Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

Saturday, 28 January 2012

လူတစ်သိန်းမှာ တစ်ဦးသာရှိနိုင်သော ဒီလိုအချစ်စစ်

 ဂျွန်နဲ.   သူ.ချစ်သူတို.၏  ချစ်သူသက်တမ်းဟာ  အချိန်ကာလ တစ်ခုသို.ရောက်နေစဉ်မှာဘဲ  ဂျွန် တစ်ယောက် အီရတ်စစ်မြေပြင်သို သွားရောက်ပြီး တာဝန်ထမ်းဆောင်ဖို. ဖြစ်လာခဲ.ပါသည်။ စစ်သား တစ်ယောက်အတွက် အမိန်နဲ.တာဝန်ကို ရှောင်ဖယ်၍ မရ နိုင်သည်ကို  ဂျွန်၏ ချစ်သူမှ နားလည် လက်ခံပေးပြီး  ရှင်ပြန်လာတဲ.အချိန်ထိ ကျွန်မ သစ္စာ ရှိရှိ စောင်.နေပါမယ် ဆိုတဲ.  လေးနက်သောစကားကိုဘဲ ဂျွန်.ကို ပြောခဲ.တယ်။    
  စစ်သားတစ်ယောက်၏ တာဝန်ထမ်းဆောင်မှုကတော. အသက်နဲ.ရင်းထားရတာပါ။ အသက်မသေဘဲ တစ်သက်လုံး နှလန်မထူနိုင်သော ဒဏ်ရာတွေလည်း ရနိုင်တာပေါ.။ သေမင်းတမန် ကျည်ဆံတွေကြားထည်းမှာ
တာဝန်ထမ်းဆောင်မှုက လွယ်ကူမှာမဟုတ်ဘူးဆိုတာ  စစ်သားမဟုတ်ရင်တောင် စစ်ကားကြည်.ဖူးတဲ.သူတိုင်း သိနိုင်ကြမှာပါ။   
    ဂျွန်တစ်ယောက်  ကင်းလှည်.တာဝန်ထမ်းဆောင်ရင်းနဲ. တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ.ပါတယ်။ နောက်ဆုံး သူသတိရတဲ.အချိန်မှာတော.  စစ်ဆေးရုံက ကုတင် ပေါ်မှာ ရောက်နေပြီ။  လက်တွေခြေထောက်တွေ လုပ်ကြည်.တော. အခြေအနေကောင်းတယ်။ သို.သော် သူမှန်ရှေ.ရောက်တဲ.အချိန်မှာ သူ.ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဆိုးဝါးသွားသော မျက်နှာကိုတွေ.လိုက်ရတယ်။  ဒီလိုမျက်နှာမျိုးကို သူ.ချစ်သူ တွေ.ရင် လက်ခံပေးနိုင်ပါ.မလား စိုးရိမ် စိတ်တွေနဲ.  ဂျွန်ြ ပည်တော်ပြန်ခဲ.ပါတယ်။  ဂျွန်.စိုးရိမ်စိတ်မှုတွေကို  သူ.ချစ်သူမှ ဖယ်ရှာပေးကာ   မြတ်မြတ်နိုးနိုးနဲ. တစ်သက်လုံးချစ်ပါရစေဆိုပြီးလက်ထက်ပွဲကို  ကျင်းပခဲ.တယ်။  မိမိ ချစ်သူ ဘာဘဲ ဖြစ်နေနေ ချစ်သွားမည်ဆိုသော ဂျွန်. ချစ်သူကို အားလုံးက အံသြချီးကျူးဂုဏ်ယူကြသည်။ 
အချစ်စစ်အချစ်မှန် ဆိုတာ ဒါမျိုးကိုမှ ဆိုတာပါ။  ချစ်သူအတွက်ဆို ဓူဝံကြယ်ဘဲ ဆွတ်ပေးရ  ဆွတ်ပေးရ  ချစ်သူအတွက်ဆို အသက်ပါပေးရဲတယ်ဆိုပြီး ပြောနေကြပေမယ်. တစ်ကယ်တန်း  အနှစ်နာခံချစ်နိုင်တာမျိုးကတော. အရမ်းရှားပါတယ်။ ရွှေစစ်ရင် မှတ်ကျောက်တင်ခံနိုင်ရတယ်ဆိုတဲ.စကားအတိုင်း အချစ်စစ်အချစ်မှန်တွေ.မှာလည်း မှတ်ကျောက်တင်နိုင်ရဲကြမှာပါ။ ချစ်သူတိုင်း ချစ်သူတိုင်း အချစ်စစ်အချစ်မှန် နဲ. ချစ်နိုင်ကြပါစေ။





source//http://www.emailjunks.com

Friday, 19 August 2011

4 types of love ဒါမှမဟုတ် အချစ်အမျိုးအစား ၄ မျိုး

1. ego love
2. one sided love
3. blind love
4. true love

Ego love

ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို

့ရပါတယ်....
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...မျက်စိအော
က်ကအပျောက်မခံချင်ဘူး...
သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....အဲ
ဒါ ego
love ဖြစ်နေပါပြီ...
အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...သူက ငါ့ကို
ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေ
းမျိုး..
ခဏခဏ၀င်တတ်ပါတယ်...အမှားဆိုရင် သေးသေးလေးတောင်
သည်းမခံတတ်ကြပါဘူး....အချစ်ကြီး
ပြီး
အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့...

One sided love

ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...အရာရာပေးဆပ်နေချင်တယ်...အကောင်းဆုံးတွေလုပ်ပေးချ
င်နေတယ်...
ဒါပေမယ့် တစ်ဖက်လူက...ကိုယ်လုပ်ပေးနေတာေ
တွကို
လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှ
မစဉ်းစားပါဘူး...
အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက
စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်
တာတွေခံစားရတတ်ပါတယ်...
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..မြ
ကာခင်မှာ
ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...

Blind love

ဒီလိုအချစ်အမျိုးအစားကို...စိတ်
ကစားတာလို့လဲခေါ်နိုင်ပါတယ်...
အချစ်မှာမျက်စိမရှိဘူးလို့ပြောေ
နကြတဲ့သူတွေပေါ့...
အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေ
ဝင်လာမယ်...
ဒါဆိုရင် blind love
ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစား
မိတော့ဘူးလေ....
ဒါပေမယ့် ဒီလိုအချစ်မျိုးက
ကြာကြာမခံပါဘူး....အချစ်တွေပျောက်သွားတဲ့အချိန်မှ...ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..

True love

နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါ
တယ်...
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွ
က်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ....
ဒီလိုအချစ်မျိုးကတော့....အင်
မတန်ရှားပါတယ်...
လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်
ချစ်နေတဲ့အချစ်မျိုးပါ....
အသဲကွဲတယ်ဆိုတာလဲမရှိဘူး....သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး.
...
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ..
..အဲဒါကြောင့် တစ်ချို့က ၅၂၈
မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....

အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး
မှာ ego love နဲ့ one sided love က
နည်းနည်းဆင်ပါတယ်...
တစ်ချို့က တစ်ခါတစ်လေ...blind love ကို true love နဲ့
လဲမှားတတ်ကြပါတယ်...ဆင်တာကိုး..
.
မတူကတော့... blind love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး.
.. true love
ကတော့ နှစ်တွေဘယ်လောက်ကြာကြာ
မပျောက်သွားတတ်ပါဘူး...
အဲဒါကြောင့်...သူငယ်ချင်းတွေလဲ ချစ်မိပြီဆိုရင်.....
ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်
သုံးသပ်နိုင်ပြီး...ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ... 



Wednesday, 20 July 2011

wrong choice ဒါမှမဟုတ် အချစ်နဲ. အိမ်ထောင်ရေး

     တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည်ရှေးဟောင်းမြို့နားက ရွာလေးတစ်ရွာမှာ
တစ်ရွာလုံးက ချစ်ခင်လေးစားကြတဲ့ တက္ကသိုလ်ကျောင်းသား၊
ကျောင်းဆရာလေးတစ်ယောက်ရှိသတဲ့။ သူကကျောင်းပိတ်ရင် ရွာမှာ ကလေးတွေကို
စာသင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်ပေါ့။
အင်္ဂလိပ်စာတတ်ရင် ဘုရားဒကာထက် အထင်ကြီးလေးစားခံရတဲ့ အချိန်ကာလမျိုးမှာ
ကလေးတွေကို အလကားစာသင်ပေးနေတော့ ရွာရဲ့ အသည်းနှလုံး ဆိုလဲ မမှားဘူးပေါ့လေ။
ဒီကျောင်းဆရာလေးရဲ့ အိမ်ကလဲ စီးပွားရေးတောင့်တင်းတယ်။ ရုပ်ရည်ကလဲ
ဖြူဖြူသန့်သန့်ဆိုတော့ သမီးရှင်တို့ မျက်စိကျတဲ့ ယောက်ျားလေးမျိုးပေါ့။ သူတို့
အိမ်မှာ လေးတန်းအောင်ပြီး ကတည်းက ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်ထဲက အသားမဲမဲ
ရွက်ကြမ်းရေကြို ကောင်မလေးတစ်ယောက်လဲ ရှိတယ်။ အဲဒီကောင်မလေးကလဲ
ဒီကျောင်းဆရာလေးကို ရင်ထဲက ကျိတ်ပြီး သဘောကျနေတာပါ။
ဒီလိုနဲ့ပဲ တစ်အိမ်ထဲအတူနေ ဒီကျောင်းဆရာလေးနဲ့ ကောင်မလေးနဲ့ ငြိကြရော
ဆိုပါတော့။ ဒီတော့ ကျောင်းဆရာလေးက လူကြီးတွေကို အသိမပေးပါနဲ့ဦး။
ကျောင်းပြီးတဲ့ အခါမှ လက်ထပ်ကြမယ်လို့ စီစဉ်သတဲ့။ ဒါကိုကောင်မလေးက
ကျောင်းပြီးတဲ့ အထိစောင့်ရင်သူ့ကိုပစ်သွားမှာပဲဆိုပြီး ရှိသမျှ ကြီးတော်တွေ၊
ဒွေးလေးတွေ အကုန်ကြေငြာမောင်းခတ်လိုက်သတဲ့။ မယူရင်မရတော့ပါဘူး၊ ဘာညာပေါ့လေ။
ကျောင်းဆရာလေးရဲ့ မိဘတွေလဲ စိတ်ဆိုးကြ၊ ဒေါသတွေကြီးနဲ့ ဆွေမျိုးအုပ်စုတစ်ခုလုံး
ပွက်လောရိုက်သွားတာပေါ့။ နောက်ဆုံးတော့လဲ ရှေးတောရွာသူတို့ရဲ့ စိတ်နဲ့
ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေတော့ပဲ ပေးစားလိုက်ကြရော ဆိုပါတော့။
မင်္ဂလာဆောင်တဲ့ ညမှာပဲ သတို့သားလောင်းက တစ်ခါမှ မသောက်ဘူးတဲ့ အရက်တွေသောက်၊
ဘယ်ခွေးမှ လူမထင်ဘူးကွ ဆိုပြီး ပြန်လာသတဲ့။ ပြီးတော့ ငါ့ဘ၀ကို ဖျက်ဆီးတဲ့
မိန်းမ လာခဲ့ ဆိုပြီး ခြေသလုံးကျော်ကျော်ထိ ရှည်တဲ့ ကောင်မလေးရဲ့ ဆံပင်ကို
တရွတ်ဆွဲပြီး ရွာကိုပတ်ပါလေရော။ အမြဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ
ပြောလေ့ရှိတဲ့ လူက ပါးစပ်က မကြားဝံ့၊ မနာသာတွေ ဆဲဆိုလိုက်တာ တစ်ရွာလုံး
ဘယ်သူမှလဲ မဆွဲရဲ၊ဲဆွဲ တဲ့လူကို သတ်မယ်ဆိုပြီး ဓါးနဲ့ကလဲ ကြိမ်းထားသေးတော့၊
နှိပ်စက်နေတာကို ဒီအတိုင်း ကြည့်နေလိုက်ရသတဲ့။

Saturday, 4 June 2011

ဂျပ်စတင်းဘီဘာနှင်. အဆိုတော် ဆီလီနာဂိုမက်ဇ်တို.၏ အချစ်ဇတ်လမ်း

                                              


  အမေရိကန်နိုင်ငံ လက်ဗီးဂတ်စ်မြို.မှာ မေလ 20 ရက် ညပိုင်းက ဘေလ်ဘုတ်တေးဂီတဆု ချီးမြှင်.ပွဲကြီး
ကျင်းပခဲ.ပါတယ်။ ဒီတေးဂီတဆုဟာ ဂရမ်မီဆုပြီးရင် အကြီးကျယ်ဆုံးသော ဂီတဆုချီးမြှင်.ပွဲကြီး တစ်ရပ်
ဖြစ်ပါတယ်။ ဒီဘေလ်ဘုတ် တေးဂီဆုပေးပွဲများမှာ အမေရိကန် ရက်(ပ်) အဆိုတော် အီမီနမ်နဲ. ကနေဒါလူ
ငယ်ပေါ.ပ်အဆိုတော် ဂျပ်စတင်းဘီဘာ တို.ဟာ အကောင်းဆုံး ခြောက်ဆုဆီ ဆွတ်ခူးနိုင်ခဲ.ကြပါတယ်။ အ
ဆိုတော် အီမီနမ်ကတော. တစ်နှစ်တာ အကောင်းဆုံးဂီတဆု  ဆွတ်ခူးနိုင်ခဲ.ပါတယ်။ ဂျပ်စတင် ဟာ အကောင်းဆုံး မျက်နှာသစ် အဆိုရှင်ဆု၊ အကောင်းဆုံး ပေါ.ပ်အယ်လ်ဘမ်ဆုများ အပါအဝင် ဆုခြောက်ဆု ဆွတ်ခူးနိုင်ခဲ.တယ်လို. သိရပါတယ်။ 
      ဒီဂီတဆုပေးပွဲမှာ အမေရိကန် နာမည်ကျော်သရုပ်ဆောင်အဆိုတော်မလေးဆီလီနာမာရီဂိုမက်ဇ်လည်း
တက်ရောက်ခဲ.ပါတယ်။ သူမအသက်က ၁၈ နှစ်ပဲ ရှိသေးပါတယ်။ တက္ကဆက်သူ ဂိုမက်ဇ်ဟာ Wizards of Waveerly Place အယ်လ်ဘမ်နဲ. ဂီတလောကကို ၂၀၀၇ ခုနှစ်က စတင်ဝင်ရောက်လာ သူဖြစ်ပါတယ်။ 

Tuesday, 19 April 2011

၁၂ လရာသီအလိုက် ရာသီဖွားများရဲ့ စိတ်နေစိတ်ထားကို ဖော်ပြထားတာပါ။ အဓိက ချစ်ခြင်းမေတ္တာအတွက်ပေါ့ .

ပြိဿ ရာသီဖွား Taurus (21 April-21 May)

ပြိဿ ရာသီဖွား တို့သည် သံယောဇဉ်ကြီးသည်။ အချော့ကြိုက်၊ အပျော့ကြိုက်များဖြစ်သည်။ ချစ်ခဲသည်။အချစ်မြဲသည်။ ကိုယ်တိုင်ဆုံးဖြတ်ချက် ကို ဦးစားပေးသည်။ အချစ်အတွက် ဆိုလျှင် ပတ်ဝန်းကျင်နှင့် သော်၎င်း၊မိသားစုနှင့် သော်၎င်း၊ ဆန့်ကျင်ရန် ၀န်မလေး၊ သစ္စာ ရှိသူကိုလိုလားသည်။ ချစ်ခြင်းမေတ္တာ ဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသူများ ဖြစ်သည်။ ထိုရာသီဖွားတို့သည် ဆံပင်ထူထူ၊ အရပ်သွယ်သွယ်၊ နှာတံပေါ် ပြီး နှုတ်ခမ်းလှကာ နှာခေါင်းဘေး (သို့) ပါးတွင် မှဲ့ပါသူ နှင့် ဖူးစာဆုံမည်။

မိသရာသီဖွာ:များ Aries (21 March-20 Aprll)

မိဿ ရာသီဖွားတို့သည် အပြင်ပန်းအသွင်အပြင်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်သဘောမှာ နှုးညံ့ကြသူများ ဖြစ်သည်။ မေတ္တာရေးတွင် ရယူခြင်းထက် ပေးဆပ်မှုကို လိုလားသူဖြစ်သည်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ စိတ်သဘောထား ကြီးမြှင့်သည်။
ထို့ ပြင် သနားချစ်၊ အားနာချစ် ကိုလည်းဦးစား ပေးတတ်သည်။ ထိုရာသီဖွားတို့သည် ပညာအတတ် ပြီးစိတ်ကောင်းရှိသောလည်းဘုခွ ပြောတတ်သော ပျော်ပျော်နေတတ်သည့်သူနှင့် ဖူးစာဆုံမည်။

မိန်ရာသီဖွား Pisces (20 February-20 March)

မိန်ရာသီဖွားတို့သည် အလွန်အေးချမ်းမြင့်မြတ်သော နှလုံးသာပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ် ကြီး၍ တစ်ပါးသူအပေါ် နားလည်ခွင့်လွတ်တတ်သော သူဖြစ်သည်။အခိုင်အမာဆုံးဖြတ် ၍ လေးလေးနက်နက်ချစ်တတ်သောသူဖြစ်သည်။ အရှက်အကြောက်ကြီးခြင်း၊ တစ်ပါးသူက ဝေဖန်မည်ကို စိုးရိမ်ခြင်းကြောင့် အမှန်တကယ် ချစ်သူအပေါ် ဖွင့်မပြောရဲ၊ လက်မတွဲ ရဲတတ်ခြင်းသည် ပကတိအားနည်းချက်ဖြစ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်အေးချမ်ပြီး ဥာဏ်ပညာရှိသော ဆံပင်ထူပွပွ၊ သွားစွယ်၊ သွားတက်ရှိသောသူနှင့် ဖူးစာဆုံမည်။

ကုမ်ရာသီဖွား Aquarius (20 Jaunary -19 February)

ကုမ်ရာသီဖွားတို့သည် အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်း များကြောင့် နှလုံးသားရေးရာတွင် ချစ်ဒုက္ခ ကြုံတတ်သည်။ သန်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ်မေတ္တာထားလင့်ကစား ကံဇာတ်ဆရာ မှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။သူအပေါ် အနိုင်မယူ၊ အခွင့်အရေး မယူ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်မှုဘက်ရောက်သွားတတ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုဖန် လှပတင့်တယ် ၍ မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာ ပြောဆိုတတ်သူနှင့် ဖူးစာဆုံမည်။


Sunday, 10 April 2011

LOVE ????( အချစ်ရဲ့ အဓိပ္ပာယ် တဲ့)

သူတို့ ပြောတာလေးကိုသဘောကျလို့ ရှယ်လိုက်တယ်နော်..

LOVE =???

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့
လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။


လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း
သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

> > > > > > > > >

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

Saturday, 2 April 2011

အချစ် ၊ လက်ထက်ခြင်း ၊ တိတ်တိတ်ပုန်း၊ ဘဝ

ပလေတို နဲ့ ဆိုကရေးတီး

တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို အချစ်ဆိုတာ ဘာလဲလို့
မေးသတဲ့။ ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း
တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး
ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့
ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ
ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်
တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ
ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့
အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း
သတိထားမိတော့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ အချစ်" လို့
ပြောပြခဲ့တယ်။

Monday, 7 March 2011

ကူညီကြရအောင်

ဗြိတိန် အမျိုးသမီးတစ်ဦးက ၎င်း၏ Facebook စာမျက်နှာကို Like လုပ်မည့်သူ တစ်သန်းရှိလျှင် ၎င်းချစ်သူက လက်ထပ်မည် ဆိုသည့်အတွက် ကမ္ဘာတစ်ဝန်းသို့ အကူအညီတောင်းခံ

b34901
 ဗြိတိန်အမျိုးသမီးတစ်ဦးက ၎င်း၏ Facebook စာမျက်နှာကို Like လုပ်မည့်သူ တစ်သန်းရှိလျှင် ၎င်းချစ်သူက လက်ထပ်မည် ဆိုသည့်အတွက် ၎င်း၏စာမျက်နှာကို Like လုပ်ပေးရန် ကမ္ဘာတစ်ဝန်းမှ Facebook အသုံးပြုသူများကို မေတ္တာရပ်ခံခဲ့သည်။
 အသက် ၃၂ နှစ်အရွယ်ရှိ ကယ်လီကော့စ်ဟတ်နှင့် ၎င်းချစ်သူ ပေါလ်မက်ပယ်လ်သော်ပီတို့ စေ့စပ်ထားသည်မှာ ၁၀ နှစ်ရှိပြီဖြစ်သည်။ကော့စ်ဟတ်သည် သူမ၏ချစ်သူနှင့် လက်ထပ်ခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကော့စ်၏ Facebook တွင် Like လုပ်သူ တစ်သန်းရှိပါက လက်ထပ်ရန် သဘောတူမည် ဖြစ်ကြောင်း ကော့စ်ဟတ်ချစ်သူက မကြာသေးမီက ပြောကြားခဲ့သည်။
  ကော့စ်ဟတ်သည် I Need 1 Million People To Join For Paul To Marry Me C'mon Guys Help Me Lol  စာ မျက်နှာကို ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူများ ထံသို့ ဝေမျှခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အဆိုပါစာမျက်နှာကို Like လုပ်သူ ၁၂၀၀၀ ထိရှိကြောင်း သိရှိရသည်။
  ချစ်သူတိုင်းကို ဆုံစေချင်သာတော.အမှန်ပင်။ ခွဲးခွါခြင်းဆိုတာ အင်မတန်မှ ပူလောင်ပါတယ်။ ဒီစာကိုဖတ်ပြီးတဲ. လူတိုင်း ဘာမှ မခက်တဲ. ကူညီ မှုလေးကို လုပ်းပေးကြပါလို. တိုက်တွန်းစေချင်ပါတယ်။ ဒီလင်.လေးကတော.  ကော့စ်၏ Facebook link ဘဲ ဖြစ်ပါတယ်
https://www.facebook.com/pages/I-Need-1-Million-People-To-Join-For-Paul-To-Marry-Me-Cmon-Guys-Help-Me-Lol/186717444701326
 အထက်ပါ အကြောင်းအရာများကို http://www.news-eleven.com မှ တဆင်.ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ် ခင်ဗျာ။ လေးစားစွာဖြင်. (မောင်မောင်)

Friday, 4 February 2011

အချစ်နဲ့ ပတ်သက်လာရင်



ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။

အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ် လို့ မထင်လိုက်ပါနဲ့။ အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။

အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။ အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။

ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။ အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။

အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။ တစ်သက်မှာ တစ်ယောက်တည်းချစ်တာက
အကောင်းဆုံးဖြစ်တယ်။ ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။ လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။ ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။ နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။

အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။
ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာမရှိပါဘူး။ ကံအကြောင်းပါခဲ့ရင် အချိန်၊ နေရာဆိုတာ အကွာအဝေးမဟုတ်ပါဘူး။ ကံအကြောင်းမပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်ယောက် မနှစ်လိုတတ်ကြဘူး။

အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။
အချစ်ကို အတွေ့အကြုံတစ်မျိုးလို့ မှတ်ယူခဲ့ရင် အသဲကွဲချိန် ချိုမြိန်တာကို ခံစားမိမယ်။ အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင် လဲပြိုချိန် လှပတယ်လို့ ခံစားမိမယ်။ အထီးကျန် စိတ်လေလို့ လူတစ်ယောက်ကို မှားချစ်မိတာမျိုး မဖြစ်စေပါနဲ့။ လူတစ်ယောက်ကို မှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။ အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။
ဘဝဖော်ဆိုတာ
ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။

ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ
မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။

ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ
မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။

ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး "ချစ်တယ်"ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်မှုတွေ မျှဝေပေးသူဖြစ်တယ်။
ဂတိနဲ့ပတ်သက်ရင်
ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာ အချင်းချင်း လက်စွပ်တွေဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်ခလယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။ ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့်လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့ ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက ကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။ တချို့ချစ်သူတွေကတော့ ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။ အရမ်းချစ်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက် အချင်းချင်း တန်ဖိုးမထားကြသူတွေလည်း ရှိကြတယ်။

ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။ ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်၊ တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊ ချစ်သူလက်ကို တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊ ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဥာဏ်ထဲမှာ ချစ်သူကိုအလှဆုံး သိမ်းထားနိုင်ခဲ့ရင် ဂတိတည်ရာရောက်ပါတယ်။


လူ့ဘဝနဲ့ ပတ်သက်ရင်
ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။
အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက
လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာပျောက်သွားနိုင်တယ်။


မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ် ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
"ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။
ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊ အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ စိတ်ထိခိုက်အားငယ်မိမှ ကြံ့ခိုင်တာကိုနားလည်မယ်။

လေတိုက်တဲ့မနက်ဆိုတာသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်း
ရှိနိုင်မယ်။ ဘဝဆိုတာ အပြန်မရှိတဲ့ လက်မှတ်တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာ အစမ်းလေ့ကျင့်မှုတွေမရှိတဲ့ တိုက်ရိုက်သရုပ်ဆောင်မှုတွေဖြစ်တယ်။ သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက လူ့ဘဝကို အကောင်းဆုံး တန်ဖိုးထားနည်းပဲဖြစ်တယ်"

သူငယ်ချင်းနဲ့ပတ်သက်ရင်
တစ်နေ့မှာ သူငယ်ချင်းနဲ့ ချစ်သူထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။

"လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!"
ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။
"ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကို
သုတ်ပေးသူဖြစ်တယ်"

သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကို
ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊
သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။

သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။ စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊ နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။ ဖျားနာချိန်
ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။ အခက်အခဲကြုံချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။ မျှော်လင့်ချက်မဲ့ချိန် အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။ ပျော်ရွှင်ချိန် ကိုယ့်ကိုမေ့မထားနဲ့... သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က "ငါတို့ကသူငယ်ချင်း" ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်။

ရယ်(ပြုံး)တာနဲ့ပတ်သက်ရင်
နားလည်မှုလွဲတာနဲ့ ကြုံတဲ့အခါ ခပ်ဟဟရယ်နိုင်တာက ရည်မွန်ခြင်းတစ်မျိုးဖြစ်တယ်။ မှားယွင်းမှုနဲ့ကြုံတဲ့အခါ ခပ်ပွင့်ပွင့်ရယ်နိုင်တာက သဘောထားကြီးခြင်းတစ်မျိုးဖြစ်တယ်။ အကျိုးမဲ့စေတာနဲ့ကြုံတဲ့အခါ ခပ်ပျော်ပျော်ရယ်နိုင်တာက ရက်ရောခြင်းတစ်မျိုးဖြစ်တယ်။ ရှေ့မတိုးနောက်မဆုတ်သာတဲ့ကိစ္စနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကို ပြက်ချော်ချော်ရယ်နိုင်တာက အသိဥာဏ်တစ်မျိုးဖြစ်တယ်။

အပျက်အဆီး၊ ဒုက္ခနဲ့ကြုံတဲ့အခါ စိတ်အနှောင့်အရှက်ကင်းကင်း ရယ်နိုင်တာက
သဘောထားကြီးခြင်း တစ်မျိုးဖြစ်တယ်။

မထေမဲ့မြင်ပြုခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ရယ်နိုင်တာက ကိုယ့်ကိုယုံကြည်မှုတစ်မျိုးဖြစ်တယ်။ အသဲကွဲတဲ့အခါ သိမ်သိမ်မွေ့မွေ့ ရယ်နိုင်တာက ချုပ်ချယ်မှုကင်းနည်းတစ်မျိုးဖြစ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်... ဘယ်လိုအကြောင်းမျိုးမှာဖြစ်ဖြစ် နေ့တိုင်းပြုံးရယ်နိုင်ဖို့ လိုအပ်ပါတယ်။

ပျော်ရွှင်ခြင်းနဲ့ ပတ်သက်ရင်
ပျော်ရွှင်ခြင်းဆိုတာ လှပတဲ့ဖန်ဂေါ်လီနဲ့တူတယ်။ ကမ္ဘာ့နေရာအနှံ့မှာ ပြန့်ကျဲနေတယ်။ အဲဒီဖန်ဂေါ်လီကို လူတချို့က များများကောက်တွေ့တယ်။ တချို့က နည်းနည်းကောက်တွေ့တယ်။ တချို့ကလုံးဝကောက်မတွေ့ဘူး။ လက်ရှိအခြေအနေကို တန်ဖိုးထားမြတ်နိုးပါ။ စိတ်နဲ့ခံစားမျှဝေတတ်ရင် ပျော်ရွှင်ခြင်းက ကိုယ်နဲ့တစ်သက်လုံးရှိနေပါတယ်။

လူတွေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှ
နှမြောသတဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်။ အဲဒီလိုပဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှုတချို့က
သေဆုံးချိန်မှ လက်လွတ်ကြရတယ်။

ဒီပိုစ့်ကို သူငယ်ချင်းပို့တဲ့ မေးလ်ထဲက ရတာပါ။ မနိုင်းနိုင်းစနေ ဘာသာပြန်ထားတာပါ။
ဖတ်လို့ကောင်းပြီဆိုရင် ...ချစ်တဲ့ဘလော့စ်သူငယ်ချင်းများကို သတိရနေသူပါ။ ဒါကြောင့်ပြန်ပြီးဝေငှလိုက်တယ်နော်...။
နောက်မှပဲ ဟင်းချက်ကျွေးတော့မယ်..အချစ်အကြောင်းကို အရင်ဖတ်ထားနှင့်နော်။
အားလုံးကိုအစဉ်သတိရလျှက်
ဂျာမုန်းဒန်

ကျနော်. နှင်. တစ်နယ်တည်းသား မဂျာ၏  http://jamungdan.blogspot.com/  မှ ပြန်လည်းကူးယူ ခံစာတင်ပြင်ထားပါတယ်။

Thursday, 3 February 2011

အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ
အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က
ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ
ရောက်ရောက် ချင်းဘဲ  ကျွန်တော့ကို ပြောတယ်….

“ကိုးနာရီလောက်မှာ  အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့  အရင်လိုနေတယ်..
အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း  “  အဖိုး
ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို
ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့
စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့
အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ
ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့
ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ
တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်…   ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က
သူ့ကို စကား စပြောလိုက်တယ်…

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်…   အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက်
လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက  မနက်တိုင်းကို သူနဲ့အတူတူ
မနက်စာ စားနေကြလေ…..”

“အော်..     အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …
နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့်   ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ
ရောက်နေတာပါကွယ်..”

ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့

“တကယ်လို့  နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင်  အဖွားက အဖိုးကို
စိတ်ဆိုးမှာလား”..

*“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်….  အဖိုးကို မမှတ်မိတော့တာ
ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”*

ကျွန်တော် အတော်လေးအံ့သြသွားတယ်..   “အိုး..  ဒါနဲ့တောင် အဖိုးက မနက်တိုင်း
မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ
ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”


 အဖိုးအိုက ပြုံးလိုက်တယ်….   ပြီးတော့ ကျွန်တော့လက်ကို အသာအယာ
ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

*” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ
သိနေသေးတယ်လေ” *

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်
ခံစားလိုက်ရသလို ဖြစ်သွားတယ်…  အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော်
ကြိုးစားပြီး ထိန်းလိုက်ရတယ်…  အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က
ထွက်ခွာသွားခဲ့ပြီ..  အဖိုးရဲ့လက်နဲ့  ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က
နေရာလေးမှာ  သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ
ခံစား မိတယ်…  လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ
ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး  ရှာဖွေနေတဲ့
 ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့
အချစ်မျိုးပါ…..

အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး….  စိတ်ခံစားမှု သက်သက်လဲ
မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည်  ဖြစ်စေ  မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က
အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့  အချစ်ကို
အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား….. ကျွန်မတို့ တွေရဲ့
ဘ၀မှာ  *အချစ်စစ် *ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ်
…   ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့
အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်…
ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင်
သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်….
ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့
တန်ဖိုးထားလေးစားရမှာပါ……


ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …စာဖတ်သူများလဲ
*အချစ်စစ်
*ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်….






--
(¨`·.·´¨) Always Keep Smiling!
.`·.¸(¨`·.·´¨) Cheer Up Your Life!
(¨`·.·´¨)¸.·´With Best Regards,
.`·.¸.·´ Forever friend K.chan ^_^