Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Saturday, 7 April 2012

ဂျပန်တစ္ဆေသင်္ဘော အမေရိကန်ကမ်းခြေစောင်.တပ်ဖွဲ.မှ ပစ်ခတ်နှစ်မြှုပ်


     
  
   ပြီးခဲ.သည်.နှစ် မတ်လက ဂျပန်နိုင်ငံတွင် ငလျင်နှင်. ဆူနာမီဒဏ်ကြုံတွေ. ခံစားခဲ.ရပြီးနောက် ပင်လယ်သမုဒ္ဒရာအတွင်း လူမပါဘဲ တစ်နှစ်ကျော်ကြာ မျောပါနေခဲ.သော  ဂျပန်နိုင်ငံမှ သင်္ဘောတစ်စင်းကို တစ္ဆေသင်္ဘောဟု အမည်ပေးထားရာ အဆိုပါသင်္ဘောအား အမေရိကန် ကမ်းခြေစောင်.တပ်ဖွဲ.က အမြောက်ကျည်ဖြည်.ပစ်ခတ်ကာ နှစ်မြှပ်ခဲ.ကြောင်း  ပြောကြားခဲ.သည်။
          ထို သင်္ဘောသည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်သို. ဦးတည်မျောပါလျက်ရှိရာ အမေရိကန်စစ်သင်္ဘောတစ်စင်းက အမြောက်ဖြင်. ပစ်ခတ်ကာ နှစ်မြှပ်ရန်ကြိုးစားခဲ.ခြင်း ဖြစ်သည်။ ထိုသင်္ဘောအလက်စကာပြည်နယ် ပင်လယ်ကွေ.ရေပြင်အတွင်း ကမ်းခြေမှ မိုင်၁၅၀ ခန်.အကွာတွင် မျောပါနေခြင်းဖြစ်သည်။  တစ္ဆေသင်္ဘောကို နှစ်မြှပ်ရန် အမြောက်ဖြင်. ပစ်ခတ်ပြီးနောက် တစ်နာရီခန်.ကြာတွင် နစ်မြှပ်သွားခဲ.သည်။ ထို.သို. မနှစ်မြှပ်မီ အမေရိကန်ကမ်းခြေစောင်.တပ်ဖွဲ.က  ထိုသင်္ဘောအားကယ်ဆယ်ရန်ကြိုးစားနေသည်.ကနေဒါငါးဖမ်းသင်္ဘောအား ဘေးကင်းရာသို. ရှောင်တိမ်းစေခဲ.သည်။ ဂျပန်တစ္ဆေသင်္ဘောပိုင်ရှင်များက ငှင်းတစ္ဆေသင်္ဘောကို ဆက်လက်ကယ်ဆယ်ခြင်းမပြုလုပ်တော.ရန် ဆုံးဖြတ်ခဲ.သဖြင်. ပစ်ခတ်နှစ်မြှပ်ခဲ.ခြင်းဖြစ်သည်။ ယခုအခါ ဂျပန်တစ္ဆေသင်္ဘောသည် သမုဒ္ဒရာကြမ်းပြင်အောက်သို.နစ်မြှပ်သွားခဲ.ပြီဖြစ်ကြောင်းကမ်းခြေစောင်.တပ်ဖွဲ.၏ကင်းလှည်.ရေဟတ်ယာဉ်တစ်စင်းက
 စောင်.ကြပ်ကြည်.ရှုပြီးနောက် ပြောကြားခဲ.သည်။

ref// www.myanmar.com 
photo ref// www.google.com

Monday, 19 December 2011

အမေရိကန်မှ ဆင်းရဲသားလူတန်းစားများ၏ နေထိုင်မှုပုံစံ

ဗဟုသုတ ရစေရန် ရည်ရွယ်ပြီး  တင်ပေးလိုက်ချင်းပါ။ ကိုယ်တိုင် သုသေတန ပြုထားတာတော.မဟုတ်ပါ ခင်ဗျာ။  မရောက်ဖူးသော သူများအတွက်ပေါ.နော်။ ခြုံငုံပြီး ပြထားခြင်း ဖြစ်ပါသည်။ ကမ္ဘာ.စူပါ ပါဝါ နိုင်ငံကြီးဆိုလို.  အားလုံးချမ်းသာနေကြတယ်လို. ထင်နေရင် မှားသွားပါလိမ်.မယ်။ သူတို.မှာ နေ.စဉ် အလုပ်လက်မဲ.ပြဿနာ တွေ အများကြီး ရင်ဆိုင်နေကြရတယ်။ ကုန်ဓျေးနှုန်းမြင်.မားမှု ပြဿနာကိုလည်း အောက်ခြေ လူတန်းစားများ ကြုံတွေ.နေရသည်။  နေထိုင်မှု စရိတ်စက ကြီးမားသောကြောင်. အိုး ပိုင် အိမ် ပိုင် မရှိသေးသော သူများ ဒုနဲ.ဒေးပါ။  ဖွံ.ဖြိုး ဆဲ နိုင်ငံများနဲ.တော. နှိုင်းယှဉ်လို. မရနိုင်ပေမယ်. သူတို.မှာလည်း ရင်ဆိုင်နေရတဲ. ပြဿနာတွေ အခက်အခဲတွေ  ရှိနေပါတယ်။ 








source// chinanews.com

Friday, 11 November 2011

ဂျပ်စတင် ကလေးအဖေ ဟုတ်မဟုတ် စစ်ဆေးခံရမည်




ကမ္ဘာကျော် ဆယ်ကျော်သက် ကနေဒါ ပေါ.ပ် အဆိုတော်ဂျပ်စတင်းဘီဘာဟာ ကယ်လီဖိုးနီးယား ပြည်နယ်မှ ဆယ်ကျော်သက်အရွယ် မာရီရပ်ရီစတာအမျိုးသမီး တစ်ဦးနဲ. ပျော်ပါးခဲ.ပြီး ကလေးရနေပါတယ်လို. တရားရုံးမှာ စွပ်စွဲတိုင်တန်းခံနေရပါတယ်။ ဒီစွပ်စဲချက် မှန်မမှန် ဂျပ်စတင်ဘီဘာအနေနဲ. စစ်ဆေးမှုခံယူရလိမ်.မည်လို.ဆိုထားသည်။ ဂျပ်စတင်မှလည်း  ထိုမိန်းကလေးကို အသရေ ဖျက်မှုနဲ.ပြန်လည်တရားစွဲဆိုမယ်လို. ဆိုပါတယ်။  သူတို.နှစ်ဦးမှာ  လွန်ခဲ.သော တစ်နှစ်က လော.စ်အိန်ဂျလိစ်မြို. ကပွဲတစ်ခုမှာ  မှားယွင်းမိခဲ.ကြောင်း မာရီက တရားရုံးမှာပြောဆိုခဲ.ပါတယ်။ 
ဂျပ်စတင်ဟာ  တကယ်.ပါရမီရှင် ပါ။ ကမ္ဘာက သူ.ကိုသိကြပါတယ်။ သူဟာကနေဒါ
နိုင်ငံ အွန်တာရီယိုပြည်နယ် စထရန်းဖို.ဒ်မှာ ကြီးပြင်းခဲ.သူပါ။       အသက် ၁၂ နှစ်အရွယ်    ကတည်းက ဂီတလောကထဲ  ဝင်ရောက်လာသူ ဖြစ်ပါတယ်။  ၂၀၀၉ ခုနှစ်  ဇူလိုင်လမှာတော.    One Time    လို.အမည်ရတဲ. ပထမဆုံး တေးအယ်လ်ဘမ် ထွက်ခဲ.ပါတယ်။ ကနေဒါ နဲ.အမေရိကန်မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ.
ပါတယ်။ နောက်ပိုင်းMyWorldအမည်ရှိတဲ.အယ်လ်ဘမ်သစ်ထွက်ခဲ.ပါတယ်။ဒီတေးအယ်လ်ဘမ်ဟာ ဘေလ်ဘုတ်ရဲ. အရောင်းရဆုံး တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ 
  ဂျပ်စတင်ဟာ လက်ရှိတွင် အမေရိကန် နာမည်ကျော်သရုပ်ဆောင်အဆိုတော်မလေးဆီလီနာမာရီဂိုမက်ဇ် ဖြင်. ချစ်သူ ဖြစ်နေကြပါတယ်။

Thursday, 10 November 2011

အဆိုးတွေထည်းက အကောင်း (သနားစရာစွန်.ပစ်ခံကလေး)














 ကိုယ်ဝန်ဖျက်ချဖို.အကြိမ်ကြိမ် ကြိုးစားခဲ.သော်လည်း မအောင်မြင် ကာ နောက်ဆုံး လမစေ.ဘဲမွေးလာသော ကလေးကို မိခင်ဖြစ်သူမှလက်မခံပေးနိုင်ဘဲ တောစပ်အနားတွင် တွင်းတူးပြီး စွန်ပစ်ခဲ.ပါတယ်။ ကံကောင်းထောက်မစွာဖြင်. ကင်းလှည်.ရဲသားမှ တွေ.ရှိသွားကာ ဆေးရုံသို. အချိန်မှီ ပို.နိုင်ခဲ.သဖြင်.ရခဲလှသော လူ.ဘ၀တွင် အသက်ရှင်နေထိုင်ခွင်.ကို ရရှိသွားခဲ.သည်။ အကယ်၍များ အချိန်တိုလေးအတွင်းမှာသာ လူတစ်ဦးတစ်ယောက် မှ မတွေ.ခဲ.ပါက ဒီကလေးငယ်၏ ကံကြမ္မာမှာ မတွေးရဲ စရာပင်။ တောထည်းရှိ  သားရဲ ကောင်းများ၏ ကိုက်ဖြတ်မှုကိုဘဲ ခံရမည်လား --။ အဆိုးဆုံးနဲ. ဒီကလေးရင်ဆိုင်ခဲ.ရပေမယ်. ကံကြမ္မာက မျက်နှာသာ ပေးခြင်းခံခဲ.ရပါတယ်။
    အော် ဒါကြောင်. မိခင်ကျေးဇူးဆိုတာ ဆပ်လို.မကုန်နိုင်ဘူးလို. ပြောကြတာ။ ၀မ်းဗိုက်ထည်းမှာ ရောက်ရှိလာတဲ. မိမိကို ကျန်းကျန်းမာမာနဲ. လူဖြစ်လာဖို. ဂရုစိုက်ခဲ.တဲ.အမေ.ကျေးဇူး။
လူဖြစ်လာသော်မိမိကျန်းမာသန်စွမ်းအောင်  ကျွေးမွေးစောင်.ရှောက်ခဲ.သော အမေ.ကျေးဇူး။
 ပညာသင်ချိန် ကိုယ်.သားအား သူများတွေနဲ.တန်းတူ ပညာကို စိတ်အေးအေးနဲ.သင်နိုင်အောင် ကြိုးစားခဲ.သော အမေ.ကျေးဇူး။  ဒီ သုံးချက်ထည်းနဲ.တင် ကျွန်တော် အမေ.ကျေးဇူးတွေကို ဆပ်လို.ကုန်နိုင်မှာ မဟုတ်တော.ပါဘူး။

  source//http://www.alivenotdead.com                                                                                                                                                                                                          လေးစားစွာဖြင်.                                                                                                                                                                                                                                                                                                                                မောင်မောင် (မြစ်ဆုံ)

                                                                                                                                              

Wednesday, 31 August 2011

ကမ္ဘာပေါ်တွင် နိုင်ငံလက်မဲ့ လူဦးရေ ၁၂ သန်းခန့် ရှိနေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်


 

ကမ္ဘာပေါ်တွင် နိုင်ငံလက်မဲ့ ဖြစ်နေသည့် လူဦးရေ ၁၂ သန်းခန့် ရှိနေပြီး ၎င်းတို့မှာ အခြေခံ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြောင်း ကုလသမဂ္ဂက သတိပေး ပြောကြားထားသည်။
အဆိုပါ နိုင်ငံမဲ့များနှင့် ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံများက သဘောတူညီမှုများကို လက်မှတ် ရေးထိုး ဆောင်ရွက်ကြရန်လည်း ကုလသမဂ္ဂက တိုက်တွန်းလိုက်သည်။
နိုင်ငံမဲ့မိဘများက မွေးဖွားလိုက်သည့် ကလေးများမှာလည်း နိုင်ငံမဲ့ လူသားများ ဖြစ်သွားသောကြောင့် အခြေအနေမှာ ပိုမို ဆိုးရွားလာကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။
ထိုကဲ့သို့ ဖြစ်ပွားရသည့် အခြေအနေမှာ အရှေ့တောင်အာရှ၊ ဗဟိုအာရှ၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကတိုက် တို့တွင် အများဆုံး ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ အန်တိုနီယိုဂူတာရက်စ်က ''နိုင်ငံမဲ့ လူသားတွေဟာ မရေမရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဒုက္ခတွေ အပြင် သူတို့ကို နှိမ့်ချ ဆက်ဆံခံရမှုတွေက သူတို့နေတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ဖိစီးမှုတွေ ဖြစ်စေပြီး မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
နိုင်ငံမဲ့သူများ အနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများကို ကြေညာခွင့် မရှိခြင်း၊ ဘဏ်စာရင်း မဖွင့်နိုင်ခြင်း၊ တရားဝင် လက်ထပ်နိုင်ခွင့် မရှိခြင်း၊ ကလေးမွေး လာပါက မှတ်ပုံတင်နိုင်ခွင့် မရှိခြင်း စသည့် ပြဿနာများ ရှိနေကြောင်း သိရသည်။
အချို့နိုင်ငံမဲ့များ အနေဖြင့် မည်သူဖြစ်သည်၊ မည်သည့်နိုင်ငံမှ လာသည်ကို အထောက်အထား မပြနိုင်သောကြောင့် ကာလကြာမြင့်စွာ ဖမ်းဆီးခြင်း ခံထားရသူများလည်း ရှိနေကြောင်း သိရသည်။
နိုင်ငံမဲ့သူများကို ကောင်းမွန်စွာ ဆက်ဆံရေးအတွက် ၁၉၅၄ ခုနှစ်၊ သဘောတူစာချုပ်တွင် နိုင်ငံပေါင်း ၆၆ နိုင်ငံက လက်မှတ် ရေးထိုးခဲ့သော်လည်း 1961 Convention on the Reduction of Statelessness တွင် လက်မှတ်ရေးထိုးသည့် နိုင်ငံပေါင်းမှာ ၃၈ နိုင်ငံ ရှိကြောင်း သိရသည်။
''နှစ်ပေါင်း ၅၀ အတွင်းမှာ ဒီသဘောတူစာချုပ်တွေဟာ နိုင်ငံ အနည်းငယ်ကိုပဲ စည်းရုံးနိုင်ခဲ့တာ ရှက်စရာပါပဲ။ လူသန်းပေါင်းများစွာဟာ နိုင်ငံမဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အခြေခံ လူ့အခွင့်အရေးတွေလည်း ဆုံးရှုံးနေပါတယ်''ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။
သို့သော် မကြာသေးမီလများ အတွင်းက ခရိုအေးရှား၊ ပနားမား၊ ဖိလစ်ပိုင်၊ တာမင်နစ္စတန် နိုင်ငံများသည် အဆိုပါ သဘောတူစာချုပ်များတွင် လက်မှတ် ရေးထိုးလာကြကြောင်း သိရသည်။
ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားတို့ကဲ့သို့ နိုင်ငံပြိုကွဲသွားခြင်းများ၊ အာဖရိကနှင့် အာရှတိုက်များတွင် ကိုလိုနီ လက်အောက်မှ လွတ်မြောက်ပြီးနောက် နိုင်ငံသစ် ထူထောင်ခြင်းများ စသည့် အကြောင်းများကြောင့် နိုင်ငံမဲ့များ ဖြစ်သွားရခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် နိုင်ငံမဲ့လူဦးရေ အများဆုံး ရှိနေသော နိုင်ငံများမှာ အက်စ်တိုးနီးယား၊ အီရတ်၊ ကင်ညာ၊ လတ်ဗီးယား၊ ဆီးရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံ အချို့ ဖြစ်ကြောင်း သိရသည်။

source/ http://www.first-11.com/