Saturday 12 November 2011

အသေးအမွှားကိစ္စများဖြင်. ၀မ်းနည်းမလွယ်ပါနဲ.



  လူတိုင်း လူတိုင်း ဘ၀မှ တစ်ကြိမ်ထက်မက ၀မ်းနည်းဖူးကြမှာတော.အမှန်ဘဲ။ သို.သော် တစ်ချို.ချို.သောအကြောင်းအရာများသည် ၀မ်းမနည်းထိုက်သော အရာများ ဖြစ်သည်ကို ဂရုမပြုမိဘဲ ဖြစ်နေကြသည်။ ၀မ်းနည်းဆို သည်မှာ သူတစ်ခုထည်းမဟုတ်ဘဲ  အပေါင်းအပါများပါအဖော်ခေါ်လာတတ်သည်ကို တွေ.ရမည်။ ၀မ်းနည်းမှု ဖြစ်နေသော လူတစ်ယောက်သည် အိပ်ပျက် စားပျက်  အလုပ်အကိုင်ပျက် ပေါင်းသင်းဆက်ဆံမှုတွေ ချို.ယွင်း အစရှိသည်. အမျိုးမျိုးသော ထည်းမှ တစ်ခု မဟုတ် တစ်ခုတော. ဆက်ဖြစ်ကြမှာဘဲ။  ထို.ကြောင်. ၀မ်းနည်းမှုတွေ မဖြစ်ဘဲ နေလို.ရလား။ သာမာန်လူတစ်ယောက်ကတော. ၀မ်းနည်းစရာကြုံရင် ၀မ်းနည်းမှာဘဲ ၀မ်းသာစရာရှိလည်း ၀မ်းသာလိုက်မှာဘဲ။  သတိထားပြီးနေကြည်.ပါက တစ်ချို.သော အကြောင်းအရာများသည် ၀မ်းမနည်းသင်.ဘဲ 
ဝမ်းနည်းနေကြပြီး မိမိစိတ်ကို ညှင်းဆဲ သလို ဖြစ်နေသည်ကိုတွေ.ရမည်။ အလွယ်တစ်ကူ ၀မ်းနည်းမလွယ်ပါနဲ.။ မိမိစိတ်ကို မိမိ သိမည်သာ ဖြစ်သည်။ ထိန်းချူပ် နိုင်အောင် ကြိုးစားကြည်.ပါ။ လွယ်လွယ်နဲ. အရှုံးမပေးပါနဲ.။ အမြဲ ရုန်းကန်နေရသော လူ.ဘ၀ကို တန်ဖိုးရှိစွာဖြင်. ဖြတ်သန်းကြည်.ပါ။ အသေးအမွှားကိစ္စများဖြင်. မိမိစိတ်ကို အပင်ပန်းမခံပါနဲ.။  
                                                                                                      မောင်မောင် (မြစ်ဆုံ)
အောက်မှအချက်အလက်များကို  fwdမေးလ် မှတစ်ဆင်. ပြန်လည်မျှဝေထားခြင်းဖြစ်ပါသည်။
ဒီအချက်အလက်များ ဖြင်. သင်ဝမ်းမနည်းမိပါစေနဲ.။
၁။ အတင်းပြောခံရခြင်းသည် အမြဲသတိရသောကြောင်.ဖြစ်သည်။
၂။ ကဲ.ရဲ.ခံရခြင်းသည် ကောင်းမြတ်သူဟု သတ်မှတ်သောကြောင်. ဖြစ်သည်။
၃။ ဆန်.ကျင်ခံရခြင်းသည် မပြိုင်နိုင်သောကြောင်. ဖြစ်သည်။
၎။ မပေါင်းဖော်လိုခြင်းသည် မနာလိုသောကြောင်. ဖြစ်သည်။
၅။ မနာလိုခြင်းသည် အောင်မြင်သောကြောင်. ဖြစ်သည်။
၆။ မုန်းတီးခံရခြင်းသည် အကြံထမြောက်သောကြောင်. ဖြစ်သည်။
၇။ ခနဲ.ခံရခြင်းသည် ထက်မြက်သောကြောင်. ဖြစ်သည်။
၈။ ဘေးဖယ်ခံရခြင်းသည် လူကြီးလူကောင်းတစ်ဦး ဖြစ်သောကြောင်.ဖြစ်သည်။
၉။ အထင်လွှဲခံရခြင်းသည် အလုပ်များများလုပ်သောကြောင်.ဖြစ်သည်။
၁၀။ နာမည်ဖျက်ကြခြင်းသည် နာမည်ကျော်တစ်ဦး ဖြစ်သောကြောင်.ဖြစ်သည်။
၁၁။ အပြစ်တင်ကြခြင်းသည် သူတစ်ပါးချီးကျူးခံရသောကြောင်. ဖြစ်သည်။
၁၂။ ပြိုင်ဆိုင်ကြခြင်းသည် သင်.ရာထူးမြင်.မားသောကြောင်.ဖြစ်သည်။

 
                                                                                                  fwd mail

6 comments:

လွင်ပြင်လှိုင်းငယ် said...

ဖတ် မှတ် လေ့လာသွားပါတယ်ခင်ဗျာ

စံပယ်ချို said...

အားလုံးက ဟုတ်နေတာတွေပဲ
ဖတ်စရာဆိုတာထက်မှတ်သားစရာဖြစ်ရလို့ကျေးကျေးပါ
မောင်မောင်ရေ
ခင်မင်တဲ့ မကြီးဂျက်(မုန်လာထုပ်)

San Yin Mon said...

You are right. I'm busy with my job & can't think so much in my mind. It will hazard your health.

Anonymous said...

ပုတုဇဉ်ဆိုတော့လည်း
တော်ရုံကိစ္စတွေကို.
မြစ်ဆုံပြောသလို
အချက်တွေနဲ့
နေဖို့၊ထိုင်ဖို့
ခက်သားကွယ့်း)
အစ်မကတော့..အရမ်းဝမ်းနည်းလာရင်
ရှိသမျှပိုက်ဆံ.အကုန်ပြောင်အောင်
မုန့်တွေဝယ်စားပလိုက်တာပဲး)
ပါးစပ်ထဲကို.မုန့်တွေ.တစ်ခုပြီးတစ်ခု
ငိုလိုက်.ထည့်လိုက်နဲ့ပေါ့ကွယ်းP
သောကကင်းဝေးပြီး
ပျော်ရွှင်ပါစေမြစ်ဆုံရေ
ခင်မင်စွာဖြင့်
သမီးစံ

မောင်မောင် said...

thanks ama mishell , jasmine, လွင်ပြင်လှိုင်းငယ်

မေသိမ့်သိမ့် ကျော် said...

ဝမ်းနည်းချင်နေတာတွေ ပျောက်သွားသလိုလိုပဲ။း) ပို့စ်လေးဖတ်ပြီး ကိုယ့်အတွေးတွေနဲ့ကိုယ် အားရှိသွားတယ်။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။