ကျောင်းဖွင်.စဆိုတော. ကျနော်.အိမ်လေးကို လှည်.မကြည်.နိုင်တာ မိတ်ဆွေများ နားလည်ပေးကြမယ်လို. မျှော်လင်.ပါတယ်။အစကောင်းမှ အနှောင်းသေချာတာ ဆိုတော. စာကို လည်း လစ်ဟင်းလို.မရဘူး။အချိန်နည်းနည်းရတာနဲ. ကျနော်.အိမ်လေးကိုလည်း အချိန်တစ်ခုပေးရမယ်။
ကျနော် ငယ်ငယ်လေးကတည်းက အကျင်.တစ်ခုရှိပါတယ်။ ကိုယ်သိထားတဲ.အကြောင်းအရာ သိသင်.တယ်လို. ထင်ထားတဲ.အရာလေးတွေကို သူငယ်ချင်း မိတ်ဆွေတွေကို ပြန်လည်မျှဝေတတ်တဲ. အကျင်.လေးပါ။ အဲ.ဒီစိတ်လေးတွေက ကျနော်. အိမ်လေးကို တည်ဆောက်ဖို. ခွန်အားလေးတွေဖြစ်လာတာပါဘဲ။စာရေးဆရာကြီး တစ်ဦးလို စာကောင်းကောင်းမရေးတတ်တော. ကျနော်.အိမ်လေးကို မွမ်းမံဖို.ဆိုတာ ကျနော်ဖတ်တဲ. စာအုပ်တွေ ၊ website ပေါင်းစုံ၊ ဂျာနယ်ပေါင်းစုံ မှ ဗဟုသုတ ရသပေါင်းစုံ ကိုမွှေနောက်ပြီးမှ ကောင်းနိုးရာရာလေးတွေကို ပြန်လည်မျှဝေတဲ. နည်းလမ်းလေးကိုဘဲ အသုံးပြုရပါတယ်။ ဒါကလည်း ကိုယ်တိုင် စာဖတ်မှ ဖြစ်မှာလို. ထင်မိတယ်။
စာရေးတာနဲ. ပတ်သတ်ပြီး နည်းနည်း လေကြောရှည်ရမယ်ဆိုရင် တစ်ခါကနံရံကပ်စာစောင်ပြိုင်ပွဲလေးအတွက် ၀ထ္ထုတိုရေးကြည်.တာ အတိုကနေ အရှည်ဖြစ်သွားတယ်။ အဲ.လောက်ထိကို ဇန်ဝင်သွားလွန်းလို. မရေးရဲတာ ----- :P။ တစ်ခါဆို အမေ. အတွက် ကဗျာလေး တစ်ပုဒ် မစပ်စဖူး စပ်ကြည်.လိုက်တာ ကဗျာစာသားတွေကလေးလုံးစပ်လည်းမကိုက် ရှစ်လုံးစပ်နဲ.ဆိုလည်း မညီတော. ဟစ်ဟော. စာသား အဖြစ် အရှင်လတ်လတ် ဘ၀ပြောင်းသွား ရရှာတယ်။ ရင်ထည်းက ခံစားချက်တွေက အဲ.လောက်ထိပြင်းထန်လွန်းလို. ကဗျာလည်းနောက်မစပ်ရဲတော.ဘူး-----:P။တော်ကြာ တစ်ပုဒ်ထည်းနဲ. ပေါက်သွားလို. နံနေအုန်းမယ်- --:D။ တစ်ဖြည်းဖြည်းနဲ.တော. ကြိုးစားပြီး ရေးသွားမှာပါ။
ကိုစွယ်စုံကျမ်းကြီး ရှင်းပြထားသလို စေတနာ ၀ါသနာ အနစ်နာ နာသုံးနာနဲ. ပြောရမယ်ဆိုရင်တော. -----အဟန်.အဟန်.---( တစ်မျိုးမထင်ပါနဲ.-- ခုတစ်လောနည်းနည်းအေးနေလို.ချောင်းဆိုးနေတယ်)
စေတနာ။ စေတနာမပါဘဲနဲ.တော. မည်သူတစ်ဦး တစ်ယောက်မျှ ဘလော.အိမ်လေးတွေ တည်ဆောက်ကြမည်မဟုတ်။ ဗဟုသုတ နည်းပညာ ရသပေါင်းစုံ ခံစားနိုင်ဖို. ပေးဆပ်နေတာ ရင်ထည်းမှာ စေတနာ ဗလပွနဲ.ပါ။ ဒီစေတနာတွေက ဘာကြီးကြီးမားမားမှ မမျှော်လင်.ထားတဲ. အဖြူရောင်လေးတွေပါ--။
တစ်ခုတော. ရှိတာပေါ.- အားပေးနေတဲ. မိတ်ဆွေတွေရဲ. ရင်ထည်းက တုံ.ပြန်မှုလေးတွေက ကျနော်တို.ရဲ.ပီတိပါဘဲ မဟုတ်လား။ ဒါကြောင်.ဘဲ မောင်မောင်ရဲ. စီဘောက်အပေါ်မှာ တိတ်တိတ်လေးမပြန်သွားနဲ.နော် လို.ရေးထားတယ်။ ဒါကို နားလည်မှုလွဲသွားတဲ. မိတ်ဆွေတစ်ချို.က အကျယ်ကြီးအော်ခဲ.လို. အိမ်နီးချင်းတွေလည်း ငြိုငြင်နေကြပီ--- :D။ တစ်ကယ်ထင်ပြီး မအော်တော.ဘဲနဲ.
မနေကြနဲ.နော်-- :)။ ရောက်လာမှန်းမသိလို. မှန်.မကျွေးလိုက်ရမှာ ဆိုးလို.ပါ။ မောင်မောင်တို. စေတနာ ကောင်းပုံက အဲ.လောက်ထိ ကိုပါဘဲ။ -- ဒီကုသိုလ်လေးတွေကြောင်. ကျနော်မောင်မောင် နောက်ဘ၀ ကိုရီးယား မင်းသားလေးလို ချောရပါစေ-- ဟဲဟဲ ( ခုခေတ်က အညာစရောတို. ခေတ် မဟုတ်လား )။
တစ်ခါတစ်ခါ စေတနာ တွေလွန်ကာမိတ်ဆွေတစ်ယောက်စက်ထည်းမှာဖတ်မိတာလေးတွေ တော်တော်ကောင်းတဲ. စာတွေဘဲဆိုပြီး စာရေးသူကိုမေ.ပြီး အလွယ်တကူ copy paste နဲ. အိမ်လေးပေါ် တင်လိုက်မိလို. ကြိတ်ပြီး ရှင်းလိုက်ရတဲ. အခါမျိုးလည်း ရှိခဲ.ပါတယ်။ အဲ. စာရေးသူရဲ. တာဝန်ယူစိတ်အပြည်.ရှိမှုကိုလည်း အရမ်းလေးစားမိတယ်။ အဲ.ဒီလို စေတနာအမှားလေးတွေရှိခဲ.ပါကနားလည် ပေးဖို. ပြောပါရစေ။
မကြာခင်မှာ မောင်မောင် အိမ်လေးကို လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ.လို. မရောက်လာနိုင်တဲ. မိတ်ဆွေတွေအတွက်၊ စေတနာ တွေ ပိုပြီးထိရောက်စေဖို.အတွက် ဒိုမိန်းတစ်ခု ၀ယ်ဖို. စီစဉ်နေပါပြီ။ ဟဲ. မောင်မောင် စပွန်ဆာ ဘယ်သူလည်းလို. မေးလာပါက--မဟုတ်ရပါဘူး မောင်မောင် တစ်ယောက်
ကိုယ်.အိတ်ကိုယ်စိုက် ကိုယ်တိုင် စပွန်ဆာ ပေးမှာပါ။ တော်တော် ချမ်းသာလားလို. မေးလာပါကလည်း
အမေက သာမာန်ဈေးသည် တစ်ယောက်ပါဘဲ။ ကွန်ပျူတာဆိုတာ မောင်မောင်. အိမ်မှာ မောင်မောင် ပထမဆုံး ကိုင်ဖူးတာပါ။ ၀ါသနာ အနစ်နာ ကိုတော. မပြောတော.ဘူးနော်။ ဒီလောက်ဆို သိနိုင်ကြမှာပါ။
တစ်ခုတော. ရှိတယ်-- ဟိတ်-- မောင်မောင် - မင်းနာမည် ကြီးချင်လို. ဘလော.ဂါလုပ်တာလားလို. မေးလာတဲ. သူတွေကိုလည်း နာမည် ကြီးချင်တာများ လွယ်လွယ်လေး မင်းသားလုပ်မှာပေါ. ဒီရူပါနဲ.ဆို ဇတ်ရံ လောက်တော. ရနိုင်မယ်ထင်တယ်- ( ဒါရိုက်တာ သဘောကောင်းရင်ပေါ. )--- :D။ ဒါပေမယ်. မောင်မောင် စာအုပ်မှာတော. နာမည်ကို ခပ်ကြီးကြီးရေတတ်တယ် -- သေးသေးလေးရေးထားရင် ဆရာမ မျက်စိနာမှာစိုးလို.ပါ ( စေတနာ နဲ.နော်--:D)
ခုတစ်လော မောင်မောင် တစ်ယောက်ပျောက်နေတာ ဌာနမှူးလက်ချာလေးတွေနဲ. တိုင်ပတ်နေလို.ပါ။သူ.လက်ချာတော.သေသေချာချာလိုက်မလုပ်လို.မရဘူး။ ဌာနမှာ သူ.ထက်ကြီးတာ ကားဘဲ ရှိတော.တယ်။ ဒီနိုင်ငံက ဆရာတွေက ကြိမ်တုတ်တွေ မကိုင်ကြပေမယ်. လက်ဝါးကြီးတွေက အကြီးကြီးတွေ---:P။
မောင်မောင်ကိုတဂ်ပေးသွားကြတဲ. စွယ်စုံရ ကိုစွယ်စုံကျမ်း၊ စာအရေးအသားလည်းကောင်း လှလည်းလှတဲ. တောင်ကြီးသူ အစ်မ jasmine(မခေါ်တော.မှာဆိုးလို.နော်- ) ၊ ရသစုံရေးနိုင်တဲ. ကိုချင်း ၊ ပျောက်နေတဲ. အစ်မသမီးစံ၊အမြဲလာလည်နေကြ အန်တီတင်.၊ အစ်မရွှေဇင်ဦး၊ မမေသိမ်.သိမ်.ကျော်၊ မအိမ်သူ၊ lyn lyn ၊ မနုငယ်၊ ငွေလမင်း ၊ ချယ်ရီမြေ၊ zp(ချင်းကလေး)၊ အလင်းစက်များ၊ လပြည်.၀န်း၊ကိုလှိုင်ဘွား၊အဖြူလေး၊ phyo phyo ၊ ကြည်စင်အလင်း၊ 8 yar ၊ december mgmg ၊ ဂျီးတော် ၊ ကိုချဲ ၊ အိုအေစစ် ၊ အားလုံး အားလုံး တို.ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျန်ရှိနေသူများ ရှိပါက ကီးဘုတ် အမှားကြောင်. ကျန်နေတယ်လို. မှတ်ယူပေးပါ ---- :P ။
အားလုံး ကျန်းမာပျှော်ရွှင်ကြပါစေ။
အစဉ်လေးစားလျက် မောင်မောင်(မြစ်ဆုံ)
16 comments:
မင်္ဂလာပါကိုမောင်မောင်.....ခုလိုသတိတရအလေးထားရေးပေးတာကျေးဇူးတင်ပါတယ်ဗျာ။ ပညာရေးကိုအထူးဂရုစိုက်ပါကိုမောင်မောင်..ဒါမှအစ်ကိုဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်နိုင်မှာမို့ပါ.။ဆရာ
ဝင်လုပ်တာမဟုတ်ရပါဘူးဗျာ....။အညာစရောတို့ခေတ်မှာကိုမောင်မောင့်ကိုလည်းအညာစရော
တစ်ယောက်ဖြစ်စေချင်လို့ပါ:Pတိန်......။
ဟဟ ဖြစ်ပုံကမြစ်ဆုံ..အဖြစ်ပျက်ကအသစ်စက်စက်ပါလား.အိမ်း..ရှိစေတော့..ရှိစေတော့..
အာလူးဘူးသီး..အာလူးဘူးသီး..ရထား..ရထား..ရောက်ရှိကြောင်းသတင်းပို့ ..
ပထမဆုံးမန့် လိုက်တယ်...ခင်မင်လေးစားလျှက်..မောင်(စွယ်စုံကျမ်း)
ကိုမြစ်..မန့် မရဘူးလားမသိဘူး..
အညာစရော....
စွယ်စုံရေ...ငါ့ကာရံတွေကိုယူသုံးနေတာလားဟ
တရားစွဲမှာနော်....ရေးပေးတာပဲတော်လှပြီ
စာရေးကောင်းတဲ့သူတွေကိုနောက်တိုရင်များများရေးခိုင်းရမယ်
ဖတ်ပြီးပါပြီ...ပြန်ပါတော့မယ်(ကိုးရီးယားစတိုင်)
အော်..ပျောက်နေတာဒါ့ကြောင့်ကိုး..သိပါဝူး
အပျိုကြီးဆီက.ညီမတစ်ယောက်တောင်းပြီး
မသိချင်ယောင်များဆောင်နေသလားလို့ :P
ခုတော့အမြင်ရှင်းသွားပါပီ။။။
အဲ နာမည်ပါတယ်တော့... အဟေး။ ကျေးကျေးပါ။ ကြိုးစားပါ။ ဘလော့ဂင်းက ဝါသနာအခြေခံတဲ့ ရှည်လျားတဲ့လမ်းမို့လို့ အေးအေး ဆေးဆေးလျှောက်ပါလို့....
ခင်တဲ့
မေသိမ့်
လာရောက်ဖတ်သွားပါတယ်ရှင်
အရေးအသားကောင်းလေစွာ
လာရောက်ဖတ်ခဲ့ပါတယ်ရှင်
ဖတ်သွားပါတယ်ရှင်
လာရောက်ဖတ်သွားပါတယ်ရှင်
လာရောက်ခဲ့ပါတယ်
ဖတ်သွားပါတယ်နော်
အလည်လာရင်း စာတွေ ဖတ်သွားပါတယ်ရှင်....
ကောင်းသောနေ့လေး ဖြစ်ပါစေလို့...ဆန္ဒပြုရင်း..
မောင်မောင်ရေ ကိုးကားကျမ်းလေးတွေ
လာရောက်ရှာဖွေသွားတယ်နော်
တဂ်ပို့စ်လေးရေးဘို့အတွက်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟဲ့မောင်မောင်..စပွန်ဆာ ဘယ်သူလဲကွဲ့ :D
စပွန်ဆာက ကိုရီးယား မင်းသားလေး ဂျွန်စော လို. ကောင်မလေးတွေထင်နေကြတဲ.
မောင်မောင်ပါ--- :PPPPPP
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။