မေတ္တာစစ် မေတ္တာမှန်
လောကမှာ မေတ္တာစစ် မေတ္တာမှန်ဖြစ်ဖို.လိုတယ်၊
သတ္တ၀ါ အချင်းချင်းပေါ် မေတ္တာထားရာမှာလည်း အယုတ်အလတ်၊ အမြတ်မရွေးရဘူး၊
မေတ္တာဆိုသည်မှာ အပေးအယူ မရှိဘူး၊ ချစ်သူ ခင်သူ၊ မုန်းသူ ခွဲခြားသူ မရှိဘူး။
သူ.ဟာရမှ ငါ.ဟာပေးမယ်၊သူချစ်မှ ငါပြန်ချစ်မယ် ဆိုတာ မေတ္တာမစစ်တော.ဘူး၊
ငါကသာ ချစ်ပြီး သူကပြန်မချစ်ဘူး၊ငါ.စေတနာ ကိုစော်ကားရက်တယ်ဆိုတဲ.
ပြစ်တင်မှုမျိုး မေတ္တာစစ်မှာ မရှိပါဘူး။
ဒါကြောင်. မေတ္တာစစ် မေတ္တာမှန်ဖြစ်ဖို.လိုတယ်။
ဘာလဲဆိုတော. ဘယ်သူကိုမဆို ပေးစရာရှိတာ ပေးလိုက်၊ ကျွေးစရာရှိတာ
ကျွေးလိုက်၊ ကူညီစရာရှိတာ ကူညီလိုက်တဲ.။
ဒါပေမယ်. ကိုယ်.ဆီ ပြန်လာဖို. ပြန်ရဖို. ပြန်စားရဖို. မစဉ်းစားနဲ.၊ တုန်.ပြန် ရလိုမှု မျှော်လင်. ချက်ရှိ
နေတဲ. သူတိုင်းရဲ.ရင်ဘက်မှာ မေတ္တာစစ်ဆိုတာ ရှိမနေဘူး။
ဒါကြောင်. မေတ္တာစစ် မေတ္တာမှန်ဖြစ်အောင်ကြိုးစားကြရမယ်။
အရှင်သာဝန(ပညာရှိတို.၏ အဆိုအမိန်.များ)
မမျှော်လင်.သူ
ဘာကိုမှ မမျှော်လင်.ဘဲ
ပေးကမ်းစွန်.ကြဲတတ်လေလေ
မိမိအတွက် မမျှော်လင်.ထားသော
မင်္ဂလာတရားများကို
တိုးတက်ရရှိလေလေ ဖြစ်သည်။
အမေရိကန်စာရေးဆရာ(Brian Tricy)
တရားနာတယ်ဆိုတာ
တရားနာတယ်ဆိုတာ
မသိသေးတာတွေ သိအောင်၊
သိပြီးသား မေ.နေတာတွေလည်း
ပြန်ပြီးပေါ်လာအောင် နာရတာပဲ။
ကိုယ်.မှာပြုပြင်စရာတွေ ရှိရင်လည်း
အချိန်မှီ ပြုပြင် ဆင်ခြင်နိုင်အောင်
တရားတည်းဟူသော ကြည်.မှန်ကို
မကြာမကြာ ထောင်ကြည်.ပေးရမယ်။
အဲ.ဒါမှ ကိုယ်.ဘ၀ အမှားအမှန်ကို သိနိုင်မယ်။
တိပိဋ္ဋက ယောဆရာတော်
ကျမ်းကိုး။ ။ အရှင်သာဝန (ပညာရှိတို.၏ အဆိုအမိန်.များ)
2 comments:
တကယ်ကို ကောင်းတဲ့ စကားလေး တွေပဲ
အခု လိုရှာတင်ထားပေးလို့ အရမ်းကို ပျော်ပါတယ် ကျေးဇူးလဲ တင်ပါတယ်
တကယ်ကို ပျော်ပါတယ် ဒီလိုစာတွေဖတ်ရတဲ့ အတွကိ ကျေးဇူးလဲ တင်ပါတယ်
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။