မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမ်းစားနေကြသည်ဖြစ်ရာ ထမ်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။
(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်
အခက်ခဲဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။
(၅) ရေမချိုးပါနှင့်။
ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်
ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမ်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမ်းစားပြီးလမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။
9 comments:
ဟုတ်ကဲ့ကိုမြစ်ဆုံ
ဗဟုသုတလေးတွေမျှဝေတာကျေးကျေးပါ။
အချက်ခုနှစ်ချက်လုံးလိုက်နာပါတယ်။
ထမင်းစားပြီးတာနဲ့သစ်သီးစားတာကိုတော့
သတိထားပြီးရှောင်ကြဉ်ပါ့မယ်။
ဒါနဲ့စကားမစပ်. :P
တဂ်ထားတာလေးလည်းရေးပါအုံးနော်
မသိချင်ယောင်ဆောင်မနေကွယ်။ :P
ခင်မင်လျှက်ပါ
အစ်မသမီးစံ
ဗဟုသုတတွေ အတွက်ကျေးဇူးတင်ပါတယ်
အိမ်က လူလေးက ထမင်စားပြီးတိုင်း
ဆေးလိပ်သောက်တာပြောထားရမယ်။
ကျွန်မ ကသစ်သီးစားတယ်နောင်ကို
ဒါတွေ ဂရုစိုက်ရတာပေါ့ရှင်။
ကျေးကျေး
ဟ- အချက်၇ချက်လုံး မီရှဲလုပ်နေကျအရာတွေကြီးပဲ။ အမလေး ရှောင်မှ။ ဒါနဲ့ ဒါဘယ်ကနေ ကောက်နုတ်ယူတာလဲဆိုတာ သိပါရစေ။ ဘာလို့လဲဆိုတော့ မီရှဲသိထားတာလေးနဲ့ ကွာနေလို့လေ။
အစ်မီရှဲလ်ရေ အဲ.စာလေးက သီချင်းတစ်ယောက်ပို.ပေးတာပါ။ ကိုးကားတာ မသိလို. ခွင်.လွှတ်ပါနော်။
ကျန်းမာရေးနဲ့ပတ်သက်လို့ထပ်ပြီးရေးစေချင်ပါတယ်
ကျန်းမာရေးနဲ့ပတ်သက်လို့ထပ်ပြီးရေးစေချင်ပါတယ်
ကိုမြစ်ဆုံစာတွေလာဖတ်သွားပါတယ်နော်
မွေးနေမှာလိပ်မွေးနေ့ရှင်ရဲ့အကျင့်စရိုက်ကလည်း
စာထဲကအတိုင်းတကယ်ကိုမှန်ပါတယ်
မောင်မောင်ရေ
မျတ်သားသွားပါတယ်နော်။
ပျော်ရွှင်ပါစေ
ခင်တဲ့
မကြီးလွမ်း
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။