Friday 7 October 2011

နိုင်ငံရပ်ခြားမှာ မြန်မာ အကြောင်းပြောပြခွင်.ရတဲ. အခမ်းအနားတစ်ခု

  မမျှော်လင်.ဘဲ အခမ်းအနား နှစ်ခု ကပ်သွားတာ လူလည်းတော်တော်ပန်းသွားတယ်။ ဘလော.ကိုလည်း ပို.စ်လေးတွေ မတင်နိုင်။ မိတ်ဆွေတွေ အိမ်တွေကိုလည်း မလည်ပါတ်နိုင်။ သင်ခန်းစာတွေလည်း ဖိဖိစီးစီးမလုပ်နိုင်။နောက်တစ်ခုက ဒီနှစ် သီတင်းကျွတ် အတွက် အစည်းအဝေးတက်ကာဘုရားခန်းမှာ ၀တ်ရွတ်မယ်.အစီအစဉ်တွေ၊ ကျွေးမွေးရေးအစီအစဉ်တွေ လုပ်ဖို. တာဝန်တွေ ကိုယ်စီယူရတာပေါ.။ ဒီကြားထည်း နာမည်တပ်လို.မရတဲ.အလုပ်တွေကလည်း ရှိသေးတယ်။
မောင်မောင် တစ်ယောက် ပွဲကျပ်ကာလ တစ်ခုရောက်နေသလိုဘဲ။ ဒီလိုပြောလိုက်ရင်လည်း  တောထည်း တောင်ထည်းမှာ တာဝန်ထမ်းဆောင်နေတဲ. ရဲဘော်ရဲဘက်တွေကို အားနာပြန်ရော။  သူတို.နဲ. ယှဉ်လိုက်ပြန်တော.လည်း  ကိုယ်.အလုပ်တွေက ဘာမှ မရှိပါလား။ ဒီမဆိုစလောက်တာဝန်လေးတွေကိုတော.ကျေပွန်အောင်လုပ်မှရမယ် ။
   အခမ်းအနား နှစ်ခုဆိုလို. ဘာများလည်းပေါ.။ တစ်ခုက  ဒီနိုင်ငံမှာ အမြင်.ဆုံးကျောင်းဖြစ်တဲ.  мгу  
ကျောင်းမှ ဦးစီးပြီး  တစ်ခြားကျောင်းတွေမှ နိုင်ငံခြား ကျောင်းသားတွေကို ဖတ်ခေါ်ယဉ်ပြိုင်စေတဲ.  အွန်လိုင်းပွဲတော်တစ်ခုပါ။  မိမိတို. အမျိုးသား ၀တ်စုံနဲ. မြန်မာသီချင်းတစ်ပုဒ်ကို ဆိုရပါတယ်။ သီချင်းဆိုတာက ကိုယ်.သက်ဆိုင်ရာကျောင်း ရှိ အထိမ်းအမတ် တစ်ခုခုရှေ.မှာပေါ.။ рхту  ဆိုတဲ. မောင်မောင်တို.ကျောင်းမှာ
သီချင်းဆိုတဲ.နေ.ကဆို  ဒီနိုင်ငံကကျောင်းသူကျောင်းသားတွေ၊ တစ်ခြား နိုင်ငံအသီးသီးမှ ကျောင်းသားတွေ စိတ်ဝင်တစားလာကြည်.ကြတာကိုတွေ.ရတယ်။ မြန်မာအ၀တ်အစားတွေနဲ.ဆိုတော. သူတို.အတွက် အထူးအဆန်းဖြစ်နေမှာပါ။မှတ်တမ်းတင် ဗီဒီယို ရိုက်တဲ.  မောင်မောင်တို. ဌာနမှူးဆရာမက 
သူ.တပည်.တွေ သီချင်းဆိုတာ တည်တည်ကြီးဖြစ်နေလို. ပြန်ဆိုခိုင်းပြန်ရော။ နောက်တစ်ခေါက်ဆိုတဲ.အခါ
ကျန်တဲ.ဆရာမ နှစ်ယောက်က ရှေ.ကနေ မျက်နှာပြောင်တွေလုပ်ပြ ရယ်ပြ  တော.မှ ကျွန်တော်တို.လည်း
အိုကေသွားတော.တယ်။  နောက်ဆုံးနှစ် အစ်ကို နှစ်ယောက်က မြန်မာနိုင်ငံအကြောင်း ရုရှားလို ပြောပြထားတာတွေကို မြန်မာနိုင်ငံက ဓါတ်ပုံတွေနဲ. presentation  လုပ်ပြီး cd burn ရပါတယ်။ ဓါတ်ပုံတွေကတော.မောင်မောင် ကိုယ်တိုင် အိပ်ရေးပျက်ခံ google ထည်းမှာ ရှားထားတဲ. အထင်ကရနေရာတွေပါ။
မောင်မောင်တို. ဆိုတဲ. မြန်မာ သီချင်းကတော. လွှမ်းမိုးသီချင်းဖြစ်တဲ. (ပျော်တာပေါ.အမေရယ်)ပါ။ 
ကျောင်းကြီးမှာ သားလေးတော်တော်ပျော်ပါတယ် ဆိုတဲ. စာသားလေးကိုသဘောကျလို.ရွေးလိုက်တာပါ။ သီချင်းစာသားတွေကို မဆိုခင်မှာ ဆရာမတွေ ကိုအရင် ရှင်းပြရတယ်။ သီချင်းလေးကလည်း group နဲ.ဆိုလို.ကောင်းတော. ဆရာမတွေ တော်တော်ကြိုက်ကြပါတယ်။  
   burn ပီး recording လုပ်ထားတွေကို နောက်ဆုံးရက်မတိုင်မှီ ပြိုင်ပွဲကော်မတီထံသို.ပို.ပေးရမည်။    ဆုရတာ မရတာထက် မြန်မာလူမျိုးတွေရဲ. ယဉ်ကျေးမှု နဲ. နိုင်ငံအကြောင်းကိုတော. နိုင်ငံခြားသားတော်တော်များများသိသွားလိမ်.မယ်လို.ထင်မိတယ်။ ဒီတစ်ခုထည်းနဲ.တင် ကြိုးစားရကျိုးနပ်သည်လို. ခံယူမိပါသည်။  နောက်အခမ်းအနားတစ်ခုအကြောင်း ကိုလည်း အချိန်ရတာနဲ. ပို.စ်ရေးနိုင်ဖို.လုပ်ပါမယ်။ 


မြန်မာနိုင်ငံမှာ  ၂ နှစ်ခန်.နေဖူးပြီး  မြန်မာနိုင်ငံနေရာတော်တော်များများကိုရောက်ဖူးကာ  မြန်မာနိုင်ငံအကြောင်းလည်းတော်တော်သိပြီး  စိတ်ဝင်စားတဲ. မောင်မောင်တို. ဘာသာစကား ဆရာမ ပါ။ ခုအစီအစဉ်မှာ သူဦးစီးပြီး လုပ်တာပါ။




ပြိုင်ပွဲ လုပ်တဲ. мгу ကျောင်း
နာမည်ကြီး ဟားဗတ်တက္ကသိုလ်နဲ. အဆင်.သိပ်မကွာတဲ.ကျောင်းပါ။ ထူးခြားတာက မြန်မာစာ သင်တဲ. မြန်မာစာဌာန တစ်ခုရှိပါတယ်။ ဒီတက္ကသိုလ်အကြောင်းကိုလည်းနောက်ပိုင်း ပို.စ်တင်နိုင်အောင်လုပ်ပါမည်။



လေးစားစွာဖြင်. 

                                           မောင်မောင်(မြစ်ဆုံ)

7 comments:

San Yin Mon said...

Congratulation! You did a good job. Cheers!

မောင်မောင် said...

ကျေးဇူးဘဲနော် အစ်မယဉ်မွန်

စံပယ်ချို said...

ဒီတစ်ခါဖတ်ရတာ ဗဟုသုတတွေအများကြီးရလိုက်တယ်

ဆောင်း said...

ပို့စ်ကို ဖတ်ပြီးတော့ မြန်မာနိုင်ငံထဲမှာ မြန်မာ အ၀တ်အစား မ၀တ်ချင်ကြတဲ့သူတွေ ကြည့်ပြီး ၀မ်းနည်း မိတယ်။ ယိုသူမရှက် မြင်သူရှက် ဆိုတဲ့ စကားပုံရော ကြားဖူးကြပါ့မလား မသိဘူး။ မိဘတွေကရော ဆိုဆုံးမမှု့ မလုပ်ကြတော့ဘူးလား မသိဘူး

မြန်မာအက မြန်မာယဉ်ကျေးမှု့ဆိုတာ တိမ်ကောလာတာဝမ်းနည်းစရာပါ

8Yar said...

ကြားရတာ ဂုဏ်ယူပါတယ်ခင်ဗျာ။ လွှမ်းမိုးသီချင်းတော်တော်များများကို ကြိုက်တယ်။ အစ်ကိုပြောတဲ့သီချင်း တော့နားမထောင်ဖူးသေးဘူး။

Anonymous said...

အေးဟယ် ကျောင်းကြီးကလှလိုက်တာနော်
တက်ချင်စရာကြီးဟယ် ပျော်ဖို့လည်းတော်တော်ကောင်းမှာပဲနော်
မြစ်ဆုံ နင့်ဆရာမက ငယ်ငယ်လေးပဲရှိသေးတယ်နော်း)
ကြိုးစားထားမြစ်ဆုံရေ..မြန်မာဆိုတာ ကမ္ဘာကသိအောင်
မရ ရတဲ့နည်းသက်သေပြပါ မြစ်ဆုံရေ :P
ယဉ်ကျေးလိမ္မာ၊တတ်သိတဲ့ အမိနိုင်ငံသားကောင်းကြီး
ဖြစ်ပါစေကွယ်
ချစ်ခင်လေးစားစွာဖြင့်
သမီးစံ

မောင်မောင် said...

ဆောင်း ပြောတာ ဟုတ်တယ်။ ခေတ်မှီသာလက်ခံလို.ရပေမယ်. ယဉ်ကျေးမှုကိုတော. တန်ဖိုးထားဖို.လိုအပ်တယ်နော်။ အစ်ကို 8 yar ရေ အဲ.သီချင်းက စည်သူလွင် က လွှမ်မိုးအမှတ်တရ ခွေထည်းမှာ ဆိုထားတာပါ။ အစ်မသမီးစံ နဲ. အစ်မဂျက် ကျေးဇူးပါဘဲ

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။