Saturday 31 December 2011

ဘ၀ရဲ. အကောင်းဆုံး အချိန်ကာလများ


  သည်ကနေ.ထက် ပို၍ အဖိုးတန်သော အရာ မရှိပါ။   ဂါးထာ(Goethe )

 အဲ.သည်နေ.က ဇွန်လ ၁၅ ရက်နေ.။ နောက်နှစ်ရက် ဆိုလျှင် ကျွန်တော် သုံးဆယ်ပြည်.တော.မည်။ ဘာလိုလိုနဲ. ဆယ်စုနှစ် အသစ်တစ်ခုထဲ ရောက်တော.မှာပါကလား။ ငါ.ဘ၀ရဲ. အကောင်းဆုံး အချိန်ကာလတွေ ကုန်ဆုံးခဲ.ပြီလား။ အဲသည်လို အတွေးဖြင်. ကျွန်တော်ရင်လေးသွားသည်။
 အဲ.သည်တုန်းက ကျွန်တော်နေ.စဉ်လုပ်လေ.ရှိသည်. အရာများထဲမှာ တစ်ခုက အလုပ်မသွားမီ အားကစား
ခန်းမထဲ သွားပြီး လေ.ကျင်.ကစားခြင်း ဖြစ်သည်။ နေ.စဉ်နံနက်တိုင်း အားကစားခန်းရောက်လျှင် ကျွန်တော်.မိတ်ဆွေကြီး နစ်ကိုလတ် (စ)ကိုတွေ.ရမြဲ ဖြစ်သည်။ နစ်ကိုလတ် (စ)က အသက် ၇၉ နှစ်ရှိပြီ။ သို.သော်အရွယ်နှင်. မလိုက်အောင် ကျန်းမာသန်စွမ်းသည်။


  အဲသည်နေ. နစ်ကိုလတ်(စ) ကို နှုတ်ဆက်တော. ကျွန်တော်ခါတိုင်းလို သွက်သွက်လက်လက် တက်တက်ကြွကြွ မရှိတာ သူသတိပြုမိပြီး ဘာဖြစ်သလဲ မေးသည်။ ကျွန်တော်က အသက်သုံးဆယ် ပြည်.တော.မည် အကြောင်းနှင်.အဲသည်အတွက် စိုးရွံ.ပူပန်မိသည်.အကြောင်းပြောသည်။ အဲသည်လိုပြောရင်းက ၊အင်းငါ နစ်ကိုလတ်(စ) အသက်လောက်များ ရောက်ရင် ဘယ်လိုခံစားမိမလဲမသိဘူးဟု တွေးမိကာ သူ.အား မေးခွန်းတစ်ခု မေးမိသည်။
   "အဘ ဘ၀မှာ ဘယ်အချိန်ကာလဟာ အကောင်းဆုံး အချိန်ကာလလို. ယူဆသလဲဗျ " ဟူ၍ ။


မင်းက အတွေးအခေါ်ပါတဲ. မေးခွန်းမေးတော. ငါလဲ အတွေးအခေါ်ပါတဲ. အဖြေ ပေးရမှာပေါ. နစ်ကိုလတ်(စ)က မဆိုင်းမတွဆိုသည်။  ဒီလိုကွာ ၊ ငါသြစတြီးယားမှာ ကလေးဘ၀တုန်းက ငါ.ကိစ္စ၀ိစ္စတွေ အားလုံးကို ငါ.မိဘတွေက တာဝန်ယူတယ်၊ ငါ.ကို သူတို.ပြုစုပျိုးထောင်ကြတယ်၊ အဲဒီအချိန်ဟာ ငါ.ဘ၀ရဲ. အကောင်းဆုံး အချိန်ဖြစ်ခဲ.တယ်၊

  တစ်ခါ ၊ ငါကျောင်းနေစဉ်ကာလမှာ ဒီကနေ. ငါသိနေတဲ.အရာတွေ  ကျောင်းကသင်ပေးလို. သိရတတ်ရတယ်၊ အဲဒီကာလဟာလဲ ငါ.ဘ၀ရဲ. အကောင်းဆုံး အချိန်တစ်ခုဖြစ်ခဲ.တယ်၊

 အဲဒီနောက် ၊ ငါအလုပ်ရတယ်၊ အဲဒီခါ တာဝန်တွေ ယူရတယ်၊ ဒါပေမဲ. ငါအားထုတ်လုပ်ကိုင်သမျှအတွက် အကျိုးခံစားခွင်.တွေ  ငါရတယ်၊ အဲဒီအချိန်ဟာ ငါ.ဘ၀ ရဲ.အကောင်းဆုံး အချိန်ပဲ၊


   နောက်၊ ငါ.မိန်းမနဲ.တွေ.တယ် ၊ ချစ်ကြ ခင်ကြတယ်၊ ဒီအချိန်ဟာလဲ ငါ.ဘ၀ရဲ. အကောင်းဆုံးအချိန်တစ်ခုပဲ၊ 
  
   ဒုတိယကမ္ဘာစစ် ဖြစ်တယ်၊ စစ်မီးတောက်နေတဲ. သြစတြီးယားကနေ လွတ်ရာကျွတ်ရာကို လင်မယား နှစ်ယောက် အသက်ဘေးအတွက် ပြေးကြရတယ်၊ မြောက်အမေရိက သွားတဲ. သင်္ဘောတစ်စီးပေါ်ကို နှစ်ယောက်သား ဘေးကင်းရန်ကင်း ရောက်သွားကြပြီ ဆိုတဲ.အချိန်ဟာ ငါ.ဘ၀ရဲ. အကောင်းဆုံး အချိန်တစ်ခုပဲ၊


    နောက်၊ ကနေဒါကို တို.ရောက်လာတယ်၊ သိုက်သိုက် ၀န်းဝန်းမိသားစု တစ်ခုဖြစ်လာတယ်၊ အဲဒီအချိန်ဟာလဲ ငါ.ဘ၀ရဲ.အကောင်းဆုံး အချိန်တစ်ခုပဲပေါ.၊


    နောက်ဖခင်တစ်ယောက် ဘ၀နဲ. သားသမီးတွေ ပြုစုပျိုးထောင်ရင်း သူတို.လေးတွေ ကိုယ်.မျက်စိရှေ.မှာ
ကြီးပြင်းကြတာ တစိမ်.စိမ်.ကြည်.ခွင်.ရတယ်။ အဲဒီကာလဟာလဲ ငါ.ဘ၀ရဲ. အကောင်းဆုံး အချိန်ကာလတစ်ခုပဲ၊


 အဲဒီတော.၊ အခုအချိန်မှာကောတဲ. ၊ ငါပြောမယ် ဂျိုး ၊ ငါအခု အသက် ၇၉ နှစ်ရှိပြီ၊ ဒါပေမယ်. ကျန်းမာတယ် ၊နေလို. ထိုင်လို.ကောင်းတယ်၊ ငါ.မိန်းမကိုလဲ ငါစတွေ.စဉ်ကလို ချစ်ခင်ကြင်နာတုန်းပဲ ၊အဲဒီတော. ဒီအချိန်ဟာ ငါ.ဘ၀အတွက် အကောင်းဆုံးအချိန်ကာလတစ်ခုပဲပေါ.ကွာ ၊


Source//  Joe kemp ၏ The best time of my life ကို ဆရာဖေမြင်.ဘာသာပြန်ထားသော နှလုံးသား အာဟာရ ရသစာများ တတိယတွဲ

5 comments:

ချောကလက်ကျူးပစ်လေး said...

မှတ်သားစရာတွေပဲ

မေထား said...

မှတ်သားသွားပါတယ်ဗျို့ 

mstint said...

စာကောင်းပေကောင်းလေးတွေဖတ်သွားတယ်။
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
မောင်မောင်ရေ။
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဟုတ်တယ်
လက်ရှိအချိန်က
ဘ၀အတွက်
အကောင်းဆုံးအချိန်ပဲ။
ဒီတော့..ကြိုးစားလိုက်ဦးမယ်
မောင်မောင်ရေး))
ဝေမျှပေးတဲ့အတွက်.ကျေးဇူးပါနော်
နှစ်သစ်မှာ.မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ
ဒါနဲ့
မွေးနေ့တုန်းက.
ဘာမှလဲမစားရပါလား :P

ပုံ
သမီးစံ

ချစ်စံအိမ် said...

မျှဝေပေးတဲ့အတွက်ကျေးဇူးပဲမောင်မောင်ရေ
သေချာဖတ်သွားပါတယ်..

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။