ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
့ကြံ့ ကြံ ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား…
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား… ။
မိခင် ဒေါ်စုသား…
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား… ။
ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာထည်းမှာ သင်ခဲ.ရတဲ. ဗိုလ်ချုပ်ကဗျာလေးပါ။ ဘယ်တော.မှ မေ.လိုမရတဲ. ကဗျာလေး တစ်ပုဒ်ပါ။ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ.လေးမှာ အားလုံးဘဲ သတိရစေဖို.မျှဝေလိုက်ရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို. လူငယ်တွေ အများစုသည် ဖေဖော်ဝါရီ (14 ) ရက် ချစ်သူများနေ.ကိုတော. မှတ်မှတ်ရရ ရှိနေကြပေမယ်. ဖေဖော်ဝါရီ (13) ရက် လွတ်လပ်ရေး ဖခင်ကြီး၏ မွေးနေ.ကိုတော. အများစုက မေ.နေကြတာကို တွေ.နေရတာတော. အင်မတန်မှ ၀မ်းနည်းဖွယ်ရာ ဖြစ်ပါတယ်။
အနောက်နိုင်ငံမှ မတိကျ မသေချာတဲ. ရာဇ၀င်လေး တစ်ပုဒ်ကြောင်. ဖြစ်လာရတဲ. ချစ်သူများနေ.ကိုတော. ဖော်ကျူးထုတ်ဖော်နေကြပေမယ်. ဗိုလ်ချူပ် အောင်ဆန်းလို. တစ်ကမ္ဘာလုံးက သိနေကြတဲ. မြန်မာ.အမျိုးသားခေါင်းဆောင်ကြီးကို မွေးထုတ်ပေးခဲ.တဲ. နေ.ကိုတော. ဖော်ကျူးစပ်ဆိုတာတွေ ဂုဏ်ပြုတာတွေ အရမ်းကို နည်းပါးတာကိုတွေ.နေရသည်။
ငါတို.မြန်မာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်
ဆိုပေမယ်. ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ သမိုင်းမှာ နောက်ဘယ်တော.မှ မရှိလာနိုင်တဲ. တစ်ယောက်တည်းသော သူဖြစ်ပါတယ်။
ကျွန်တော်.ဘ၀အတွက် စံနမူနာပြ ပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ် ပါ။ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ကို ဒေါင်.မျိုးစုံ အမြင်မျိုးစုံတွေကနေ ရေးထားတဲ. စာအုပ်တွေ ကျွန်တော်.စာအုပ်စင်မှာ ရှိပါတယ်။ ဘယ်တော.ဖတ်ဖတ်
မငြီးငွေ. စေတဲ. စာအုပ်တွေပါ။
ဒီနေ.ထူး နေ.မြတ်လေးကို မြန်မာ တစ်မျိုးသားလုံး မမေ.စေဖို. ကျွန်တော်တို.အားလုံးမှာ တာဝန်ရှိပါတယ်။
ဗိုလ်ချုပ် ဇာတာ
ရိုးသားသောဗိုလ်ချုပ် လက်ရေးမူ
လေးစားစွာဖြင်
မောင်မောင်(မြစ်ဆုံ)
10 comments:
ထပ်တူထပ်မျှ ဂုဏ်ပြုကြိုဆို လျှက်ပါပဲ မောင်လေးရေ..
ကျေးဇူးပါပဲအစ်ကိုကြီးရေ.. လေးစားကြည်ညိုစွာ ဖတ်ရှုမှတ်သားသွားပါတယ်ခင်ဗျ
ရှားပါးဓာတ်ပုံလေးတွေကြည့်ခွင့်ရတာကျေးဇူးတင်ပါတယ်
ရင်နင့်အောင်ခံစားရပါတယ်
ဗိုလ်ချုပ်ကိုတော့အစဉ်လေးစားလျှက်ပါ ကျေးဇူးတင်ပါတယ်ရှင့်
ထပ်တူထပ်မျှပါ မောင်မောင်
ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့စာတွေကဗျာတွေအတွက်ကျေးဇူးပဲမောင်မောင်ရေ
မကြီးဂျက်
ကျေးဇူးကမ္ဘာပါပဲ အစ်ကိုရေ။ အမှန်လည်း မေ့နေမိတာပါ။ ဗိုလ်ချုပ်အကြောင်းပြန်ဖတ်မိတိုင်း ဝမ်းနည်းရပါတယ်ခင်ဗျာ။
ဒီခေတ်ကလေးတွေဆို ဗိုလ်ချုပ်မွေးနေ့ ကို မသိတော့ဘူး..ချစ်သူများနေ့ ကိုပဲ သိတာ...
နှစ်စဉ်နှစ်တိုင်း မမေ့မလျော့ ဂုဏ်ပြုကြိုဆိုနေပါတယ် မောင်မောင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဗိုလ်ချုပ်...
"ကောင်းရာသုဂတိလားပါစေ"
ခင်မင်လျှက်
အခုလို ဓါတ်ပုံလေးတွေနဲ့
ဖော်ပြပေးတဲ့အတွက်ကျေးဇူးပါမောင်မောင်ေ၇
အခုခေတ်ချာတိတ်တော်တော်များများက
13 ရက်ထက် 14ရက်ကို ပိုစိတ်ဝင်စားနေကြတာများတယ်
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။