Saturday 27 August 2011

မိမိကိုယ်မိမိ မေ့နေခြင်း


      

သမီးရည်းစားတုန်းကလည်း
သမီးရည်းစားမို့ ချစ်လိုက်ရတာ။
ဇနီးမယားကျတော့လည်း
ဇနီးမယားမို့ ချစ်လိုက်ရတာ။
သမီး သားကျတော့လည်း
သမီး သားမို့ ချစ်လိုက်ရတာ။
မြေးသားများကျတော့လည်း
မြေးသားများမို့ ချစ်လိုက်ရတာ။
ဒီလိုနဲ့ပဲ
ရက်စွဲတွေ အတော်ကြာမှ
ချစ်ရမယ့်သူ နောက်တစ်ယောက်
ထောက်ခနဲ သတိရ
ချစ်ပြမယ်လည်း ကြံရော
(ဟိုက်)
အချိန်က မရှိတော့ပါလား။            ။


                                                                (မောင်တည်ငြိမ်)

1 comments:

Anonymous said...

အစလေးကိုဖတ်ပြီးတော့..မြစ်ဆုံထင်တာ
ပြီးတော့မှမောင်တည်ငြိမ်ကိုတွေ့တော့တာကိုး
ဘာရသလည်းတော့မသိဘူးနော်
တစ်မျိုးလေးတော့တစ်မျိုးလေးပဲ..
ပျော်ရွှင်ပါစေရှင်။
ခင်မင်စွာဖြင့်
အစ်မသမီးစံ

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။