Saturday, 22 December 2012
Sunday, 7 October 2012
အချစ်ဗေဒင်
Tag
ကဗျာများ
တယောက်ထဲ
လျှောက်တဲ.----လမ်း
နှစ်ယောက်တွဲလျှောက်လို.
ပိုကြမ်းသွားနိုင်လား။
ခုလုတ်တိုက်မှာကြောက်ရင်
လမ်းမလျှောက်ပါနဲ..
ဆူးစူးမှာစိုးရင်
တောမတိုးပါနဲ.
ပန်းကြွေမှာမခံနိုင်ရင်
ပန်းဆင်ဖို.မစဉ်းစားပါနဲ.။
တခုခုကိုဆုံးရှုံးမှာကြောက်သူတိုင်း
အမြတ်နိုးဆုံးကို ဆုံးရှုံးရတတ်တယ်။
အချစ်ရှိလျှက် ချစ်သူလက်
တွဲဖို. ခက်ရင်
ဒီ----- တသက်တော.
ဒို.--------------------ဝေးပြီ။
မောင်လှမျိုး
Saturday, 22 September 2012
ဗိုလ်ကျသူ(ခေါင်းဆောင်တု) နှင်. ခေါင်းဆောင် အစစ်
ဗိုလ်ကျသူ(Boss)
လက်အောက်ငယ်သားများအား စေခိုင်းသူ
သူ၏အာဏာကို အခြေခံပြီးး
ခြောက်လန်. ခိုင်းတတ်ကာ
ငါ ဟု အမြဲ သုံးစွဲ
မအောင်မြင်မှုအတွက်
ပြစ်တင် စွပ်စွဲ တတ်သူ
ငယ်သားများ၏စွမ်းရည်ကို နိုမ်.ချအောင်လုပ်သူ
ချီးမွမ်း စကားမဆို
သွားလို.စေခိုင်းသူ
ခေါင်းဆောင်အစစ် (Leader )
ငယ်သားများအားလမ်းညွှန်မှုပေးသူ
စေတနာ ထားတတ်သူ
ပူးပေါင်းဆောင်ရွက်တတ်သူ
တို. အားလုံး ဟု သုံးတတ်သူ
မအောင်မြင်မှုအတွက် အဖြေရှာတတ်သူ
နည်းလမ်းမှန်ကို ပြသတတ်သူ
ငယ်သားများကို စွမ်းရည်တတ်စေအောင်လုပ်သူ
ချီးမွမ်းစကား ဆိုတတ်သူ
သွားကြရအောင်ဟု တိုက်တွန်းတတ်သူ
မောင်မောင်(မြစ်ဆုံ)

Tuesday, 21 August 2012
သင်၏ နာမည်ကပြောပြသော သင်.အကြောင်း
Tag
ဗေဒင်ပညာ
နာမည်ကောင်းတစ်ခုစီတိုင်းတွ
ဂဏန်းတန်ဖိုး
၁။ အ၊ ဥ၊ေ၊ါ၊ -ိ၊ -ီ၊ -ု ၊ -ူ၊ဲ ၊ံ ၊့ -် ၊း = ၈
၂။ က၊ ခ၊ ဂ၊ ဃ၊ င = ၅
၃။ စ၊ ဆ၊ ဇ၊ စ်၊ ည = ၆
၄။ ယ၊ ရ၊ လ၊ ၀၊ -ျ(ယပင်း)၊ြ- (ယရစ်)၊ -ွ (၀ဆွဲ) = ၃
၅။ ပ၊ ဖ၊ ဗ၊ ဘ၊ မ = ၁
၆။ သ၊ ဟ၊ -ှ (ဟထိုး) = ၂
၇။ တ၊ ထ၊ ဒ၊ ဓ၊ န = ၇
၈။ ဋ၊ ဌ၊ ဍ၊ ဎ ၊ဏ = ၎
နာမည်တစ်ခု၏ ဗျည်း သရတန်ဖိုးများ အားလုံးကိုပေါင်းလိုက်ခြင်း
ဥပမာ- ကျော်ဟိန်း = (၈+၅+၃+၈+၈) + (၂+၈+၇+၈+၈) = ၃၂ + ၃၃
= ၆၅
၆၅ / ၈ = အကြွင်း(၁)
အကြွင်း(၁) တံခွန် နာမည်အဟော
--------------------------
တံခွန်နာမည်မျိုး ခေါ်တွင်ခံရသူများသည် ကျော်ကြားအောင်မြင်သူများဖြ
လိမ့်မည်။ လူအများနှင့် ဆက်နွယ်ပတ်သတ်နေပြီး အများကိုကြီးကြပ်ကွပ်ကဲ အုပ်ချုပ်လုပ်ကိုင်ရသူဖြစ်မ
တစ်ခုထက်မကသော အလုပ်အကိုင်များကို တစ်ပြိုင်တည်းလုပ်ကိုင်ရသြူ
ကျန်ရစ်မည်။ ထိုနာမည်မျိုးများသည် အတိုက်အခံနှင့်ယှဉ်၍ အောင်မြင်တတ်ကြ၏။
အကြွင်း (၂) အခိုး နာမည်အဟော
--------------------------
အခိုးနာမည်သည် သြဇာအာဏာတည်တတ်၏။ ဘ၀တစ်လျှောက်လုံးတွင် တိုးတတ်သည်ထက် တိုးတက်အောင် စနစ်တကျလုပ်တတ်၏။ လူအများနှင့်စပ်ဆိုင်သော အလုပ်များကို လုပ်ကိုင်တတ်၏။ လုပ်ချင်သည့်လုပ်ငန်းကိစ္စမျ
အကြွင်း(၃) ခြင်္သေ့ နာမည်အဟော
--------------------------
ခြင်္သေ့နာမည်သည် လူသိများမည်။ နေရာမရ ရအောင်ကြိုးစားမည်။ ထင်ပေါ်ကျော်ကြားမည်။ အာဏာတန်ခိုးကြီးမည်။ ထိပ်ကိုရောက်ပြီး ပြန်ဆင်းတတ်သည်။
အကြွင်း(၄) ကျားနာမည်အဟော
--------------------------
ကျားနာမည်သည် အတက်အကျမြန်တတ်၏။ ကံတရား၏ဘီးကဲ့သို့ ကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရမည်။ ဆိုးတာလုပ်လျှင်ဆိုးကျိုးခံ
အကြွင်း(၅) နွားနာမည်အဟော
--------------------------
နွားနာမည်ရှင်သည် လူအများ၏ အသုံးချခြင်းကို ခံရလိမ့်မည်။ အများအတွက်အနစ်နာခံရမည်။ အခွင့်အလမ်းကောင်းများတွေ့ရ
အကြွင်း(၆) မြင်း နာမည်အဟော
--------------------------
မြင်းနာမည်သည် အလုပ်အမျိုးမျိုးတို့ကို လုပ်ရမည်။ လှုပ်ရှားမှုများမည်။ အတက်အကျအမြဲရှိမည်။ သေးငယ်သောပြဿနာမှ ကြီးမားသော မှုခင်းများထိဖြစ်တတ်သည်။
အကြွင်း(၇) ဆင်နာမည်အဟော
--------------------------
ဆင်နာမည်သည် ရေရှည်စီမံကိန်းချပြီး လုပ်ရသည့် လုပ်ငန်းများတွင် အောင်မြင်အကျိုးပေးမည်။ ဘ၀ကိုတည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းရမည်။ဖျော်ဖြေမ
အကြွင်း (၈) သို့ (၀) လင်းတ နာမည်အဟော
--------------------------
လင်းတနာမည်သည် ငုပ်လိုက်ပေါ်လိုက် ဖြစ်နေမည်။ ကိုယ့်အကြံအစည်ကို သူများလုပြီးလုပ်ခြင်းကိုခံ
အရှက်တကွဲ ဖြစ်ဖို့လွယ်မည်။ စိတ်မတည်မငြိမ်ဖြစ်နေတတ်မည
ဆရာဦးခန့်ကျော်(ကိုယ်တွေ့သု
Saturday, 18 August 2012
" အရှေ့တောင်အာရှနိုင်ငံများ၏ ဗုဒ္ဓဘာသာဝင်အရေအတွက် "
Tag
ဗဟုသုတများ
၁ - ဗီယက်နမ်နိုင်ငံ - ၇၄,၂၆၈,၇၅၀ သန်း ( ၈၅ ရာခိုင်နှုန်း )
၂ - ထိုင်းနိုင်ငံ - ၆၁,၈၁၄,၇၄၂ သန်း (၉၂.၆ ရာခိုင်နှုန်း )
၃ - မြန်မာနိုင်ငံ - ၄၈,၀၁၉,၂၀၀ သန်း ( ၇၉.၆ ရာခိုင်နှုန်း )
၎ - ကမ္ဘောဒီးယားနိုင်ငံ - ၁၃,၉၃၈,၄၆၀ သန်း ( ၉၈.၅ ရာခိုင်နှုန်း )
၅ - လာအိုနိုင်ငံ - ၆,၁၉၅,၈၉၈ သန်း ( ၉၅.၃ ရာခိုင်နှုန်း )
၆ - အင်ဒိုနီးရှားနိုင်ငံ - ၈,၀၉၂,၀၀၀ သန်း (၃.၄ ရာခိုင်နှုန်း)
၇ - မလေးရှားနိုင်ငံ - ၅,၉၇၀,၈၀၀ သန်း ( ၂၂ ရာခိုင်နှုန်း )
၈ - ဖီလစ်ပိုင် - ၂,၇၅၉,၄၉၀ သန်း ( ၃ ရာခိုင်နှုန်း )
၉ - စင်္ကာပူနိုင်ငံ - ၃,၃၄၁,၆၉၂ သန်း ( ၆၇ ရာခိုင်နှုန်း )
၁၀ - ဘရူနိုင်းနိုင်ငံ - ၂၉,၈၂၂ သိန်း ( ၀.၁၃ ရာခိုင်နှုန်း )
- ဗုဒ္ဓဘာသာလူငယ်များအသင်း
Tuesday, 14 August 2012
ဆွေးနွေးခြင်းနဲ.ငြင်းခုံခြင်း ဘယ်ဟာပိုကောင်းမလည်း ??
ဆွေးနွေးခြင်းဟာ ငြင်းခုံခြင်းထက် အမြဲတမ်းပို
၍ ကောင်းမွန်ပါသည်။
ဘာကြောင်.လည်းဆိုတော. ?
ငြင်းခုံခြင်းဟာ-- ငြင်းခုံနေတဲ.သူတွေထည်းမှ
ဘယ်သူမှန်သလည်းဆိုတာကို ရှာဖွေပြီးး
ရလဒ်မှာမူ တစ်ဦးတည်းအတွက်သာဖြစ်သည်။
ဆွေးနွေးခြင်းကတော. ---မှန်ကန်တဲ.အချက်ကို
ဆွေးနွေးတဲ.သူတွေက ပူးပေါင်းဖော်ထုတ်ကြ
ကာ ရလဒ်မှာမူ နှစ်ဦးစလုံး ခံစားနိုင်ကြပါသည်။
ငြင်းခုံခြင်းနေရာမှာ ဆွေးနွေးခြင်းနဲ.အစားထိုးရအောင်
လေးစားစွာဖြင်.
မောင်မောင်
Monday, 13 August 2012
ကျောင်းသားဘ၀ အမှတ်တရ ဟာသ
Tag
ဟာသ
စိတ်အတိုဆုံး အခိုက်အတန်.------------- မနက်ခင်းနိုးစက်မြည်သံ
အခက်ခဲဆုံး လုပ်ငန်းတာဝန်--------------ခြေအိတ်ရှာဖွေရန်
အထိတ်လန်.ဆုံးခရီး----------------------ကျောင်းသို.သွားရာလမ်း
အနှစ်သက်ဆုံးအချိန်----------------------သူငယ်ချင်းများနှင်. တွေ.ဆုံချိန်
ဝမ်းနည်းဆုံးအခိုက်အတန်.--------------- ပထမဆုံးအချိန်မှာ ရှောင်တခင် ၀င်စစ်ခြင်း
ဝမ်းသာဆုံး သတင်း-----------------------ယနေ. ဆရာ မလာသော သတင်း
စာဖတ်သူများလည်း ထို.အတိုင်းဖြစ်ပါက ကွန်မန်းချန်ပေးပါခင်ဗျာ
လေးစားစွာဖြင်.--- မောင်မောင်
Tuesday, 7 August 2012
ဆရာကံချွန်၏ မှတ်သားသင်.သောဆုံးမစကားများ
၁။လူ့ဘဝမှာ မကြုံကြိုက်သင့်ဆုံး အရာဟာ "နောင်တ"ပါ။
မလုပ်သင့်ဆုံး အရာဟာ "အမှား"ပါ။
မရှိသင့်ဆုံး အရာဟာ "မကောင်းမှု"ပါ။
၂။"မရှိကို အရှိမလုပ်မိပါစေနဲ့။
အရည်အချင်းဆိုတာ ကိုယ့်မရှိဘဲနဲ့ သူများဆီက ငှါးထားလို့ မရပါဘူး။"
၃။"လောကကြီးမှာ ရိုးသားလို့ အထင်သေးခံရတယ် ဆိုတာ မရှိပါဘူး။
မရိုးသားလို့ အထင်သေးခံရတယ်ပဲ ရှိပါတယ်။"
၎။"စိတ်မထိန်းနိုင်လို့ ပြောမိတဲ့ စကားတစ်ခွန်းကြောင့် မိတ်ဆွေစစ်တွေ ဆုံးရှုံးရတာ၊
အခွင့်အရေးတွေ ဆုံးရှုံးရတာ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးရတာ အများကြီး ရှိပါတယ်။
ဒီလိုပဲ စိတ်ကို ထိန်းနိုင်လို့ အောင်မြင်မှု ရတာတွေလည်း အများကြီးပါဘဲ။
စိတ်ကို ထိန်းနိုင်တဲ့လူဟာ လောကဓံ တရားကို ဣနြေ္ဒရရ ရင်ဆိုင်နိုင်ပါတယ်။"
၅။"မပိုင်ဆိုင်ရသေးတာကို ပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ
ပိုင်ဆိုင်ပြီးသားတွေရဲ့ တန်ဖိုးကို မမေ့ဖို့ပါဘဲ။"
၆။"ကောင်းတဲ့ အလုပ်လုပ်တယ်ဆိုတာ အဖော်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ လုပ်ရမှာဗျ။
သူများ လုပ်ခြင်း မလုပ်ခြင်းဟာ ကိုယ်နဲ့ မဆိုင်ဘူး။
ပြီးတော့ ကောင်းတဲ့ အလုပ်ကို သူများ မလုပ်တာနဲ့ ကိုယ်ပါ မလုပ်ဘူးဆိုရင်
ကိုယ် အသိညဏ် နည်းတာပဲ။"
၇။"ပြိုင်ဘီး မဝယ်နိုင်လို့ မစီးနိုင်လို့ စက်ဘီးပြိုင်ပွဲ မဝင်နိုင်ရင်
ကိုယ့်မှာ ခြေထောက် ပါတာပဲ။
အပြေးပြိုင်ပွဲ ဝင်လို့ရတယ်ကွ။
ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံလို့ အားငယ်စိတ်၊ သိမ်ငယ်စိတ် မရှိစေရဘူး။"
Saturday, 4 August 2012
ထူးဆန်းသောအပူထုတ်ခန်း(သို.) ခရီးသွား မှတ်စု
Tag
ကိုယ်တိုင်ရေး
အထူးတည်ဆောက်ထားသောအပူထုတ်ခန်း
အဓိကရေးခြင်သည်.ထူးဆန်းသောအပူထုတ်ခန်းများအကြောင်းကိုရေးမယ်ရေမယ်ဆိုပြီးအချိန်ဆွဲနေတာ
တော်တော်ကြာသွားသည်။ အပူထုတ်ခန်းဟု နာမည်တပ်ထားသည်.နှင်. ကျွန်တော်တို.လို အပူပိုင်းဒေသ နိုင်ငံများတွင် ရှိနိုင်မည်မဟုတ်ချေ။ လိုအပ်မည်လည်း မဟုတ်ချေ။ ဂျပန်ဇတ်လမ်းတွေ ကြည်.ဖူးသည်.သူများတော. မြင်ဖူးကြလိမ်.မည်ဟုထင်သည်။နပန်းသမားကြီးတွေရေမချိုးဘဲထိုင်နေကြသည်
ဘာကြောင်.ပါလိမ်.ဆိုတာခုမှသိရတော.သည်။ ရွာလေးတွေမှာ အပန်းဖြေစခန်းရှိကြသော ရုရှားလူမျိုးအများစုသည်အပူထုတ်ခန်းခေါ်ဘန်းညာ(ရုရှားနာမည်)ကို ငွေအကုန်ခံပြီးကိုတည်ဆောက်ထားကြ
သည်။
အပူထုတ်ခန်းအတွက် အဓိက နေရာ
ထိုဘန်းညာ၏အလုပ်လုပ် ပုံမှာ ထင်းမီးဖြင်. ရေနွေးအိုးကို အပူပေးသည်။ ရေနွေးအိုးမှာ စည်ပိုင်းပြတ်အရွယ်အစားခန်.ရှိ၏။မီးဖို၏မီးခိုးထွက်ရာခေါင်းတိုင်ကိုအပူထုတ်မည်.အခန်းမှာရေနွေးပူအိုးနှင်.
ကပ်လျက်တည်ဆောက်ထားသည်။ခေါင်းတိုင်ပါတ်ပါတ်လည်ကိုကျောက်မီးသွေးနှစ်ပေအမြင်.ခန်.ဖြည်.ထား
သည်။ ခေါင်းတိုင် အပူ ၊ ကျောက်မီးသွေးအပူ ၊ ရေနွေးပူအိုး အပူ တို.ဖြင်. အခန်းကို အပူပေးထားသည်။ထို.အပြင်အခန်းနံရံ၊အခန်းမျက်နာကျက်ကိုလည်းခေါင်းတိုင်မှတဆင်.အပူဝင်နေအာင်ပြု
လုပ်ထားသည်။အခန်းမှာဝင်ပေါက်တံခါးတစ်ခု၊မျက်နာကျက်နှင်.ကပ်လျက်ပြတင်းပေါက်အသေးစားတစ်ခု
သာတပ်ဆင်ထားသည်။ အခန်းတည်ဆောက်ရာတွင် သုံးထားသည်.သစ်အမျိုးအစားကလည်း အပူစီးနေဖို. အတွက် အကောင်းဆုံးဖြစ်သည်။တင်ထားသည်. ပုံတွေကိုကြည်.ရင် ပိုရှင်းသွားမည်။
ဖျားနာကြသည်.အခါအနွေးထည်ထူထူကြီးတွေဝတ် စောင်တွေ အများကြီးခြုံကာ အပူထုတ်ခဲ.ဖူးသည်. သူတိုင်း အတွက် အပူထုတ်ပြီးလျှင် ဘယ်လိုခံစားရတယ်ဆိုတာ သိမှာပါ။ အပူထုတ်ခန်းမှာ ပူထုတ်တာကလည်း ထို.အတူပါဘဲ။ သို.သော် အပူထုတ်တာခြင်းတူပေသော်ငြားလည်း မတူတာလေးတွေတော.ရှိပါသည်။ ဖျားနာနေသောသူများ အပူထုတ်ခန်းထည်.သို. ၀င်ပြီး အပူထုတ်၍မရပါ။ အပူချိန်မြင်.မားလွန်းသောကြောင်.ဖြစ်ပါသည်။ သာမာန်လူတွေ အားလုံး အပူထုတ်နိုင်ပါသည်။ ညနေ နေ၀င်သွားသည်.အချိန်နှင်.ညဦးအချိန်များသည်အပူထုတ်.ဖို.အသင်.လျော်ဆုံးအချိန်များဖြစ်ပါသည်။
တစ်နေ.လုံးညောင်းညာကိုက်ခဲနေသည်များသည်အပူထုတ်ခန်းထည်းတွင်နာရီဝက် ၊တစ်နာရီခန်.၀င် လိုက်သည်နှင်. အကိုက်အခဲများပြေပျောက်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး ပေါ.ပါးလန်းဆန်းသွားလေသည်။
အရွက် တစ်ခုဖြင်. ရိုက်ပေးနေသည်.ပုံ နာရီဝက်၊တစ်နာရီခန်.ဆိုသည်မှာအပူထုတ်သည်.ပင်မအခန်းထည်းတွင်သာရှိနေမည်အချိန်မဟုတ်ပါ။ ပင်မအခန်းထည်းတွင်ငါးမိနစ်၊ဆယ်မိနစ်အချိန်အတွင်းခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေအနှံအပြားထွက်လာမည်။
ရေချိုးထားသကဲ.သို.ချွေးများထွက်လာပါကရေပူရေအေးစပ်ထားသောရေ(သို.မဟုတ်)ရေအေးသီးသန်. ဖြင်. အနည်းငယ် ခေါင်းမုစပြီး တစ်ခွက်၊ နှစ်ခွက်ခန်.လောင်းကာ အပူထုတ်ခန်းမှထွက်ပြီး နားနေရာကော်ရတာ(သို.)အခန်းတွင်ခေတ္တအနားယူရသည်။ထိုအခိုက်အတန်ု.တွင်ခန္ဓာကိုယ်တစ်ခုလုံးအပူ
ငွေ.များထွက်ကာတစ်ရှိုန်းရှိုန်းနှင်.အင်မတန်နေ.လို.ကောင်းပါသည်။နားနေခန်းတွင် ရေ (သို.) ဘီယာ ( သို.)အအေးကြိုက်နှစ်သက်ရာတစ်ခုခုသာက်သင်.ပါသည်ချွေးများစွာကုန်ဆုံးသောကြောင်.ရေဓါတ်ခန်းခြောက်ခြင်း
ကို ပြန်လည်ကုစားသင်.သည်။
ယခုကဲ.သို. ခေါင်းတိုင်နှင်. ကျောက်မီးသွေးများကို ရေဖြန်းပေးပါကအပူချိန်ပိုပိုပြီး မြင်.မားလာစေပါသည်
အပူခန်းအတွက် မီးဖိုနေရာနှင်. ထင်းခြောက်များ
ထူးခြားသည်မှာ အပူထုတ်ခန်းတွင်ဝင်သည်.အခါလှဲလျောင်းခိုင်းပြီး အရွက်တစ်မျိုး(နာမည်မသိပါ)ကို စီးထားပြီးး ရေနွေးတွင်ခေတ္တခန စိမ်ကာ ခြေဖျားကနေစပြီး ကျောထိကို တစ်ဖြန်းဖြန်းနဲ. ရိုက်ခြင်း ဘဲ ဖြစ်သည်။ရေနွေးစက်တွေ ခန္ဓာကိုယ်ပေါ်ကျစမှာ အတန်ငယ်ခန်. ပူသွားသွားသည်.အချိန်မှာ အရွက်ဖြင်. ခန္ဓာကိုယ်အနှံ.ခပ်ပြင်းပြင်းရိုက်လေသည်။အလုပ်ပင်ပန်းထားသော နေ.များတွင် ထိုကဲ.သို. အရွက်ဖြင်. ရိုက်ပါက ပင်ပန်းထားသမျှ ပြေပျောက်သွားပါသည်။ ကိုယ်တိုင်လက်တွေ.ကြုံခဲ.ရခြင်းဖြစ်သည်။ ကန်.သတ်ချက်များကတော. အပူထုတ်ခန်းကို အသုံးပြုမည်ဆိုပါက အချိန် (၂) နာရီခန်.ကြိုပြီး မီးမွှေးကာရေနွေးပူအိုးက အပူပေးရပါသည်။ ထို.အတွက် လုံလောက်သော ထင်းခြောက်ကို မီးဖိုနားတွင်ကြိုတင်စုစောင်းထားရသည်။ အပူထုတ်ခန်း၏ အ၀င်တံခါးကို လုံအောင်ပိတ်ရပါသည်။ အ၀င်အထွက်ပြုလုပ်တိုင်းလည်းတံခါးကိုသေချာစွာပိတ်ရသည်။အခန်းထည်းတွင်အပူချိန်မကျသွားစေဖို.
အတွက်ဖြစ်သည်။လိုအပ်ပါကအန္တရာယ်ကင်းစေရန်(သို.)ခေါင်းအပူသက်သာစေရန်သီးသန်.ပြုလုပ်ထားသော ဦးထုပ်ကိုဆောင်းနိုင်ပါသည်။အပူထုတ်ခန်းကို ပုံတွေနဲ. တွဲပြီး ဖတ်ပါက ပိုပြီး ရှင်းလင်း နားလည်မည်ဟု ထင်မိပါသည်။
အအေးပိုင်းနိုင်ငံများတွင်အများဆုံးတည်ဆောက်ထားကြသည်။ဂျပန်နှင်.ရုရှား နိုင်ငံတွင်အများဆုံးဟုသိရပြီးငွေကြေးတတ်နိုင်သည်.အလျောက်အခန်းကိုချဲ.ထွင်တည်ဆောက်နိုင်သည်။
အလုပ်အနည်းငယ်ခန်.များနေသောကြောင်.ပိုစ်အသစ်ကိုယခုမှတင်နိုင်တာခွင်.လွှတ်ပါ။အလည်လာသူဘ လော်ဂါ များစာဖတ်သူများကိုလည်းကျေးဇူးအထူးတင်ပါသည်။ ဘလော်ဂါ မိတ်ဆွေများထံသို.လည်း စာသာဝင်ဖတ်နိုင်ပြီး ကွန်မန်း ပေးခြင်း ၊စီဘောက်တွင် ခြေရာချန်ခြင်းများ မပြုလုပ်နိုင်ခဲ.ခြင်းကိုလည်း နားလည်ပေးပါခင်ဗျာ။
အားလုံးကိုလေးစားစွာဖြင်.

Wednesday, 25 July 2012
ထူးခြားသော လက်ဖက်ရည်ပွဲ(သို.) မှတ်စု(၂)
Tag
ရုရှားမျိုးများသည်ခန္ဓာကိုယ်ထွားကြိုင်းသော လူမျိုးများထည်းတွင်ပါဝင်လေ၏။ ကျွန်တော်တို.အာရှဘက်မှ အသက် ၂၂ ကျော်မာစတာတန်းကျောင်းသူကျောင်းသားများသည် သူတို.နိုင်ငံကအထက်တန်းကျောင်းပြီးခါစ ၁၆ နှစ်ကျော် တက္ကသိုလ်တန်းစတက်မည်.သူများထက် ခန္ဓာကိုယ်အချိုးအစားသေးငယ်ကွာခြားလေသည်။ဥပမာမာစတာတန်းဆေးလိပ်သောက်တတ်သည်.ကျောင်းသား တစ်ဦးလမ်းဘေးမီနီစတိုးဆိုင် တစ်ခုမှာဆေးလိပ်သွားရောက်ဝယ်ယူသည်.အခါ ဆိုင်ရှင်များကမရောင်းပါ။ ဆိုင်ရှင်များမှကလေးတွေကိုဆေးလိပ်မရောင်းဘူးလို.ဆိုပါသည်။စိတ်တိုတိုနဲ.ကျွန်တော်ကလေးမဟုတ်ဘူး
မာစတာတန်းကျောင်းသားတစ်ယောက်ပါ။ဒီမှာကြည်.ကျွန်တော်.ပါတ်စပို.ဟုဆိုကာထုတ်ပြတော.မှသာ
အံသြသောမျက်နှာဖြင်.ဆေးလိပ်ရောင်းပါတော.သည်။သူတို.နိုင်ငံတွင်အသက်(၁၆)နှစ်ကျော်မှဆေးလိပ်၊
အရက်ဝယ်ခွင်.ရှိပါသည်။ဒီလိုဥပဒေမျိုးကျွန်တော်တို.နိုင်ငံမှာလည်းပြဒါန်းသင်.သည်၊လိုအပ်သည်ဟုထင်မိသည်။
သူတို.လူမျိုးတွေဘာကြောင်.ခန္ဓာကိုယ် ထွားကြိုင်းနေရခြင်းကို ယခင်ကကျွန်တော်ကောင်းစွာ မသိခဲ.ပေ။ရေခံမြေခံကွာခြားခြင်းကြောင်.လားဟုတွေးတောမိသည်။အမှန်တော.သူတို.တွေနေစဉ်စားသောက်
နေကြသောအစားအသောက်များကြောင်.ဖြစ်သည်။တစ်ခြားသောအကြောင်းများနှင်.လည်းဆိုင်နိုင်ပေမယ်.
အစားအသောက်ကအဓိကဟုထင်ပါသည်။အာလူး၊ပဲမျိုးစုံ၊ဂျုံနှင်.လုပ်ထား သောအစားအစာများ၊ဆန်၊ကြက်ဥ၊
ထောပတ်၊ဒိန်ခဲ၊နို.၊မလိုင်၊အသားမျိုးစုံအစရှိသည်.အစားအစာတွေက နေ.စဉ်အစားအသောက်တွေထည်းမှာ တစ်မျိုးမဟုတ် တစ်မျိုးပါဝင်လေတော. သူတို.မျိုးဆက်တွေ မထွားဘဲနေနိုင်အုန်းမည်လော။ဒါ.ပြင် ကလေးငယ်တွေကိုဂရုတစိုက်နဲ.ကျွေးမွေးတဲ.နေရာမှာလည်းအရမ်းကိုစနစ်ကျလွန်းလှပါသည်။ဒါတွေဟာ
အတုယူသင်.တဲ.အချက်တွေပါ။
စွပ်လို.ခေါ်သည်. အသားပြုတ်ဟင်းချို(အားလူး၊ ခရမ်းသီး၊ နံနံပင်) ထည်.တတ်သည်။
ဘေါ.ရှ် လို.ခေါ်သည်. ရုရှားအချဉ်ဟင်းရည် အသီးအနှံများအသားများပါဝင်သည်။
ထူးခြားတာလေးကတော.လက်ဖက်ရည်ပွဲပါဘဲ။မြန်မာနိုင်ငံမှာလိုဓါတ်ဘူးတွေနဲ.မထည်.ထားဘူး။ သောက်မည်.
ခွက်တွေထည်းမှာလက်ဖက်ခြောက်အစိမ်းနဲ.အနက် နှစ်မျိုးထည်းမှ နှစ်သက်ရာတစ်မျိုးကိုအနည်းငယ်ထည်.
ထားပြီးရေးနွေးထည်.ပါသည်။ပြီးလျှင်သကြားကိုစိတ်ကြိုက်ထည်.နိုင်ပါသည်။အနံ.အတွက်အရွက်တစ်မျိုးကို
ထည်.ထားသေးသည်။ရေနွေကြမ်း(လက်ဖက်ရည်)ထည်းကိုသကြားနှင်.တစ်ခြားအရွက်တစ်မျိုးထည်.သောက်တာ
ဒီရောက်မှသာမြင်ဖူးပါသည်။မနက်စာမှာမုန်.နှစ်မျိုးသုံးမျိုးခန်.နှင်.တစ်ကြိမ်သောက်သည်။နေ.လည်စားပြီးသည်.
အချိန်တွင်တစ်ကြိမ်သောက်သည်။ညစာစားပြီးသည်.အချိန်တွင်တစ်ကြိမ်သောက်ပြန်သည်။စုစုပေါင်းသုံးကြိမ်
သောက်ကြသည်။သောက်ဖူးအောင်ဆိုပြီးလက်ဖက်ရည်အစိမ်းကောအနက်ပါ နှစ်မျိုးလုံးသောက်ခဲ.ပါသည်။
အရသာ မခွဲခြားတတ်လို.လားမသိ အတူတူဘဲလို. ထင်မိပါသည်။ သကြားထည်.ပြီးတော.မသောက်ခဲ.ပါ။
ပထမရက်မှာညစာစားပြီးလက်ဖက်ရည်ပွဲသောက်တော.ညအိပ်လို.မပျော်ဘဲမျက်လုံးကြောင်နေသောကြောင်.
နောက်နေ.တွေမှာ ညပိုင်းလက်ဖက်ရည်ပွဲကိုရှောင်လိုက်တော.သည်။
စတော်ဘယ်ရီသီးနဲ. ခပ်ဆင်ဆင်ရှိသည်. မာလီးနီ အသီးများ
( ယိုထိုးထားသည်. မာလီးနီ )
လက်ဖက်ရည်ပွဲတွင် ခြံထွက် သီးနှံများဖြစ်သည်. စတော်ဘယ်ရီသီး၊ မာလီးနီ(ရုရှားအခေါ်) စသည်.အသီးတွေကိုယိုထိုးထားပြီးအချိုတည်းပါသည်။ဒါ.အပြင်ဆရာမအမေကိုယ်တိုင်ဖုတ်ထားသောကွတ်ကီးများ၊ ကိတ်များဖြင်.လည်း လက်ဖက်ရည်ပွဲကိုအားဖြည်.ထားသည်။အကျွေးအမွေးဧည်.ခံတာ ကောင်းလွန်းသော
ကြောင်. သူငယ်ချင်းက တစ်ပါတ်ထက်ပိုပြီး နေချင်သေးသည်။ တစ်ယောက်တည်းသော သူကို လွမ်းနေသော မောင်မောင်အဖို.အတွက်တော. သကြားမင်း အစားအစာချကျွေးပါမူ အင်တာနက်မရှိ ၊ ဖုန်းလိုင်း မမိတမိသော ထိုအပန်းဖြေရွာငယ်လေးမှာ လေးငါးရက်ခန်.အချိန်ကိုဘဲ လေးငါး နှစ်ခန်.ကြာခဲ.
သည်ဟုထင်မိသည်။နောက်ဆုံးမှာတော.တပည်.အခြေအနေကိုသိနေသောဆရာမ မှ မနေသာတော.ဘဲ
မော်စကိုမြို.ကို ကိုယ်တိုင်လိုက်ပို.ပေးပါသည်။
ဆရာမ အမေ ကိုယ်တိုင်လုပ်ထားသော ကွတ်ကီးနှင်. အနံအရွက်ထည်.ထားသည်လက်ဖက်ရည်ခွက်
Sunday, 22 July 2012
မောင်မောင်၏ခရီးသွားမှတ်စု (၁)
Tag
ကိုယ်တိုင်ရေး
အပူချိန် ၂၁ ဒီဂရီ လောက်ရှိသော တနင်္လာနေ. နေ.လည် ၁ နာရီခန်.အချိန်၌မောင်မောင်နှင်.သူငယ်ချင်းတို.နှစ်ယောက်ဆရာမမိသားစုဖြင်.ချိန်းထားသောမြေအောက်
ရထားဘူတာသို.ကျောပိုးအိတ်ကိုယ်စီလွယ်ကာ အဆောင်မှ စတင်ထွက်လာခဲ.သည်။ မောင်မောင်အတွက် ဒီနိုင်ငံတွင် သူငယ်ချင်းများရှိရာတစ်ခြားကျောင်းများသို.အလည်အပါတ်သွားခြင်းမှလွဲ၍ပထမဆုံးအကြိမ် ညအိပ်ညနေခရီးထွက်ခြင်းဖြစ်သည်။ရုရှားလူမျိုးများ၏နေထိုင်စားသောက်ပုံကိုလည်း လေ.လာချင်သောကြောင်. ဒီခရီးမှာ တက်ကြွလျှက်ရှိသည်။
(မောင်မောင်အလည်သွားမည်.ခြံထည်းမှ ပန်းသီးပင်တစ်ပင်)
ချိန်းထားသည်.နေရာရောက်စဉ် ဆရာမ မိသားစု အသင်. စောင်.နေသည်ကိုတွေ.ရတော. မိမိတို. မိနစ်အနည်းငယ်နောက်ကျနေသည်ကို သတိပြုမိကာ တောင်ပန်စကား ဦးစွာဆိုလိုက်၏။ အချိန်တိကျသော နေရာတွင် အနောက်နိုင်ငံသားများကို အင်မတန် လေးစားမိပါသည်။ မိနစ်ပိုင်းက အစ ဂရုစိုက်ကြသည်။ ထို.နောက် မြို.ပြင်ထွက်သောရထားအတွက် လက်မှတ်များကို အားလုံးအတွက်ဆရာမ သွားရောက်ဝယ်ယူသည်။ ကျွန်တော်တို. နှစ်ဦးအတွက် ပိုက်ဆံထုတ်ပေးမည် ပြုတော. လက်မခံပါ။ သူမကို ကူညီပေးဖို. လာခြင်းဖြစ်သည်.အတွက် သူမဘဲ ကုန်ကျပါရစေ ဟုဆိုလာတော. အားနာစွာဖြင်. သဘောတူလိုက်ရသည်။
သတ်မှတ်ထားသောအချိန်ရောက်သည်.နှင်. ရထားပေါ်တွင် တက်ရောက်နေရာယူထားသည်။ မိမိနှစ်သက်ရာခုံနေရာ၌ထိုင်နိုင်သည်ဖြစ်၍နေမထိုးသည်.အခြမ်းတွင်မျက်နာချင်းဆိုင်နေရာယူလိုက်ကြသည်။
မြန်မာနိုင်ငံမှ ရထားများကို သတိရမိသည်။ အရာရှိငယ်ဘ၀ တစ်လျှောက် ရထားကို အခေါက်ပေါင်း များစွာ
စီးခဲ.ရသည်.အတွက်ထိုအငွေ.အသက်များကိုပြန်လည်ခံစားမိလာ၏။ဘူတာဝန်းကျင်၊ရထားဝန်းကျင်တွင်
ဓျေးသည်များကို လုံးဝမတွေ.ရပေ။ရထားစတင်ထွက်ပြီး တစ်ဘူတာခန်.ရောက်တော.မှသာလျှင်
ကြော်ငြာပြီးဆေး ရောင်းသောအန်တီကြီးတစ်ဦးကိုစတင်တွေ.ရသည်။ထိုင်နေသောခရီးသည်များကိုအနှောက်
အယှက်ကင်းစွာဖြင်.စနစ်တကျရောင်းချနေခြင်းဖြစ်သည်။မိမိတို.ဘူတာရောက်သည်အထိ စုစုပေါင်းဆယ်ဘူတာ အချိန် ၂ နာရီ ခန်.အတွင်း ဓျေးသည် သုံးယောက်သာတွေ.လိုက်သည်။
မြို.ကြီးများလွဲပြီးကျန်သောဒေသများရွာများရှိဘူတာများတွင်အဆောက်အဦးဆောက်လုပ်ထားခြင်းမရှိပါ။ထိုင်ရန်
အတွက်ခုံတန်းလေးနှစ်ခုသုံးခုသာချထားသည်။အမိုးအကာလုံးဝမရှိပါ။လက်မှတ်ကိုတော.ရထားပေါ်ရောက်မှ
သာလက်မှတ်စစ်ထံဝယ်ယူရပါသည်။ ဤအချက်တော.ကျွန်တော်တို.နှင်.တော်တော်လေးကွာခြားပါသည်။
ကျွန်တော်တို.နိုင်ငံတွင်ဘူတာအားလုံး၌အဆောက်အဦးပါထည်.တွင်းတည်ဆောက်ထားသည်။အမိုးအကာ
အပြည်.အစုံဖြင်.ညအိပ်ညနေပါပြုလုပ်နိုင်သည်။သို.သော်သူတို.ရထားများသည် အချိန်တိကျစွာဘူတာသို.
စိုက်ရောက်သောကြောင်.ကြာမြင်.စွာစောင်.စိုင်းရန်မလိုပါ။ထို.ကြောင်.ပင်နားခိုရာနေရာများမလုပ်ထားခြင်း
ဟု ထင်မိသည်။ဒီလိုနဲ.ရွာငယ်လေးမှာနေထိုင်ရင်းတစ်ပါတ်ခန်.ကြာမြင်.သွားသည်။
(ဆရာမတို.ရွာအနားရှိရထားဘူတာ)

တစ်ပါတ်ခန်.အချိန်အတောအတွင်း သူတို.လူမျိုးတွေ နေထိုင်စားသောက်ပုံ နှင်. တော်တော်လေး ရင်းနှီးကျွမ်းဝင်ခဲ.၏။သူတို.နိုင်ငံအကြောင်းလေးတွေအနည်းငယ်ပြောပြချင်သေးသည်။ ဥရောပ နဲ. အာရှ ကို နယ်နိမိတ်ခြားထားသော သူတို.နိုင်ငံကို ဥရောပဇုန်ထည်းတွင် ထည်.တွင်းရေးဆွဲ ထားသည်။ နိုင်ငံသား အများစုကလည်းဥရောပလူမျိုးများကိုအထင်ကြီးကြပြီးအာရှသားများကိုမှု အထင်အမြင်သေးတတ်ကြသည်။ သို.သော် အာရှလူမျိုးများနှင်. ရင်းနှီးကျွမ်းဝင် မိသွားသော အခါတွင်တော. သူတို.၏ အထင်သေး စိတ်တွေကို ဖျောက်ဖျက်ကာ ဖော်ဖော်ရွှေရွှေဆက်ဆံလာပါသည်။
ရုရှားနိုင်ငံသည်အအေးပိုင်းနိုင်ငံဖြစ်သောကြောင်.အချိန်ကာလအများစုတွင် နေရာစုံ၌ ရေခဲပြင်များ ဖုံးလွှမ်းနေ၏။ထိုစဉ်ကာလတွေမှာပတ်ဝန်ကျင်သို.အလည်အပါတ်အပန်းဖြေခရီးများမထွက်ကြပေ။ ဆောင်းကာလ ရှည်ကြီးကို ကျော်ဖြတ်ကာ နွေကာလ ရောက်သော အခါမှသာလျှင် မိသားစုလိုက်အပန်းဖြေ ခရီးများထွက်ကြပါသည်။ သူတို.နိုင်ငံမှာ မိုးရာသီ မရှိပါ ။ ဆောင်းဦးရာသီ ၊ ဆောင်းရာသီ ၊ နွေဦးရာသီ ၊ နွေရာသီ ဟူ၍ လေးပိုင်းခွဲထားပါတယ်။
နွေရာသီလုံးလုံးရောက်ပြီဆိုလျှင်ကျောင်းများစတင်ပိတ်ပါသည်။ထိုချိန်မှာ ငွေးကြေးတတ်နိုင်သည်.မိသားစုများသည် မွန်းကျပ်လှသည်.မြို.ပြလူနေမှုစနစ်မှရုန်းထွက်ကာလေကောင်းလေသန်.များနဲ.လတ်လတ်ဆတ်ဆတ်သစ်သီး
ပန်းနှံများရရှိနိုင်သည်. ကျေးလက်ဒေသများသို. အပန်းဖြေ ခရီးထွက်ကြသည်။ ထိုရွာကလေးများမှာ အပန်းဖြေ သီးသန်.အတွက် တည်ဆောက်ထားကြသော ရွာများဖြစ်သည်။ ဆောင်းတွင်းကာလတွင် တစ်ရွာလုံး၌ လူလေးငါး ခြောက်ယောက်သာ ရှိသည်ဟု သိရသည်။ထိုသူများမှာလည်း အဘိုးကြီး အဘွားကြီးများသာ ဖြစ်သည်။
ထိုခြံလေးထည်းမှာ သီးပင် စားပင်တွေ စုံစုံလင်လင် စိုက်ပျိုးထားကြ၏။ မှတ်မိသလောက်ဆိုရင် ကျွန်တော်.ဆရာမ ခြံဝင်းထည်းမှာ စတော်ဘယ်ရီသီး၊ ပန်းသီး၊ ဖရဲသီး၊ စပျစ်သီး၊ သခွားသီး၊ ငရုပ်သီး၊ အရွက်ဆိုလည်း နံနံပင်ကအစ ရှိပါသည်။ တစ်ခြား မြန်မာလို နာမည်မသိသော သီးနှံများလည်း ရှိပါသေးသည်။ မြို.ပေါ်မှာ တိုက်ခန်းဖြင်.သာ နေကျရသော သူတို.အတွက်တော. ရွာက ခြံဝင်းကျယ်လေးဟာ အိုအေစစ်တစ်ခုကဲ.သို. ဖြစ်နေပါတော.သည်။
သီးပင် စားပင် တွေကို ရေလောင်းဖို.အတွက် စည်ပိုင်း ပြတ် သုံးခု ချထား၏။ ထူဆန်းသည်မှာ ရေတွင်းထည်းမှရေကို ခပ်ပြီး တစ်ပြိုက်နက် မလောင်းချေ။ ချထားသော စည်ပိုင်းများထည်းတွင်တစ်ရက်ခန်.ထည်.ထားပြီးမှလောင်းသည်။တွင်းမှရေသည်အတော်အေးသောကြောင်. အပင်များသေနိုင်စေသည်.အတွက်ချက်ချင်းမလောင်းခြင်းဟုဆိုသည်။တွင်းမှ ရေအေးကိုစမ်းပြီး
သောက်ကြည်.လိုက်သောအခါ ရေခဲခန်းထည်းတွင်ထည်.ထားသည်.အတိုင်း အေးစက်နေသည်ကို
တွေ.ရသည်။
(ဆရာမခြံလေးထည်းမှပန်းသီးပင်)
ပန်းသီးပင်များကိုကြည်.ပြီး သရေကျခဲ.ရသည်။ နောက်နှစ်လ သုံးလ ခန်.မှသာ ရင်းမှည်.မည်။ အပင်ပေါ်တွင်ပြွတ်ခဲနေသည်ထည်းမှ တစ်လုံးကိုလက်တည်.စမ်းပြီးစားကြည်.တော. သရက်သီးချဉ်သလို ချဉ်နေသေးတော.ကြောင်. လက်လျှော.လိုက်ရသည်။ ထို.နှင် ဆရာမသမီလေး တဲလင်.ရှကာ နှင်.အတူ စတော်ဘယ်ရီ ခင်းထည်းမှာ ချိုမြနေသော နီနီရဲရဲ စတော်ဘယ်ရီသီးများကို နှစ်ယောက်သား အပြိုင် ခူးလိုက် ပါးစပ်ထည်း ထည်.လိုက်နဲ.လုပ်နေသည်မှာအနီရောင် အသီးလေးများ မကျန်တော.သည်.အထိပင်။
ဆရာမနဲ. ဆရာမ အမေတို. စီမံသော ရုရှားအစားအစာများကို လည်း အင်မတန် နှစ်ခြိုက်မိ၏။
မြန်မာအစားအစာနှင်. ဆင်တူသည်ဟူ၍ ပြောနိုင်သော နေ.လည်စာ တစ်နှပ်သာ ပါသည်။ ထမင်းပေါင်းကို အသားများ အာလူး ခရမ်းသီးများဖြင်. ရောမွှေထား၏။ သူတို.အခေါ် ထမင်းနဲ.အသား ။
ပုံထည်းကအတိုင်းထမင်းနဲ. အသားကို ဇွန်းမပါဘဲ ခက်ရင်း နဲ. မွှေပြီးစားရသည်။ ဇွန်းတစ်ချောင်းတည်းဆိုလျှင်စား၍ ရနိုင်ပေမယ်. ခက်ရင်း တစ်ခုတည်းက ဘယ်လိုမှ အဆင်မပြေနိုင်တော. ဆရာမကိုအခြေအနေပြောပြဇွန်းတောင်ပီးစားရသည်။ သူတို.အစားအစာတွေထည်းမှာအစပ်မထည်.ပါ။အစပ်ကြိုက်သော တောင်ပေါ်သား မောင်မောင် ခြံထည်းက ကြိုခူးထားသောငရုပ်သီးတောင်.ကိုကိုင်ပြီးစားတော.အဘိုးကြီးအဘွားကြီးမျက်လုံးတွေ ပြူးကုန်သည်။
မြန်မာလူမျိုးတွေအစပ်ကြိုက်ကြောင်းရှင်းပြလိုက်တော.မှ ခေါင်းတညိမ်.ညိမ်.ဖြင်.ကျေနပ်သွားကြသည်။
ခြံထည်းက ငရုပ်ပင်ကလည်း မြန်မာကျောင်းသားများသာ စိုက်ထားခြင်းဖြစ်သည်။

Monday, 9 July 2012
ခေတ္တနှုတ်ဆက်ခြင်း
ဒီရက်တွေ အတွင်း မောင်မောင် အလုပ်တွေ အရမ်းများနေတော. ပို.စ်လေးတွေ မတင်ဖြစ်တဲ.အတွက် ဘလော.ဂ် ကိုလာပြီး စာဖတ်တဲ. မိတ်ဆွေများကို တောင်းပန်ပါရစေ။ အလုပ်တွေက များပြီးရင်း များလို. ဆိုရတော.မယ်။ ဒီ ပို.စ်လေးတင်အပြီးမှာဘဲ မောင်မောင် ရဲ. ဆရာမ အိမ်အရွေ.အပြောင်းအတွက် ကူညီလုပ်ကိုင်ပေးဖို. သုံးလေးရက် လောက် ပျောက်နေရအုန်းမယ်။ ဘလော.အိမ်လေးတွေကို လည်ပြီး စာမဖတ်ဖြစ်တာကြာပြီမို.လို. မောင်မောင်. ရဲ. မိတ်ဆွေဘလော.ဂါတွေကိုလည်း ခွင်.လွှတ်ပါလို.ပြောပါရစေ။ အားပြီဆိုတာနဲ. အတိုးချပြီး ဖတ်ပါမယ်လို. ကတိပေးပါတယ်။ စာလာဖတ်တဲ. စာချစ်သူမိတ်ဆွေတွေ ၊ အမြဲအားပေးတတ်တဲ. ဘလော.ဂါတွေကြောင်. မောင်မောင် အသက်ဆက်လက်ရှင်သန်နေတာပါ။ အားလုံးကို ကျေးဇူးတင် လေးစားပါတယ်။
မောင်မောင် စုစည်းထားတာလေးတွေကို ပြန်လည်မျှဝေခြင်းနဲ. ခေတ္တခန နှုတ်ဆက်ခဲ.ပါတယ်။
မောင်မောင်
Friday, 29 June 2012
ATM(ငွေထုတ်စက်)များအကြောင်း
Tag
ဗဟုသုတများ
၁၉၅၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ ATM စက် (အလိုအလျောက်ငွေထုတ်စက်) ကို ပထမဆုံးအသုံးပြုခဲ့ပါ တယ်။ ၁၉၆၀ နောင်းပိုင်းကစတင် ရေပန်းစားပြီး ယနေ့အချိန်အထိ အသုံးပြုနေတဲ့ ATM (Automated teller machine) ရဲ့ အခြေခံ ဖွဲ့စည်းပုံအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ CPU (အသုံးပြုသူ interface နှင့် ငွေထုတ်စက်အား ထိန်းချုပ်ရန်)
၂။ Magnetic/ Chip card (ငွေထုတ်သူ Customer အား ခွဲခြားဆုံးဖြတ်ရန်)
၃။ PIN/ Touch Screen ( လျို့ဝှက်ကုဒ်နံပါတ်ရိုက်ရန်)
၎။ Display (ဖန်သားမျက်နှာပြင်)
၅။ Function key buttons/ Touch screen ( ထုတ်မည့်ငွေပမာဏအားရိုက်ထည့်ရန်)
၆။ Vault (ငွေများအားထိန်းသိမ်းကာကွယ်သည့် မီးခံသေတ္တာအလွှာ)
၇။ Housing (စက်အခွံ)
စက်ကို interbank network နဲ့ချိတ်ဆက်ထားရပါတယ်။ ယင်း ဘဏ်ကသီးသန့်အသုံးပြုတဲ့ သီးခြား အတွင်း Network မို့လို့ သူ့ကို interbank network လို့ခေါ်ပါတယ်။ ယင်းဟာ ဘဏ်အမျိုးအစားတစ်ခုနဲ့တစ်ခု မတူပါဘူး။ သို့ပေမဲ့ တစ်ခါတစ်ရံမှာ ဘဏ်အများအပြားကို Network တစ်ခုတည်းအသုံးပြုတာမျိုး လည်းရှိပါတယ်။ ဥပမာ-ဖိလစ်ပိုင်မှာဆိုရင် ဘဏ် ၁၉ခုလောက်ဟာ Megalink ကပေးတဲ့ Network ကို အသုံးပြုပါတယ်။
ပြီးတော့ စက်ကို host နဲ့တိုက်ရိုက်ချိတ်ဆက်ခြင်း (သို့မဟုတ်) ADSL (သို့မဟုတ်) dail-up modern (သို့မဟုတ်) leased line တို့နဲ့လည်း ချိတ်ဆက်ရပါသေးတယ်။ ADSL ကတော့ ကော့ပါးတယ်လီဖုန်းလိုင်းဖြစ်ပြီး Data ပို့လွတ်မှုမြန်ဆန်မှုရှိပါတယ်။ dail-up modern ဆိုတာကတော့ ရိုးရိုးတန်းတန်း တယ်လီဖုန်းလိုင်းလိုဖြစ်ပါတယ်။ Leased line မှာ POTS လို့ခေါ်တဲ့ လိုင်းကိုအသုံးပြုပါတယ်။ POTS ဆိုတာ Plain old telephone service ဖြစ်ပြီး Data အပို့၊အလွတ် အင်မတန်ရိုးဆင်းလွယ်ကူပါတယ်။
ပြီးတော့ လိုင်းဆွဲအားကောင်းတဲ့ အင်တာနက်လိုင်း ( VPN connection) လိုအပ်ပါသေးတယ်။ ATM စက်ရဲ့ Network ကိုနေရာတစ်ခုကနေ အခြားမြို့နယ်က စက်ဆီကို ကူးနိုင်ဖို့ အင်တာနက်လိုင်းကို အသုံးပြုရပါတယ်။ အသုံးများတဲ့ lower-level layer communication protocols ကတော့ SDLC, TC500, Async, X.25, TCP/IP တို့ဖြစ်ပါတယ်။
စက်အလုပ်လုပ်ပုံအကျဉ်းချုပ်ကတော့ ကဒ်ကို ထဲလိုက်တဲ့အခါမှ reader ကဖတ်ပြီး ရလာတဲ့ Data ကို Administrator ဆီ interbank Network ကနေပို့လွတ်ပါတယ်။ ပြီးတော့ user ကထုတ်မည့်ငွေပမာဏကို တွက်ချက်ပြီး Cash Dispenser ကနေ ထုတ်ပေးပါတယ်။ ပြီး ထုတ်ယူတဲ့ ငွေပမာဏကို user အားသိစေရန် အသိအမှတ်ပြုစာရွက် (ဘောင်ချာ) ပြန်ပေးပါတယ်။
လုံခြုံရေးအဆင့်မြင့်ပါတယ်။ ဥပမာ လျှို့ဝှက်နံပါတ် မှားရိုက်မှုအကြိမ်အရေအတွက် များလာရင် မှတ်သားပြီး user ရဲ့တောင်းဆိုချက်ကို ဘာမှတုန့်ပြန်မှုမပေးတော့ပါဘူး။ ပြီးတော့ အခြား Security function ပါဝင်ပါသေးတယ်။
သို့ပေမဲ့ အားနည်းချက်များလည်းရှိပါတယ်။ ဥပမာ-မီးပျက်လို့မရပါဘူး။ မီးပျက်ရင် (Electrical suppy shut down/ off) ဖြစ်မယ်ဆိုရင် အခက်တွေ့ပါပြီ။ မီးယာယီပျက်ပြီး ပြန်လာရင်လည်း စက်ကို ပုံမှန်ပြန်လည်ပတ်ပို့သေချာစစ်ဆေးပေးရပါတယ်။ နိုင်ငံကြီးတွေမှာတောင် မမျော်လင့်ပဲ မီးပျက်တဲ့အခါ အခွင့်ကောင်းစောင့်တဲ့ hacker များဟာ ATM စက်ကို နည်းအမျိုးမျိုးနဲ့ Hack ပြီးငွေခိုးလေ့ရှိကြပါတယ်။ CCTV ကင်မရာထားသော်ငြားလည်း ယနေ့အထိ အားနည်းနေဆဲဖြစ်ပါတယ်။ ATM Card အစား အခြား ဗိုင်းရက်စ်ပါတဲ့ Malware card များအသုံးပြုပြီးထုတ်ယူသူများလည်းရှိတယ်လို့ လေ့လာဖူးပါတယ်။
သို့ပေမဲ့ အားနည်းချက်အနည်းငယ်ရှိသော်လည်း လုံခြုံရေးအားသာချက်ပေါင်းများစွာရှိနေတဲ့ ATM စက်များကို ကမ္ဘာတစ်ဝန်းမှာ ယနေ့တိုင်အသုံးပြုနေကြတာကို တွေ့ရပါတယ်။
မှတ်ချက်။ International news for myanmar's Page မှ ပြန်လည်မျှဝေ ထားခြင်းဖြစ်ပါတယ်။
Wednesday, 27 June 2012
ကမ္ဘာပေါ်တွင် အလှဆုံးသော မြွေ ( ၁၀) မျိုး
Tag
ဗဟုသုတများ
ကမ္ဘာပေါ်မှာအလှဆုံးဟု သတ်မှတ်ထားသော မြွေအမျိုးအစား ဆယ်မျိုးကို စုစည်းပြီး တင်ပြထားပါတယ်။ ဘယ်လိုဘဲ လှပသော မြွေမျိုး ဖြစ်ပါစေ အန္တရာယ်ပေးနိုင်သော သတ္တ၀ါ ဖြစ်ပါတယ်။
1။Green Tree Python
အစိမ်းရောင်စပါးကြီးမြွေကို အင်ဒိုနီးရှား ၊ သြစတြေးလျား နဲ. ပါပူအာနယူဂီနီ တို.မှာ တွေ.ရနိုင်ပါတယ်။ အရှည်ဆုံးမှာ ၇ ပေခန်.ရှိပါတယ်။
2။ Blue Racer snake
အပြာရောင်ဒီမြွေမျိုးကို ကနေဒီယန်ကျွန်းဆယ်များနဲ.မက္ကစီကိုဒေသမှာ တွေ.ရနိုင်ပါတယ်။
3။ Eastern Coral Snakeမြွေဘုရင် ဟု သိကြသည်. ကော်ဘရာ မြွေမျိုးစိတ်ထည်းမှာပါဝင်တဲ. ဒီမြွေမျိုးကို အမေရိကနဲ. မက္ကစီကို ဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
4။Brazilian Rainbow Boa
နှစ် ၂၀ ခန်.အသက်ရှင်နေနိုင်သည်.ဒီမြွေမျိုးကို အမေရိက ဒေသနဲ. ဘရာဇီးရှိ အမေဇုန်ဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
5။Melanistic Burmese Python
ဒီအ၀ါရောင်စပါကြီးမြွေမျိုးစိတ်ကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုချိုင်းနားကျွန်းဆွယ်တို.မှာ တွေ.ရနိုင်ပါတယ်။ အနှစ် ၃၀ ထက် အသက်ရှင်နေနိုင်သော နှစ်ချို.သတ္တ၀ါ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာက ဗမာစပါအုန်းမြွေလို.နာမည်ပေးထားချင်းဘဲ ဖြစ်ပါတယ်။
6။The Iridescent Shieldtailဒီတောက်ပတဲ.မြွေမျိုးစိတ်ကို အိန္ဒိယ နိုင်ငံမှာအများဆုံး တွေ.ရနိုင်ပါတယ်။
7။The Emerald Tree Boa
ဒီမြွေမျိုးကိုတော. အမေရိကဒေသနဲ. ဘရာဇီးဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
8။Indigo Eastern Rat Snake
မိန်းမကိုင်အိတ်တွေပြုလုပ်ဖို. အသတ်ခံနေရတဲ. ဒီမြွေမျိုးကိုတော. အမေရိကဒေသမှာ အများဆုံးတွေ.ရနိုင်ပါတယ်။
9။Leucistic Texas Rat Snakelady white လို.တင်စားခေါ်ဝေါ်ကြသော ဒီမြွေမျိုးစိတ်ကို အမေရိက ဒေသနဲ. အိန္ဒိယ ဒေသတွေမှာ အများဆုံး တွေ.ရနိုင်ပါတယ်။
10။ Honduran Milksnake
အနီ အနက် အ၀ါ သုံးရောင်ခြယ်ထားတဲ. ဒီမြွေမျိုးစိတ်ကို ဟွန်ဒူးရပ်စ် နိုင်ငံမှာ အများဆုံးတွေ.ရနိုင်ပါတယ်။
မောင်မောင်
Ref// http://www.environmentalgraffiti.com/
Subscribe to:
Posts (Atom)