Sunday 3 June 2012

ကမ္ဘာကျော် အာရှသူ အဆိုတော် ချားရိုက်စ်၏ ဆွေးမြေ.ဖွယ်ဘဝ


                                 
   ကမ္ဘာကျော် ဆယ်ကျော်သက် အာရှသူ အဆိုတော်မလေး ချားရိုက်စ်ကို ၁၉၉၂ ခုနှစ် မေလ ၁၀ ရက် တွင်
San Pedro မြို. ၊ Laguna ပြည်နယ် ဖိလစ်ပိုင်နိုင်ငံ၌ မွေးဖွားခဲ.ပါသည်။ သူမ၏ နာမည်အပြည်.အစုံမှာ
Charmaine Clarice Relucio Pempengco ဖြစ်ပြီး သူ.ပရိသတ်အများစုကတော. Charice ဟုသာ ခေါ်ဆိုကြ
ပါသည်။ အရပ် ၄ ပေ ၁၁ လက်မ ခန်.သာရှိသော သူမအား အရပ်ပုသည်ဟု ဆိုရပေမယ်. ချစ်စရာကောင်းသောရုပ်ရည်၊ မြူကြွးသော ဟန်ပန်ဖြင်. ဖျော်ဖြေမှု၊ အသံဆွဲငင်အား အလွန်ကောင်းမွန်မှု တို.ကြောင်. ရေးပန်းစားသော ဆယ်ကျော်ကမ္ဘာ. ထိပ်တန်း အဆိုတော် များတွင်ပါဝင်ခဲ.ပါသည်။
                                                               Charice and her father

   ပါရမီရှင် အဆိုတော်မလေးသည် ဘ၀ကို ၀မ်းနည်းဖွယ်ရာ များဖြင်. အစပြုခဲ.ရပါသည်။ သူမ သုံးနှစ်သမီး
အရွယ်တွင် အမြဲလိုလိုရမ်းကားမူးရစ်နေတတ်သော အဖေ နှင်. သနားဖွယ် မိခင် ၏ အကြီးအကျယ်ရန်ပွဲကို
နောက်ဆုံးတွေ.မြင်ခဲ.ရသည်။သည်.နောက်မှာဒီ.ထက်ပိုပြီးသည်းမခံနိုင်တော.သည်.မိခင်သည် ချားရိုက်စ်နဲ.အတူ သားငယ် Corl ကို လက်ဆွဲပြီး ပိုမိုကောင်းမွန်တဲ. ဘ၀သစ်တစ်ခုထူထောင်ဖို. ဆိုးသွမ်းသော ခင်ပွန်းကို ချန်ရစ်ခဲ.ကာ အိမ်မှဝေးရာသို.ထွက်ခွါခဲ.ပါသည်။

                                                             Charice and her mother

   ချားရိုက်စ် ၄ နှစ်သမီး အရွယ်မှာ သူမရဲ.အမေဟာ မီးဖိုခန်းထည်းရှိ ထမင်းစား စာပွဲခုံပေါ်တက်ပြီး Celine
Dion ရဲ. My Heart Will Go On သီချင်းကို အသံအနေအထားကျကျဖြင်. သီဆိုနေသော သမီးဖြစ်သူအား အံသြဖွယ် တွေ.ရှိခဲ.ရသည်။ မီဖိုခန်းထည်း မ၀င်ခင်က ကြားနေရသော သီချင်းသံသည် ရေဒီယိုမှ လွှင်.နေသည်ဟု ထင်နေခဲ.သေးသည်။ ထို.နောက်တွင်တော. ချားရိုက်စ်အား ကာရာအိုကေစက် အသုံးပြု နည်းကို သင်ပြပေးခဲ.ပြီး ကိုယ်ပိုင်တီးဝိုင်းရှိကာ လေ.ကျင်.နိုင်တဲ. အဆိုတော်တစ်ဦး နှင်. ချိတ်ဆက်ပေးကာ သမီးဖြစ်သူ၏ အနုပညာ ပါရမီကို ဖော်ထုတ်ပေးခဲ.သည်။
  ချားရိုက်စ် ၈ နှစ်ခန်.အရွယ်တွင် ဆင်းရဲသော သူမ၏ မိသားစု၌ ငွေအခက်အခဲရှိလာကာ စားဖို. သောက်ဖို.ပင် အနိုင်နိုင်ဖြစ်လာပါတော.သည်။ ဒီအချိန်မှာ သမီးလိမ်မာ ချားရိုက်စ်သည် မိခင်ဖြစ်သူအား မိမိကို သီချင်းဆို သင်ပေးရန်နှင်. အဆိုပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး မိသားစုကို ထောက်ပံ.ပေးနိုင်ရန်အတွက် မိခင်အား တိုက်တွန်းခဲ.ပါသည်။ငယ်ရွယ်သေးသော်လည်း သမီးဖြစ်သူ၏အကြိမ်ကြိမ်ပြောဆိုမှုကြောင်.သမီးဖြစ်သူဆန္ဒကိုလိုက်လျောခဲ.ရသည်။ပထမမှာတော.သူမနေ
ထိုင်ရာမြို.ပတ်ဝန်းကျင်တွင်ပြုလုပ်သောအပျော်တမ်းသီချင်းဆိုပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ.သည်။ ပြိုင်ခဲ.သမျှ အဆိုပြိုင်ပွဲများအားလုံးကို အနိုင်ရခဲ.သည်။
၂၀၀၅ ခုနှစ် သူမအသက် (၁၂) နှစ်အရွယ်ရောက်သောအခါ၌ သူမဟာ နာမည်ကျော် (Little Big Star )
အဖွဲ.ကို ဆက်သွယ်ခဲ.သည်။ Big Star အဖွဲ.ဟာ ကလေးတွေအတွက် အဆိုပြိုင်ပွဲများပြုလုပ်ပေးနေပြီး TV လိုင်းများမှ တဆင်.ပြန်လည် လွှင်.ပေးသည်။ Big Star အဆိုပြိုင်ပွဲ ပထမအဆင်.မှာဘဲ သူမဟာ ထုတ်ပယ်ခံခဲ.ရတယ်။အကြောင်းကတော. စနစ်မကျသော အစီအစဉ်များကြောင်.ဖြစ်ပါတယ်။ ထို.နောက် ဒိုင်အဖွဲ.မှ ပြန်လည်ခေါ်ဆိုယှဉ်ပြိုင်စေခဲ.သောကြောင်.အမှတ်အများဆုံးဖြင်. ဗိုလ်စွဲခဲ.သည်။ ဆုကြေးငွေ ပီဆို တစ်သန်း(ဒေါ်လာ နှစ်သောင်း) လက်ခံရရှိသည်။ ထို.နောက်မှာတော. ချားရိုက်စ်ဟာ TV ဖန်သားပြင်ပေါ်သို.မကြာမကြာရောက်ရှိလာပါတော.သည်။အကအဖွဲ.တွေနောက်ခံထားပြီး သီချင်းတွေအများကြီး သီဆိုခဲ.သည်။တခါတရံ မှာ အရွယ်တူကျောင်းနေဖက်များကို တွေ.ရသောအခါ ချားရိုက်စ်ကျောင်းတက်ချင်စိတ်ပြန်ဝင်မိသည်။သို.သော်ဝါသနာပါရာသီချင်းဆိုခြင်းကိုတော.ဆက်လုပ်မြဲပါ။
LittleBigStarပြိုင်ပွဲတွေမှာယှဉ်ပြိုင်ခဲ.သောချားရိုက်စ်၏အံ.သြဖွယ်ကောင်းလှသည်.အသံနှင်.
အနုပညာပါရမီကိုတွေ.ရှိခဲ.သော သူမ၏ပရိတ်သတ် David Duenas မှ အဆိုပြိုင်ပွဲမှတ်တမ်းများကို youtube ပေါ်သို.တင်ခဲ.သည်။အချိန်တိုလေးအတွင်းမှာပင် ကြည်.ရှုသူပရိတ်သတ်ပေါင်း သန်းကျော်ခဲ.သည်။သည်.နောက်ကိုးရီးယားနာမည်ကျော်Starkingအဖွဲ.မှချားရိုက်စ်ကိုသဘောကျပြီး၂၀၀၇ခုနှစ်
တွင်တောင်ကိုရီးယားနိုင်ငံသို.လာရောက်ဖျော်ဖြေရန်ဖိတ်ကြားခြင်းခံခဲ.ရသည်။ဤဖျော်ဖြေပွဲ၌
ချားရိုက်စ်ဟာပန်းရောင်ဂါဝန်လေးကိုဝတ်ဆင်ပြီး Dreamgirls အဖွဲ.၏ သီချင်း နှစ်ပုဒ်ကို ဖျော်ဖြေခဲ.သည်။ ပရိတ်သတ်များသည် ငယ်ရွယ်သော ချားရိုက်စ်၏ အသံအားကောင်းကောင်းကို လက်ခုပ်သံမစဲ အားပေးသည်။
                                                            Charice and Ellen
                                    
ပရိတ်သတ်သန်းကျော်ရရှိနေသော ချားရိုက်စ်၏ youtube ဗီဒီယိုကို နာမည်ကြီး The Ellen Degeneres
Show မှ ပရိုဂျူဆာ သတိထားမိခဲ.သည်အထိ အောင်မြင်ခဲ.ပါသည်။ ထို.နောက် Ellen မှ ချားရိုက်စ် ကို လာရောက်ဖျော်ဖြေဖို. ဖိတ်ကြားခဲ.၏။ တစ်လခန်.အကြာမှာပင် ချားရိုက်စ်နဲ.သူ. အမေဟာ အမေရိကားကို ပထမ အကြိမ်ရောက်ရှိခဲ.ပါသည်။ ချားရိုက်စ်ဟာ နာမည်ကြီးအဆိုတော် Whitney Houston ၏ I Will Always love you သီချင်းကို သီဆိုဖျော်ဖြေခဲ.ပါသည်။ ပရိတ်သတ်ဟာ သူမရဲ. ပြည်.၀တဲ.အသံပါဝါရဲ. စွဲခေါ်ရာကိုလိုက်ပါစီးမျောခဲ.သည်။ သူမရဲ. ဖိလစ်ပိုင်အပြန်ခရီးမှာတော. နာမည်ကြီး celebrity တစ်ယောက်အနေနဲ. ထင်ပေါ်စပြုလာခဲ.ပါပြီ။
၂၀၀၈ ခုနှစ်မေလမှာ Charice ဟာ Oprah စီစဉ်တဲ. World's Smartest Kids အစီအစဉ်မှာ အဖိတ်ခံခဲ.သည်။ ချားရိုက်စ်ဟာ Whitney Houston ၏ I Have Nothing ဆိုတဲ. သီချင်းနဲ. ပရိတ်သတ်၏ အားပေးမှုကို ရရှိသွားသည်။ နာမည်ကြီး စွယ်စုံထူးချွန်သူ Oprah Winfrey ဟာ "ကောင်မလေး မင်းဘယ်သူလည်း ၊ မင်းအသံက အရမ်းကောင်းတာဘဲ " ဟု အံ.သြောမှင်သက်စွာဘဲ မေးမြန်းခဲ.သည်။
နောက်တစ်ရက်မှာဘဲ Charice နဲ. သူမ မိခင်ဟာ ဖိလပိုင်ကိုပြန်ဖို. လေယဉ်စောင်.နေစဉ်နေဘဲ Oprah မှလေယဉ်ခရီးစဉ်ကို ဖျက်သိမ်းခိုင်းပြီး သူမရဲ.ရုံးခန်းကို ပြန်ခေါ်ခဲ.သည်။ ရုံးခန်းထည်းတွင် ချားရိုက်စ်၏
ကြေကွဲဖွယ် ဘ၀ဇတ်လမ်းကို နားထောင်အပြီးမှာ "မျှော်လင်.ချက်တွေကို မလျှော.ပါနဲ.။ မင်းအတွက်အကောင်းဆုံးပြောင်းလဲမှုဖြစ်စေရမယ် " ဟုဆိုပြီး အားပေးကာ Legendary Music Producer
ဖြစ်သော David Foster နဲ. ချိတ်ဆက်ကူညီပေးခဲ.သည်။
                                                                     Charice and Celine Dion

ချားရိုက်စ်ဟာ David ၏ လူရင်းတစ်ယောက်အနေနဲ. အီတလီ နိုင်ငံ AndreaBocelli၊ Madison Square မှာ သူမ၏ အလေးစားဆုံး အဆိုတော် Celine Dion နဲ. အတူတူ သီဆို တင်ဆက်ခွင်.ရခဲ.သည်။ ချားရိုက်စ်ဟာ မျက်ရည်ကျတဲ.အထိကို ပျှော်ရွှင်ခဲ.ရသည်။ သူမရဲ. အိမ်မက်တွေဟာ တစ်စစနဲ. အရာထင်လာခဲ.ပါပြီ။ တစ်ခြားနာမည်ကြီး အဆိုတော်များဖြစ်သည်. MichealBuble ၊ Josh Groban တို.နှင်.လည်း အတူတူဖျော်ဖြေခွင်.ရခဲ.သည်။ ချားရိုက်စ်ဟာ အမေရိကန် သမ္မတ Barach Obama ၏ တရားဝင်သမ္မတအဆိုသွင်းအကြိုပွဲတွေမှာ သုံးကြိမ်တိုင်တိုင် သီဆိုဖျော်ဖြေခွင်.ရခဲ.သည်။ ၂၀၀၉ ခုနှစ်မှာ Alvin and the Chipmucks: The Squeakquel တွင် ဧည်.သည်သရုပ်ဆောင် အနေဖြင်.ပါဝင်ခဲ.ပါသေးသည်။
ထိပ်တန်းအဆိုတော်တွေသာ ပါဝင်ခွင်.ရသော The Opera Show မှာလဲ ၃ ကြိမ်ထက် မနည်းသီဆိုဖျော်ဖြေခဲ.သည်။ ချားရိုက်စ်၏ Pyramid သီချင်းဟာ Billboard Dance Chart မှာ နံပါတ်တစ်နေရာကို ရောက်ရှိခဲ.သည်။ ၂၀၁၀ ခုနှစ် ဇွန်လမှာတော. ချားရိုက်စ် ဟာ နာမည်ကြီး TVစီးရီးဖြစ်တဲ.Glee ရုပ်ရှင်မှာ Sunshine Corazone နာမည်နဲ. ဖိလပိုင်မှ ကျောင်းလာတတ်သည်.ကျောင်းသူ တစ်ယောက်နေရာမှာ ၀င်ရောက်ပြီး LeaMichele ၏ ဇတ်ကောင် Rachel Berry နှင်. အပြိုင်သရုပ်ဆောင်ခဲ.သည်။
                                                        Charice and  Iyaz

သူမ၏ တေးစီးရီးအယ်လ်ဘမ် ရောင်းအားဟာ US Billboard Hot Chart ၏ နံပါတ် ၈ နေရာမှာ နေရာယူခဲ.ကာ Billboard Top 10 ၀င်သည်. ပထမဆုံး အာရှအဆိုတော်လို. ဂီတသမိုင်းမှာ မှတ်တမ်းသစ်ဝင်ခဲ.သည်အထိအောင်မြင်ခဲ.သည်။
  ချားရိုက်စ်သည် သူမအောင်မြင်သည်.အချိန်မှာဖခင်ကို အရမ်းတောင်းတခဲ.သည်။ ဆိုးသွမ်းပြီး မိသားစုကို ပစ်ထားခဲ.သော အဖေ ဖြစ်ပေမယ်. ဖခင်မေတ္တာငတ်ခဲ.ရသော သမီးဖြစ်သူ ချားရိုက်စ် တစ်ယောက် အဖေ အပါအ၀င် ပျှော်ရွှင်တဲ. မိသားစု ဘ၀လေးကို အမြဲတမ်းမျှော်လင်.ခဲ.သည်။ သို.သော် သူမရဲ. မျှော်လင်.ချက်တွေကို ကံကြမ္မာက ရှင်သန်ခွင်.မပေးခဲ.ပါ။ အကြောင်းမှာ ချားရိုက်စ် စင်္ကာပူ နိုင်ငံတွင်ဖျော်ဖြေနေစဉ်မှာ ဖခင်ဖြစ်သူ တစ်ယောက် ရက်ရက်စက်စက် အသတ်ခံရသည်။ အရက်သောက်ဖော်မိတ်ဆွေနဲ.စကားများရာမှရန်ပွဲဖြစ်ပြီးအသတ်ခံခဲ.ရခြင်းဖြစ်သည်။ကြေကွဲဖွယ်သတင်းကို
တစ်ပါတ်ခန်.အကြာမှချားရိုက်စ်ကြားသိခဲ.ရသည်။မျှော်လင်.ထားသောမိသားစုဘ၀လေးလည်း ဖြစ်လာခွင်.မရတော.ပါ။

                                                         
    ချားရိုက်စ်သည် အောင်မြင်မှုကို အလွယ်တကူနဲ. ရရှိခဲ.တာမဟုတ်ပေ။ အခက်အခဲတွေအများကြီးနဲ. ရင်ဆိုင်ကြုံတွေ.ပြီးမှ အောင်မြင်မှုကို ရရှိခဲ.တာ ဖြစ်ပါတယ်။အောင်မြင်မှုရပြီဆိုတော.လည်း ဖခင်ဖြစ်သူနှင်. ဆုံဆည်းခွင်.မရခဲ.ပေ။


 လေးစားစွာဖြင်   
                                   မောင်မောင်

မှတ်ချက်။      ။  စာပိုဒ်အချို.ကို ကူညီပြီးဘာသာပြန်ပေးသော သူငယ်ချင်း နီနီကို ကျေးဇူးတင်ပါတယ်။





9 comments:

ni ni said...

ငမောင်.. င့ါကို နီနီအားဆိုတာထက်.. နီနီ့ကိုလို့ပြင်ပေးဟာ.. နာ့နမည် အသစ်ရတော့မယ်နင်လုပ်မှ.. :(

မောင်မောင် said...

ဟဟဟ ပြင်လိုက်ပြီနော် နီနီ

ချစ်စံအိမ် said...

ွှTV မှာတော့တွေ့ လိုက်တယ် လာရောက်ထပ်ဖတ်ခဲ့ပါတယ်။။

blackroze said...

အောင်မြင်မှု့တွေရဲ့နောက်မှာ
ဝမ်းနည်းကြေကွဲမှု့တွေရှိတတ်တယ်လေ...

စံပယ်ချို said...

ချားရိုက်စ်ရဲ့ ဘ၀တစိတ်တဒေသလေးကိုလာရောက်ဖတ်ခဲ့ပါတယ်

ဝိ၀ိ said...

ကျွန်တော်သူ့ သီချင်းတွေကြားဖူးနေတာကြားပြီ...
ခုမှသူဘယ်သူလဲဆိုတာ..သိရတာ..

San San Htun said...

Glee မှာ တွေ့ ဖူးတယ်..ခုမှပဲ သေသေချာချာ သိရတော့တယ်..

မဒမ်ကိုး said...

အေးဟ ခုမှသေချာသိရတာ .သူ့ကိုဟိုတလောကတွေ့လိုက်တယ်

ကျေးဇူးအထူးတင်တယ်မောင်မောင်ရေ
တကယ်ပါ

အမကြီး ဒိုးကန်

SML (The Chara Project) said...

ရှရီ လို့ အသံထွက်တယ် ထင်တာ..လည်လည်ရောက်တယ်နော် :)

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။