မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည်.အခါ
တိမ်များကိုမြင်နေရပါသည်။
အလွန်ဝေးကွာသည်.အရပ်သို.ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည်.အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို. စိတ်ရောက်သွားသည်.အခါ
နှင်းဆီရနံ.ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည် အထိ
မှတ်မိကျွမ်းဝင်သွားစေမည်အရာမှာ
(ငါ.)ချစ်သူသာ ဖြစ်ပါ၏။ ။
ဆရာ မောင်စိန်ဝင်း-ပုတီးကုန်း
1 comments:
ဒီကဗျာပေါ်စအချိန် jas တော်တော်ငယ်ပါသေးတယ်
ဒါပေမယ့် ကဗျာကိုခံစားလို့ရခဲ့တယ်....
ဒါကြောင့်အိမ်မှာ မေမေရဲ့ ဆူပူခြင်းကိုလဲခံခဲ့ရတယ်...
ခုဖတ်ကြည့်မိတော့ ဘာမှမဟုတ်တဲ့ ငယ်ဘ၀ကိုလွမ်းမိသေးတယ်။
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။