Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Tuesday, 27 September 2011

Microsoft Windows 8 ၌ ယူနီကုတ်စံနှုန်းထားအား လိုက်နာထားသော မြန်မာဖောင့်ပါဝင်



မကြာမီဖြန့်ချိတော့မည့် Microsoft Windows 8 ၌ ယူနီကုတ်စံနှုန်းအား အတိအကျလိုက်နာထားသော မြန်မာဖောင့်များ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ Myanmar Text Regular အမည်ရှိ အဆိုပါဖောင့်အား ဖောင့်အမျိုးအမည်နှင့် စာစီစာရိုက်စနစ် (Input Method) ကို Microsoft Windows 8 ၌ တရားဝင်ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရသည်။ ယူနီကုတ်စံသတ်မှတ်ချက်သည် နိုင်ငံတကာ စံသတ်မှတ်ချက်တစ်ခုဖြစ်၍ နိုင်ငံတကာတွင်ရှိသည့် အိုင်စီတီဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ယူနီကုတ်စံနှုန်းကိုသာ လိုက်နာအသုံးပြုကြမည်ဖြစ်ကြောင်း၊ ၎င်းစံသတ်မှတ်ချက်ကြောင့် မြန်မာဘာသာစကားအား ကွန်ပျူတာမှ နားလည်လာခြင်း၊ သတင်းအချက်အလက်များကို စုစည်းထားနိုင်ခြင်း၊ အချက်အလက်ရှာဖွေခြင်းအတွက် လွယ်ကူခြင်း အစရှိသည့် အခြေအနေများကို အထောက်အကူပြုကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းလုပ်ငန်းအဖွဲ့မှ သိရသည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအတွင်းက ထုတ်ဝေခဲ့သည့် Mac OS Lion ၌ ယူနီကုတ်စံနှုန်းအား အတိအကျလိုက်နာထားသော မြန်မာယူနီကုတ် ဖောင့်ပုံစံနှစ်မျိုးနှင့် စာစီစာရိုက်စနစ်ကို တရားဝင်ထည့်သွင်းပြီးခဲ့သည့်နောက် လာမည့်အချိန်ကာလအတွင်း ထုတ်ဝေဖြန့်ချိတော့မည့် Microsoft Windows 8 ၌လည်း မြန်မာယူနီကုတ် ပါဝင်လာမည်ဖြစ်ကြောင်း၊ အများပြည်သူအသုံးပြုသော အိုင်စီတီဆိုင်ရာဆော့ဖ်ဝဲ၊ Hardware များတွင် ယူနီကုတ်စံနှုန်းကို အတိအကျလိုက်နာထားသော မြန်မာယူနီကုတ်ဖောင့်များကိုသာ အသုံးပြုကြမည်ဖြစ်ကြောင်း သိရသည်။ မြန်မာဘာသာစကားအား ကွန်ပျူတာစနစ်များပေါ်တွင် အသုံးပြုနိုင်ရန်အတွက် အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ယူနီကုတ် ကွန်ဆိုဒီယမ်၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရေးသားသူ - ထွန်းထွန်း
Credit - Internet Journal, Vol(12) issue(37)

Monday, 26 September 2011

မြန်မာဘလော့ကာအသင်း ငါးနှစ်ပြည့်ဆွေးနွေးပွဲကျင်းပ

 

မြန်မာဘလော့ကာအသင်း ငါးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဘလော့နှင့် သက်ဆိုင်သော ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ လှိုင်မြိုနယ်ရှိ မြန်မာအင်ဖိုတက်ခ်တွင် ယခုလ ၁၀ ရက်နေ့က ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါပွဲတွင် ဟောပြောသူ ခုနစ်ဦးက ဘလော့တွင်ရှောင်ရန် ဆောင်ရန်များ၊ မူပိုင်ခွင့်ဆိုင်ရာ အကြောင်းများနှင့် အခြား ဘလော့ ဆိုင်ရာ အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သော်လည်း အဆိုပါ ငါးနှစ်ပြည့်အထိမ်းအမှတ်ပွဲကို အကြောင်းအမျိုးမျိုး ကြောင့် တက်ရောက်သူဦးရေ နည်းပါးခဲ့သည်။
အွန်လိုင်းတွင် စတင်တွေ့ရှိကာ ခင်မင်ခဲ့ကြသော ဘလော့ကာများ စုပေါင်းပြီး ၎င်းအသင်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် မြန်မာ ဘလော့ကာ အသင်းအနေဖြင့် အခြားအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းပြီး ဘားကမ့်ပွဲ များနှင့်အခြားပွဲများကိုလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဇော်ဇော်မျိုးလွင်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဘလော့ ကာပေါင်း ၅,၀၀၀ ဦးခန့်ရှိသော်လည်း ၁,၅၀၀ ခန့်သာ ပုံမှန်ဘလော့ရေးသားကြောင်းနှင့် ဆိုရှယ်နက်ဝပ်ဆိုက်များတွင်သာ ရေးသားလာသောကြောင့်လည်း ကိုယ်ပိုင်ဘလော့ တည်ဆောက်သူများ နည်းပါးလာကြောင်း ၎င်းက ပြောသည်။
နေလင်းအောင်
အတွဲ ၂၇ ၊ အမှတ် ၅၃၆ ( ၂၃-၂၉ ၊ ၉ ၊ ၂၀၁၁) 

http://www.myanmar.mmtimes.com/  

တက်ရောက်ခဲ.သော  မိတ်ဆွေများ အတွေ.အကြုံလေးများ ပြန်ပြောပြပါအုန်း။

Monday, 5 September 2011

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား


စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။
ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို   ယောက်ျားစိတ်ပေါက်နေ သူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို  အင်တာနက်ပေါ်တင်မည်ဟု ခြိမ်းခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။  ”အစ ကတော့ မသိ ဘူးပေါ့၊  နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။ 
ရန်ကုန်မြို့ စမ်းချောင်းနေ တရားခံဟု ယူဆရသူ အမျိုးသမီး ငယ်က ခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက် ၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိ ခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူးဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်း တို့ထံမှ သိရသည်။”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာ အခြားမိန်း ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံ  တွေကိုပါ   တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ 
တရားလို ကွန်ပျူတာတက္က သိုလ်ကျောင်းသူသည် ၂ဝ၁ဝ ပြည့် နှစ်သြဂုတ်လ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၁ ခုနှစ်အထိ စုစုပေါင်းငွေသိန်း ၅ဝဝ ခန့်ကို တရားခံဟုယူဆရသူ ထံအကြိမ် ကြိမ်ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိမီး ခံသေတ္တာအတွင်းမှ စိန်နှင့် ရွှေများအကုန်လုံးကို SURE ကား ဖြင့်ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့တိုင် ကြားခဲ့ရကြောင်း တရားလိုနှင့်နီးစပ် သူကပြော သည်။  တရားလိုနှင့် တရားခံဟုယူ ဆရသူ အမျိုးသမီးတို့သည် ၂ဝ၁ဝ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ဇူလိုင်လတွင် တရားခံဟုယူ ဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင် ပြီးနောက် အဆိုပါ အိမ်၌တရားလို အားစိတ်ကိုမေ့မြောစေသော ပီကေ ကျွေးကာ အဝတ် များချွတ်၍ဓါတ်ပုံ ရိုက်ယူခဲ့သည်။ထို့နောက် ဓာတ်ပုံကို အင်တာနက်တင် မည်ဟုခြိမ်းခြောက် ကာငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ် သက်၍ ”ဒါက မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာ ဆိုတော့ တော်တော်အောက်တန်း ကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်း ဆုံးသွားနိုင်တဲ့ အမှုတစ်ခုဖြစ်တဲ့ အတွက်နောက်လူတွေ ဆက်မ လုပ်နိုင်အောင် ထိရောက်တဲ့  ပြစ်ဒဏ်ချ မှတ်သင့်တယ်”ဟု ပြောသည်။
(ပေါ်ပြူလာသတင်းဂျာနယ်မှ ကူးယူဖေါ်ပြသည်။)

Wednesday, 17 August 2011

လေးစားမိသော ဆရာနန္ဒာသိန်းဇံ


 


အတွေးအခေါ်ဆိုင်ရာ စာပေများကို ရေးသားခဲ့ပြီး ဘ၀နေထိုင်မှုနှင့် ရှင်သန်ခြင်း အဓိပ္ပာယ်များကို ဒဿနအမြင်များဖြင့် တင်ပြခဲ့သူ ဆရာနန္ဒာသိန်းဇံသည် သြဂုတ်လ ၁၄ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ ခန့် အချိန်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သော ဆရာနန္ဒာသိန်းဇံသည် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်ဇာတိ ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကို ပဲခူးတိုင်းဒေသကြီး တစ်ခုလုံး၌ ပထမ အဆင့် အနေဖြင့် အောင်မြင်ခဲ့ပြီး စာပေရေးသားခြင်းကို ၁၉၆၃ ခုနှစ်တွင် စတင်ခဲ့သည်။
ဆရာနန္ဒာသိန်းဇံ၏ ပထမဆုံး ဆောင်းပါးမှာ မှတ်ဉာဏ်နှင့်အတွေးအခေါ် ဖြစ်ပြီး ၁၉၆၃ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀ မဂ္ဂဇင်း၌ သိန်းဇံ ကလောင် အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။  ၁၉၆၆ ခုနှစ်တွင် ဒဿနိက ၀ိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့သည်။ အဆိုပါ မဟာဝိဇ္ဇာတန်းအတွက် ဘွဲ့ယူကျမ်းကို ''ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ'' ဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် ဆရာနန္ဒာသိန်းဇံ၏ ပထမဆုံး လုံးချင်းစာအုပ် ထွက်ရှိခဲ့ပြီး ယင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ အတွက် တင်သွင်းခဲ့သောကျမ်း ဖြစ်သည့် ''ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ'' ပင် ဖြစ်သည်။
၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန၌ နည်းပြ အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် ရန်ကုန် တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ထားဝယ်ကောလိပ်၊ ပုသိမ်ကောလိပ် အစရှိသော တက္ကသိုလ်ကောလိပ်များ၏ ဒဿနိကဌာနများတွင် နည်းပြ၊ ကထိကမှ ပါမောက္ခရာထူး အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၀၅ခုနှစ်အချိန်တွင် ရန် ကုန်တက္ကသိုလ် ဒဿနိက ဗေဒ ဌာနတွင် ပါမောက္ခဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ခု နှစ်တွင် အငြိမ်းစားယူခဲ့ပါသည်။
ဆရာနန္ဒာသိန်းဇံ၏ ထင်ရှားသော စာအုပ်များမှာ ဘ၀ အဓိပ္ပါယ်နှင့် ဘ၀သစ္စာ၊ ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့် မြင့်ခရီးသည်၊ စိတ်အဆင့်ဆင့် မြင့်တက်ခြင်း သဘာဝ၊ အတွေး အခေါ်တို့ လွင့်မျောခြင်းနှင့် လူ ၏တည်ဆောက်ရာ၊ စီးပွားရေး နှင့် စစ်ရေးဗျူဟာ၊ ခရောင်းလမ်း ကို ဖြတ်ကျော်ခြင်း၊ အသွင် သဏ္ဍာန်တို့၏ နောက်ကွယ်၌၊ မှန်သော စကားကို ဆိုခြင်း၊ ကြာ၊ ဖြေဆည်ရာ၊ ထေရ၀ါဒနှင့် ပတ် သက်သော မှတ်ချက်များ၊ မိတ် ကောင်းဆွေကောင်းနှင့် ခရီး သွားခြင်း၊အရိမဒ္ဒနမှ တွေးမြင် ရနံ့တို့ ဝေ့ပျံနေဆဲ၊ မနက်ဖြန် များ ကို ဖြတ်သန်း နေသော စိတ်ကူးများ၊ တွေးချိန်  ချင့်စရာ၊  ပြောရင်းပြောနေမည့် ချစ်ခြင်း မေတ္တာနှင့် သမုဒ်ပင်လယ်ပြာ နှိုင်းပမာတို့ ဖြစ်ကြပါသည်။

source- http://www.news-eleven.com/