Friday 26 August 2011

မဖြစ်နိုင်ပါဘူး နှင်. လက်ရွေးစင် ဟာသတိုလေးများ


မဖြစ်နိုင်ပါဘူး


ဆရာဝန် - ခင်ဗျား တစ်နေ့ကို ရေ (၁၀) ခွက်သောက်ရမယ်။

လူနာ - အဲဒါတော့ မဖြစ်နိုင်ပါဘူး။ ဆရာ။

ဆရာဝန် - ဘာဖြစ်လို့လဲဗျ။

လူနာ - ကျွန်တော့်အိမ်မှာ ဖန်ခွက် (၄) လုံးပဲရှိလို့ပါ။



အထင်နဲ့ အမြင်



‘ဒေါက်တာ ကျွန်တော့်ဒဏ်ရာကို မချုပ်သေးဘဲနဲ့ ဘာဖြစ်လို့ အချွန်နဲ့ ထိုးကလိ နေရတာလဲ’

‘နည်းနည်းတော့ သည်းခံရမှာပေါ့။ အထဲရောက်နေတဲ့ ကျည်ဆံထပ်ဖူးကို ထုတ်ပစ်မှ ဖြစ်မှာမို့ပါ’

‘ဟင် စောစောက ပြောရောပေါ့ ဒေါက်တာရယ်၊ ကျည်ဆံက ကျွန်တော့် အိတ်ကပ်ထဲမှာဗျ’







ခံနေလို့ ဖြစ်မလား


ရုပ်ရှင်ရုံ အဝင်အဝမှာ အမျိုးသမီးကြီး တစ်ဦးက လက်မှတ်စစ်ကို ရိုက်လိုက်လို့

ဘာဖြစ်လို့ ရိုက်ရတာလဲလို့ နောက်တစ်ယောက်က မေးတယ်။

‘မိုက်ရိုင်းလို့ပါ။ ကျွန်မာဝယ်လာတဲ့ လက်မှတ်ကို ယူပြီး ဆွဲဆုတ်ပစ်တယ်လေ။


မဖြစ်ဘူး။
"ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ်၊ ဘာလုပ်ရမယ်ဆိုတာအကြံပေးပါအုန်း"
"လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"



အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။
ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့
လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "





ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး
လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက
ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင် "

ရယ်မောခြင်းဖြစ် ဘ၀အမောလေးတွေပြေပျောက်နိုင်ကြပါစေ။


source- မိုးကောင်းမြို.တော်







 

1 comments:

စံပယ်ချို said...

အရမ်းကိုရယ်သွားပါတယ်
အမွေဆက်ခံသူကိုအကြိုက်ဆုံးပါ။
ရယ်သောသူသည် အသက်ရှည်ပြီး
နုပျို၏ ။
ထို့ကြောင့်ကျေးဇူးတင်ပါတယ်ရှင်။
ချမ်းမြေ့စွာ စာတွေအများကြီးရေးနိုင်ပါစေ။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။