Wednesday 8 February 2012

မေတ္တာ ငတ်မွတ်လို. သေဆုံးနေရသူတွေ


ဒီနေ.ကမ္ဘာမှာ
အကြီးအကျယ် အဆိုးဝါးဆုံး ရောဂါဟာ
တီဘီလည်း မဟုတ်ဘူး ၊
အနာကြီးရောဂါလည်း မဟုတ်ဘူး ။
နှစ်သက်လိုလား သူမရှိတာ၊
မေတ္တာထားခြင်း ကြည်.ရှုစောင်.ရှောက်ခြင်း ကင်းမဲ.တာ၊
ပေယျာလကန်အပြုခံရတာတွေပဲ။

ကိုယ်ကာယရောဂါတွေကို 
သာမာန်ဆေးဝါးများ ပေးလို.ရပေမယ်.၊
အထီးကျန်ခြင်း
စိတ်ပျက်အားလျော.ခြင်း
မျှော်လင်.ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကိုတော.
မေတ္တာတရားနဲ.သာ ကုစားနိုင်ပါတယ်။

ဒီနေ.ကမ္ဘာမှာ
ပေါင်မုန်.တစ်ဖဲ.အတွက် အသက်ငင်နေသူတွေ
အမြောက်အမြား ရှိနေတော. မှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှ မခံစားရလို.
သေဆုံးကြမယ်. လူတွေကလည်း
ဒုနဲ.ဒေးပါ။

                                                             မာသာထရီဇာ

source// ဆရာဖေမြင်.(နှလုံးသား အာဟာရ)

9 comments:

blackroze said...

တကယ်တော့မေတ္တာတရား ဆိုတာ
အကောင်းဆုံးဆေတခွက်ပါဘဲ

စံပယ်ချို said...

ပိုက်ဆံတွေအများကြီးရှိလာရင် ဒုက္ခသည် ရောဂါသည်တွေနဲ့
မိဘမဲ့သူတွေကို ကူညီဖို့ လုပ်ချင်တယ်-----
ခုတော့လူအားပဲတတ်နိုင်တယ်ငွေအားမလိုက်နိုင်သေးဘူး---

AH said...

ဒီ အမျိုးသမီးကြီးအကြောင်းကိုတော့ ငယ်ငယ်တုန်းကထည်းက ဖတ်ဖူးသလို၊ လေးလည်း လေးစား၊ အားလည်း ကျမိပါရဲ့။ ခုလိုမျိုး သူရဲ့ အတွေးအခေါ်လေးကို ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါခင်ဗျာ။

မဒမ်ကိုး said...

ဒါပေါ့မောင်မောင်ရယ် မေတ္တာတရားဆိုတာ
လူသားအားလုံးအတွက် ငွေကြေးထက်ပိုလိုအပ်ပါတယ်

အမကြီး မဒိုးကန်

ချစ်စံအိမ် said...

မှတ်သားစရာကဗျာလေးပါကွယ်

မိုးသက် said...

အဲဒီပုံက မာသာ ထရီဇာ ပုံလားအစ်ကို... တကယ့် မေတ္တာရှင်ပဲနော်..။

San San Htun said...

ကောင်းလိုက်တဲ့ စကားလေး..

မောင်မောင် said...

ဟုတ်တယ် ညီလေး မေမြို.မိုး အဲ.တာ မာသာထရီဇာဘဲ ကွန်မန်ရေးပေးတဲ. ကိုကိုတွေ မမတွေအားလုံးကျေးဇူးပါဘဲ

Anonymous said...

မာသာထရီဇာဖြစ်ချင်တယ် လေးစားတယ်

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။