Monday 26 December 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag post )

  ဒီပို.စ်လေးကို ရေးဖို. တဂ်လုပ်ပေးတဲ. သူများ  အရင်ကတော. အစ်မကြီးကန်ဒီ ခုတော. သူငယ်ချင်း ကန်ဒီ  တစ်ခါတစ်လေ အန်တီကန်ဒီသခွါးသီး ချိုချဉ် ခင်ဖို. တစ်အားကောင်းပါတယ်။  နောက်ပြီး အစ်မတစ်ယောက်လို. ရင်းနှီးနေသော အစ်မစံ  ရာသက်ပန် အပျိုကြီး ဘွဲ ပေးထားတာ မကျေနပ်နိုင်သူပါ ။
နောက် အစ်ကို 8 yar  ဘလော.ဂါတွေထည်းမှာ ဒီနာမည် အလန်းဆုံးဘဲ ထင်တယ်။  သူတို.ကို  ကျေးဇူးတင်ကြောင်းနဲ.  အချိန်အနည်းငယ်နောက်ကျပြီးမှ ရေးဖြစ်တဲအတွက် ခွင်လွှတ်ပါကြောင်း 
ဦးစွာ ပထမ ပြောချင်ပါတယ်။  မောင်မောင်တို. ကျောင်းက မပိတ်သေးလို.ရေးဖို.နောက်ကျနေတာ ပါ။ စာမေးပွဲ တွေ ဖြေပြီးမှ ပိတ်မှာဆိုတော. စာကို ဖိနေရတာ  လွှတ်လို.မရဘူးမဟုတ်လား။ ခု ပြီးသွားပီ ဆိုတော. အကြွေးတင်နေတာလေးကို ကျေအောင်ဆပ်လိုက်ပါတယ်။
    ပို.စ်ခေါင်းစဉ်လေးက  ကျောင်းပိတ်ရက်ဘာလုပ်မှာလည်း ဆိုတော.  မောင်မောင်အပြင်ထွက်လည်ဖို.ကိုတော. မစဉ်းစားနိုင်ပါဘူး။  သုညအောက်ရှိတဲ. အပူချိန် အေးခဲနေတဲ. နှင်းတွေကြားထည်းမှာ လည်ဖို.ဆိုတာ အပူပိုင်းနိုင်ငံကလာတဲ. မောင်မောင် တို. တော်တော်စဉ်းစားယူရမယ်. ကိစ္စတစ်ခုပါ။ ခန တစ်ဖြုတ် ဓါတ်ပုံရိုက်ဖို.လောက်တော. အရမ်းလှတဲ. နှင်းခဲလေးတွေက အရမ်းလှနေပေမယ်. 15 မိနစ်လောက်တာ ရပ်နေလို.ကတော. ပထမဆုံး ခံစားရမှာ နှင်းကိုက်တဲ.ဝေဒနာပါ ။ လမ်းလျှောက်နေရင်တော. အရမ်းမသိသာပါဘူး။  စားသောက်ဆိုင် ဘူတာ ကျန်တဲ.အဆောက်အဦးတွေကတော.  heater တွေ လွှတ်ထားလို. နွေးပါတယ်။  ပြတိုက်တို.  ဗဟုသုတ ရတဲ.နေရာလေးတွေကိုတော. သွားလည်ဖို. စိတ်ကူးရှိပါတယ်။ 
    ဗုဒ္ဓဘာသာ ၀င် ဖြစ်တဲ.အတွက် ခရစ်စမတ်ဟာ သာမာန်အနေနဲ.ဘဲ ပြီးဆုံးသွားမှာပါ။ ကျောင်းပိတ်ရက်လေး ရတဲ.အတွက် လုပ်ချင်တာလေးတွေ ကို အကောင်အထည်ဖော်နိုင်တာ တစ်ခုတော. ကောင်းပါတယ်။  ဆရာမ တွေကိုတော. ခရစ်စမတ်လာက်ဆောင်ပေးဖြစ်ထင်တယ်။ သူတို.နိုင်ငံက ပန်းလက်ဆောင်ပေးတဲ.အချိန်အရမ်းဂရုစိုက်ရတယ်။ အရေအတွက် ၊ အရောင် ၊ အမျိုးအစား   ထုံးထမ်းစဉ်လာတွေ ရှိတယ်။  ဒါတွေကို နားလည်အောင်မေးပြီးမှ ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါတောင် တစ်ခါတစ်လေ မှားတတ်သေးတယ်။  
    ခရစ်စမတ် သစ်ပင်တွေတော. နေရာ တော်တော်များများမှာတွေ.နေရပါပြီ။ ဒီဇင်ဘာ စပီဆိုတာ နဲ. စပြီး ပြုလုပ်ထားတာ ဖြစ်တယ်။ ဆီးနှင်းတွေ ကျတဲ.နိုင်ငံဆိုတော. ခရစ်စမတ် က အရမ်းပျော်ဖို.ကောင်းပါတယ်။ မောင်မောင် တစ်ယောက်ကတော. သူများ ပျော်ဖို. မပျော်နိုင် ရည်စားပျောက်လို. မှိုင်ဆိုတဲ. သင်္ကြန်သံချပ် တစ်ခုလိုပါဘဲ  ကောင်မလေးက အနားမှာ မရှိတော. ဘယ်ပျော်လို. ရပါ.မလည်း။ .ခုတော. လွမ်းဆွတ်သော ဒီဇင်ဘာလို. အမည်တပ်လိုက်ချင်ပါတယ်။ 
    ခရစ်စမတ် သီချင်းတွေတော. မဆိုဖြစ်ပါဘူး သို.ပေမယ်. ကျောင်းမှာ နှစ်သစ်ကူးအခမ်းအနား တစ်ခု ရှိသည်.အတွက် အဲ.မှာတော. သီချင်းဆိုဖြစ်ပါမည်။  သူငယ်ချင်းတွေ ဆရာ ဆရာမတွေ နဲ.အတူတူ ပါ။ 
ပထမနှစ်မှ ညီငယ်လေး တစ်ယောက်မှ မြန်မာနိုင်ငံ နှစ်သစ်ကူးဖြစ်သော သင်္ကြန်အကြောင်းကို presentation လုပ်ပြီး ရှင်းပြမည်. အစီအစဉ်ပါမည်။ ဗီယက်နမ် ၊ ဂါနာ ၊  တရုတ်   ၊  ကျွန်တော် တို. မြန်မာနဲ.ဆို လေး နိုင်ငံ ပြောရမှာ ဖြစ်ပါတယ်။  အဲ.အခမ်းအနားပြီးရင်တော. နောက်နေ.တွေကျောင်းစပိတ်ပါပီ။ 
       မောင်မောင် က ကချင်ပြည်နယ် ဇာတိဖြစ်သည်.အတွက်  ငယ်ငယ်တုန်းကတော. ခရစ်စမတ်အချိန်အရမ်းကိုပျော်ပါတယ်။  ဆောင်းတွင်းအေးအေးမှာ မီးဖိုပြီး ခေါပုတ်တွေ ကင်စားရတဲ. အရသာကို ဘာနဲ.မှမလည်းနိုင်ပါ။  သူငယ်ချင်း ကချင်ကျောင်းသားလေးတွေနဲ.အတူတူခရစ်စမတ်သီချင်းတွေလည်း ဆိုခဲ.ဖူးပါတယ်။ ခုအချိန်မှာတော. ကချင်ပြည်နယ်မှာ ခရစ်စမတ်ကို  တိတ်ဆိတ်စွာနဲ.ဘဲ ဖြတ်သန်းကြတော.မယ်ထင်ပါတယ်။  
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမြန်ဆုံး ဖြစ်လာပါစေလို. ဆုတောင်းလိုက်ပါတယ်။ ငြိမ်းချမ်းရေး အရသာကို မငြိမ်းချမ်းတဲ.အခါမှ သိလိမ်.မည် ဟူသော သီချင်းစာသားလေးအတိုင်း ကချင်ပြည်နယ်သူ ပြည်နယ်သားတွေ ခု ငြိမ်းချမ်းရေးကို အရမ်းတောင်းတနေကြပါပီ။  ဘယ်စစ်သားမှတော. စစ်ကို လိုလားကြမှာမဟုတ်ပါ။  မဖြစ်မနေ မလွဲရှောင်သာ သော တာဝန် အခြေအနေမျိုးမှသာ ဆင်နွဲကြရတာ မျိုးပါ။  နောက် လာမည်. နှစ် ခရစ်စမတ်တွေမှာ သူတို.တွေပျှော်ရွှင်နိုင်ကြပါစေ။  
         ဒီဇင်ဘာဟာ ကျွန်တော်.အတွက် အမှတ်တရတွေတော.အများကြီးပါ။  ကျွန်တော်.မွေးနေကလည်း ဒီဇင်ဘာ 29 ရက် ၊ ကျွန်တော် တာဝန်တွေစတင်ထမ်းဆောင်ရတဲ. နေ.က လည်း ဒီဇင်ဘာထည်းမှာ။ နောက်ပြီး ချစ်သူ ဆီက   အဖြေရတာ လည်း ဒီဇင်ဘာ ပါဘဲ  ( ကြော်ငြာ ၀င်တာ နော်)။ 
ထိုသို.သော အမှတ်တရများစွာ ရှိနေသော ဒီဇင်ဘာကို  ကျွန်တော် မည်သည်.အကြောင်းနဲ.မျှမေ.လို.မရပါ။ 
      မြန်မာနိုင်ငံ မှာတုန်းကတော.   နှစ်သစ်ကူးကို အိပ်ရေးပျက်ခံပြီး တစ်ခါမှ မကြိုခဲ.ဖူးပါဘူး။ ကိုယ်မကြိုလည်း ရောက်လာမှာမဟုတ်လား ။ သေချာတာကတော. တစ်နှစ်ပိုကြီးလာတာပါဘဲ။  သေချာတာ တစ်ခု ကတော. နှစ်ဆန်းတစ်ရက်နေ.မှာ ဘုန်းကြီးကျောင်းတွေ ဘာတွေတော. သွားဖြစ်မည်။ ဒါကတော. မြန်မာ. နှစ်သစ်ကူးလေ မဟုတ်လား။  သီတင်းကျွတ်မှ သာ ဗျောက်အိုးတွေ ဖောက်ဖူးခဲ.တယ်။  ခရစ်စမတ် နှစ်သစ်ကူးမှာတော. တစ်ခါမှ မဖောက်ဖူးပါဘူး။  
ကျွန်တော.် မြန်မာလူငယ်အများစုသာ နှစ်ဆန်းတစ်ရက်နေ.မှာ ကုသိုလ်ကောင်းမှုတွေလုပ်ဖို. ခဲယဉ်းတက်ကြပေမယ်.   နှစ်သစ်ကူးညတွေမှာ ဆွေမျိုး မေ.အောင် ပျော်ပါးသောက်စားဖို.ကြတော .လွယ်ကူနေကြတာကိုတွေ.နေရတာစိတ်မကောင်းပါဘူး။   နှစ်သစ်ကူး ညတွေ နဲ. နှစ်မကူးလိုက်ရတဲ. လူတွေလည်း ရှိတယ် ဆိုတာ သတိထားကြပါ။  တစ်ခြား နိုင်ငံတွေမှာ ရောက်ရှိနေကြသော ကျွန်တော်တို.မြန်မာတွေ ဒီရက်ပိုင်းအတွင်း လူအရမ်းစည်ကားသောနေရာမျိုးကို ရှောင်ဖို.လိုအပ်ပါတယ်။  ခရစ်စမတ်နေ.မှာဘဲ နိုင်ဂျီးရီးယား နိုင်ငံ ဘုရားရှိခိုးကျောင်းမှာ ဗုန်းပေါက်တယ်လို.ကြားတယ် လူတွေ အရောက် 30 ခန်.သေပြီး တော်တော်များများလည်း ဒဏ်ရာတွေရသွားကြတယ်လို.လည်း သိရတယ်။   ထို.ကြောင်. သတိလေးနဲ.ပျော်ကြပါ လို. တိုက်တွန်းပါရစေ။ 
          အားလုံးကို ဗဟုသုတရအောင်  ဒီနိုင်ငံ ရဲ  ခရစ်စမတ် နှစ်သစ်ကူး နဲ. ဆောင်း ရှုခင်းလေးတွေကို တင်ပေးလိုက်ပါတယ်။ 

 ကားတွေထက် (9693 ) က ပိုအဆင်ပြေမယ်.ပုံပါ။  9693= ကိုယ်.ခြေ
ထောက်ကိုယ်သုံး 

ခမ်းနားလှတဲ. ရင်ပြင်နီပါ 





                                          သူတို.နိုင်ငံက ခရစ်စမတ် ထင်းရူးပင်ကို အလှဆင်ထားတာပါ


  
နှင်းတွေကျနေတာဘဲ ဗွက်ထမှာမဟုတ်ဘူးလို.မထင်လိုက်ပါနဲ.
အပူချိန်မြင်လာတဲ.အခါ  အောက်ကနှင်းခဲတွေဖြေးဖြေးချင်းအရေပျော်ပြီး
စိတ်ညစ်ဖို.ကောင်းဖို.တဲ ဗွက်ပြင်ကြီးဖြစ်လာပါတယ်။
                                         

                                    နှင်းချစ်သူတွေ အတွက်တော. အရမ်းကိုနေချင်မယ်.နေရာလေးပါ

                                                    အားလုံးကို ပျှော်ရွှင်သော ခရစ်စမတ်လေး ဖြစ်ပါစေလို. ဆုတောင်းလိုက်ပါတယ် ။
                                                                                       မောင်မောင် (မြစ်ဆုံ)


        
                  
    

10 comments:

လွင်ပြင်လှိုင်းငယ် said...

ပျော်ရွှင်စရာ ခရစ္စမတ်လေးနှင့် နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေဗျာ

မဒမ်ကိုး said...

သူများတွေရဲ့ပိတ်ရက်ကလေးတွေကတော့လာကြပြီ
ကိုယ်ကျန်နေသေးရဲ့ .မောင်မောင်ရဲ့ ခရစ္စမတ်လေးကအရမ်းကိုအေးမြနေပါလားဟေး)

Candy said...

ကြော်ငြာကလည်း ၀င်လိုက်ရတာ.. ဘယ်တုန်းက ရည်းစားရသွားတာလဲ.. ဟိုတလောကပဲ ညည်းတွားနေပြီးတော့ ဟဟဟဟ

ဝမ်းသာပါတယ်။ Congrat ပါ ဒါကြောင့် တူအလုပ်ရှုပ်နေတာကို ဟဟဟ :P

Anonymous said...

အံမယ်..စော်တကေမော်ဒကားတယ်ပေါ့လေ
နာ့ကို..ကြော်ငြာလိုက်ရ..ဟွင်းးးးး
ပြန်များပြောမလားလို့..
သူက..ရတောင်.ရသွားပီး))
အတွေးလေးတစ်ခုနဲ့
ပြောပြသွားတဲ့တဂ်ပို့လေး.
ကောင်းတယ်မောင်မောင်ရေ
ရေးပေးတဲ့တွက်လည်း.ကျေးကျေးပါနော်

ပျော်ရွှင်ဖွယ်.ဒီဇင်ဘာလေးဖြစ်ပါစေ

ခင်မင်စွာဖြင့်
သမီးစံ

ချောကလက်ကျူးပစ်လေး said...

ပျော်ရွှ့င်စရာနှစ်သစ်နဲ့ခရစ္စမတ်လေးဖြစ်ပါစေအကိုရေ
တဂ်ပို့စ်လေးဖတ်သွားတယ်ဗျို့

San San Htun said...

ပျော်ရွှင်ဖွယ် ခရစ်စမတ်နှင့် နှစ်သစ် ဖြစ်ပါစေ

8Yar said...

ကောင်မလေးက အနားမှာ မရှိတော. ဘယ်ပျော်လို. ရပါ.မလည်း။
ဟင်း ဟင်း ဟင်း ဟင်း .. ယုံရခက်ကြီးဂျာ။ :P
နှစ်သစ်ကူးညတွေမှာ ဆွေမျိုး မေ.အောင် ပျော်ပါးသောက်စားဖို.ကြတော .လွယ်ကူနေကြတာကိုတွေ.နေရတာစိတ်မကောင်းပါဘူး။
မှန်လိုက်တာ အစ်ကိုရေ များများ ထောက်ပြပေးပါဗျာ။ Tag Post ရေးပေးတဲ့ အတွက် ကျေးဇူးပါခင်ဗျာ။

mstint said...

မောင်မောင့်အကြောင်းကိုဖတ်ပြီး တီတင့်
၅တန်း-၆တန်းတက်စဉ်အခါက ဖေဖေတာဝန်ကျတဲ့
ကချင်-၅ တပ်ရင်းမှာ ကချင်သူငယ်ချင်းလေးတွေ
အများကြီး ရှိခဲ့ဘူးတယ်။ ကချင်ပွဲတော်နေ့ဆိုရင်
မနောအက ကခုန်ကြပြီး ခေါင်ရည်သောက်ကြတာကို
အခုအထိတိုင် သတိရမိတယ် မောင်မောင်ရေ။
မနက်ဖြန်ရောက်လာတော့မယ့် မောင်မောင့်ရဲ့ မွေးနေ့
ရက်မြတ်လေးအတွက်-
Happy Birthday & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

ပျော်ရွှင်စရာChristmas လေးဖြစ်ပါစေမောင်မောင်

ပျော်စရာမွေးနေ့လေးလည်းဖြစ်ပါစေ..

မောင်မောင် said...

ခုလို အားပေးနှုတ်ဆက် ဆန္ဒပြုပေးသွားကြတဲ. စာပေချစ်သူ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ နှစ်သစ်နဲ.အတူ ပျှော်ရွှင်နိုင်ကြပါစေလို. ဆုမွန်ကောင်းတောင်ပါရစေ။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။