အံ.ဖွယ်လက်ရာဖြင်. တည်ဆောက်ထားသောနန်းတော်ကို မစ္စတာ ဝေ.ဗာ မှ Rolling Through the Bay ဟု အမည်ပေးထားပါတယ်။ သွားကြားထိုးတံ စုစုပေါင်း တစ်သိန်း အသုံးပြုထားပါတယ်လို. ဆိုပါတယ်။ မျှော်စစ်နှစ်ခု ရွှေရောင်ဂိတ်ပါသော ပန်းခြံ စသော အံသြဖွယ် လက်ရာမြောက်လှသော အနုစိတ် သင်္ကေတကို နာရီပေါင်း သုံးထောင် ကျော်ဖြင်. အချိန်ယူတည်ဆောက်ခဲ.သည်။
သွားကြားထိုးတံအချို.မှာ အိမ်နီးချင်း အီတာလန် စားသောက်ဆိုင်မှလို. ဝေ. မှ ဆိုပါတယ်။ ထူးဆန်းသည်မှာ သွားကြားထိုးတံ များကို နိုင်ငံစုံ တံဆိပ်မျိုးစုံမှ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ထိုသွားကြားထိုးတံ များကို နိုင်ငံရပ်ခြား များရှိ ဆွေမျိုးများထံ အလည်အပတ်သွားရင်းနဲ. စုဆောင်းခဲ.တယ်လို. ဆိုပါတယ်။ ရွှေရောင်ဂိတ်ဖြင်.ပန်းခြံကို ကင်ညာ မော်ရိုကို စပိန် အနောက်ဂျာမဏီ အီတလီ တို.မှ ယူဆောင်လာခဲ.သော သွားကြားထိုးတံများဖြင်. ပြုလုပ်ထားသည်။ အတွင်းပိုင်းတွင် အသုံးပြုထားသည်မှာ သူ မင်္ဂလာဆောင်ခဲ.စဉ်က ဧည်.သည်များ သုံးခဲ.သောသွားကြားထိုးတံများ ဟု ဝေ.မှ ဆိုပါတယ်။
ဝေ.မှ ရှင်းပြထားသော ဗီဒီယိုဖိုင်ကို http://vimeo.com/22461692 တွင် သွားရောက်ကြည်.ရှုနိုင်ပါသည်။
ref //http://www.coolpicturegallery.us/2011/04/san-francisco-made-of-100000-toothpicks.html

6 comments:
တော်တော်ကို လက်ရာမြောက်တာဘဲ။
အွန် သုံးပီ;သားတွေ ရွံထှာ လုပ်စရာရှားလို့ ဟာ
သွားချေးတွေနဲ့ ဟီးးးဟီးးးးးး
ခင်မင်လျှက်
မဒိုးကန်
သွားကြားထိုးတံတောင် ကြံကြံဖန်ဖန်ဗျာ.... အနုပညာမြောက်အောင် လုပ်တတ်လိုက်ကြပ။ အချိန်ရော၊ ၀ါသနာရော တော်တော်လေးကို ပေါင်းစပ်ရမယ်ထင်တယ်....
တကယ်ကို အံ့သြဖွယ်ရာ အနုပညာပါပဲရှင်။
ခင်မင်စွာဖြင့်
မြတ်
မဒိုးတစ်ယောက်အတွေးနက်ပါဘိရေပြန်ဆေးပြီးမှသုံးတာဖြစ်မှာပါကွဲ့း)
အနုပညာရှင်လက်ရာမြောက်ပုံများအံ့မခန်းပါပဲမောင်မောင်ရေ။
ထူးထူးဆန်းဆန်းပို့စ်လေးကိုဖြန့်ဝေပေးလို့ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟီးးးးးး ဟုတ်ပါ. တီတင်.။ ဆေးပြီးမှဘဲသုံးမှာပေါ.ဗျာ။
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။