Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, 13 June 2012

အဝတ်လျှော်ခြင်း နှင့် ကျန်းမာရေး



 အဝတ်လျှော်ခြင်းဟာ ကျန်းမာရေးနဲ့ ဘာမှ ဆက်စပ်မှု မရှိဘူးလို့ ထင်ပါသလား။
တကယ်တော့ အများကြီးဆက်စပ်မှု ရှိပါတယ်။
အဝတ်လျှော်တဲ့ အခါ စနစ် မကျမှုတွေနဲ့ မှားယွင်းတဲ့ နည်းလမ်းတွေကြောင့်
ရောဂါပိုးတွေနဲ့ ထိတွေနေရခြင်း၊ ဓာတ်မတည့် ဖြစ်ခြင်း၊ အရေပြား
ယားယံခြင်းနဲ့ တခြားကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်
သင်နဲ့ သင့်မိသားစု အပေါ်မှာ အဝတ်လျှော်ခြင်းကြောင့် ကျန်းမာရေး ဆိုင်ရာ
ဆိုးကျိုးတွေ မကျရောက်အောင် ကာကွယ်နိုင်မယ့် အကြံပြုချက် တွေကို
ဖော်ပြလိုက်ပါတယ်။


အနံ့ မပါတဲ့ ဆပ်ပြာကို ရွေးချယ်ပါ

ဘာကြောင့်လဲ- အရေပြားယားယံမှုကို ကာကွယ်နိုင်ပါတယ်။

သင်ဟာ သင့်အဝတ်တွေမှာ ပန်းရနံ့ ဒါမှမဟုတ် တခြားမွှေးရနံ့တွေ သင်းပျံ့ မွှေးကြိုင် နေတာကို ကြိုက်နှစ်သက်ပါသလား။ ဒါဆိုရင် သင်သိသင့်တာကတော့ ဒီလို
မွှေးရနံ့ တွေကို ဖြစ်စေတဲ့အရာတွေက ဓာတုပစ္စည်းတွေ သောင်းပြောင်းရောထားတယ်
ဆိုတာကိုပါ။ ဒီဓာတုပစ္စည်းတွေဟာ သင့်အရေပြားကို ယားယံစေ နိုင်ပါတယ်။
University of Washiongoton မှ သုတေသီတွေက လူကြိုက်များတဲ့
ဆပ်ပြာမှုန့်တစ်မျိုးမှ အငွေ့ပြန်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်း
၁၃မျိုးထုတ်လွှတ်တာကို တွေ့ရပါတယ်။ ဒီထဲက ငါးမျိုးဟာ သဘာဝ
ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီ (EPA) က အဆိပ်အတောက် ဖြစ်တယ် ဒါမှမဟုတ်
အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဓာတုပစ္စည်းတွေပါ။ “အဝတ်လျှော်ရာမှာ
သုံးတဲ့ ဆပ်ပြာမှုန့်နဲ့ အနံ့မွေးအောင်ထည့်တဲ့ အရည်တွေမှာ အာရုံကြော
အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့

ဓာတ်ပစ္စည်းတွေ ပါဝင်နိုင်ပါတယ်” လို့ လေ့လာသူခေါင်းဆောင် Professor Anne
Steinemann ကဆိုပါတယ်။ ဒီအရာတွေနဲ့ ထိတွေ့မှုဟာ ခေါင်းတစ်ခြမ်းကိုက်
ရောဂါထခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါထခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
အများအားဖြင့်တော့ ဒီဓာတုပစ္စည်းတွေ အများစုက ဆပ်ပြာမှုန့်မှာပါတဲ့
သန့်ရှင်းစေတဲ့ အရာ (cleansing agent)တွေနဲ့ မဆက်စပ်ပါဘူး။

အနံ့ မွှေးအောင်ထည့်တဲ့ မွှေးရနံ့တွေနဲ့သာ ဆက်စပ်တာပါ။ ဒါကြောင့် မွှေးရနံ့နဲ့
အရောင်ဆိုးဆေးတွေ မပါတာကို ရွေးသုံးနိုင်ရင် အကောင်းဆုံးပါပဲ။


အိပ်ရာခင်းတွေကို ရေပူနဲ့ ပြုတ်လျှော်ပါ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကို နည်းစေပါတယ်။

သင်ရဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမှာ ဖုန်ပိုးတွေ အများအပြား ရှိနေပါတယ်။
ဒီပိုးတွေက ညမှာ သင့်အရေပြားက ကြွေကျတဲ့ ဆဲလ်သေတွေကို
စားသုံးပြီး ရှင်သန်နေကြတာပါ။ ဖုန်ပိုးတွေဟာ ဓာတ်မတည့်မှု လက္ခဏာတွေကို
ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ “ဖုန်ပိုးတွေဟာ အဝတ်အစားတွေနဲ့
ကော်ဇောတွေပေါ်မှာလည်း ရှိပါတယ်။ ဒါပေမဲ့ အိမ်ရာပေါ်မှာတော့ အများဆုံး
ရှိပါတယ်။ ဒါကြောင့် သင်ရဲ့ အိပ်ရာခင်းကို အပတ်စဉ် ရေပူနဲ့ ပြုတ်ပြီး
လျှော်ဖို့ အရေးကြီးပါတယ်။ လျှော်မယ့်ရေအပူချိန်က
အနည်းဆုံး အပူချိန်က အနည်းဆုံး ၁၃၀ ဒီဂရီဖာရင်ဟိုက် ရှိသင့်တယ်။
ရေအေး ဒါမှမဟုတ် ရေနွေးနဲ့ပဲ လျှော်ရင်တော့ သူတို့ရေကူးလို့ ကောင်းရုံပါပဲ။
အဝတ်လျှော်စက်က အဝတ်ခြောက်ခန်းက အပူချိန်နဲ့လည်း ဒီပိုးတွေ
မသေနိုင်ပါဘူး”လို့ Standford မှ အဏုဇီဝပညာရှင် Robert Weitz က ဆိုပါတယ်။
အဝတ်လျှော်စက်ထဲမှ အဝတ်တွေကို အမြန်ဆုံးထုတ်ပါ
ဘာကြောင့်လဲ- ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်။

ဘက်တီးရီးယားတွေက စိုစွတ်နေတဲ့ နေရာမှာ ပေါက်ပွားနိုင်ကြပါတယ်။ ဒါကြောင့် အဝတ်လျှော်စက်ကို သုံးပြီး လျှော်ပြီးသွားတဲ့အခါ မိနစ် ၃၀ အတွင်း
အဝတ်အစားတွေကို ထုတ်ယူပါ။ တစ်နာရီကြာအောင် မထုတ်ဖြစ်လိုက်ဘူးဆိုရင်
ဒီအဝတ်တွေကို ပြန်လျှော်ပါ။ University of Arizona မှ သုတေသန တစ်ခုက အိမ်သုံးအဝတ်လျှော်
စက်တွေမှာ မစင်ထဲက ဘက်တီးရီးယားမျိုးတွေ ရှိနေတာကို တွေ့ရှိကြရပါတယ်။
ဒီပိုးတွေသေအောင် ရေပူနဲ့ လျှော်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင်
အဝတ်လျှော်စက်ထဲမှာ အဝတ်တွေကို ထည့်သင့်တာထက် ပိုပြီး အလွန်အကျွံ
ပြည့်အောင်မထည့်ပါနဲ့။ ဒါမှသာ ဆပ်ပြာမှုန့်တွေဟာ အဝတ်အထည်အားလုံးထဲကို
ထိုးဖောက်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ရေစိုအဝတ်တွေကို ဖယ်ပြီးနောက်မှာလည်း
သင့်လက်တွေကို ဆေးကြောပါ။ အဝတ်ခြောက်ခန်းက အပူချိန်က ကျန်တဲ့ပိုးတွေကို သတ်ပါလိမ့်မယ်။

အောက်ခံဘောင်းဘီတွေကို သီးသန့်လျှော်ပါ
ဘာကြောင့်လဲ- ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။

မစင်ထဲက ဘက်တီးရီးယားပိုးတွေ အဝတ်လျှော်စက်ထဲမှာ ရှိနေတာက အောက်ခံ ဘောင်းဘီတွေကြောင့်ပါ။
ဒါကြောင့် အောက်ခံဘောင်းဘီတွေကို အဝတ်လျှော်စက်ထဲမှာ
သီးသန့်ထည့်လျှော်ပါ။ တခြားအဝတ်တွေနဲ့ ရောမလျှော်ပါနဲ့။ ရေပူကို သုံးရင်
ပိုကောင်းပါတယ်။ တစ်ပတ်တစ်ခါ အဝတ်လျှော်စက်ထဲကို ချွတ်ဆေးတစ်ခွက်ထည့်ပြီး အဝတ်တွေ မပါဘဲ သီးသန့်လည်ကာ ဆေးကြောပေးပါ။

အဝတ်လျှော်စက်ကို လေနဲ့ ခြောက်သွေ့အောင် လုပ်ပါ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကို လျော့စေပါတယ်

မှိုပိုးတွေဟာ လေထဲမှာ အမြဲရှိနေပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဝတ်လျှော်စက်အတွင်းက နေရာလိုမျိုး
စိုစွတ်နေတဲ့ နေရာကို ရှာတွေ့သွားရင်
အဲဒီမှာ အခြေချပြီး ပွားများပါတော့တယ်။ မှိုတွေနဲ့ ထိတွေ့ခြင်းဟာ
ရင်ကျပ်ခြင်း၊ မျက်စိယားခြင်း၊ ချွဲသလိပ်ထခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
သင့်မှာ ပန်းနာရောဂါ ဒါမှမဟုတ် ဓာတ်မတည့် ဖြစ်တတ်တဲ့ ပြဿနာရှိရင် ရောဂါ
ထစေနိုင်ပါတယ်။ မှိုပိုးတွေ အဝတ်လျှော်စက်ထဲမှာ ပေါက်ပွားမှုနဲ့
သင့်အဝတ်တွေဆီကို ရောက်လာခြင်းမှ ကာကွယ်ဖို့ အတွက် အဝတ်လျှော်ပြီးတဲ့ အခါ
အဝတ်လျှော်စက် အဖုံးကို ဖွင့်ပေးထားပြီး အတွင်းထဲကို ခြောက်သွေ့ပါစေ။

အဝတ်လျှော်စက်ထားတဲ့ အခန်းကို လေဝင်လေထွက် ကောင်းနေပါစေ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာကို လျော့စေပါတယ်

အဝတ်ခြောက်ခန်းမှ စိုထိုင်းတဲ့ အပူဟာ လေထုစိုထိုင်းဆ အဆင့်ကို မြင့်စေတဲ့အတွက် မှိုတွေ ပေါက်ဖွားဖို့ ကောင်းမွန်တဲ့ အနေအထား တစ်ခု
ဖြစ်နေပါတယ်။ ဒါကြောင့် အဝတ်ခြောက်ခန်းကို စက်ဖွင့်ထားတဲ့ အခါ
ပြတင်းပေါက်တွေ ဖွင့်ထားပါ။ ပန်ကာ ဖွင့်ထားပါ။ အဝတ်ခြောက်ခန်းမှ
ပိုက်တွေကို စစ်ဆေးပါ။ လေဝင်လေထွက်ပေါက်က ချောင်လာရင် ရေငွေ့တွေဟာ နံရံမှာ
ကပ်ပြီးစုနေကာ မှိုတွေ ပေါက်ဖွားလာ နိုင်ပါတယ်။

မှတ်ချက်။     ။စိမ်းလန်းမြေ ဖေ.ဘုတ်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြခြင်းပါ။

Wednesday, 6 June 2012

ကွန်ပျူတာကြောင့်ဖြစ်သောမျက်စိဝေဒနာ(Computer Eye Syndrome)





ယခုခေတ်တွင် ကွန်ပျူတာအကြည့်များလာသည်နှင့်အမျှ
(၁) Eye Strain (မျက်စိညောင်းခြင်း)
(၂)Eye Strain(မျက်ရည်ခန်းခြောက်
ခြင်း)များ ဖြစ်လာကြပါသည်။ ထိုသို့မဖြစ်ရန် အောက်ပါအချက်များကိုနားလည်ထားရပါသည်။
၁။ မျက်စိသည်မှန်ဘီလူး(Lens) တစ်ခုဖြစ်သည်။+၆၀.ဝDioptresရှိသည်။Lens ၏င်္Function မှာ
အမြင်ရရန် ဖြစ်သည်။Lens ဖြစ်၍ကြည့်သော အရာဝတ္ထုသည်ဆုံချက်(Focus) တွင်ရှိရမည်။ ထို့ကြောင့်
Computer Monitor ကို မျက်စိ၏ဆုံချက်တွင် ရှိရန်ထားရှိရပါမည်။Monitor သည် ဆုံချက်တွင်ရှိ၊ မရှိသိ
နိုင်ရန် Monitor နှင့်မျက်စိအကွာအဝေးကိုရှေ့တိုး၊နောက်ဆုတ်ပြုလုပ်ချိန်ရပါမည်။ မျက်လုံး၏ဆုံချက်တွင်
ကြည့်သောအရာဝတ္ထုကျရောက်ပါကကြည်လင်ပြတ်သားမှုပို၍ရှိမည်ဖြစ်ပါသဖြင့်မျက်စိအညောင်းသက်သာမည်ဖြစ်ပါသည်။
၂။ ထိုသို့ မျက်စိနှင့် ဆုံချက်ကျအောင်ပြုလုပ်ပြီးသောအခါ မျက်ခွံကို မကြာခဏခတ်၍Computer ကြည့်သင့်ပါသည်။Computer Monitorကိုကြည့်ခြင်းနှင့် စာအုပ်ဖတ်ခြင်းမတူပါ။ Computer Monitor ကြည့်ခြင်းသည် စာအုပ်ဖတ်ခြင်းထက်Contrast နည်း၍ အားပိုစိုက်ရသောကြောင့် Staring Gaze ဖြင့်ကြည့်ရသဖြင့်မျက်ကြည်လွှာ(Cornea)ပ်ါရှိမျက်ရည်လွှာ(Tear Film) အငွေ့ပျံခြင်း (Evaporation)ပို၍ များပြီးမျက်ရည် ခန်းခြောက်ခြင်းပိုဖြစ်လာပြီးမျက်စိ၏ အမြင်ခံစားမှု (OpticalResolution) သည် Computerကြည့်ချိန်ကြာသည်နှင့်အမျှပို၍နည်းလာပါသည်။ထို့ကြောင့် Computerကြည့်ချိန်တွင်မျက်ခွံမကြာခဏခတ်ခြင်း(Blin king) လုပ်ပေးရပါမည်။
၃။မျက်စိသည်အဝေးရှိရာအရာဝတ္ထုများကိုကြည့်သောအခါအလင်းတန်းများသည်မျဉ်းပြိုင်ဖြစ်နေ၍ကြည့်ရသည်
မှာသက်တောင့်သက်သာရှိပါသည်။အနီးကိုကြည့်သောအခါအလင်းတန်းများသည်အနီးရှိအရာဝတ္ထုကိုစုစည်း၍
ကြည့်ရသဖြင့်မျက်စိကြွက်သားကို ပို၍အလုပ်လုပ်ရပါသည်။ ထိုသို့အနီးကိုကြည့်နိုင်သောစွမ်းရည် (၂၀)မိနစ်မှ(၃၀)မိနစ်သာရှိသည်။ထို့ကြောင့်Computerကိုဆက်တိုက်နာရီဝက်ထက်ပို၍မကြည့်သင့်ပါ။
နာရီဝက်ပြည့်တိုင်း(၁)မိနစ်ခန့်နားရပါမည်။IntermittentRelaxationဖြစ်ပါသည်။ဖြစ်နိုင်ပါကမျက်စိမှိတ်၍ နားလျှင်ပို၍ကောင်းပါသည်။ဤအထက်ပါအချက်(၃)ချက်ကိုဂရုစိုက်၍လိုက်နာခြင်းဖြင့်Computer ကြာင့်ဖြစ်သောမျက်စိညောင်းညာမှုကိုသက်သာစေပြီးComputerဖြင့်အလုပ်လုပ်ရာတွင်ပို၍အထောက်
အကူပြုနိုင်မည်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

ဒေါက်တာဦီးတင်ဝင်း
(ရန်ကုန်မျက်စိဆေးရုံကြီး)


Bottom of Form

Thursday, 3 May 2012

မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းကြောင်. ကျန်းမာရေးကို ထိခိုက်ခြင်းမရှိ


   မိုဘိုင်းလ်ဖုန်းပြောဆိုခြင်းဖြင်. လူကိုကျန်းမာရေးထိခိုက်စေသည်. အထောက်အထားများ မတွေ.ရကြောင်. ဗြိတိသျှကျန်းမာရေးစောင်.ရှောက်မှုအေဂျင်စီ ( အိတ်ခ်ျပီအေ)က ဧပြီ ၂၇ ရက်တွင်ပြောကြားသည်။ 
   ဗြိတိသျှသိပ္ပံပညာရှင်များသည်မိုဘိုင်းလ်ဖုန်းများအသုံးပြုခြင်းကြောင်.ကင်ဆာရောဂါဖြစ်ပွာခြင်းနှင်.ဆက်
စပ်ပတ်သက်မှုရှိမရှိ၊ ဦးနှောက်အကျိတ်ဖြစ်မဖြစ်ဆိုသည်. အချက်များပေါ် မူတည်၍  ရာပေါင်းများစွာသော သုတေသနစမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ခဲ.သည်ဟု ဆိုသည်။
    မိုဘိုင်းလ်ဖုန်းပြောဆိုခြင်းသည် ကျန်းမာရေးအတွက် ထိခိုက်မှု အထောက်အထားများ မတွေ.ရသော်လည်းကလေးများအနေဖြင်.မိုဘိုင်းလ်ဖုန်းကိုအလွန်အကျွံပြောဆိုခြင်းမပြုသင်.ကြောင်းအိတ်ခ်ျပီအေက
 ပြောကြားသည်။
 ဗြိတိန်နိုင်ငံ၌မိုဘိုင်းလ်ဖုန်းအသုံးပြုသူသန်း၈၀ရှိသည်။ထို.အပြင်ရုပ်မြင်သံကြားနှင်.ရေဒီယိုနားထောင်မှု၊Wi-Fiနှင်.အခြားသောနည်းပညာပစ္စည်းများအသုံးပြုသူများလည်းရှိသည်။နိမ်.သောရေဒီယိုသံလိုက်စက်ကွင်းများသာရှိသည်။ ယင်းတို.သည် လူ.ကျန်းမာရေးကို ထိခိုက်မှု မရှိဟုဆိုသည်။ 
    မိုဘိုင်းလ်ဖုန်းများကို ဗြိတိန်နိုင်ငံ၌ ၁၉၉၀ ပြည်.နှစ်လွန်နှစ်များအထိ သုံးစွဲသူ နည်းပါးခဲ.သည်။ ယင်းနောက်မှ တဖြည်းဖြည်းသုံးစွဲသူဦးရေ များပြားလာခဲ.သည်။ မိုဘိုင်းလ်ဖုန်းသံလိုက်စက်ကွင်းများသည့့် ဦးနှောက်အကျိတ်ဖြစ်စေနိုင်သည်.အချက်ကိုမတွေ.ရဟုဆိုသည်။

(မေလ ၁ရက်နေ.ထုတ်  မြန်မာ.အလင်း သတင်းစာ မှ ပြန်လည်မျှဝေထားခြင်းဖြစ်ပါသည်။ )

Monday, 9 April 2012

သင်.ကို အရွယ်တင် နုပျိုစေနိုင်သော အစားအစာ ၁၀ မျိုး

apple 



malt
onion

shellfish



 tofu


                                                                 broccoli




cabbage





 tomato


winter melon


 
orange




ref//http://news.xinhuanet.com 

Thursday, 19 January 2012

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ








သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။ ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင် နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။ လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။ည ၉-နာရီ မှ နံနက်၃-နာရီ    = ခန္ဓာကိုယ်အားဖြည့်ချိန် ည ၉-နာရီ မှ ည ၁၁-နာရီ     = ရောဂါခုခံကာကွယ်စနစ်အချိန် (အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏)ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန် နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန် နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန် (ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)
နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန် နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန် နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန် (ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန် (နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန် (ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန် ည ၇-နာရီမှ ည ၉-နာရီ   = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန် (ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)
စာကိုး။     ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ (ပါမောက္ခ ဒေါ်ခင်ဖြူ)
မြတ်မင်္ဂလာစာစောင် အတွဲ-၂၅၊အမှတ်-၁၊ ၂၀၀၉ခုနှစ်၊ ဇူလိုင်လ မှ ကောက်နုတ်ဖေါ်ပြသည်။

ဒီပို.စ်လေးကို ကျွန်တော် မြတ်နိုးသူ    မှ တစ်ဆင်.ပြန်လည်မျှဝေလိုက်တာပါခင်ဗျာ။

Monday, 19 September 2011

သေခြင်းတရားကို လှည့်စားနိုင်မည့် နည်းလမ်း ငါးသွယ်


 

သေခြင်းတရားနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေနိုင်စေမယ့် နည်းလမ်းတွေကို သိပ္ပံနည်းကျ လေ့လာမှုတွေက အောက်ပါအတိုင်း လေ့လာ ဖော်ထုတ်ခဲ့ပါတယ်။
၁) မြင့်မားသော အရပ်တွင် နေထိုင်ပါ
ဆွစ်ဇာလန်နိုင်ငံက လူတွေကို လေ့လာမှု တစ်ရပ်အရ အမြင့်ပိုင်း အရပ်ဒေသမှာ နေထိုင်တဲ့ သူတွေက မြေပြန့်မှာ နေသူတွေထက် နှလုံးသွေးကြောဆိုင်ရာ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုလျော့နည်းကြောင်း သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ခရမ်းလွန် ရောင်ခြည်အေနဲ့ ပိုထိတွေ့မှုကြောင့် ဗီတာမင်ဒီ ပိုရတာကလည်း အကျိုးကျေးဇူး တစ်ရပ် ဖြစ်ပါလိမ့်မယ်။ ဗီတာမင်ဒီ လျော့နည်းတာက အရိုးရောဂါတွေနဲ့ နှလုံးရောဂါတို့ကို ဖြစ်စေနိုင်တယ်လို့ သြစတြေးလျနဲ့ နယူးဇီလန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။
လုပ်သင့်တာက
လူအများစုဟာ တစ်နေ့မှာ ဗီတာမင်ဒီ ၁၀၀၀ အိုင်ယူ ရရှိသင့်ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ ပါတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရယ်ငါးတို့ကို စားပေးသင့်ပါတယ်။ ဒါ့အပြင် နံနက် ၁၀ နာရီ မတိုင်ခင်နဲ့ ညနေ သုံးနာရီ ကျော်ချိန်တွေမှာ ထွက်တဲ့ နေခြည်နုနုကို ခံယူပေးပါ။
၂) ပေါင်းသင်းဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်ပါ
ဘရိုင်ဟမ်လူငယ် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ်အရ ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေး ရှိတာက ပုံမှန် သက်တမ်းထက် အသက် ၃ ဒသမ ၇ နှစ်ခန့် ပိုနေရစေတယ်လို့ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ပေါင်းသင်းဆက်ဆံရေးရဲ့ ထောက်ပံ့မှု အင်အားကြောင့် ခုခံအားစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုကောင်းစေတာ ဖြစ်တယ်လို့ လေ့လာသူက ဆိုပါတယ်။ ထိုက်တန်တဲ့ ပေါင်းသင်းဆက်ဆံရေး ဖြစ်အောင် သူငယ်ချင်းကောင်းတွေကို ရွေးချယ် ပေါင်းသင့်ပါတယ်။
လုပ်သင့်တာက
သင်ရဲ့ ပေါင်းသင်းဆက်ဆံရေး စက်ဝန်းကို ချဲ့ထွင်ပါ။ သူငယ်ချင်းတွေကို ဖုန်းခေါ်တာ၊ အီးမေးပို့တာတွေ လုပ်ပါ။
၃) သွားပုံမှန် တိုက်ပါ
တစ်နေ့မှာ နှစ်ကြိမ်ထက်နည်းပြီး သွားတိုက်တဲ့ သူတွေက တစ်နေ့မှာ သုံးကြိမ် သွားတိုက်သူတွေထက် နှလုံးရောဂါနဲ့ ဆေးရုံတက်ရနိုင်ခြေ ဒါမှမဟုတ် သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုများတယ်လို့ လန်ဒန် ကောလိပ်ရဲ့ လေ့လာမှုအရ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ခံတွင်းထဲက ဘက်တီးရီးယား ပိုးတွေက သွေးကြောထဲကို ဝင်သွားနိုင်ပြီး သွေးကြောတွေထဲမှာ သွေးခဲ ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။
လုပ်သင့်တာက
ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေ ကင်းစေဖို့ သွားကို နံနက်စာ စားပြီး တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ် မှန်မှန်တိုက်ပေးပါ။ သွားကြားပွတ်ကြိုး ထိုးပေးပါ။
၎) သန့်ရှင်းလတ်ဆတ်သော လေကို ရှူသွင်းပါ
လေကောင်းလေသန့်ရတဲ့ နေရာတွေမှာ နေတဲ့သူတွေက တခြားသူတွေထက် အသက်တစ်နှစ် ပိုရှည်ရှည် နေရလေ့ ရှိတယ်လို့ နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူးရှိတာလဲ
ညစ်ပတ်တဲ့ လေတွေက ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု ဖြစ်စေတဲ့ ဖုန်မှုန့်မွှား သေးသေးလေးတွေကို သယ်ဆောင်လာပါတယ်။ ဒါကြောင့် ညစ်ပတ်တဲ့ လေကို ရှူရှိုက်ရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်ရတာပါ။
လုပ်သင့်တာက
ယာဉ်ကြောပိတ်ဆို့တဲ့ နေရာမှာ မနေပါနဲ့။ လေ့ကျင့်ခန်း လုပ်တဲ့အခါ လေထုညစ်ညမ်းမှုများတဲ့ နေရာတွေမှာ မလုပ်သင့်ပါ။ လေကောင်းလေသန့်ရတဲ့ နေရာတွေမှာ အသက်ပြင်းပြင်း ရှူတာက အဆုတ်ကျန်းမာရေး ကောင်းစေပါတယ်။
၅) သင့်အသက်ကို လက်ခံပါ
ကိုယ်ရဲ့ လက်ရှိအသက်ကို လက်ခံပြီး ဆင်ခြင်နေထိုင်တဲ့ သူတွေက လက်ရှိ အသက်ကို လက်မခံသူတွေထက် ပျမ်းမျှအားဖြင့် အသက် နှစ်နှစ် ပိုရှည်ကြောင်း ဘာလင် စိတ်ပညာရှင်တွေရဲ့ လေ့လာမှုအရ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူးရှိတာလဲ
ကိုယ့်အသက်အရွယ်ကို လက်ခံတဲ့ သူတွေက ကိုယ့်အသက်အရွယ်နဲ့ သင့်တော်တဲ့ အနေအထိုင်၊ အပြုအမူနဲ့ အစားအသောက်တွေကို လိုက်နာ နေထိုင်ကြတာကြောင့် ကျန်းမာရေး ကောင်းကြတာ ဖြစ်တယ်လို့ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါတယ်။
လုပ်သင့်တာက
အသက်ကြီးလာတဲ့အခါ ကိုယ့်ထက် အသက်ငယ်တဲ့ သူတွေနဲ့ နှိုင်းယှဉ်မနေပါနဲ့။ ပိုပြီး စိတ်ဓာတ်ကျရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ငယ်တယ်လို့ အတင်းသတ်မှတ်ပြီး ငယ်တဲ့ အရွယ်တွေ လုပ်တဲ့ အလုပ်တွေကို လိုက်လုပ်ဖို့ မသင့်ပါဘူး။

   ပြန်လည်မျှဝေထားတာပါ။          မူရင်းလင်.   မှာ (ဆက်လက်လေ.လာနိုင်ပါတယ်)