Monday 6 February 2012

ဘ၀ရဲ့အမှတ်တရနေ့စွဲများ(Tag post )

 
ဒီ ပို.စ်လေးကိုရေးဖို. တဂ်ပေးတဲ.သူတွေကတော.  အစ်မသမီးစံနဲ.  ညီငယ်လေး  ချောကလက်ကျူပစ်  တို.ပါ။ ပို.စ်လေးကို ပထမဆုံး စတင်ရေးပြီး တဂ်လုပ်ခဲ.တဲ. သူရဲ. အိုင်ဒီယာလေးကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်မိတယ်။  လူတိုင်း လူတိုင်းမှာ  အမှတ်တရနေ.တွေဆိုတာ ရှိကြမှာပါ။  သို.သော်   ကိုယ်ပိုင်မှတ်တမ်းတို. နေ.စဉ်မှတ်တမ်းတို.  ရေးလေ.ရှိတဲ. သူများကလွဲ ပြီး ကျန်သော သူများကတော. အမှတ်တရနေ.လေးတွေကို ဖြတ်သန်းခဲ.ကြပေမယ်.  အမှုမဲ.အမှတ်မဲ.ဘဲ ထားခဲ.ကြတယ်။  
 ပြန်စဉ်းစားကြတော. သေချာမသိတော.ဘူး။  ဟိုရက် လိုလို ဒီရက် လိုလိုနဲ. ဇဝေ ဇ၀ါ နဲ. ၀ါးတားတားတွေ ဖြစ်ကြတယ်။  မောင်မောင်လည်း အဲ.လိုလူတွေထည်းမှာ တစ်ဝက်ပါတယ်။  ဘာဖြစ်လို.လည်းဆိုတော. ကျွန်တော် နေ.စဉ်မှတ်တမ်းကို ရေးပေမယ်. စွဲမြဲစွာ မရေးတော.  တစ်ချို.အမှတ်တရနေ.တွေက  မရေးခဲ.ရတာတွေလည်း ရှိတယ်။  ကျွန်တော်.ဦးနှောက်ကလည်း ခပ်ကောင်းကောင်းဆိုတော.  သေသေချာချာ မှတ်တမ်းမှတ်ရာနဲ.တာ မမှတ်ထားလို.ကတော. မေ.သွားတာများတယ်။  ရက်စွဲတွေက မှတ်ရတာ အခက်ဆုံးထည်းမှာ တစ်ခုအပါအ၀င်ဘဲမဟုတ်လား။    
     ကျွန်တော် ပထမဆုံးအပျှော်ရွှင်ဆုံးနေ.က   ရှင်ပြုသောနေ.ပါ။
      ညီအစ်ကို တစ်ဝမ်းကွဲတွေနဲ. အများကြီးဆိုတော. ပျော်ဖို.အရမ်းကောင်းပါတယ်။  မှတ်မှတ်ရရ  မောင်ရှင်လောင်း ကျွန်တော်.ကို မိတ်ကပ်တွေလိမ်းပေးတော.  ကောင်မလေးတွေရှေ.မှာ ရှက်နေတာ အခုထိကိုတွေးရင်းပြုံးမိတယ်။ ကားတွေ ဘာတွေနဲ. မြို.ပါတ်ဖို.ဆိုတာလည်း အိမ်မှာကားဆိုလို. ထော်လာဂျီ တစ်စီးဘဲ ရှိတယ်။ ဆင်ကလည်း မရှိ မြင်းကလည်း မလွယ် နောက်ဆုံးတော.  ပြည်တွင်းဖြစ် ဆိုက်ကားပေါ်မှာ ဘုရင်ကြီးလို ထိုင်ပြီး  တိုင်းခန်းလှည်.လည်ခဲ.ရတာပါဘဲ။  လမ်းမှာ ကျဲဖို. ပိုက်ဆံတွေကို အကုန်မကျဲဘဲ ချိုချဉ်တို.ပေါက်ပေါက်တို.သာ ကြဲပီး ကျန်တာတွေ မောင်ရှင်လောင်းကျွန်တော် ဘတ်ကီး ရိုက်ခဲ.တာလည်းအမေသိရင် ဆူခံထိမှာ --:D  (ကြဲရမှာ နှမြောစရာမဟုတ်လား)။ ဆယ်တန်းစာမေးပွဲဖြေပြီးတဲ.အချိန် သင်္ကြန်လျှောက်လည်မယ်လို. အားခဲ ထားတာ   ဘုန်းကြီးကျောင်းထည်းမှာဘဲ တရားမှတ်နေခဲ.ရတာ လည်းလုံးဝ မမေ.နိုင်ပါ။  ကိုရင်မောင်မောင်က  တရားထိုင်နေပေမယ်. စိတ်က  မြို.လည်က သင်္ကြန်မဏ္ဍပ်ကို  ရောက်နေတာ ---:PP )
     ဆယ်တန်းအောင်စာရင်းထွက်သောနေ. 
ဒီနေ.ကတော.  လူတော်တော်များများအတွက် အမှတ်ရနေမှာပါ။ ဘာဖြစ်လို.လည်းဆိုတော. ဘ၀အတွက် တံခါးလေး တစ်ချပ်ဖြစ်လို.ဘဲ။ အမျိုးမျိုးသော ကွဲပြားတဲ. တံခါးလေးတွေကနေ ၀င်သွားကြတာ ပုံစံအမျိုးမျိုးတွေ ဖြစ်သွားကြတယ်။  တံခါးကောင်းတာ ဆိုးတာကတော. ကိုယ်ကြိုးစားခဲ.တဲ.ရလဒ်ပါဘဲ။ 
စာမေးပွဲက နတ်ကြီးပေမယ်. တရားမျှတပါတယ်။ မှတ်မှတ်ရရ အဲ.နေ.က မိုးဖွဲဖွဲလေးရွာတယ် ။ ကျောင်းထည်းရောက်တော. လူတွေက ရှေ.မှာ တိုးမပေါက်တော.ဘူး  အဲ.တာနဲ. ခုံတစ်ခုံပေါ် တက်ပြီး ရအောင်ကြည်.တော. တွေ.လိုက်ပါပြီ မောင်မောင်.နာမည်   ကတ-၈၃၈  ပထ၀ီ  တဲ.   နာမည်လည်းပါပြီ ခုံနံပါတ်လည်း ဟုတ်ပါတယ်  နောက်က  ပထ၀ီဆိုတာကဘာကြီးတုန်း  ဇဝေဇ၀ါ နဲ.။ ဘေးနားက သူငယ်ချင်းက   အဲ.တာ ဂုဏ်ထူးပါတာ တဲ.   စိတ်ထည်းမှာ အတွေးတွေဝင်သွားတယ်။ ပထ၀ီထက် ဓါတုဗေဒ ရူပဗေဒ တို.က ပိုပြီးဖြေနိုင်ခဲ.တာ။ ဒါမှားတာနေမှာပါ။ မယုံသင်္ကာနဲ. အတန်းပိုင်း ဆရာမကိုသွားမေးတော. ဟုတ်တယ် မောင်မောင် ဂုဏ်ထူး ပါတာတဲ. ။  နာမည် ခုံနံပါတ်များလွဲနေသလားဆိုပြီးနောက်တစ်ခေါက်ထပ်သွားကြည်.ပြန်ရော အကုန်မှန်နေတယ်။  အဲ.လို 
ဂုဏ်ထူး တစ်လုံးနဲ. အောင်ခဲ.တာ လွတ်လွတ်ကျွတ်ကျွတ်မပျော်ခဲ.ရတဲ. အဲ.နေ.လေးကို မမေ.နိုင်ပါဘူး။


   အမိချယ်ရီမြေသို. ပထမဆုံးရောက်သည်.နေ
28-12-05    ဒီရက်စွဲကိုတော. သေသေချာချာ စာအုပ်ထည်းမှာမှတ်ထားပါတယ်။ ကျွန်တော်.ဘ၀အတွက်အရမ်းကိုအဓိပ္ပါယ်ရှိတဲ.နေ.လေးပါ။  ကျွန်တော်.ရည်မှန်းချက်အတွက် အုတ်မြစ်ချခဲ.တဲ.နေ.ဆိုလည်း မမှားပါဘူး။ ငယ်ငယ်လေးကတည်းက မောင်မောင်  စစ်ဗိုလ်ကြီးအရမ်းဖြစ်ချင်ခဲ.တာ။  ကျွန်တော်.ရည်မှန်းချက်တွေးရက်နဲ. ပျော်သည်ပျော်သည် ဆိုတဲ. သီချင်းလေးကို အားလုံးကြားဖူးမှာပါ  အဲ.သီချင်းထည်းမှာ အကြိုက်ဆုံးစာသားကမန်မာ.သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်ရည်မှန်းသည် ဆိုတဲ. နေရာလေးဘဲ။   နောက်နာမည်ကြီး  အသီးတစ်ရာအညှာတစ်ခု ဆိုတဲ. သီချင်းထည်းမှာ ကြည်.ရေလေ တပ်မတော်တွင်းက သူငယ်ချင်းရေ ရဲရဲတောက် တိုက်စစ်ဆင်ကာနေ တောကြားတောင်ကြား မရှောင်ရှား အများအတွက်နဲ. အသက်ကိုစွန်.လွှတ်နေ မင်းတို.အတွက်ဂုဏ်ယူရမယ်လေ   ဆိုတဲ. နေရာလေးရောက်ရင်အရမ်းကိုကြည်နူးမိတယ်။ လက ဒီဇင်ဘာ 
နေရာက ပြင်ဦးလွင်   စိမ်.နေအောင်အေးနေသောအချိန် မနက်စောစော တိုက်ပုံနဲ.ပုဆိုးတိုတိုဝတ်ကာ သေတ္တာကို  ကိုယ်တိုင်ထမ်း သတင်းပို.ခဲ.ရသော ထိုနေ.ကာ မောင်မောင်.ဘ၀အတွက် အရေးကြီးဆုံးသောနေ.ဆိုလည်း မမှားပါဘူး။

     ချစ်သူနဲ.စပြီးဆုံဆည်းခဲ.သောနေ. 
ကျွန်တော်.ဘ၀အတွက်အရေးအပါဆုံး လူဖြစ်လာမယ်. မိန်းကလေး တစ်ယောက်ကို တွေ.ဆုံခဲ.တာကတော. ရိုးစင်းပါတယ်။  သူက ကျွန်တော်.အတွက်  လမင်းလေး တစ်စင်း လို.ပြောလည်း ရတယ်။  မီးအိမ်ရှင်လေးဆိုလည်း မှန်တယ်။  ကျွန်တော်ဝမ်းနည်း အားငယ်နေတဲ.အချိန်မှာအားပေးတတ်တယ်။ ကျွန်တော်ဖျားရင် သူကြင်နာစွာနဲ.ဂရုစိုက်ပေးတယ် ။ ကျွန်တော် တောင်.တလိုက်တဲ.အချိန် အမြဲလိုလိုရောက်လာတတ်တဲ. သူမဟာ   မောင်မောင်.အတွက်တော.  အစားထိုးလို.မရတဲ. ချစ်သူပါ။ သူ မလာရင် မျှော်မိတယ် သူ လာရင်
ပျော်မိတယ်။  ဖြူစင်စွာနဲ. ဆုံဆည်းရမယ်.ရက်ကို မျှော်လင်.မိတယ်။   အေးလည်းအတူတူ ပူလည်းအတူတူ အကောင်းအဆိုးတွေကို မျှဝေခံစား အခက်အခဲအတားအဆီးတွေကို အတူတကွကျော်ဖြတ် ကာ ပျှော်ရွှင်စွာ နားလည်မှုအပြည်.နဲ. နှစ်ဦးသဘောတူ တည်ဆောက်ကြမယ်.အနာဂတ်အိမ်လေးကို အရမ်းကိုမျှော်လင်.နေမိပြီ။

                                                                                 အားလုံးကိုလေးစားစွာဖြင်.
                                                                                                                                မောင်မောင်(မြစ်ဆုံ)

 
 
   

 

15 comments:

မိုးသက် said...

အနာဂါတ်အိမ်လေးကို အရမ်းကိုမျှော်လင့်နေတယ်တဲ့.. ။ကျွန်တော်တို့ ညီအစ်ကိုတွေ
အားလုံးရဲ့ရင်ထဲက တူညီတဲ့စကားတွေပါအစ်ကို...။ အားပေးသဘောကျသွားပါတယ်.။

San San Htun said...

အမှတ်တရ ရက်စွဲတွေက နည်းလှချည်လား.. ထပ်ရေးပါဦး

မဒမ်ကိုး said...

မောင်မောင်ရေ
အမှတ်တရနေ့လေးတွေကိုလာဖတ်သွားတယ်နော်
ဒါနဲ့စကားမစပ်အေ ကြော်ညာကဘာလို့ဝင်တာတုန်းအေ
အမှတ်တရနေ့တွေမှာ လွမ်းတာမပါဘူးဟေ့း)

ခင်တဲ့

အမကြီးဒိုးကန်

ချောကလက်ကျူးပစ်လေး said...

ဘ၀ရဲ့အမှတ်တရနေ့ရက်တွေအကြောင်းဖတ်သွားတယ်ကိုကြိးရေ
အနာဂတ်အိမ်လေးကို မြန်မြန်တည်ဆောက်နိုင်ပါစေ

Anonymous said...

ဆိုက်ကားပေါ်က မိန့်မိန့်ကြီး ထိုင် နေတဲ့ မောင်ရှင်လောင်းလေး ကိုမြင်ရောင် သွားပါတယ်

ပိုက်ပိုက် ဘယ်လောက် ကိုက်လိုက်သလဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြသွေးနီ said...

အမှတ်တရနေ့လေးကို ဖတ်သွားပါတယ်။

egg said...

အေးလည်းအတူတူ ပူလည်းအတူတူ အကောင်းအဆိုးတွေကို မျှဝေခံစား အခက်အခဲအတားအဆီးတွေကို အတူတကွကျော်ဖြတ် ကာ ပျှော်ရွှင်စွာ နားလည်မှုအပြည်.နဲ. နှစ်ဦးသဘောတူ တည်ဆောက်ကြမယ်.အနာဂတ်အိမ်လေးကို အရမ်းကိုမျှော်လင်.နေမိပြီ။


ကြိုက်မိပါတယ် စာသားလေးကို.........

Anonymous said...

ယောင်းမလေးပုံ..တင်ပါဟ
ဗိုလ်ကတော်မျက်ခုံး..ဘယ်လိုရှိလဲသိချင်လို့း)
အမှတ်တရဆိုတဲ့အတိုင်း
မှတ်မှတ်ရရလေးတွေပဲနော်
ကြည်နူးစရား))

ခင်မင်လျှက်
သမီးစံ

စံပယ်ချို said...

မောင်မောင်ရေ
အမှတ်တရနေ့လေးကို ဖတ်ခဲ့ပါပြီနော်

Anonymous said...

ဖတ်မှတ်သွားပါတယ်..အားလူးဘူးသီး..အာလူးဘူးသီး..ရထားဖြစ်လား ..မောင်တလုံးလာတယ်းးမောင်နှလုံး..
မောင်သုံးလုံးမ၇ှိဘူး..ရထား..ရထား..

Anonymous said...

မြစ်ဆုံရေ...။
ငယ်ဘ၀အကြောင်းလေး ဖတ်သွားပါတယ်...။ ရည်ရွယ်ချက်တွေ အောင်မြင်ပါစေဟု...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

blackroze said...

မောင်မောင်
အမှတ်တရနေ့စွဲလေးတွေကို
လာဖတ်သွားတယ်

ညည်းကလည်းဟုတ်သားဘဲ
မားမားပြောမယ်ဆိုလည်းပြောချင်စရာ
နောက်ဆုံးမှာကြော်ငြာကဝင်သွားသေးတယ်
ထက်ထက်မိုးဦးကြနေတာဘဲအေ..

ချစ်စံအိမ် said...

အမှတ်ရတပိုစ့်လေးလာဖတ်သွားပါတယ်
ချစ်သူနဲ့ အနာဂတ်အိမ်လေးအမြန်ဆုံးဆောက်နိုင်ပါစေနော်

mstint said...

အဆုံးသတ်လှတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်
ဖတ်သွားရသလိုပဲမောင်မောင်ရေ။ ဘဝရဲ့အမှတ်တရနေ့စွဲလေးတွေ
ဖတ်သွားတယ်။ တစ်ဦးအပေါ်တစ်ဦးတန်ဘိုးထားရင်း
ဘဝအမောတွေပြေနိုင်ကြပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

အမှတ်တရလေးတွေ ဖတ်သွားပါတယ်အကို...
မျှော်လင့်နေတဲ့ အနာဂတ်အိမ်လေးနဲ့ အမြန်ဆုံးနီးစပ်နိုင်ပါစေလို့ ဆန္ဒပြုရင်း...

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။