ကျွန်တော်အပါအ၀င် လူတိုင်း အောင်မြင်မှုကို ဆာလောင်မွတ်သိပ်ကြပါတယ်။ ထင်ပေါ်ကျော်ကြားလိုချင်ကြတယ် ဆိုတာ ငြင်းလို.မရနိုင်တဲ.အမှန်တရားပါ။ သို.သော် စစ်မှန်သော အောင်မြင်မှုမှ လွဲပြီး ကျန်တော. ဖြတ်လမ်းလိုက်ပြီး အောင်မြင်မှုများကတော. တည်မြဲမှာ မဟုတ်ပါ။ တခဏ အတွင်း ပျောက်ပြယ်သွားမှာ အမှန်ပါဘဲ။ အောင်မြင်မှု ရထားသောသူနဲ. တန်ဖိုးရှိသော သူနဲ. ရပ်တည်မှုခြင်းကလည်း တူမှာမဟုတ်ပါ။ အောင်မြင်သူကတော. သူ.အတွက်သာ အများဆုံး အကျိုးပြုပြီး ကျန်သော ဘောင်ကျဉ်းကျဉ်းလေးကိုသာ အကျိုးပြုတတ်ပါတယ်။ တန်ဖိုးရှိသော သူကတော. အများအတွက် သာ စဉ်းစားပါတယ်။ ဒီကွာခြားချက်ကို သေချာ နာလည်ဖို. လိုတယ်။ ဒါကြောင်. အောင်မြင်သူထက် တန်ဖိုးရှိသော လူတစ်ယောက်ဖြစ်အောင်သာ ကြိုးစားပါ။ အောင်မြင်တဲ. သူတိုင်း အရည်အချင်း ရှိမည် မဟုတ်ပေမယ်. တန်ဖိုးရှိတဲ.လူတိုင်းကတော. အရည်အချင်းအပြည်.အ၀ရှိနေတတ်ပါတယ်။ တန်ဖိုးရှိသော သူများသည် ထင်ပေါ်လိုချင်သူများ နာမည်ကြီးလိုချင် သူများလည်း မဟုတ်ပါ။
ဖေ.ဘွတ်ဆိုရင် ယနေ. ကလေးက အစ သိပါတယ်လို.ပြောလို.ရအောင် နာမည်ကြီးတဲ. ဆိုရှယ် ဆိုဒ် တစ်ခုပါ။ တစ်ကမ္ဘာလုံးမှာလည်း ကျယ်ကျယ်ပြန်.ပြန်.သုံးနေကြပါတယ်။ မြန်မာနိုင်ငံအနေ နဲ. အင်တာနက် အခက်အခဲကြောင်.လူတိုင်းစေ. နီးပါး မသုံးနိုင်သေးသော်လည်း အင်တာနက်နဲ. ရင်းနှီးသော မြန်မာလူမျိုးတိုင်းနီးပါ ဖေ.ဘွတ်ကို အသုံးပြုကြလိမ်.မည်ဟုထင်ပါတယ်။ ဖေ.ဘွတ်ကို ဖွဘွတ်လို. အမည်ပေးချင်တယ်။ ကောင်းသော အရာဖြစ်စေ ဆိုးသော အရာဖြစ်စေ ချက်ခြင်းပျံ.နှံ.သွားတတ်လို.ပါ။ ဒီလို ပျံ.နှံ.သွားအောင်လည်း ဖေ.ဘွတ်နည်းပညာများက အများကြီးအထောက်အကူပြုပေးထားတယ်လေ။ အသုံးချတဲ.ပေါ်မူတည်ပြီး ကွဲပြားသွားကြတာပါဘဲ။
ယနေ. ရေပန်းစားလာတာကတော. သီချင်းတွေဆို စကားတွေပြောပြီး အင်တာနက်ပေါ်တင်လာကြတာပါဘဲ။ ကျွန်တော်စပြီး သတိထားမိထားကတော. ဖိလစ်ပိုင်က ကောင်လေး နှစ်ယောက်ရဲ. အမူအရာလေးတွေကို အရမ်းနှစ်ခြိုက်သဘောကျမိတယ်။ အနောက်နိုင်ငံက သီချင်းတွေကို မျက်နာလေးတွေပြောင်ပြီး သရုပ်ဆောင်ထားတာ အရမ်းကို ပီပြင်လွန်းလို. ကြည်.မိတဲ.သူတိုင်း သဘောကျတယ်။ အဲ.အချိန်တုန်းကတော. ကျွန်တော်တို.မြန်မာတွေရဲ. ဒီလို မူဗီဖိုင်လေးတွေကို မတွေ.မိသေးဘူး။ နောက်ပိုင်း စိတ်ကူးရလာကြတယ်ထင်ပါရဲ.။ ရွှေတွေလည်း သီချင်းတွေဆို ဂစ်တာတွေ တီးပြီးတင်လာကြတယ်။ အဲ.ဒါက ပြဿနာမရှိပါဘူး။ သူတို.ရဲ. အနုပညာစိတ်လေးတွေကို တစ်ခြားလူတွေကို မျှဝေချင်တာပေါ. ။ လက်ခံပေး အားပေးလို.တောင်ရသေးတယ်။
တစ်ရက် ကျွန်တော်ဖေ.ဘွတ်မှာ မြန်မာမိန်းကလေး တစ်ယောက် သင်္ကြန်အတွင်း မှာ ၀တ်စားဆင်ယင်မှု နဲ.ပါတ်သတ်ပြီးပြောထားတာလေးကို တွေ.မိတယ်။ မိန်းကလေးတွေ မြန်မာ.ရိုးရာဆိုတဲ. သင်္ကြန်မှာ သရုပ်ပျက်ဝတ်ပြီး ဘီယာတွေသောက် မူးရစ်ပြီး ဖြစ်ချင်သလို ဖြစ်နေကြတာကို အမြင်မတော်တဲ. သူမက ပြောပြထားတာပါ။ သရုပ်ဆောင်ငယ်အချို.ရဲ. အတုမယူသင်.သော ၀တ်စားဆင်ယင်မှုကိုလည်း ပြောထားပါသေးတယ်။ သူမပြောထားတာလေးတွေက အရမ်းကို မှန်ပါတယ်။
သူမရဲ. ဆန္ဒကိုပြောပြထားတာကိုလည်း လေးစားမိတယ်။ ကျွန်တော် အမှန်အတိုင်းပြောတာပါ။ အဲ.ဗီဒီယိုဖိုင်ထည်းမှာ အမှားမပါပါဘူး။ သပ်သပ်ရပ်ရပ် လုံလုံခြုံခြုံနဲ. ၀တ်ထားပြီး အနာဂတ် ညီမငယ်လေးတွေကို မမှားစေချင်တဲ. ဆန္ဒနဲ. ပြောတဲ. လေးစားဖွယ် အစ်မတစ်ယောက်လို.မြင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်းလည်း လေးစားမိပြီး သူရဲ. တစ်ခြား ဗီဒီယိုလေးများ ရှိအုန်းမလားဆိုပြီး
youtube channel တွေ ဖေ.ဘုတ်လင်.တွေကို လိုက်ရှာကြည်.တော. fun page ကိုအရင်တွေ.ပါတယ်။ ချက်ခြင်းကို like ပေးလိုက်တယ် ။ လေးစားတာကို။ အင်္ဂလိပ်လို ပြောထားတဲ. မူဗီလေးတွေကို လည်း တွေ.မိတယ်။ နောက် သီချင်းဆိုထားတာလေးတွေကိုပါတွေ.လိုက်တယ်။ ဒီအချိန်ထိ ကမ်းခြေမှာ ရိုက်ထားတဲ. မူဗီကိုမတွေ.သေးဘူး။ သူမရဲ. မူဗီဖိုင်လေးတွေကို လူတော်တော်များများ ရှယ်ထားတာကိုလည်း တွေ.ရတယ်။
နောက်တစ်နေ.ရောက်တော. သူမရဲ. အမှားတစ်ခုကိုစပြီးတွေ.ပါတယ်။ မိတ်ဆွေ တစ်ယောက်ရှယ်ထားတာပါ။ ကဲ.အမှားဆိုလို. ကျွန်တော်အပါအ၀င် လူတိုင်း မှားတတ်ပါတယ်။ အမှားကင်းတဲ.လူဆိုလို. မရှိပါဘူး။ ပုထုဇဉ်တွေကို ။ ဒီအမှားလေးဟာ ကြီးမားတာမဟုတ်ပေမယ်. တစ်ခြား လူတွေရဲ.အမှားတွေ ကိုထောက်ပြထားတဲ. သူမအတွက်တော. မဟာအမှားဆိုတာ မသိခဲ.တာ ဆိုးပါတယ်။ ဝေဖန်ချင်တဲ. သူဟာ အပြစ်ကင်းအောင် နေရပါတယ်။ အပြစ်မကင်းနိုင်တာ လက်ခံပေးလို.ရနိုင်သေးတယ်။ ဒါပေမယ်. အဲ.အပြစ်ကို လူသိခံလို.မရပါဘူး။ ကမ်းခြေက မူဗီလေးကို သူမ မတင်သင်.တာ အမှန်ပါ။ ကမ်းခြေမှာ မပေါ်တစ်ပေါ် ၀တ် ဘီယာကိုပြ ပြီး ရိုက်ထားတဲ. မူဗီကို ဘာလို.တင်ထားလည်း လို.မေးချင်တယ်။ တစ်ခြား ညီ မလေးတွေလည်း ဒီလို မလုပ်လာနိုင်ဘူးလား ။ ကိုယ်သားကို ဆေးလိပ်မသောက်စေချင်တဲ. အဖေ သားမြင်ကွင်းရှေ.မှာ ဆေးလိပ်ကိုင်ပြီး ဆုံးမနေလို. ရပါ.မလားဗျာ။
ယောက်ကျားလေးတစ်ယောက်ရဲ.ဝေါမှာတွေ.လိုက်တဲ. သူမနဲ.ပါတ်သတ်တဲ. လင်.တစ်ခုကို နှိပ်လိုက်တော. တစ်ကယ်ကို စိတ်မကောင်းစရာပါ။ ဒေါက်တာချက်ကြီးလို ဆိုဒ်များမှာတောင် ရောက်သွားရှာတယ်။ ဒေါက်တာချက်ကြီးဆိုဒ်ထောင်တဲ.လူကိုသာ သိခဲ.ရင် ကျွန်တော် မတင်ဖို.တားမှာပါ။ မိန်းကလေး တစ်ယောက်အတွက် ဘယ်လိုမှ မဖြစ်သင်. ကိစ္စတစ်ခုလေ။ ကျွန်တော်.မှာလည်း အစ်မ ရှိလို. ကိုယ်ချင်းစာတယ်ဗျာ။ စင်ကာပူမှာ အလုပ်လုပ်နေတယ်ဆိုတဲ. သူမ ၊ အင်တာနက် ကို ဖောဖောသီသီ သုံးနိုင်တဲ. စင်ကာပူက မြန်မာတွေ ကြားထည်းကို ဘယ်လိုမျက်နှာနဲ.သွားမှာလဲ။ သူမရဲ. အလုပ်ခွင်ထည်းက နိုင်ငံခြားသားတွေ porn ဆိုဒ်ထည်းကိုသာ ရောက်သွားခဲ.ရင် အိုးးး မတွေ.၀ံ.စရာပါ။ဒီလိုအချိန်မျိုးမှာ နောက်ထပ်သူရဲကောင်း တစ်ယောက် ထပ်ပေါ်လာသေးတယ်။ အလိုလို --အဆင်.တန်းရှိရှိဖော်ပါတဲ.။ ဖော်တာတောင် အဆင်.တန်းရှိသေးတယ်ပေါ.နော်-- ဒါဆို ပေါ်တာကလည်း အဆင်.အတန်းရှိမှာပေါ. ။ သူကပြောထားသေးတယ် ဒူးနေရာ ဒူး တော်နေရာတော် တဲ. ။ ဟုတ်ပါတယ် လက်ခံပါတယ် ။ ကမ်းခြေကိုတော. ထမိန်နဲ. သွားပါ.မလား။ မှန်တာဘဲလေ။ သို.သော် ကမ်းခြေက ဘီကီနီ ၀တ်စုံ မျိုးနဲ. ဘီယာကို ပြထားတဲ. မူဗီကိုတော. အပျော်သဘောရိုက်ပြီး တင်.သင်.သလား ။ စဉ်းစားနော်။ အမှတ်တရဆိုလည်း personal computer ထည်းမှာ သိမ်းထားပေါ.။ မြန်မာလူမျိုးတွေအတုယူတဲ.နေရာမှာ မကောင်းတဲ.နေရာနဲ. ကောင်းတဲ.နေရာ ဘယ်နေရာမှာ ပိုမြန်သလည်းဗျာ။ ထင်ပေါ်လိုချင်တယ်၊ အမှားထောက်ပြမယ်ဆိုရင် ကိုယ်.အမှားကိုလူသိခံလို. မရဘူးလေဗျာ။ တစ်ယောက်တည်း နေမယ် ကိုယ်.အိမ်ကလွဲပြီး ဘယ်မှ မသွားဘူးဆိုတဲ. သူမျိုးဆိုရင်တော. လုပ်ပေါ.ဗျာ။ အားပေးတာတော. မဟုတ်ဘူးနော်။ အင်တာနက်သုံးနေတဲ. မြန်မာမိန်းကလေးတွေထည်းမှာ ယဉ်ကျေး သိမ်မွေ.တဲ. သူတွေ အများကြီးပါ။ အသက်တော်တော်ငယ်သေးတဲ. ၁၄ နှစ် အရွယ် ကောင်မလေးတွေလည်း အင်တာနက်ကို ရင်းနှီးနေကြပြီ။ မကောင်းတဲ. အမူအကျင်.ကိုတော. မယူစေချင်တာအမှန်ပါ။ မကောင်းတာတွေ.ရင်ပယ်ပြီး ကောင်းတာကိုဘဲရွေး ယူပါ။
အဓိက သရုပ်ဆောင်တွေလည်း အများကြီးဆင်ခြင်သင်.ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ဆံပင်ညှပ်ပြီဆို ဒွေးကေ ညှပ်ပေးပါလို. အမြဲပြောပါတယ်။ ဒီလိုဘဲ ဗိုလ်ကေ စိုင်းစိုင်းကေ၊ နေထက်လင်းကေ ၊ အများကြီးပေါ.ဗျာ။ ကိုယ်နှစ်ခြိုက်အားပေးတဲ. သရုပ်ဆောင်တွေရဲ. ပုံစံကို ကူးချတာပါ။ ဆယ်တန်းလောက်တုန်းကဆို ရာဇာနေ၀င်းစတိုင်ဆိုပြီး သူငယ်ချင်းတစ်ယောက် ကျောင်းစိမ်း ပုဆိုးကို တံဆိပ်မခွာဘဲကျောင်းကို ၀တ်လာတာ ဆရာတွေ.လို အရိုက်ခံရတာ ခုထိကိုတွေးရင်း ရယ်မိတယ်။ ဒါက ပြဿနာမရှိပါဘူး။ အိမ်နားကအစ်မ ကြည်လဲ.လဲ.ဦး ဆံပင်ကောက်ထားတာ ကြိုက်လို. သွားကောက်တယ် ။ ဒါလည်း ပြဿနာလို. ပြောလို.မရသေးပါဘူး။
ကဲ. အခုခေတ် သမီးက ဟို သရုပ်ဆောင်လေးလိုဝတ်တာပါ ။ ကြော်ငြာမော်ဒယ်လေးရဲ. မလုံ မခြုံ အ၀တ်အစားတွေ ၊ အမျိုးကောင်းသမီးတွေ မမြင်သင်.တဲ. ဓါတ်ပုံမျိုးကိုသာ မြင်ပြီး သွား အတုယူလို.ကတော. မတွေ.၀ံ.စရာပါ။ အနုပညာသည်တွေ အများကြီးဆင်ခြင်သင်.ပါတယ်လို. တိုက်တွန်းပါရစေ။
ကျွန်တော် ဝေဖန်ရေး ဆရာတော. မဟုတ်ပါ။ မဖြစ်သင်.သော အမှားများကိုထောက်ပြရုံသာဖြစ်ပါတယ်။ မည်သည်.အလုပ်မဆို သေချာ စဉ်းစားဆုံးဖြတ်ပြီးမှသာလုပ်ပါ။ လူတိုင်း ကိုယ်.သမိုင်းကိုယ်ရေးနေကြတာဖြစ်ပါတယ်။ ဘယ်အချိန်ဖတ်ဖတ် သမိုင်းရှင်းနေဖို.လိုပါတယ်။
ကျွန်တော် ကြည်.မိခဲ.သော မူဗီထည်းမှ အစ်မ နှစ်ဦးလုံးကို လေးစားပါတယ်။ ဒါပေမယ်. ဆန္ဒတွေများလွန်းတော. အမှားကို မမြင်ခဲ.ကြတာလို.ဘဲ မြင်ပါတယ်။ မည်သူမဆို ကိုယ်.ရဲ. သွင်ပြင်ကို အလွယ်တကူ နဲ. တန်ဖိုးမချပါနဲ. ။ ရှေ.ဆက်မယ်.လမ်းတွေ အများကြီးရှိအုန်းမှာပါ။ ရေကူး မယ်. ဘီကီနီ ၀တ်စုံတို. ၊ ညအိပ်ဝတ်စုံတို. ၊ အပေါ်က မလုံ အောက်က ပေါ်တဲ. အ၀တ်အစား တို. ၊ ဒီလို ဓါတ်ပုံတွေက ဖေ.ဘုတ်မှာ အလှပြဖို. မသင်.ပါဘူး။ အတုယူမှားသွားမှာ ဆိုးတယ်။ နာမည်ကြီးချင်တယ် ထင်ပေါ်ချင်တယ်ဆိုရင် တစ်ခြား နည်းလမ်းသုံးပါ ။ အဲ.ဒီလို ၀တ်စားထားတဲ. မိန်းကလေးတွေကို ဘယ်ယောက်ကျားလေးမှ တန်ဖိုးထားမှာ မဟုတ်ပါဘူး ဆိုတာ သတိပြုပါ။ မိမိတို.ရဲ. ဓါတ်ပုံ ၊ ဗီဒီယိုကို လူတွေ များများ like လေ share လေ ကျေနပ်လေဆိုပြီးတော. မတင်ပါနဲ.။
ဘယ်နိုင်ငံမှာရောက်နေပါစေ မြန်မာနိုင်ငံသို. တစ်ချိန်ချိန်ပြန်ရောက်လာတဲ.အခါ အဲ.နိုင်ငံတွေရဲ. ယဉ်ကျေးမှုတွေကို မသယ်ခဲ.ပါနဲ.။ မြန်မာလူမျိုးတွေ ရဲ. ယဉ်ကျေးမှုကို အမေရိကန်တွေ စောင်.ရှောက်ပေးမှာ မဟုတ်ပါ ၊ တရုတ် ၊ ကုလား ၊ ရုရှား ဘယ်သူက မှ စောင်.ရှောက်ပေးမှာမဟုတ်ပါ။ မြန်မာ.ယဉ်ကျေးမှုကို မြန်မာလူမျိုးတွေဘဲစောင်.ရှောက်ရမှာ ဖြစ်ပါတယ်။
အစိုးရတစ်ခုတည်းစောင်.ရှောက်လို.မရသလိုတပ်မတော်တစ်ခုတည်းနဲ.လည်းစောင်.ရှောက်လို.မရပါ။
မြန်မာလူမျိုးတိုင်း ကိုယ်စီ တစ်ဦးခြင်း အသိစိတ်ဓါတ်ရှိရှိနဲ. စောင်.ရှောက်သွားဖို.လိုပါတယ်။ မြေမျိုရင် လူမျိုးမပြို၊ လူမျိုးချင်းမျိုမှ အမျိုးပြိုမှာ ဖြစ်တယ်။
နိုင်ငံတော်က ပိုက်ဆံတွေ အမြောက်အများအကုန်အကျခံပြီး ဆို၊ က ၊ ရေး ၊ တီး ပြိုင်ပွဲတွေ နှစ်
စဉ် နှစ်တိုင်း လုပ်ပေးနေတာ အလကား အပိုအလုပ် လုပ်နေတာ မဟုတ်ဘူး။ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်ယဉ်ကျေးမှု ဆိုတာ ကြီး ပျောက်ပျက်သွားမှာ ဆိုးလို.လုပ်ပေးနေတာ။ ဒီမိုကရေစီ ဆိုတာနဲ. ယဉ်ကျေးမှု အစဉ်အလာတွေကို မေ.သွားလို.မရဘူး ။ထိန်းသိမ်းစောင်.ရှောက် တန်ဖိုးထားဖို.လိုတယ်။
မီးပျက်ရင် ဖယောင်းတိုင်ထွန်းနေလို. ရပေမယ်. အကျင်.စာရိတ္တ ပျက်ရင်တော. မီးစက် နိုးလို.လည်း ရမှာ မဟုတ်ပါဘူး။
လေးစားစွာဖြင်.
မောင်မောင်
5 comments:
ပြောရရင်တော့ နည်းနည်းလွန်မယ်ထင်တယ်ဗျာ.
မပြောတော့တာပဲ ကောင်းပါတယ်..
ဖျာသည်တွေ ....
ဟုတ်ပဗျာ..။ စိတ်လေဖို့ကောင်းပါတယ်.။ ဒါနဲ့နောက်ထပ်ထွက်လာတဲ့ဒုတိယတစ်ယောက်. Miss Burmese ဆိုတဲ့နာမည်နဲ့ မြန်မာစကားပြောလက်ချာတွေတင်နေတဲ့တစ်ယောက်ဗျ.။ စကားပြောတာကြီးက ကြမ်းလွန်းတယ်ဗျာ.။ ပြီးတော့ သူလည်း အစွန်းလွတ်နေတာပဲတစ်ခုခုပေါ့.။
ဟဲဟဲ ဒီတစ်ခါတော့အမနောက်မကျတော့ဘူးမောင်မောင်ပြောထားတာတွေအမကြည့်လိုက်ရတော့
ဖတ်ရတာအဆင်ပြေသွားတယ်။။ ဝေဖန်တာတော့မလုပ်တော့ပါဘူး ဟီး
ပြောတော့ပါဘူး...ပြောရင် လွင်ပြင်လွန်တယ်ဖြစ်မယ်
ကျွန်မ သေသေချာချာ ဖတ်သွားပါတယ်။
မိမိတို.ရဲ. ဓါတ်ပုံ ၊ ဗီဒီယိုကို လူတွေ များများ like လေ share လေ ကျေနပ်လေဆိုပြီးတော. မတင်ပါနဲ့။
ဒီစာကြောင်းလေးကို အထူးသဖြင့် မဆင်ခြင်နိုင်သေးတဲ့ ညီမငယ်အရွယ် မိန်းကလေးတွေ ပိုပြီး နားလည်ဖို့ လိုအပ်နေပါတယ်။
လေးစားစွာဖြင့်
မြတ်
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။