Friday 11 November 2011

ဂျပ်စတင် ကလေးအဖေ ဟုတ်မဟုတ် စစ်ဆေးခံရမည်




ကမ္ဘာကျော် ဆယ်ကျော်သက် ကနေဒါ ပေါ.ပ် အဆိုတော်ဂျပ်စတင်းဘီဘာဟာ ကယ်လီဖိုးနီးယား ပြည်နယ်မှ ဆယ်ကျော်သက်အရွယ် မာရီရပ်ရီစတာအမျိုးသမီး တစ်ဦးနဲ. ပျော်ပါးခဲ.ပြီး ကလေးရနေပါတယ်လို. တရားရုံးမှာ စွပ်စွဲတိုင်တန်းခံနေရပါတယ်။ ဒီစွပ်စဲချက် မှန်မမှန် ဂျပ်စတင်ဘီဘာအနေနဲ. စစ်ဆေးမှုခံယူရလိမ်.မည်လို.ဆိုထားသည်။ ဂျပ်စတင်မှလည်း  ထိုမိန်းကလေးကို အသရေ ဖျက်မှုနဲ.ပြန်လည်တရားစွဲဆိုမယ်လို. ဆိုပါတယ်။  သူတို.နှစ်ဦးမှာ  လွန်ခဲ.သော တစ်နှစ်က လော.စ်အိန်ဂျလိစ်မြို. ကပွဲတစ်ခုမှာ  မှားယွင်းမိခဲ.ကြောင်း မာရီက တရားရုံးမှာပြောဆိုခဲ.ပါတယ်။ 
ဂျပ်စတင်ဟာ  တကယ်.ပါရမီရှင် ပါ။ ကမ္ဘာက သူ.ကိုသိကြပါတယ်။ သူဟာကနေဒါ
နိုင်ငံ အွန်တာရီယိုပြည်နယ် စထရန်းဖို.ဒ်မှာ ကြီးပြင်းခဲ.သူပါ။       အသက် ၁၂ နှစ်အရွယ်    ကတည်းက ဂီတလောကထဲ  ဝင်ရောက်လာသူ ဖြစ်ပါတယ်။  ၂၀၀၉ ခုနှစ်  ဇူလိုင်လမှာတော.    One Time    လို.အမည်ရတဲ. ပထမဆုံး တေးအယ်လ်ဘမ် ထွက်ခဲ.ပါတယ်။ ကနေဒါ နဲ.အမေရိကန်မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ.
ပါတယ်။ နောက်ပိုင်းMyWorldအမည်ရှိတဲ.အယ်လ်ဘမ်သစ်ထွက်ခဲ.ပါတယ်။ဒီတေးအယ်လ်ဘမ်ဟာ ဘေလ်ဘုတ်ရဲ. အရောင်းရဆုံး တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ 
  ဂျပ်စတင်ဟာ လက်ရှိတွင် အမေရိကန် နာမည်ကျော်သရုပ်ဆောင်အဆိုတော်မလေးဆီလီနာမာရီဂိုမက်ဇ် ဖြင်. ချစ်သူ ဖြစ်နေကြပါတယ်။

4 comments:

လွင်ပြင်လှိုင်းငယ် said...

ဖတ်သွားတယ်နော်

ချောကလက်ကျူးပစ်လေး said...

နာမည်ကြီးခြင်းရဲ့ဆိုးကျိုးတွေ

လမင်းငယ် said...

ဖတ်သွားပါတယ်

လမင်းငယ် said...

ဖတ်သွားပါတယ်

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။