Monday 8 August 2011

ဘုရားရှိခိုးရကျိုး (၁၇)မျိုး




စေတီအတူ , စိတ်မူတည်ကြည်,  ရောက်မည်နတ်ရွာ,သစ္စာသိလွယ် , မြတ်နွယ်အမျိုး,  ရိုကျိုးခံရ, ပြည့်ဝအင်္ဂါ , ဆင်းလှစွာဖြင့်,
ကာယာ ,ခံတွင်း,  ကြိုင်သင်းမွှေးကြူ,ကြီးမူပညာ , နက်စွာ ,ထက် , ရွှင်,လျင်မြန်, ဆန်းကြယ်, ကောင်းကြွယ်စကား,ဆိုနိုင်ငြားသည် , ရှိခိုးရခြင်း အကျိုးတည်း။

၁။ စိတ်တည်ကြည် ငြိမ်သက်ခြင်း၊
၂။ နတ်ပြည်သို့ ရောက်ရခြင်း
၃။ သစ္စာလေးပါးတရားကို လွယ်ကူစွာ သိမြင်ရခြင်း
 ၄။ မြင့်မြတ်သော အထက်တန်းကျသော အမျိုးတွင် လူဖြစ်ရခြင်း၊
၅။ အများရဲ့ အရိုအသေပေးမှုကို ခံရခြင်း၊
၆။ ကိုယ်လက်အင်္ဂါ ပြည့်စုံစွာမွေးဖွားခြင်း၊
၇။ ရုပ်ရည်ချောမောခြင်း
၈။ ခန္ဓာကိုယ်နံ့ မွေးကြိုင်သင်းပျံ့ခြင်း၊
၉။ ပါးစပ်(ခံတွင်း)နံ့ မွေးကြိုင်သင်းပျံ့ခြင်း
၁၀။ဥာဏ်ပညာ ကြီးမာခြင်း၊
၁၁။ နက်နဲစူးရှသော အတွေးအမြင် ပညာဥာဏ်ရှိခြင်း၊
၁၂။ ဥာဏ်ထက် ဥာဏ်ကောင်းခြင်း၊
၁၃။ ဟာသဥာဏ်ပညာရှိခြင်း၊
၁၄။ လျင်မြန်သော ဥာဏ်ပညာရှိခြင်း၊
၁၅။ ဆန်းကျယ်သော ဥာဏ်ပညာရှိခြင်း၊
၁၆။ ကောင်းသောစကားကို ပြောနိုင်ခြင်း၊
၁၇။ စကားပရိယာယ်ကြွယ်ဝခြင်း။


 အားလုံးသိရှိစေရန်အလို.ငှာ   ပြန်လည် မျှဝေထားချင်း ဖြစ်ပါတယ်။


  

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။