ဖုထစ်ရွတ်တွ ၊ ငှက်ဠင်းတသို.
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တစ်ပင်တည်း။
ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊ အိုင်းအမာသို.
ကျယ်စွာဟက်ပက် ခြအိပ်ပျက်။
ကုန်းမိုကမ်းပါး၊မြေပပ်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း၊ လက်ပြညွန်း။
ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဒါးထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။
မင်းသုဝဏ်
အတွဲ-၃၊ အမှတ် (၁၈) ၊၁၉၄၆
တာရာမဂ္ဂဇင်း
ကျနော်အရမ်း နှစ်သက်သော ကဗျာလေး ဖြစ်ပါတယ်။ ၁၉၄၆ တွင် ထုတ်ဝေသော မဂ္ဂဇင်းမှာ ဖော်ပြထားသည်.
ထိုကဗျာ၏ သက်တမ်းကတော. ရင်.ကျက်နေမှာတော. အမှန်ပါ။ ကဗျာလေးကို တွေးတွေးရင်းဖတ်ပါက ပိုပြီး
လေးနက် လာစေပါမည်။
မောင်မောင်(မြစ်ဆုံ)
5 comments:
ကျောင်းသင်ခန်းစာထဲမှာပါတယ်...
ဘယ်တုန်းကလဲတော့ မမှတ်မိဘူး....အကိုတွေစာကျက်တဲ့အသံကြားဖူးခဲ့တယ်
အရမ်းနဲ့အဓိပ္ပါယ်ရှိတဲ့ကဗျာပဲ
ခင်မင်တဲ့ jas
ဟုတ်တယ် အစ်မ ကျနော်လည်း အရမ်းကြိုက်တယ် ဒီကဗျာလေးကို
ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဒါးထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။
စိတ်ထဲမှာ အားသစ်တစ်ခုကိုရလိုက်တယ်အစ်ကို...
ကောင်းလိုက်တဲ့ ကဗျာတွေဗျာ.
ဒီနေ့အတွက် ခရီးထွက်မြက်လှသဗျာ
ကဗျာ ကောင်းတွေချည့် ဖတ်ခွင့်မှတ်ခွင့်ရလိုက်လို့။
ကျွန်မ နှစ်သက်တဲ့ ကဗျာလေးတွေထဲက တစ်ပုဒ်ပါ။
ခင်လျက်
မြတ်
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။