Thursday 17 February 2011

ရောဂါဘယနှင်. အကြမ်းဖက်မှုများကြောင်.သေဆုံးရသူဦးရေထက် အရက်ကြောင်.သေဆုံးရသူပိုများ

                                           
ကမ္ဘာပေါ်တွင် နှစ်စဉ်သေဆုံးကြရသော လူဦးရေ၏ လေးရာခိုင်နှုန်းသည် အရက်သေစာ သောက်သုံး သူများဖြစ်ကြောင်း ကမ္ဘာ.ကျန်းမာရေးအဖွဲ.ကြီးက ဖေဖော်ဝါရီ ၁၁ရက်တွင် ပြောကြားခဲ.သည်။ 
   ခုခံအားကျဆင်းမှုရောဂါ၊ အဆုတ်ရောဂါနှင်. အကြမ်းဖက်တိုက်ခိုက်မှု များကြောင်. သေဆုံးရသူအရေအတွက်ထက် အရက်သေစာကြောင်. သေဆုံးရသူဦးရေက ပိုမိုများပြားကြောင်း (WHO)
က ဆိုခဲ.သည်။
     အိန္ဒိယနှင်. တောင်အာဖရိက အပါအဝင် လူဦးရေများပြားသော အာဖရိကနှင်. အာရှနိုင်ငံများ ၌ လူတစ်ဦးချင်းဝင်ငွေ မြင်.တက်လာသည်နှင်.အမျှ အရက်သေစာ သောက်သုံးမှုနှုန်းမှာလည်း မြင်.တက်လာသည်ဟု ဆိုသည်။
   အလားတူ ဖွံ.ဖြိုးပြီးနိုင်ငံများ၌လည် အရက်သေစာ အလွန်အကျွံသောက်သုံးမှုမှာ ပြဿနာ တစ်ရပ် ဖြစ်လာကြောင်း (WHO)၏ အဆိုအရ သိရပါတယ်။

 အရက်သေစာ သောက်စားမှုကြောင်. အလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်ပြီး လူသေဆုံးမှုနှုန်း မြင်.မားနေသော်လည်း ကမ္ဘာ.နိုင်ငံအများစု၏ အရက်သေစာထိန်းချုပ်မှု မူဝါဒများသည် ထိရောက်မှုမရှိသကဲ.သို. အစိုးရအဖွဲ.များ၏ ဦးစားပေးသော မူဝါဒများတွင်လည်း ပါဝင်မှု မရှိသေးကြောင်းသိရသည်။ 
  (WHO)က ထုတ်ပြန်သော အရက်နှင်. ကျန်းမာရေးဆိုင်ရာ ကမ္ဘာ.ကိန်းညွှန်းအစီအရ ကမ္ဘာပေါ်တွင် နှစ်စဉ် အရက်သေစာသောက်သုံးမှုနှင်. ဆက်နွှယ်သော ရောဂါဘယများကြောင်. ခန်.မှန်းခြေ လူ ၂.၅ သန်းသေဆုံးကြရကြောင်း ဖော်ပြထားပါတယ်။


  အရက်သေစာကို ဘေးဖြစ်စေသည်အထိ သောက်သုံးမှုသည် အထူးသဖြင်. လူငယ်များ၏ ရှေ.ရေးကို ဆိုးကျိုးသက်ရောက်စေကြောင်း၊ အသက်(၁၅) နှစ်နှင်. (၅၉) နှစ်အကြားရှိသော လူများ သေဆုံးမှုတွင် အရက်သေစာ သောက်သုံးခြင်းသည် အခြေခံအကြောင်းတရား တစ်ရပ် အဖြစ်ပါဝင် နေကြောင်း (WHO) ၏ အစီရင်ခံစာ၌ ဖော်ပြခဲ.ပါတယ်။

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။