ကျောင်းဘုရားခန်း ဖြစ်ပါသည်
သင်္ကြန်တွင်း ကုသိုလ်ကောင်းမှုတွေလုပ်မည်ဟု ကျောင်းမပိတ်မှီကတည်းက စိတ်ကူးထားခဲ.သည်။ သို.သော် သင်္ကြန်ရက်များက တစ်ဖြုတ် တစ်ဖြုတ်နဲ. ကုန်ဆုံးနေသော်လည်း စိတ်ကူး အကောင်အထည်ဖော်ဖို. ပျက်ကွက်နေလေ၏။ မြန်မာနိုင်ငံကို လွမ်းနေသော ကျွန်တော် အလွမ်းပြေဆိုကာ ဖေ.ဘုတ်ပေါ်တွင် တစ်ဦးနှင်. တစ်ဦး ရှယ်ထားကြသည်. ဓါတ်ပုံများကိုကြည်.ရင်း စိတ်တွေတို ဒေါသဖြစ်ကာအကုသိုလ်ဘဲရမိသည်။ယိုသူမရှက်မြင်သူရှက်ဆိုသောစကားအတိုင်း ကြည်.မိသောမောင်မောင်အပြစ်ပါ။ ခေတ်မှီခြင်းကိုလွန်ကာသရုပ်ပျက်ဝတ်စားထားကြသော မြန်မာမိန်းကလေး တစ်ချို.ကတော. မြန်မာ.သင်္ကြန်ကို လွန်စာအကျည်းတန်စေခဲ.ပါသည်။ ထို.ပြင် မူးယစ် ရမ်းကား လူငယ်အချို.ကလည်း သင်္ကြန်ကို ရုပ်ဆိုးစေမှာတော. အမှန်ပင်။ ကိုယ်. ယဉ်ကျေးမှုကို ကိုယ်မထိန်းသိမ်းရင် မည်သူက ထိန်းသိမ်းမည်နည်း။့ ဤကဲ.သို.သာ မေးခွန်းထုတ်ချင်လေတော.သည်။
ဒီလိုနဲ.အကြို အကျ ရက်တွေကို ကျော်လွန်လာခဲ.သည်။ အကြိုနေ.မတိုင်မှီ ဆွမ်းကပ်ဖို. ၀ယ်ထားသော သစ်သီးများမှာ ပုံမပျက် ရေခဲသေတ္တာထည်းတွင်။ အကြတ်နေ.တွင်တော. ဘုရာခန်းမှာ သစ်သီးဆွမ်း ကပ်လှူ နိုင်ခဲ.ပါသည်။ မောင်မောင် တစ်ယောက် စိတ်နဲ. ကိုယ် မကပ် နေ.ဆွမ်း ညပန်းဆိုသော စကားကို သတိမပြုမိကာ ညနေပိုင်းသစ်သီးဆွမ်းကပ်ဖို.လုပ်မိခဲ.ပါသေးသည်။ အစ်ကိုတစ်ယောက်ကိုမေးမိခဲ.၍ မမှားခဲ.ခြင်းဖြစ်သည်။
အကြတ်နေ. ညပိုင်း စတုဒီသာ ချက်ပြုတ်ဖို. လုပ်ရင်း ကိုင်ရင်း မနက်ဆွမ်းကပ်ဖို. စိတ်ကူးပေါ်လာသည် နှင်. တစ်ပြိုင်တည်း ချက်ဖို.ပြင်ဆင်လေသည် ။ အတက်နေ. မနက်တွင် နေ.ဆွမ်းကပ်လှူ နိုင်ခဲ.ပါသည်။ ညနေပိုင်းတွင်တော. စိတ်ကောက်နေသော အနာဂတ် အိမ်ရှင်မလောင်းလေးကို ချော.ဖို. ဖုန်းဆက်ရန် ကြိုးစားရသည်။ မြူးကြွနေသော သင်္ကြန်သီချင်း များ ကို ကိုယ်စီဖွင်.အလွမ်းဖြေ နေကြသော သူများကြားတွင်သူမအသံကောင်းစွာကြားနိုင်ဖို. တိတ်တိတ်ဆိတ်ဆိတ် အခန်းလိုက်ရှာရသည်မှာလည်းမလွယ်ခဲ.ပါ။စိတ်ကောက်သည်ကိုလည်း နှစ်ဟောင်းတွင်ချန်ခဲ.စေလိုသောကြောင်.
ကျွန်တော်မောင်မောင် အားထုတ်ခဲ.ရသည်။ ။ သင်္ကြန်တွင်း အမှတ်တရ များဖြစ်ပါသည်။
နှစ်ဆန်းတစ်ရက်နေ. ဥပုတ်စောင်.ရန် မနက်စောစောထ ဖို.အားတင်းထားခဲ.သည်။ အခန်းဖော်အစ်ကိုမှ ဆွမ်းကပ်ဖို.ထရန်ပေးထားသော နိုးစက်သံကြောင်. နိုးလာတော. မနက် ၇ နာရီ ရှိပြီ။အိပ်ချင်စိတ်က မပြေသေးတော. မထသေး။ ပေပြီးး အိပ်နေသေးသည်။ နောက် ၁၅ မိနစ်ခန်.ကြာတော. ဘုရားခန်းဝင်ဖို. ကြေးစည်ထုသံကြားနေရပြီ။ ကမန်းကတန်း ရေချိုးခန်းဝင် အ၀တ်အစားလဲ ပြီးး ဘုရားခန်း ရောက်တော. ကျွန်တော် နောက်ဆုံး ဖြစ်သည်။
မနက်ပိုင်းတွင် ဘုန်းဘုန်း အရှင်ဇောတိပါလ (လပြည်.၀န်း ဘလော.) မှ သမထ ၊ ပိပဿနာ တို.၏ အဓိပ္ပါယ်ဖွင်.ဆိုချက် ၊ အားထုတ်ပုံအစဉ်၊ အာနပါနတရားရူမှတ်နည်း ၊ ဗုဒ္ဓါနုဿတိတရားရူမှတ်နည်း၊ မရဏာနုဿတိတရားရူမှတ်နည်း ၊ မေတ္တာဘာဝနာပွားများနည်းတို.ကို ဟောပြောချီးမြှင်.ပေးပါသည်။ အင်တာနက်ကို အသုံးပြုကာ တရားနာယူခြင်း ဖြစ်၏။ ဗုဒ္ဓဘာသာ မထွန်းကားသော ဤနိုင်ငံမျိုးတွင်
ယခုကဲ.သို.သော နည်းလမ်းဖြင်.သာ တရားနာယူ နိုင်ခြင်းဖြစ်သည်။ ဘုန်းဘုန်းမှာ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို. ၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် တွင် ပညာသင်ကြားနေပါ၏။ တရားချီးမြှင်.ပေးခဲ.သော ဘုန်းဘုန်းကို အထူးပင်ကျေးဇူး တင်ပါသည်။
၉ နာရီခွဲခန်.တွင် တရားပွဲအပြီး ကျောင်းမှ စီစဉ်သော စတုဒီသာ နောက်ဆုံးရက် ကြက်သားပလာတာ နှင်. လက်ဖက်ရည်ကို ဗိုက်ဆာဆာဖြင်. နှစ်ပန်ကန် စားလိုက် သည် ။ ၁၀ နာရီခန်.တွင် ပရိတ်တရား ရွတ်ဖတ်ပူဇော်ရန် ဘုရားခန်းသို. တစ်ဖန် ၀င်၏။ အစီအစဉ်ပြီးသော အချိန်မှာ ၁၁ နာရီ ၁၅ မိနစ်။ ဥပုဒ်စောင်.ရန် ရှစ်ပါးသီလ ခံယူထားသည်.အတွက် နေ.၁၂ နာရီနောက်ပိုင်း အစားအစာ စား၍ မရပါ။ ကြက်သားပလာတာ နှစ်ပွဲ ဖြင်.လည် တစ်ရက်လုံးနေနိုင်မည် မဟုတ်။ အခန်းပြန် ထမင်း ချက်ဖို. အလျှင်အမြန် ပြင်ဆင်ရသည်။ ကျွန်တော်.ထမင်းအိုး ပုံမှန် မိနစ် ၂၀ ခန်.ဖြင်. ကျက်သော်လည်း ဒီနေ. နာရီဝက်ခန်. ကြာနေသည်။မောင်မောင် တစ်ယောက် ကုသိုလ်တွေရမည်ကို မလိုလားသော နတ်ဆိုးများနှောက်ယှက်နေပါသည်။အမှန်တစ်ကယ် ရေများသွားသော ကြောင်. ဖြစ်မည်။ ထမင်းကျက်ကျက်ခြင်း ခူခပ်ပြီးး ဟင်းကျန်များ ဖြင်. နယ် ရေ ဖြင်. မျှောချရသည်။ အလျင်စလိုဖြင်. ထမင်းပူပူကို ရေအေးအေးဖြင်. စားပြီးသော အချိန် နာရီ ကြည်.လိုက်တော. အချိန် သုံး ခု ပြနေသည်။ စာပွဲတင်နိုးစက်နာရီက ၁၂ နာရီ ၅ မိနစ် ၊ လက်ပတ် နာရီက ၁၂ နာရီ ၂ မိနစ် ၊ ကွန်ပျူတာ မှ နာရီက ၁၂ အတိ ဖြစ်သည်။ မောင်မောင်. ကိုယ်စောင်.နတ်က ကွန်ပျုတာမှ အချိန်ကို အတည်ယူလိုက်သည် ။ ထို နတ် နတ်ကောင်း နတ်မြတ် ဖြစ်မည်။ မောင်မောင် ဥပုတ်မကျိုးပါ။
နေ.လည်တွင် http://www.dhammadownload.com ဆိုဒ် မှ ကိုးဘွဲ.ရ ဆရာတော် အရှင်အာစရာလင်္ကာရ ဟောကြောထားသော မိဘမေတ္တာဘွဲ. တရားတော်များကို နာယူ ရင်း တခန အိပ်ပျော်သွားသည်။ ထို တစ်ခနအတွင်း မြန်မာနိုင်ငံရောက်သွားသည်။ အမေ.အိမ်မဟုတ် ။ အမေ.ချွေးမလောင်း အိမ်။
ရုတ်တရက် နိုးလာပြီး နာရီကြည်.မိတော. ၄ နာရီ ထိုးနေသည်။ ၄ နာရီ ခွဲ တွင် တရားပွဲ စမည် ဖြစ်သည်။ ညနေတရားပွဲတွင် ဘုန်းဘုန်း အရှင်ကောဝိဒသိရီ (သီတဂူစတား ဘလော. ) မှ အထုံပါရမီ အကြောင်း နဲ. ဘုရားအလောင်းဇတ်တော်ထည်းမှာ တရားတစ်ပုဒ် ချီးမြှင်.ပါသည်။ ဘုန်းဘုန်းမှာ
10 comments:
နှစ်သစ်မှာပျော်ရွှင်ပြီကုသိုလ်များစွာပြုနိုင်ပါစေ
သာဓု၊သာဓု၊သာဓုပါဗျာ
ကုသိုလ်ကောင်းမှုတွေ ဆက်တိုက်လုပ်နေရင်းနဲ့တောင် အမေ့ချွေးမဆီ
ရောက်သွားသေးးတယ်နော်း)
ပြုခဲ့သမျှ ကောင်းမှုကုသိုလ်အစုစုကို သာဓု သုံးကြိမ်ခေါ်ခဲ့ပါတယ်။
နောင်နှစ်.နောင်နှစ်တွေမှာလည်း ကုသိုလ်ကောင်းမှုတွေကို
ဒီ့ထက်မက ယောင်းမလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုလုပ်နိုင်ပါစေ..။
မင်္ဂလာနှစ်သစ်ပါ ကိုမောင်မောင်... :P
သာဓု သာဓု သာဓု :D
အကိုရေ... ဝမ်းသာပါတယ်...ဥပုဒ်စောင့်ဖြစ်သွားတယ်ဆိုတော့...
ကျွန်တော်လည်း သင်္ကြန်ရက်တွေ ကျောင်းပိတ်ထားတော့ ဘာမှလုပ်စရာ မရှိတာနဲ့ အကိုလိုပဲ ဥပုဒ်စောင့်ဖြစ်ခဲ့ပါတယ် ။ မင်္ဂလာနှစ်သစ်ပါဗျာ....:)
သာဓုပါအစ်ကို..ညီလေးကတော့ ဥပုသ်မရဘူးအစ်ကိုရာ..။ ပုံမှန်လေးပဲနေဖြစ်ပါတယ်.။
သာဓု..သာဓု..သာဓု..ပါရှင်..
ခင်တဲံအမ ပစ်ပစ်
မောင်မောင်လိမ္မာတယ်
သာဓု သာဓု သာဓုပါ မောင်မောင်ရေ။
ပြုပြုသမျှကောင်းမှုကံစေတနာတို့ကြောင့်
လောကီလောကုတ္တရာ နှစ်လီနှစ်ဝကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြချမ်းပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။