Saturday 28 January 2012

လူတစ်သိန်းမှာ တစ်ဦးသာရှိနိုင်သော ဒီလိုအချစ်စစ်

 ဂျွန်နဲ.   သူ.ချစ်သူတို.၏  ချစ်သူသက်တမ်းဟာ  အချိန်ကာလ တစ်ခုသို.ရောက်နေစဉ်မှာဘဲ  ဂျွန် တစ်ယောက် အီရတ်စစ်မြေပြင်သို သွားရောက်ပြီး တာဝန်ထမ်းဆောင်ဖို. ဖြစ်လာခဲ.ပါသည်။ စစ်သား တစ်ယောက်အတွက် အမိန်နဲ.တာဝန်ကို ရှောင်ဖယ်၍ မရ နိုင်သည်ကို  ဂျွန်၏ ချစ်သူမှ နားလည် လက်ခံပေးပြီး  ရှင်ပြန်လာတဲ.အချိန်ထိ ကျွန်မ သစ္စာ ရှိရှိ စောင်.နေပါမယ် ဆိုတဲ.  လေးနက်သောစကားကိုဘဲ ဂျွန်.ကို ပြောခဲ.တယ်။    
  စစ်သားတစ်ယောက်၏ တာဝန်ထမ်းဆောင်မှုကတော. အသက်နဲ.ရင်းထားရတာပါ။ အသက်မသေဘဲ တစ်သက်လုံး နှလန်မထူနိုင်သော ဒဏ်ရာတွေလည်း ရနိုင်တာပေါ.။ သေမင်းတမန် ကျည်ဆံတွေကြားထည်းမှာ
တာဝန်ထမ်းဆောင်မှုက လွယ်ကူမှာမဟုတ်ဘူးဆိုတာ  စစ်သားမဟုတ်ရင်တောင် စစ်ကားကြည်.ဖူးတဲ.သူတိုင်း သိနိုင်ကြမှာပါ။   
    ဂျွန်တစ်ယောက်  ကင်းလှည်.တာဝန်ထမ်းဆောင်ရင်းနဲ. တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ.ပါတယ်။ နောက်ဆုံး သူသတိရတဲ.အချိန်မှာတော.  စစ်ဆေးရုံက ကုတင် ပေါ်မှာ ရောက်နေပြီ။  လက်တွေခြေထောက်တွေ လုပ်ကြည်.တော. အခြေအနေကောင်းတယ်။ သို.သော် သူမှန်ရှေ.ရောက်တဲ.အချိန်မှာ သူ.ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဆိုးဝါးသွားသော မျက်နှာကိုတွေ.လိုက်ရတယ်။  ဒီလိုမျက်နှာမျိုးကို သူ.ချစ်သူ တွေ.ရင် လက်ခံပေးနိုင်ပါ.မလား စိုးရိမ် စိတ်တွေနဲ.  ဂျွန်ြ ပည်တော်ပြန်ခဲ.ပါတယ်။  ဂျွန်.စိုးရိမ်စိတ်မှုတွေကို  သူ.ချစ်သူမှ ဖယ်ရှာပေးကာ   မြတ်မြတ်နိုးနိုးနဲ. တစ်သက်လုံးချစ်ပါရစေဆိုပြီးလက်ထက်ပွဲကို  ကျင်းပခဲ.တယ်။  မိမိ ချစ်သူ ဘာဘဲ ဖြစ်နေနေ ချစ်သွားမည်ဆိုသော ဂျွန်. ချစ်သူကို အားလုံးက အံသြချီးကျူးဂုဏ်ယူကြသည်။ 
အချစ်စစ်အချစ်မှန် ဆိုတာ ဒါမျိုးကိုမှ ဆိုတာပါ။  ချစ်သူအတွက်ဆို ဓူဝံကြယ်ဘဲ ဆွတ်ပေးရ  ဆွတ်ပေးရ  ချစ်သူအတွက်ဆို အသက်ပါပေးရဲတယ်ဆိုပြီး ပြောနေကြပေမယ်. တစ်ကယ်တန်း  အနှစ်နာခံချစ်နိုင်တာမျိုးကတော. အရမ်းရှားပါတယ်။ ရွှေစစ်ရင် မှတ်ကျောက်တင်ခံနိုင်ရတယ်ဆိုတဲ.စကားအတိုင်း အချစ်စစ်အချစ်မှန်တွေ.မှာလည်း မှတ်ကျောက်တင်နိုင်ရဲကြမှာပါ။ ချစ်သူတိုင်း ချစ်သူတိုင်း အချစ်စစ်အချစ်မှန် နဲ. ချစ်နိုင်ကြပါစေ။





source//http://www.emailjunks.com

10 comments:

Q-te said...

စိတ်သဘောထားပြည့်ဝတဲ့ ချစ်သူတယောက်ကို အဆုံးရှုံးမခံနိုင်ဖူးကွယ် နားလည်ခွင့်လွတ်မူ့တွေ ဆိုတာ အချစ်နဲ့တည်ဆောက်ထားတာမဟုတ်ပါဖူး
မေတ္တာတရားနဲ့တည်ဆောက်ထားတာပါ
အဲဒီ့မေတ္တာတရား မရှိပဲ အချစ်ဆိုတဲ့နာမည်တပ် တသက်လုံး အတူနေရတာမှာကိုတော့ တွေကြောက်မိသား
အားကျမိတယ်ကွယ်
အမတော်

လွင်ပြင်လှိုင်းငယ် said...

အချစ်စစ်မှာ ရုပ်ရည် အဆင်အတန်း ဘာတစ်ခုမှ မလိုအပ်ပါဘူးလေ

Sofar Away Fromu said...

ဟုတ်ပါတယ်....။

mstint said...

ဒီဇာတ်လမ်းလေးကိုဖတ်တော့ တီတင့်တို့ RIT တက်စဉ်က အလားတူဇာတ်လမ်းဆန်ဆန်
ကြုံခဲ့ဘူးတယ်။ တီတင့်တို့သူငယ်ချင်းရဲ့ ချစ်သူကရှေ့တန်းမှာ လက်နက်ကြီးမှန်ပြီးခြေပြတ်ခဲ့
တဲ့အတွက် သူ့ကိုယ်သူ သေလူအဖြစ်ကြေငြာခဲ့တယ်။ ရေစက်မကုန်တော့ မင်္ဂလာဒုံ
စစ်ဆေးရုံကြီးမှာ မမျှော်လင့်တဲ့တစ်နေ့ ပြန်ဆုံရင်း မင်္ဂလာဆောင်ဖြစ်ခဲ့ပြီး ကလေးနှစ်ယောက် ထွန်းကားခဲ့တယ်။ လင်မယားနှစ်ယောက် မှော်ဘီကအပြန် လမ်းမှာ ကားအက်ဆီးဒင့်နဲ့ ပွဲချင်းပြီး
နှစ်ယောက်စလုံး ဆုံးပါးခဲ့ကြတဲ့ အဖြစ်ပျက်လေးပါ မောင်မောင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်မောင် said...

တီတင်.ပြောပြတာလေးက စိတ်ဝင်စားဖို.ကောင်းတယ်နော်။ ကျေးဇူးပါဘဲ တီတင်.။

Candy said...

လေးစားစရာပဲ.. :D

Thameesan said...

အံ့သြဖို့ကောင်းပါတယ်။
လူ့ဘ၀ထဲနေရင်..ချစ်တတ်ဖို့လည်း..လိုသေးတယ်နော်း)
စိတ်မကောင်းပေမယ့်
စိတ်ချမ်းသာစရာ..မြင်ကွင်းပါပဲ။
ယနေ့မှစကာ..အိုအောင်မင်းအောင်
ပေါင်းရပါစေ။

ခင်မင်လျှက်

မိုးသက် said...

အစ်ကိုကြီးလည်း မေးထားဦးနော်.. ကျွန်တော်ကတော့မေးပြီးသား.. အိုကေပါပဲတဲ့.။

မဒမ်ကိုး said...

အချစ်မှာ ရုပ်ရည် ဂုဏ် ငွေကြေး ဘာမှမလိုအပ်ဘူး
တကယ်ငြိမ်းချမ်းနေတယ်
တကယ်အားကျတယ်မောင်မောင်ရေ

ခင်မင်လျှက်
အမ မဒိုးကန်

Anonymous said...

တီတင့်ပြောတဲ့ဇာတ်လမ်းလေးက မင်းသမီးလေးတစ် ယောက်ရဲ့မိဘတွေအကြောင်းလားမသိဘူး

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။