Monday 3 October 2011

အဖေ






ကျွန်တော်
၎ နှစ်သားတုန်းက ငါ.ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်။ 

၅ နှစ်---ငါ.ဖေဖေကြီး မသိတာ ဘာမှမရှိဘူး။

၆ နှစ်---ငါ.အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈ နှစ်---တို.အဖေက အကုန်လုံးတော.လည်း အတိအကျ မသိဘူး။

၁၀ နှစ်-- အဖေတို. ငယ်ငယ်တုန်းကနဲ. အခုနဲ.က တစ်ခြားစီဘဲ။

၁၂ နှစ်-- အင်း အဲ.ဒါတော. အဖေလည်း ဘယ်သိပါ.မလဲ၊သူက အသက်သိပ်ကြီးပြီဆိုတော.ကလေးတုန်းက
အကြောင်းတွေ မမှတ်မိနိုင်တော.ဘူး။

၁၄ နှစ်--အဖေတော. ထည်.ပြောမနေနဲ.၊ သူက ရှေးရိုးသမားကြီး။

၂၁ နှစ်--အဘိုးကြီးလား---ထားပါ၊အောက်နေပြီ၊ လုံးဝ အောက်နေပြီ။

၂၅ နှစ်--အဖေလည်း နည်းနည်းပါးပါးတော. သိတယ်၊ မသိလို.လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။

 ၃၀ နှစ်---အဖေကို နည်းနည်းပါးပါး မေးမြန်းကြည်.ရင် ကောင်းမယ်ထင်တယ်၊ ဘာပဲပြောပြော သူက အတွေ.အကြုံ အများကြီး ရှိတယ်။


၃၅ နှစ်---အဖေနဲ. တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်။


၄၀ နှစ်---အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး၊အဖေက အတွေ.အကြုံ စုံတယ်၊အမြော် အမြင်လည်း ရှိတယ်။


၅၀ နှစ်---ဒီကိစ္စ အခုနေသာ အဖေနဲ.တိုင်ပင်ခွင်.ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ.အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိ မထားခဲ.မိတာ သိပ်နှမြောစရာကောင်းတယ်၊
တကယ်ဆို ငါ.အဖေဆီက အများကြီးရလိုက်ဖို. ကောင်းတယ်။


မူရင်း။  ။ Ann Landers ၏ My Father When I Was-  ကို ဆရာဖေမြင်.မှ ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
နှလုံးသား အာဟာရ (ရသစာများ) တွင်ဖော်ပြထားပါသည်။

1 comments:

စံပယ်ချို said...

မှန်လိုက်လေခြင်းနော်.....

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။