Tuesday 19 June 2012

ပြည်သူချစ်တဲ. စာရေးဆရာ


စာရေးဆရာ၊ ဆိုသည်မှာလျှင်
ကဗျာဝထ္ထု၊ ဆောင်းပါးစုဖြင်.
သုတ ရသ၊ ထုံမွမ်းစွသော
လောကပန်းချီ၊ ဆေးချက်ညီအောင်
မျှော်ရည်ရှေးရှု၊ ဖန်တီးပြုလျက်
အနုပညာ၊ သူ.သစ္စာဖြင်.
မေတ္တာဖြန်.ဝေတတ်သူတကား။


စာရေးဆရာ၊ ဆိုသည်မှာလျှင်
သပြာငွေကြေး၊ ပုံ၍ပေးလည်း
ရေးချင်မှသာ၊ ရေးတတ်စွာတည်.
ရင်မှာလေးနက်၊ ခံစားချက်ကို
ပြိုးပြက်လင်းလှိုင်၊ မြင်ကွင်းခိုင်မှ
ဆုပ်ကိုင်မိရ၊ ဖန်ဆင်းပြသည်
ရတိုင်းမယူတတ်သူတကား။


စာရေးဆရာ၊ ဆိုသည်မှာလျှင်
တိုက်တာအိမ်အိုး၊ စည်းစိမ်တိုးဖို.
ကြိုးကြိုးပမ်းပမ်း၊ မစွဲလမ်းချေ
ဝမ်းဟာခဲ.ချိန်၊ ထမင်းမြိန်သော်
တင်းတိမ်ကျေနပ်၊ ရောင်.ရဲတတ်၏
ချစ်မြတ်နိုးရာ၊ စာကဗျာသာ
ရတနာတစ်ခု၊ ပမာပြုသည်.
အနုပညာရှင်ပါတကား။


သြော်-------လိုတိုင်းမတ၊ ရတိုင်းမယူ
ဖြူစင်မေတ္တာ၊ စေတနာနှင်.
စာပေကလောင်၊ တို.များဆောင်၍
လှအောင်လည်းဆင်၊ ယဉ်အောင်လည်းတွေး
အလေးဂရု၊ အစဉ်ပြုလျှက်
ပြည်သူ.အကျိုး၊ ဆောင်သယ်ပိုးရင်း
မြတ်နိုးဖွယ်သော၊စာပေတောဝယ်
ပျော်မောကြည်ဖြူ၊ ဖေးမကူမည်
ပြည်သူချစ်တဲ. စာရေးဆရာ။
ပြည်သူ.မေတ္တာခံယူကာ။
ရှေ.ဆက်ချီစို. ညီညွတ်စာ။      ။


                                                            ဆရာမြင်းမူမောင်နိုင်မိုး

6 comments:

ကိုရင် said...

သိပ်ကောင်းတဲ့ကဗျာပဲဗျ..
စာရွက်နဲ့ဘောလ်ပင်မရှားပေမဲ့ ရင်ထဲကလာတဲ့အရာတွေက လိုတိုင်းရနိုင်တာ မဟုတ်ဘူး..။ဘလော့တစ်ခုကို အလွယ်တကူရနိုင်ပေမဲ့ ၀မ်းစာအတွက်တော့ သိပ်ကို ခက်ခဲလွန်းတယ်။ စာရေးဆရာကောင်းတစ်ယောက် ဖြစ်ဖို့ကတော့ အတော့ကို မလွယ်တဲ့ကိစ္စပဲ..။အဲ့ထက်ပိုပြီး ပြည်သူလေးစားတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာလား...
ဒီနေ့ခေတ်ကိုပဲ လက်ချိုးပြီး ရေကြည့်ရအောင်..ဘယ်နှစ်ယောက် ရနိုင်မလဲလို့...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဒီကဗျာလေးကို ပရင့်ထုတ်ယူသွားတယ်။ ကိုယ့်အိပ်မက်တစ်ခုကို ထုဆစ်နေရင်း ဒီကဗျာလေးကို နှလုံးသွင်းထားနိုင်ဖို့အတွက် စာကြည့်စားပွဲထိပ်မှာ ကပ်ထားဦးမယ်။ ( နှလုံးသားထဲမှာလည်း ထည့်ထားရမှာပေါ့လေ ) :)

ကျေးဇူးတင်ပါတယ်..

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

ချစ်စံအိမ် said...

ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင်..

နွေတေးရှင်(မင်းဧရာ) said...

ကျေးဇူးပါဗျာ...
သည်ကဗျာကို ဖတ်ရတာ ဒါက ဒုတိရတစ်ခေါက်ပေါ့
သိပ်ကိုကောင်းတယ် အဲသည်လိုနေနိုင် အဲသည်လိုရေးနိုင်ပါမှ စာရေးဆရာ ပေါ့ဗျာ။

မိုးသက် said...

ရင်ထဲက ဆန္ဒတွေနဲ့ တစ်ထပ်တည်းပါပဲအစ်ကို.. ။ ရှာဖွေစုဆောင်းစရာမလိုပဲ အမှတ်တမဲ့ရလိုက်တဲ့ ရတနာတစ်ခုလိုပဲ.။ကျေးဇူးပါပဲအစ်ကို.။

Angelhlaing(May everybody be happy and healthy! said...

မောင်မောင်ရေ...ကျေးဇူးပါနော် ကော်ပီယူသွားတယ်လို့..

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။