ပုဒ်ကြောင်. ဖြစ်လာရတဲ. ချစ်သူများနေ.ကိုတော.  ဖော်ကျူးထုတ်ဖော်နေကြပေမယ်.  ဗိုလ်ချူပ် အောင်ဆန်းလို. တစ်ကမ္ဘာလုံးက သိနေကြတဲ.  မြန်မာ.အမျိုးသားခေါင်းဆောင်ကြီးကို မွေးထုတ်ပေးခဲ.တဲ. နေ.ကိုတော. ဖော်ကျူးစပ်ဆိုတာတွေ ဂုဏ်ပြုတာတွေ အရမ်းကို နည်းပါးတာကိုတွေ.နေရသည်။ 
    ငါတို.မြန်မာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်         
  ဆိုပေမယ်. ဗိုလ်ချုပ်အောင်ဆန်းဟာ  မြန်မာနိုင်ငံ သမိုင်းမှာ နောက်ဘယ်တော.မှ မရှိလာနိုင်တဲ. တစ်ယောက်တည်းသော သူဖြစ်ပါတယ်။  
    ကျွန်တော်.ဘ၀အတွက် စံနမူနာပြ ပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ် ပါ။  ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ကို ဒေါင်.မျိုးစုံ အမြင်မျိုးစုံတွေကနေ ရေးထားတဲ. စာအုပ်တွေ ကျွန်တော်.စာအုပ်စင်မှာ ရှိပါတယ်။  ဘယ်တော.ဖတ်ဖတ်
မငြီးငွေ. စေတဲ. စာအုပ်တွေပါ။   
     ဒီနေ.ထူး နေ.မြတ်လေးကို  မြန်မာ တစ်မျိုးသားလုံး  မမေ.စေဖို.  ကျွန်တော်တို.အားလုံးမှာ တာဝန်ရှိပါတယ်။ 

ဗိုလ်ချုပ် ဇာတာ
                                                              
                                                         ရိုးသားသောဗိုလ်ချုပ် လက်ရေးမူ



                                        
                                 
ငါ့ကိုအထင်မကြီးပါနဲ့ ငါ့ကိုအတုယူပါ။ တိုင်းပြည်ကိုချစ်ပါ ဘာသာကိုမြတ်နိုးပါ လူမျိုးကိုလေးစားပါ အစဉ်အလာကိုထိမ်းသိမ်းပါ။။(ဗိုလ်ချုပ်)
                                                 အကြွေစောသော တို.ဗိုလ်ချုပ်

               မှတ်ချက်။  ဗိုလ်ချုပ်မိန်.ခွန်းကောက်နှုတ်ချက်များ  ၊ ကဗျာများ  ၊ ဓါတ်ပုံများကို   credit  ပေးရန်ပျက်ကွက်သည်ကို နားလည်ခွင်.လွှတ်ပေးပါရန်။
လေးစားစွာဖြင်     
                                                             မောင်မောင်(မြစ်ဆုံ)