ပန်းပန်လျက်ပဲ
ညိုပြာပြာ၊ လတာပြင်. ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော။ မျောစုန်လို. လာ။
အဆင်းနဲ. အလာ၊ ဗေဒါမ အတွေး။
အုန်းလက်ကြွေ သူ.နံဘေး၊ ဆောင်.ခဲ.ရသေး။
ဆောင်.ခဲ.လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ. ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန် ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို.လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တစ်ပင်ထဲ(တည်း)။
အယက် အကန်ခံလို.
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက် ပဲ။
ဤကဗျာလေးကို ဆရာဇော်ဂျီသည်
ဖျာပုံကို သဘောင်္နဲ့ အပြန် တွေ့ရတဲ့ ချောင်းထဲ မြောင်းထဲ ကနေ မြစ်ထဲကို စုန်လာ ဆန်လာတဲ့ ဗေဒါ တွေရဲ့ သတ္တိကို သတိ မူမိပြီး လူ့ ဘဝနဲ့ ယှည်တဲ့ အတွေးနဲ့ ရေးဖွဲ.ခဲ.တာ ဖြစ်ပါတယ်။
0 comments:
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။