Monday 14 November 2011

ကံကောင်းသူ နဲ. လက်ရွေးစင် ဟာသတိုလေးများ


ကံကောင်းသူ

မောင်မြင်.။   ။ ချစ်ရေးချစ်ရာမှာ မစွံတဲ.သူကို ဘယ်လိုခေါ်မလဲ ဦးလေး

ဦးလေး။     ။ ကံကောင်းတဲ. လူပျိုကြီးလို.ခေါ်ရမှာပေါ.ကွ

                   (အပျိုကြီးများ မပါပါ --- :P )


အဖော်ကောင်း

ကိုယ်ဝန်ဆောင်ထားသည်. မိခင်ဖြစ်သူက သူ.သားငယ်အားပြော၏။

မိခင်။    ။သားနဲ. အဖော်ရအောင် ညီလေးလိုချင် သလား ၊ ညီမလေး လိုချင်သလား ၊ မေမေ မွေးပေးမယ်လေ 

သား။    ။ ခွေးကလေး တစ်ကယ် လိုချင်တယ်  မေမေ

  ဘာသာစကား 
ဂျာမဏီနိုင်ငံရောက်ကျောင်းသူ တစ်ဦးသည် ဂျာမန်စကား သိပ်မကျွမ်းချေ။ ရောက်ခါစ နှစ်ပတ်လောက် အသားညှပ်ပေါင်မုန်.သာ စားနေရ၏။ သူစားချင်သော အစားအစာကို ရဖို.မလွယ်၍ ဖြစ်သည်။ 
  နောက်ဆုံးအတွင် အနီးဆုံး ကုန်တိုက်ကြီးသို. သွားသည်။ ကြက်သားဝယ်ချင်သော်လည်း ရောင်းသည်. နေရာကို ရှာမတွေ.ချေ။ အရောင်းဓျေးသည် တစ်ဦးအား မေးသော်လည်း သူ.စကားကို နားမလည်ချေ။ ထို.ကြောင်. ထိုဝန်ထမ်းလေးကို ကြက်ဥအရောင်းကောင်တာသို. တွဲခေါ်သွားပြီး ကြက်ဥ တစ်လုံးကို ကောက်ယူလျက်  အမေ၊ အမေ ဟု ပြောလိုက်သည်။
  ခဏအကြာတွင် ၀န်ထမ်းလေးက ရေခဲရိုက် ကြက်တစ်ကောင် ယူလာ၍ ပေးလေတော.သည်။ 

 မရိုက်ပေါင်ရှင်
ခင်ပွန်း။   ။ မင်းကို ဟိုလူက ရည်းစားစကား လိုက်ပြောတာ ဘာဖြစ်လို. ငြိမ်ခံနေရတာလဲ၊ ပါးဆွဲ ရိုက်လိုက် ပါလား။

ဇနီး။    ။ အိုး----- ဘာဖြစ်လို. ရိုက်ရမှာလဲ ၊ အပျိုလို. အထင်ခံရ နည်းသလား ရှင် ။



စိန်ငှက်ရိုး

ရယ်မောခြင်း ဖြင်.ဘ၀အမောလေးတွေပြေနိုင်ကြပါစေ။

6 comments:

Anonymous said...

မြစ်ဆုံ..
ကံကောင်းသွားတယ်..အပေါ်ဆုံးဟာသ
ထပ်ဖြည့်ပေးလိုက်လို့း))
(မခို့တရို့ပြုံးရင်း)ရယ်သွားတယ်ဟေ့း)
ခင်မင်စွာဖြင့်
သမီးစံ

မေသိမ့်သိမ့် ကျော် said...

ဟေးဟေး။ ရယ်ရတယ်။ အပျိုလို့ အထင်ခံရမနည်းဘူး ခိခိ။ အမောတွေတောင် ပြေသွားတယ်။

စံပယ်ချို said...

ဟုတ်တယ်ထောက်ခံပါတယ်
အပျိုကြီးဆိုတာကံကောင်းခြင်းရဲ့
ဆန့်ကျင်ဖက်ပါပဲ....
မီးမီးဘာမှပြောဝူးနော် အပေါ်ဆုံးကဟာသ
ကြောတာ
ကြောက်တတ်ပါတယ်...
ခင်ခင်မင်မင် jasmine

ချောကလက်ကျူးပစ်လေး said...

အားရပါးရရီးသွားပါတယ်ခင်ဗျားးး..

San San Htun said...

အပျိုးကြီးများ မပါ ဆိုတော့ ဒါလူကို သက်သက် မဲ့...

April said...

မနက်စောစောစီးစီး ရီသွားပါအိ .. အဟိ ရီရတယ် ..

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။