မိုဘိုင်းလ်ဖုန်းပြောဆိုခြင်းဖြင်. လူကိုကျန်းမာရေးထိခိုက်စေသည်. အထောက်အထားများ မတွေ.ရကြောင်. ဗြိတိသျှကျန်းမာရေးစောင်.ရှောက်မှုအေဂျင်စီ ( အိတ်ခ်ျပီအေ)က ဧပြီ ၂၇ ရက်တွင်ပြောကြားသည်။
ဗြိတိသျှသိပ္ပံပညာရှင်များသည်မိုဘိုင်းလ်ဖုန်းများအသုံးပြုခြင်းကြောင်.ကင်ဆာရောဂါဖြစ်ပွာခြင်းနှင်.ဆက်
စပ်ပတ်သက်မှုရှိမရှိ၊ ဦးနှောက်အကျိတ်ဖြစ်မဖြစ်ဆိုသည်. အချက်များပေါ် မူတည်၍ ရာပေါင်းများစွာသော သုတေသနစမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ခဲ.သည်ဟု ဆိုသည်။
မိုဘိုင်းလ်ဖုန်းပြောဆိုခြင်းသည် ကျန်းမာရေးအတွက် ထိခိုက်မှု အထောက်အထားများ မတွေ.ရသော်လည်းကလေးများအနေဖြင်.မိုဘိုင်းလ်ဖုန်းကိုအလွန်အကျွံပြောဆိုခြင်းမပြုသင်.ကြောင်းအိတ်ခ်ျပီအေက
ပြောကြားသည်။
ဗြိတိန်နိုင်ငံ၌မိုဘိုင်းလ်ဖုန်းအသုံးပြုသူသန်း၈၀ရှိသည်။ထို.အပြင်ရုပ်မြင်သံကြားနှင်.ရေဒီယိုနားထောင်မှု၊Wi-Fiနှင်.အခြားသောနည်းပညာပစ္စည်းများအသုံးပြုသူများလည်းရှိသည်။နိမ်.သောရေဒီယိုသံလိုက်စက်ကွင်းများသာရှိသည်။ ယင်းတို.သည် လူ.ကျန်းမာရေးကို ထိခိုက်မှု မရှိဟုဆိုသည်။
မိုဘိုင်းလ်ဖုန်းများကို ဗြိတိန်နိုင်ငံ၌ ၁၉၉၀ ပြည်.နှစ်လွန်နှစ်များအထိ သုံးစွဲသူ နည်းပါးခဲ.သည်။ ယင်းနောက်မှ တဖြည်းဖြည်းသုံးစွဲသူဦးရေ များပြားလာခဲ.သည်။ မိုဘိုင်းလ်ဖုန်းသံလိုက်စက်ကွင်းများသည့့် ဦးနှောက်အကျိတ်ဖြစ်စေနိုင်သည်.အချက်ကိုမတွေ.ရဟုဆိုသည်။
(မေလ ၁ရက်နေ.ထုတ် မြန်မာ.အလင်း သတင်းစာ မှ ပြန်လည်မျှဝေထားခြင်းဖြစ်ပါသည်။ )
5 comments:
ဖုန်းပြောလို့ ကျန်းမာရေး မထိခိုက်ဘူးဆိုတော့ စိတ်ချမ်းသာစရာပေါ့ မောင်မောင်ရေ။
မျှဝေပေးတဲ့အတွက် ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖတ်ခဲ့ပါတယ်ရှင့်
ဖုန်းပြောတာ ကျန်းမာရေး မထိခိုက်ဘူးဆိုလို့ ဝမ်းသာသွားတယ်။ ဒါပေမယ့်လေ ဖုန်းကြာကြာပြောရင်တော့ မြတ်က ခေါင်းကိုက်တတ်တယ်။
ခင်မင်စွာဖြင့်
မြတ်
သတင်းကောင်းဘဲဗျ...း) ကျွန်တော်က ၂၄နာရီလုံး အားတိုင်း တော်ကီပွားနေတာ....
good new. thanks
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။