Saturday 18 June 2011

သေမင်း၏ရယ်မောခြင်း




၁။ သူနိုင်ငါနိုင်၊ အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ် သေမင်းဘေးက ရယ်သတည်း.....။
၂။ သူပိုင်ငါပိုင်၊ အနိုင်ခုသွင်း၊ လုယက်ငြင်းစဉ် သေမင်းဘေးက ရယ်သတည်း.....။
၃။ သူ့ဟာငါ့ဟာ၊ တဏှာမကင်း၊ ရမ္မက်ပြင်းစဉ် သေမင်းဘေးက ရယ်သတည်း.....။
၎။ သူချောငါချော၊ တသသနှင့်၊ ရူပါရုပ်ဆင်း၊ ပြုပြင်ခြင်းကို သေမင်းဘေးက ရယ်သတည်း.....။
၅။ လွှမ်းခြုံအာဏာ၊ ရာဇသေဋ္ဌ်နင်း၊ တန်ခိုးပြင်းစဉ် သေမင်းဘေးက ရယ်သတည်း.....။
၆။ ရွှေငွေမြဖန်၊ ပိုလျှံဖြည့်တင်း၊ ဋ္ဌေးကြွယ်ခြင်းကို သေမင်းဘေးက ရယ်သတည်း.....။
၇။ ဆယ်စီးဆင်ပြောင်၊ အားမာန်ဆောင်၍ မာန်ထောင်ကြီးလှ ကိုဗလအား သေမင်းဘေးက ရယ်သတည်း.။
၈။ ခြွေရံပေါများ၊ ငါတကားဟု၊ ထောင်လွှားတက်ကြွ၊ ကိုယသအား သေမင်းဘေးက ရယ်သတည်း.....။
၉။ လက်နက်ပိုင်ရှင်၊ ငါသခင်ဟု၊ ငါ့ပြင်မရှိ၊ ကြီးဘိမာန၊ ကိုအတ္တအား သေမင်းဘေးက ရယ်သတည်း...။
၁၀။ ရှင်သေမင်းကား အလျင်းမလတ်၊
      မခတ်မျက်တောင်၊ ကြောင်ကြောင်တည့်တည့်၊
      ကြည့်ကာကြည့်ကာ၊ နေချေပါပေါ့၊
      မရဏာမင်းမြတ်၊ အရယ်ရပ်ဖို့
      စိတ်ဓာတ်တက်ကြွ၊ မာန်မထဘဲ၊
      လောဘ ဒေါသ၊ မောဟသုံးဟိတ်၊
      ကိုယ်မှာဆိတ်အောင် ကွပ်နှိပ်ဆုံးမရာသတည်း....။

      ရွှေထီးဣန္ဒရာ

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။