Wednesday 25 July 2012

ထူးခြားသော လက်ဖက်ရည်ပွဲ(သို.) မှတ်စု(၂)

    ရုရှားမျိုးများသည်ခန္ဓာကိုယ်ထွားကြိုင်းသော  လူမျိုးများထည်းတွင်ပါဝင်လေ၏။ ကျွန်တော်တို.အာရှဘက်မှ အသက် ၂၂ ကျော်မာစတာတန်းကျောင်းသူကျောင်းသားများသည် သူတို.နိုင်ငံကအထက်တန်းကျောင်းပြီးခါစ ၁၆ နှစ်ကျော် တက္ကသိုလ်တန်းစတက်မည်.သူများထက် ခန္ဓာကိုယ်အချိုးအစားသေးငယ်ကွာခြားလေသည်။ဥပမာမာစတာတန်းဆေးလိပ်သောက်တတ်သည်.ကျောင်းသား တစ်ဦးလမ်းဘေးမီနီစတိုးဆိုင် တစ်ခုမှာဆေးလိပ်သွားရောက်ဝယ်ယူသည်.အခါ ဆိုင်ရှင်များကမရောင်းပါ။ ဆိုင်ရှင်များမှကလေးတွေကိုဆေးလိပ်မရောင်းဘူးလို.ဆိုပါသည်။စိတ်တိုတိုနဲ.ကျွန်တော်ကလေးမဟုတ်ဘူး
မာစတာတန်းကျောင်းသားတစ်ယောက်ပါ။ဒီမှာကြည်.ကျွန်တော်.ပါတ်စပို.ဟုဆိုကာထုတ်ပြတော.မှသာ
အံသြသောမျက်နှာဖြင်.ဆေးလိပ်ရောင်းပါတော.သည်။သူတို.နိုင်ငံတွင်အသက်(၁၆)နှစ်ကျော်မှဆေးလိပ်၊
အရက်ဝယ်ခွင်.ရှိပါသည်။ဒီလိုဥပဒေမျိုးကျွန်တော်တို.နိုင်ငံမှာလည်းပြဒါန်းသင်.သည်၊လိုအပ်သည်ဟုထင်မိသည်။

   သူတို.လူမျိုးတွေဘာကြောင်.ခန္ဓာကိုယ် ထွားကြိုင်းနေရခြင်းကို ယခင်ကကျွန်တော်ကောင်းစွာ မသိခဲ.ပေ။ရေခံမြေခံကွာခြားခြင်းကြောင်.လားဟုတွေးတောမိသည်။အမှန်တော.သူတို.တွေနေစဉ်စားသောက်
နေကြသောအစားအသောက်များကြောင်.ဖြစ်သည်။တစ်ခြားသောအကြောင်းများနှင်.လည်းဆိုင်နိုင်ပေမယ်.
အစားအသောက်ကအဓိကဟုထင်ပါသည်။အာလူး၊ပဲမျိုးစုံ၊ဂျုံနှင်.လုပ်ထား သောအစားအစာများ၊ဆန်၊ကြက်ဥ၊
 ထောပတ်၊ဒိန်ခဲ၊နို.၊မလိုင်၊အသားမျိုးစုံအစရှိသည်.အစားအစာတွေက နေ.စဉ်အစားအသောက်တွေထည်းမှာ တစ်မျိုးမဟုတ် တစ်မျိုးပါဝင်လေတော. သူတို.မျိုးဆက်တွေ မထွားဘဲနေနိုင်အုန်းမည်လော။ဒါ.ပြင် ကလေးငယ်တွေကိုဂရုတစိုက်နဲ.ကျွေးမွေးတဲ.နေရာမှာလည်းအရမ်းကိုစနစ်ကျလွန်းလှပါသည်။ဒါတွေဟာ
အတုယူသင်.တဲ.အချက်တွေပါ။   
 စွပ်လို.ခေါ်သည်. အသားပြုတ်ဟင်းချို(အားလူး၊ ခရမ်းသီး၊ နံနံပင်) ထည်.တတ်သည်။
                  ဘေါ.ရှ် လို.ခေါ်သည်. ရုရှားအချဉ်ဟင်းရည် အသီးအနှံများအသားများပါဝင်သည်။
 
 ထူးခြားတာလေးကတော.လက်ဖက်ရည်ပွဲပါဘဲ။မြန်မာနိုင်ငံမှာလိုဓါတ်ဘူးတွေနဲ.မထည်.ထားဘူး။ သောက်မည်.
ခွက်တွေထည်းမှာလက်ဖက်ခြောက်အစိမ်းနဲ.အနက် နှစ်မျိုးထည်းမှ နှစ်သက်ရာတစ်မျိုးကိုအနည်းငယ်ထည်.
ထားပြီးရေးနွေးထည်.ပါသည်။ပြီးလျှင်သကြားကိုစိတ်ကြိုက်ထည်.နိုင်ပါသည်။အနံ.အတွက်အရွက်တစ်မျိုးကို
ထည်.ထားသေးသည်။ရေနွေကြမ်း(လက်ဖက်ရည်)ထည်းကိုသကြားနှင်.တစ်ခြားအရွက်တစ်မျိုးထည်.သောက်တာ
ဒီရောက်မှသာမြင်ဖူးပါသည်။မနက်စာမှာမုန်.နှစ်မျိုးသုံးမျိုးခန်.နှင်.တစ်ကြိမ်သောက်သည်။နေ.လည်စားပြီးသည်.
အချိန်တွင်တစ်ကြိမ်သောက်သည်။ညစာစားပြီးသည်.အချိန်တွင်တစ်ကြိမ်သောက်ပြန်သည်။စုစုပေါင်းသုံးကြိမ်
သောက်ကြသည်။သောက်ဖူးအောင်ဆိုပြီးလက်ဖက်ရည်အစိမ်းကောအနက်ပါ နှစ်မျိုးလုံးသောက်ခဲ.ပါသည်။
အရသာ မခွဲခြားတတ်လို.လားမသိ အတူတူဘဲလို. ထင်မိပါသည်။ သကြားထည်.ပြီးတော.မသောက်ခဲ.ပါ။
 ပထမရက်မှာညစာစားပြီးလက်ဖက်ရည်ပွဲသောက်တော.ညအိပ်လို.မပျော်ဘဲမျက်လုံးကြောင်နေသောကြောင်.  
  နောက်နေ.တွေမှာ ညပိုင်းလက်ဖက်ရည်ပွဲကိုရှောင်လိုက်တော.သည်။
                         စတော်ဘယ်ရီသီးနဲ. ခပ်ဆင်ဆင်ရှိသည်. မာလီးနီ အသီးများ
                                          (  ယိုထိုးထားသည်. မာလီးနီ            )

  လက်ဖက်ရည်ပွဲတွင် ခြံထွက် သီးနှံများဖြစ်သည်. စတော်ဘယ်ရီသီး၊ မာလီးနီ(ရုရှားအခေါ်) စသည်.အသီးတွေကိုယိုထိုးထားပြီးအချိုတည်းပါသည်။ဒါ.အပြင်ဆရာမအမေကိုယ်တိုင်ဖုတ်ထားသောကွတ်ကီးများ၊ ကိတ်များဖြင်.လည်း လက်ဖက်ရည်ပွဲကိုအားဖြည်.ထားသည်။အကျွေးအမွေးဧည်.ခံတာ ကောင်းလွန်းသော
ကြောင်. သူငယ်ချင်းက တစ်ပါတ်ထက်ပိုပြီး နေချင်သေးသည်။ တစ်ယောက်တည်းသော သူကို လွမ်းနေသော မောင်မောင်အဖို.အတွက်တော.  သကြားမင်း အစားအစာချကျွေးပါမူ  အင်တာနက်မရှိ ၊ ဖုန်းလိုင်း မမိတမိသော ထိုအပန်းဖြေရွာငယ်လေးမှာ  လေးငါးရက်ခန်.အချိန်ကိုဘဲ  လေးငါး နှစ်ခန်.ကြာခဲ.
သည်ဟုထင်မိသည်။နောက်ဆုံးမှာတော.တပည်.အခြေအနေကိုသိနေသောဆရာမ မှ မနေသာတော.ဘဲ 
 မော်စကိုမြို.ကို ကိုယ်တိုင်လိုက်ပို.ပေးပါသည်။
ဆရာမ အမေ ကိုယ်တိုင်လုပ်ထားသော ကွတ်ကီးနှင်. အနံအရွက်ထည်.ထားသည်လက်ဖက်ရည်ခွက်
            

21 comments:

မိုးသက် said...

ဟဟ..လစ်တယ်နော်..အစ်ကို.. ကောင်းလိုက်တာ.။
ဝမ်းရေးထက် လွမ်းရေးခက်တယ်ပေါ့လေ..။

ချစ်စံအိမ် said...

လာရောက်ဖတ်သွားပါတယ် မောင်မောင်ရေ
..

လွင်ပြင်လှိုင်းငယ် said...

မြင်ရတာ စားချင်စရာလေးတွေ မောင်မောင်ရေ ။

စံပယ်ချို said...

မောင်မောင်ရေးတာတွေဖတ်ရပြီး
သူတို့အစားအစာကိုစိတ်ဝင်စားမိတယ် မြည်းစမ်းချင်တယ်
စားဖူးတယ်ရှိရအောင်လေ

AH said...

ကျေးလက်ဒေသရဲ့ ရိုးရာ အစားအသောက်လေးတွေ ထိတွေ့ခွင့်ရတဲ့ အတွက် ကျေးဇူးပါ နောင်တော်.. :P

မဒမ်ကိုး said...

မောင်မောင်ရေ အဲနီနီသီးလေးတွေက မေမြို့မှာဆိုရင်တော့ပိုးဇာသီးလို့ခေါ်တယ်
စလုံးမှာတော့ Resparrbarries လို့ခေါ်တယ် အမပေါင်းတာမှားကောင်းမှားနေနိုင်တယ် .တော်တော်ဈေးကြီးတယ် ဒီမှာတော့. အမေလဲ အမပို့သမျှရေနွေးကြမ်းထုတ်တွေမျက်လုံးကြောင်လို့တဲကမသောက်ဖူးတော် အေးရော .း))

ချစ်ခင်လျှက်

အမဂျာရစ်

မောင်မောင် said...

အစ်ကိုလွင်ပြင်နဲ. အစ်မဂျက်တို. စားချင်တယ်ဆိုရင် စားသာစားသွားပါ အားမနာနဲ. :DDD
အစ်မ မဒမ်ကိုးကိုလည်း မသိတာတွေကို ရှင်းပြပေးသွားတဲ.အတွက်ကျေးဇူးတင်ပါတယ်။
မေမြို.မိုး အစ်မချစ်စံအိမ် အစ်ကိုAH တို.အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

yu lay said...

ယုလေးလဲ လိုက်ချင်လိုက်တာ ... :)

Anonymous said...

နောက်တစ်ခေါက်ဆို..
ယောင်းမလေးကိုခေါ်သွားလိုက်ပါဟယ်း))

Q-te said...

အဟမ်း အဟမ်း
အိမ် မရှိရင် နေပေ့စေ
တိုင်တတိုင်ရှိရင် ရဒယ်
အဲ့တိုင်ကလည်း အင်တာနက်တိုင်ဖြစ်ရမယ် :DDDD
ကိုယ့် ခံယူချက် ပြောပါ ဒယ် :PPPP

Q-te said...

ကွန်မန်း ပျောက်သွား သလား ခင်ည :((

zp said...

မောင်မောင် လာဖတ်တယ်နော်။ဟိဟိ ဒီမှာဆိုရင် ၁၈ နှစ်မှ ဆေးလိပ်ဝယ်လို့ရတယ်။ကျနော့်သူငယ်ချင်းလည်း အသက်က ၂၁နှစ် လူက ၁၀နှစ်လောက်ဆိုတော့ ဟိုတခါ မှတ်ပုံတင်ပြရတယ်။

Angelhlaing(May everybody be happy and healthy! said...

ကွတ်ကီးလေးက စားချင်စဖွယ်လေး...မြည်းလို့ရလား ဟင် မောင်မောင် ..:P:P

မောင်မောင် said...

ယောင်းမလေးကိုခေါ်သွားလိုက်ဆိုတာ အစ်မစံဖြစ်မယ် ဟာဟာ သိနေတယ်နော်။ ကွန်မန်းပေါ်ပါတယ်ခင်ဗျာ အစ်မတော်။ အင်တာနက်တော. မရှိမဖြစ်ပေါ.နော် ဟာဟာ လွတ်လို.မရဘူးနော်။ ကို ဇတ်ပီရေ အဲ.မှာလည်း အဲလိုဘဲလား ဗဟုသုတပေါ.နော်။

မောင်မောင် said...

စိတ်ကြိုက်မြည်းပါ အစ်မ အိန်ဂျယ် ဟဲဟဲ ကောင်းတယ်ဆိုပါဆယ်ပါထုတ်သွား--- :DD

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ပတ်စ်ပို့ ထုတ်ပြမှ ဆေးလိပ်ရောင်းတယ်ဆိုတော့ ၁၆နှစ်ထက် နုနေတဲ့ သဘောပေါ့နော်။ :D

ဟုတ်တယ်။ သူတို့တွေ လူကောင် သိပ်ထွားကြတယ် ..

ခင်မင်စွာဖြင့်
မြတ်

3rdthameetaw said...

သူတို့ဆီက စည်းကမ်းလေးကိုလူတော်တော်များမျာသိအောင်
ချပြနိုင်ရင်သိတ်ကောင်းမယ်နော် ကလေးတွှေကိုဆေးလိပ် အရက်မရောင်းတာ တော်တော်ကောင်းတဲ့ ဥပဒေပဲ
အမှန် ကတော့ ရောင်းတဲ့သူတွေ က ပိုအရေးပါတာ
လက်ဖက်ရည်ဝိုင်းလေးထဲ့ကို မဖိတ်မခေါ်ပဲ အရောက်လာမိ
ခဲ့ပါတယ်ရှင်

မောင်မောင် said...

ဟုတ်ပ အစ်မမြတ်ပြောတာ မောင်မောင်တို.ကနုကြတယ်လေ ဟဲ။ အစ်မ တတိယမြောက် ရေ ကျွန်တော်တို.အားလုံး ကောင်းတဲ.အချက်လေးတွေအတုယူသင်.တယ်နော်။

နွေတေးရှင် (မင်းဧရာ) said...

ဟုတ်တယ် အကို...
ကျွန်တော်တို့ဆီမှာလည်း အဲသည်လို စည်းကမ်းလေးရှိရင် သိပ်ကောင်းမှာဘဲဗျာ....။

အခုတော့ ဈေးဝယ်သူကလည်း ကိုယ်လိုတာရရင်ပြီးရော
ဈေးရောင်းသူကလည်း ကိုယ်အမြတ်ရရင်ပြီးရော
ထိုထိုသော သဘောတွေနဲ့ ကျုပ်တို့ပြည်ကြီးလည်း မျေားနေပါပြီဗျာ။

blackroze said...

အနီရောင်အသီးလေးကိုစားချင်လိုက်တာ
အော်..မောင်မောင်ကလည်း
အလွမ်းကိုပိုဦးစားပေးတယ်ဆိုပါတော့လေ...

မောင်မောင် said...

ဟာဟာ ဟုတ်ပ အစ်မရေ အလွမ်းသမားလေးဖြစ်နေတယ်

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။