Sunday 17 June 2012

ကမ္ဘာ.ပညာတတ်အများဆုံး ၁၀ နိုင်ငံ



 မောက္ခပညာရေးမဂ္ဂဇင်းဆိုက်လေးမှာ ဖော်ပြထားတာလေးကိုအားလုံးသိစေချင်လို. ပြန်လည်ကူးယူဝေမျှလိုက်တာပါ...

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။

၁၀။ ဖင်လန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (၁၉၉၉-၂၀၀၉) ၁.၈ ရာခိုင်နှုန်း ( တတိယ အနိမ့်ဆုံး)
တဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဒေါ်လာ ၃၆ ၅၈၅ ( အမြင့်ဆုံး အမှတ်စဉ် ၁၄)
လူဦရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၃.၁၅ ရာခိုင်နှုန်း ( အနိမ့်ဆုံး အမှတ် ၁၀)
ဖင်လန်နိုင်ငံသည် အခြားသော OECD နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေးငယ်သောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ တနှစ်လျင် ၁.၈ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ ဖင်လန်နိုင်ငံတွင် လူမှုရေးသိပ္ပံ၊ စီးပွားရေးဘာသာရပ်နှင့် ဥပဒေတို့မှာ လူကြိုက်မများသော ဘာသာရပ်များဖြစ်ပြီး၊ ကောလိပ်ကျောင်းသား အများစုမှာ အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ရေးဆိုင်ရာ ဘာသာရပ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဘာသာရပ်တို့မှာ လူကြိုက်များသော ဘာသာရပ်များဖြစ်သည်။

၉။ ၾသစေၾတလ်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)း ၃.၃ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၁)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၀၇၁၉ ( အမြင့်ဆုံးအဆင့် ၆)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၁၄.၆၃ ( တတိယ အမြင့်ဆုံး)
သြစတြေလျ၏ လူဦးရေတိုးတက်နှုန်းမှာ သက္ကရာဇ် ၂၀၀၀-၂၀၀၉ အတွင်း ၁၄.၆၃ ရခိုင်နှုန်းရှိသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် လူဦးရေ တိုးတက်မှုနှုန်း တတိယ အမြင့်ဆုံးဖြစ်သည်။ သြစတြေလျနိုင်ငံသည် ပြည်သူ့ဘဏ္ဍာငွေအား ပညာရေးကဏ္ဍ၌ အသုံးပြုမှုမှာ OECD နိုင်ငံများအတွင်း အနိမ့်ဆုံးအဆင့် ၆ တွင်ရှိသည်။

၈။ ဗြိတိန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း ၄.၀ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၉ တွင်ရှိသည်)
တဦးချင်းပြည်တွင်း အသားတင်ထုတ်ကုန် ဒေါ်လာ ၃၅ ၅၀၄ (အမြင့်ဆုံးအဆင့် ၁၆)
လူဦးရေ အပြောင်းအလဲ (၂၀၀၀-၂၀၀၉)း ၃.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၃)
အခြားသော OECD အဖွဲ့ဝင်နိုင်ငံများနှင့် မတူဘဲ အင်္ဂလန်နိုင်ငံ၏ ပညာတတ်လူဦးရေ တိုးတက်မှုမှာ သက္ကရာဇ် ၁၉၉၉-၂၀၀၉ အတွင်း ၄ ရာခိုင်နှုန်းအထိ ရှိသည်။ အင်္ဂလန်နိုင်ငံသည် ပြည်သူ့ဘဏ္ဍာ ကိုပညာရေး၌ အသုံးပြုမှုမှာ OECD အဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့် ၄ တွင်ရှိသည်။
၇။ နော်ဝေ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် ၅၆၆၁၇ ဒေါ်လာ (ဒုတိယ အမြင့်ဆုံး)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၇.၅၂ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၁၄)
နော်ဝေနိုင်ငံသည် ပြည်သူ့ဘဏ္ဍာကို ပညာရေးကဏ္ဍ၌ အသုံးပြုရာတွင် တတိယ အများဆုံးနိုင်ငံဖြစ်သည်။ ဂျီဒီပီ၏ ၇.၃ ရာခိုင်နှုန်းကို အသုံးပြုသည်။နော်ဝေနိုင်ငံ၏ ၆၀ ရာခိုင်နှုန်မှာ ကောလိပ်ဘွဲ့ရများ ဖြစ်သည်။နော်ဝေ နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် တဦးချင်းဝင်ငွေ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။
၆။ တောင်ကိုးရီးယား
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၉ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၅.၃ ရာခိုင်နှုန်း ( အမြင့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၂၉၁၀၁ ( အနိမ့်ဆုံးအဆင့် ၁၃)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၃.၇ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၄)
ကိုးရီးယားနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံများတွင် ဘွဲ့ရများသောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ဘွဲ့ရဦးရေ ၅.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ OECD အဖွဲ့ဝင်များကြားတွင် အမြင့်ဆုံးအဆင့် ၅ ရှိသည်။ ကိုးရီးယားကျောင်းသား အများစုကြိုက်နှစ်သက်သော ဘာသာရပ်များမှာ ပညာရေး၊ လူမှုရေးဘာသာရပ်၊ အနုပညာ ဘာသာရပ်တို့မှာ အမြင်းဆုံးဖြစ်သည်။

၅။ နယူးဇီလန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၅ ( အနိမ့်ဆုံးအဆင့် ၁၄)
တဦးချင်းပြည်တွင်းထုတ်လုပ်မှု ဒေါ်လာ ၂၉၈၇၁ (အနိမ့်ဆုံးအဆင့် ၁၄)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၁.၈၈ ( အမြင့်ဆုံးအဆင့် ၈)
နယူးဇီလန်နိုင်ငံ၏ တဦးချင်းပြည်တွင်းထုတ်လုပ်မှုမှာ ဒေါ်လာ ၃၀၀၀၀ အောက်လျော့နည်းသည့်အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၄ ရှိသည်။ လူဦးရေ ၄၀ ရာခိုင်နှုန်းမှာ ကောလိပ်အဆင့် တက်ရောက်သူများ ဖြစ်သည်။ ကမ္ဘာတွင်ကောလိပ်တက်ရောက်မှု အဆင့် ၅ တွင်ရှိသည်။ 

၎။ အမေရိကန် ပြည်ထောင်စု
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၁ ရာခိုင်နှုန်း
နှစ်စဉ် တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀) ၁.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးဖြစ်သည်)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၆ ၅၈၈ (အမြင့်ဆုံးအဆင့် ၄)
လူဦးရေပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၈.၆၈ ( အမြင့်ဆုံးအဆင့် ၁၂)
အမေရိကန် ပြည်ထောင်စုတွင် ကောလိပ်ပြီးဆုံးမှုသည် လူဦးရေ အချိုးအစားနှင့်တွက် ချက်ပါက ၁.၄ ရာခိုင်နှုန်းသာရှိသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် အနိမ့်ဆုံးဖြစ်သည်။ ပညာရေးအတွက် အသုံးစရိတ်မှာ ပညာရေး အသုံးစရိတ်စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း ကို ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၆ ရှိသည်။ အရွယ်ရောက်ပြီးသူ ပညာတတ် အများဆုံးသော နိုင်ငံဖြစ်သည်။

၃။ ဂျပန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၄ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၂ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၀)
တဦးချင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံးအဆင့် ၁၇)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉ ရာခိုင်နှုန်း) ၀.၄၆ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၆)
ဂျပန်နိုင်ငံရှိ လူဦးရေ ၄၄ ရာခိုင်နှုန်းမှာ ကောလိပ် တက်ရောက်ဖူးသူများ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အလယ်တန်းအဆင့် အောင်မြင်မှုတွင် ဖင်လန်နိုင်ငံနှင့် အဆင့်တူညီရှိသည်။ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၁.၅ ရာခိုင်နှုန်းကို ကောလိပ်အဆင့် ပညာရေးတွင် သုံးသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၇ တွင်ရှိသည်။

၂။ အစ္စရေး
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၅ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု ၂၈၅၉၆ ဒေါ်လာ
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၉.၀၂ ရာခိုင်နှုန်း ( အမြင့်ဆုံး)
၂၀၀၇ ခုနှစ်တွင် ကောက်ယူသော စစ်တမ်းအရ အသက် ၂၅-၆၄ နှစ်အတွင်း ကောလိပ်ပညာ ပြီးဆုံးမှုသည် ၄၄ ရာခိုင်နှုန်းရှိသည်။ အမျိုးသားထုတ်ကုန်နှင့် တွက်ချက်ပါက ပညာရေး အသုံးစရိတ်မှာ ၂၀၀၀-၂၀၀၈ ခုနှစ်အတွင်း ကျဆင်းလာခဲ့သည်။

၁။ ကနေဒါ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၅၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ( အနိမ့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ၃၉၀၇၀ ( အမြင့်ဆုံးအဆင့် ၁၀)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၉.၈၉ ( အမြင့်ဆုံးအဆင့် ၁၀)
ကနေဒါနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းမှာ ကောလိပ်ပညာ ပြီးဆုံးသူများ ဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု၏ ၂.၅ ရာခိုင်နှုန်းကို ပညာရေးတွင် သုံးသည့်အတွက် OECD အဖွဲ့ဝင်များတွင် အမြင့်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကျောင်းသား ၂၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြောင်းရွှေ့လာသူများဖြစ်သည်။ 

10 comments:

ကိုရင် said...

မဖတ်ခင် ကိုယ့်ဘာသာကိုယ် ဆွစ်ဇာလန်ပါမယ်လို့ တွက်ကြည့်တာ..
လွဲသွားတယ်.. ကမ္ဘာ့ ပညာမတတ်ဆုံး နိုင်ငံတွေလည်း လုပ်ပါအုံးဗျ..

လွင်ပြင်လှိုင်းငယ် said...

အခုလိုသိခွင့်ရလို့ ကျေးဇူးပါ မောင်မောင်ရေ

စံပယ်ချို said...

သိသင့်မှတ်သားသင့်တဲ့အကြောင်းအရာလေးတွေဖတ်မှတ်ခဲ့ပါတယ်မောင်မောင်ရေ

Anonymous said...

နှိုင်းယဉ်တာတော့မဟုတ်ပါဘူး။အိုင်စတိုင်းတို့လိုပုဂ္ဂိုလ်မျိုးတို့ကထောက်ခံခဲ့တာက ဗုဒ္ဓဘာသာပါ။ ဗုဒ္ဓဘာသာပညာကိုသာဆုံးခန်းတိုင်ပြီးမြောက်အောက်သင်ယူနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပညာတတ်သူအများဆုံးနိုင်ငံဟာလက်ရှိမှာ ကျွန်တော်တို့နိုင်ငံဖြစ်ပါလိမ့်မယ်။

နွေတေးရှင် (မင်းဧရာ) said...

ဗဟုသုတ တွေကို မျှဝေတဲ့အတွက် ကျေးဇူးပါဗျာ
ကျွန်တော်တို့လည်း ဖြေးဖြေး လိုက်ကြတာပေါ့။

အိမ်မက်စေရာ said...

ဗဟုသုတလေး မှတ်သားသွားတယ်.. မောင်မောင်ရေ

Phyu Lwin said...

ဂျာမနီပါမယ်ထင်မိတာ မပါဘူး.. ဗဟုသုတရလို့ကျေဇူးပါ

zp said...

လာဖတ်တယ်သူငယ်ချင်း မြန်မာ ပါမယ်လို့ထင်တာမပါဘူး။နော်ဝေပါလို့ တော်သေးတယ်။

3rdthameetaw said...

လေ့လာမှတ်သားသွားတယ်ရှင်

Anonymous said...

သိသင့်တာလေးသိသွားရတဲ့အတွက်ကျေးဇူးပါ။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။