Monday 8 August 2011

facebook အသုံးပြုသူအမျိုးသမီးများ သတိပြုရန်




     ယနေ.ကမ္ဘာတစ်ခုလုံးအသုံးအများဆုံး  လူမှုကွန်ယက်websiteကိုပြပါဆို  facebook ကိုသာ ပြရမည်
ဖြစ်သည်။   တစ်ဦးခြင်းရော အဖွဲ.အစည်းများပါ သတင်းအချက်အလက် နည်းပညာများဖလှယ်ရာတွင်
အလွယ်ကူဆုံး အထိရောက်ဆုံးဟု အများက သတ်မှတ်ပြီး သုံးစွဲနေသည်။ facebook ၏ ကျယ်ပြန်.မှုကလည်းအံ.မခန်းပါဘဲ။  ယနေ. တွင် facebook အသုံးပြုသူ တစ်ကမ္ဘာလုံး သန်း 500 ကျော်သွားပြီ ဟု သိရှိရသည်။
    သုံးစွဲရန် လွယ်ကူခြင်း ၊ game  video  music   စသည်. အပန်းဖြေ  ဖျော်ဖြေရေးများကိုလည်း တစ်နေရာတည်းမှာ အသုံးပြု နိုင်ခြင်း၊ လုပ်ငန်းရှင်များအတွက်လည်း  ကြော်ငြာများအသုံးပြုနိုင်ခြင်း၊ မိတ်ဆွေများရှာဖွေနိုင်ခြင်း၊ လူမှုရေးလုပ်ငန်းများကို စုပေါင်း၍ ပြုလုပ်နိုင်ခြင်း၊ အနုပညာရှင်များ ၊အားကစားသမားများ၊အစရှိသည်.ကျော်ကြားသော  လူပုဂ္ဂိုလ်များသည်လည်း facebook စာမျက်နှာများ ဖွင်.ကာ လူသိများလာအောင်ဆောင်ရွက်လာကြသည်များကိုလည်း တွေ.ရနိုင်ပါသည်။
     စိတ်ဝင် စားစရာများပေါများကာ သုတရသများ ပေးစွမ်းနိုင်သော  ယနေ.အသုံးအများဆုံး လူမှုကွန်ယက်website ဖြစ်သည်. facebook တွင်  ဆိုးကျိုးများ ရှိနေသည်ကို ယနေ.အသုံးပြုသူ လူငယ်များ သတိမပြုမိကြသေးပါဘူး။ နေ.စဉ် facebook တွင် အချိန်ကုန်ကြသည်.သူများလည်း များစွာရှိပါသည်။
   ကျောင်းသား ကျောင်းသူ အများစု facebook ထည်းတွင် အချိန်များစွာ သုံးစွဲနေကြသည်။ စိတ်အပန်းဖြေ
သုံးစွဲနေရာမှတစ်ဆင်.တစ်နေ.မသုံးရလျှင်မနေနိုင်သည်.အဆင်.ထိရောက်ရှိလာကြသည်ကိုလည်း တွေ.မြင်
ကြရသည်။
 

     မိမိတို.၏ သတင်းအချက်အလက်များ ဓါတ်ပုံများကိုလည်း မိမိတို.၏ ဖေ.ဘုတ် စာမျက်နှာတွင် ယုံကြည်
စိတ်ချစွာဖြင်. တင်ထားကြသည်။ ထိုအချက်အလက်များကို  လွယ်ကူစွာ ယူငင်နိုင်ကြသည်ကို မသိကြသေး
သော အသုံးပြုသူများ များစွာပင်ရှိသည်။
    Hnin only shares some profile information with everyone. If you know Hnin, add her as a friend or send her a message.

     ထိုကဲ.သို. အနည်းငယ်သော ကာကွယ်မှုများကလည်း မလုံလောက်ပါဘူး။  
 BBC သတင်းတစ်ခုတွင်  ကွန်ပျူတာ ဟတ်ကာ တစ်ဦးမှ   facebook အသုံးပြုသူ ၁.၅ သန်း၏  အီးမေးလ်
လိပ်စာ၊ စကားဝှက် စသည်. အသေးစိတ်အချက်အလက်များကို ခိုးယူ ရောင်းချသွားမည်ဟု ဆိုကာသတိ
ပေးထားသည်။ 
    ထို.အပြင်  facebook တွင်  လူကြိုက်များသော ဂိမ်းများဖြစ်ကြသည်. FarmVille, Texas HoldEm Poker, FrontierVille စသည်. ဂိမ်းများသည် အချက်အလက်များကိုပေါက်ကြားစေနိုင်သည်ဟု သိရှိရသည်။
FarmVille  ဂိမ်းသည် အသုံးပြုသူ သန်း၈၀  ခန်.ရှိသည်ဟု သိရသည်။
    ထို.ကဲ. သို.သော facebook applications များကပါ  မလုံခြုံကြောင်း  facebook ကပါဝန်ခံထားပြီး
အသုံးပြုသူများအားလည်း  သတိပေးထားသည်။
     နည်းပညာများတိုးတက်လာသည်. ဒီခေတ်ကြီးတွင် ကောင်းကျိုးနှင်. အတူဆိုးကျိုးများလည်းဒွန်တွဲ
လျက်ရှိသည်ကို သတိပြုမိရန်လိုအပ်သည်။ အထူးသဖြင်. အမျိုးသမီးများ  မိမိတို.၏ ကိုယ်ရေးအချက်အ
လက်များ ဓါတ်ပုံများကို မလိုလားအပ်သောနေရာများတွင် အသုံးပြုခြင်းခံရပါက များစွာနှစ်နာမည် ဖြစ်
ပြီး   အရှက်တကွဲ ဖြစ်ရကာ  လူမှုအသိုင်းအဝိုင်းသို. မဝင်ဆန်.နိုင်အောင် ဖြစ်သွားပေလိမ်.မည်။
     ထို.သို. မဖြစ်အောင်  မိတ်ဆွေများကိုသေချာစီစစ်၍ လက်ခံခြင်း၊ အနည်းငယ်သော အချက်အလက်
များသာတင်ထားခြင်း၊ မိမိ၏ဓါတ်ပုံများကိုprofileပုံလောက်သာတင်ထားခြင်း၊Group chat များ မိမိကို add
လုပ်ထားပါက ထို group၏ ရည်ရွယ်ချက် သိရှိထားကာ မလိုလားအပ်ပါက leave group ပြုလုပ်ခြင်း၊
tag ပေးလာသည်.ဓါတ်ပုံများ ဗီဒီယို ဖိုင်များကိုလည်း  သေချာစီစစ်၍ လက်ခံကာ မသင်.လျော်ပါက  removetag ပေးဖို.လိုအပ်ပါတယ်။ရှုပ်ထွေးလှတဲ.အွန်းလိုင်းပေါ်မှာ ဖြစ်ပေါ်လာတဲ.ပြဿနာများကို
ဖြေရှင်းပေးနိုင်ဖို.ဆိုတာ မလွယ်သေးပါဘူး။နည်းပညာကို စနစ်တကျသုံးစွဲ တတ်ကြဖို.လိုအပ်ပါသည်။


                                                                                     လေးစားစွာဖြင်.(မောင်မောင်)

  


    

1 comments:

mstint said...

အများအတွက် အခုလို ရှင်းလင်းပြထားတာလေး ကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။