Sunday 28 August 2011

ကျနော်နဲ. ပထမဆုံးသော ဘလော.ဒေး ( တဂ်ပို.စ်)






 

    ဒီပို.စ်လေးကို ရေးမယ်ဆိုပြီးလုပ်နေတာ သုံးရက်ခန်. ရှိသွားပြီ။ ဦးစွာ ကျနော်.ကို မှတ်မှတ်ရရတဂ်
ပေးခဲ.သော အစ်မ သမီးစံ  နဲ. ကိုချင်း  တို.ကို ကျေးဇူး အထူးတင်ကြောင်းပြောကြားလိုပါတယ်။ ပြီးတော.
ကျနော်.ကို ဘလော.စတင်ပြီး တည်ထောင်ခဲ.တဲ.အချိန် မှာ အများဆုံး ကူညီပေးခဲ.သော ကျနော်. နယ်သား
ကိုဝေဖြိုး(မိုးကောင်းမြို.တော်) အားလည်း ကျေးဇူးအများကြီးတင်ပါသည်။
     ဘလော. ဆိုတဲ. အသုံးအနှုန်းလေးကို စတင်ပြီးရင်းနှီးခဲ.တာ မေမြို.မှာ  russian language သင်တန်းတက်နေတဲ.အချိန် ဖြစ်ပါတယ်။ ဒါပေမယ်. ဂဂဏဏ မသိသေးပါဘူး။ နောက် မော်စကို ကိုရောက်တဲ.အချိန်မှာတော. ကျနော် ဘလော.တော်တော်များများကို ၀င်ဖတ်နေပါပြီ။ ရတဲ.အချိန်လေးထည်းမှာ မိမိတို.ရဲ.အတွေ.အကြုံလေးတွေ၊ ဗဟုသုတလေးတွေ ၊ ကျန်မာရေး အသိလေးတွေ၊ ဘာသာရေးဆိုင်ရာလေးတွေ၊ အမျိုးမျိုး မရိုးနိုင်စရာလေးတွေကို စေတနာ ဗလပွဖြင်. တင်ပေးနေသည်. ဘလော.ဂါများအားလုံးကိုကျနော် လေးစားလို.မဆုံးပါဘူး။
       ဒီလိုနဲ. ကျနော် ဘလော.တစ်ခုကို   ကျောင်းပိတ်ရက်လေးမှာ စတင်ပြီးတည်ဆောက်ခဲ.ပါတယ်။ ငယ်ငယ်လေးကတည်းက စာဖတ်တာ စာရေးတာ အရမ်းဝါသနာပါတဲ. ကျနော် တစ်ယောက် ကိုယ်တိုင်
ကိုယ်ကျ စာတွေရေးတော.မယ်ဆိုတော.  အချိန်အခက်အခဲတွေအများကြီး ရှိလာခဲ.ပါတယ်။ ဒါပေမယ်.
ပြင်းပြတဲ. ကျနော်. စိတ်ကို ဒီအခက်အခဲတွေက မတားဆီးနိုင်ခဲ.ပါဘူး။   (ဒီတောင်ကို မောင်မောင် ကျော်နိုင်ခဲ.ပါတယ်။------ :P )   များပြားလှတဲ. ကျောင်းစာ၊
တာဝန်ယူထားသော ကျောင်းသား ဂျူတီ တွေကြားထည်းမှ ဘလော.လေးကို အချိန်တစ်ခုပေးနိုင်ခဲ.ပါတယ်။
ကျောင်းမှ ပြန်ရောက်တဲ.နေတိုင်း ပထမဆုံးကွန်ပျူတာဖွင်.ပြီး ကျနော်. ဘလော.ကိုဖွင်.ကာ စီဘောက်ထည်း မှမိတ်ဆွေတွေရဲ. အားဆေးတွေ၊ အချိန်လုပြီး ပေးခဲ.ပေးသော ကွန်မန်းလေးတွေ ၊ရောက်အောင် လာလည်ကြတဲ.စာချစ်သူ မိတ်ဆွေအရေအတွက်လေးတွေကို  မမောမပန်းကြည်.ရတာ. ကျနော်.နေစဉ်အလုပ်ပါဘဲ။အိမ်စာတွေသာမရေးချင်မရေးမယ် ဘလော.ပို.စ်ကတော.အပျက်မခံခဲ.ပါဘူး။
နေ.စဉ်တင်နိုင်အောင်ကြိုးစားခဲ.ပါတယ်။ ယနေ.ထိ ကျနော် blogger ကြီးလို. ရဲရဲဝင်.၀င်.မပြောနိုင်သေးပါဘူး။
ဒီ ပို.စ်နဲ.ဆို ကျနော်.ဘလော.လေးထည်းမှာ ပို.စ်ပေါင်း ၂၀၁ ပို.စ် ရှိသွားပါပြီ။ ဒီပို.စ်လေးက၂၀၁ ခုမြောက်ဖြစ်ပေမယ်. ပို.စ်တွေအားလုံးထည်းမှာ ကျနော်ကိုယ်တိုင်ရေးထားတာ လက်ချိုးရေလို.ရနိုင်တဲ.အထိ နည်းနေပါသေးတယ်။
    အမြဲဖတ်နေတဲ. စာအုပ်လေးတွေ၊ နေ.စဉ်သတင်းစာတွေ၊ အင်တာနက်စာမျက်နှာတွေမှ အကောင်းဆုံး
လေးတွေကို တင်ထားတဲ. ပို.စ်လေးတွေက များပါတယ်။ (  readymade ကြိုက်လို.တော.မဟုတ်ဘူးနော် ---:)
ကြိုးစားပြီးရေးမယ်လုပ်တိုင်း အချိန်ကအရမ်းစကားပြောတာကြောင်. ကျနော် ပိုးဖလံလေး ဘ၀မှာဘဲ ရှိနေပါသေးတယ်။  လိပ်ပြာတစ်ကောင်လို မပျံသန်းနိုင်သေးပါဘူး။   ဆက်ကြိုးစားဖို. ကျနော် အများကြီးလိုပါသေးတယ်။  မိတ်ဆွေတွေရဲ.အားပေးစကားတွေကလည်း ကျနော်.အတွက် အားဆေးတစ်ခွက်ပါဘဲ။ (အားဆေးဖိုးသက်သာတယ်----- :P)
    စာရေးတာကို ကျနော်စတင်ခဲ.တာ တက္ကသိုလ်ကျောင်းသားဘ၀မှာ ဖြစ်ပါတယ်။ နံရံကပ်စာစောင်တွေမှ တစ်ဆင်. စတင်ခဲ.တာပါ။ ကျောင်းထုတ် မဂ္ဂဇင်း ထည်းမှာ ပထမဆုံး ဖော်ပြခြင်း ခံရတာကတော. နောက်ဆုံး
နှစ်မှဖြစ်ပါတယ်။ မှတ်မှတ်ရရ မြန်မာစာဌာနမှာ ပထမဆုံးစာမူခလေး သွားထုတ်ခဲ.တာကို  ယနေ.ထိမမေ.နိုင်သေးပါဘူး။ ၀ါရင်.စာရေးဆရာကြီးစတိုင်နဲ. မြောက်ကြွမြောက်ကြွနဲ.ပေါ. --  ဟာသအတိုလေး  နှစ်ခုအတွက် စာမူခ ၁၆၀၀ကို အရမ်းတန်းဘိုးထားခဲ.ပါတယ်။ ( အဲ.တုန်းက ထမင်းအ၀စား ၁၂၀၀ )  စာမူခထက် ကျနော်.လို ချွတ်တားလေးရဲ.စာကိုဖော်ပြပေးတာက  ပိုပီးဝမ်းသာ
ပါတယ်။
  အမေ.ဆီကို ပို.ချင်ပေမယ်. ဆင်ဖိုးထက်ချွန်းဖိုးက ပိုများနိုင်တာကြောင်.လက်လျှော.ကာ  ချိတ်ပိတ် သိမ်းထားမယ်ကြံတော.လည်း  အဲ.အချိန်က လကုန်ခါနီး ပြတ်တုန်းလပ်တုန်း ၂၃ ရက် ဆိုတော.   အဆောင်အောက်က ကန်တင်းဆိုင်လေးထည်းမှာ ဘဲ  သိမ်းဖြစ်သွားတယ်--- :P 
    နောက် ကျနော် တာဝန်ကျတော. စာရေးခြင်းနဲ. အဆက်ပြတ်သွားပါတယ်။ ပထမဆုံး ဗထူးမှာ သင်တန်း
တက်တော. ကျောင်းမဂ္ဂဇင်းအတွက်ရည်ရွယ်ပြီး စာမူတွေ ရေးဖြစ်ပေမယ်. ဖော်ပြ ခံရလား မခံရဘူးလား
ကိုတော. မသိခဲ.ပါဘူး။ ဒီမရောက်ခင် နောက်ဆုံး ပြင်ဦးလွင်မှာ တပ်မတော်နေ.အထိမ်းအမှတ် သင်တန်း နံရံကပ်စာဆောင်ပြိုင်ပွဲ တွင် စာမူတွေ ရေးဖြစ်ပါတယ်။  
    စာရေးခြင်းကို ကျနော် ကောင်းကောင်းအချိန်မပေးနိုင်သေးပေးမယ်. စာဖတ်တာကတော. အနည်းဆုံး သတင်းစာ ဂျာနယ်တော. နေ.စဉ် ဖတ်ဖြစ်တယ်။ သူများရေးထားတဲ.စာတွေ  အလွယ်တကူအဆင်
သင်.ဖတ်နိုင်ပေမယ်.  ကိုယ်တိုင် စာရေးဖို.ဆိုတာ တော်တော်ခက်ခဲတဲ.အလုပ်တစ်ခုပါ။ တစ်ခါတစ်လေ တစ်နာရီလောက်မှ စာလေး သုံးကြောင်းလေးကြောင်းနဲ. စိတ်တွေ ဟိုရောက် ဒီရောက် တဲ.အခါမျိုးလည်း
အများကြီးပါ။  တစ်ခါတစ်လေ များ စာနှစ်ပိုဒ်လောက် ရှိပြီး ဘာဆက်ရေးရမှန်းမသိတော.တဲ.အခါတွေလည်း
ရှိပါတယ်။ ခုတော.အချိန်များများနဲ. စာရေးနိုင်မယ်. အချိန်ကို မျှော်လင်.နေရအုန်းမှာဘဲ။ သေချာတာ တစ်ခုကတော. ကျနော် ဘာမှမဟုတ်သေးဘူးဆိုပါဘဲ။ အစ်မသမီးစံလို မူကြို တောင်မဟုတ်သေးပါဘူး။
မောင်မောင်က လမ်းလျှောက်တတ်စ ဖြစ်မယ်။ ထမင်းများများစားဖို.လိုတယ်---- အဲ.
ကြိုးစားဖို. အများကြီးလိုသေးတယ် လို.ပြောတာ။
    အကြောင်းအမျိုးမျိုးကြောင်. ဘလော. နာမည်ကို ၃ခုလောက်ပြောင်းခဲ.တာတွေကိုလည်း နာလည်ပေးဖို.
ပြောပါရစေ။ ပထမဆုံး ဂျိန်းဖောမြေ၊ နောက်တော. ကချင်ပြည်နယ်သားလေး ခုတော. မြစ်ဆုံ ဖြစ်သွားပြီ။
မြစ်ဆုံမှာ အသိပညာတွေ စုံစုံလင်လင် ရသွားစေချင်တဲ. စိတ်ကလေးနဲ. ပြီးတော. မြစ်ဆုံမှာ အပန်းဖြေ
အနားယူနိုင်တယ် ဆိုတဲ. ရည်ရွယ်ချက်လေး တွေနဲ. မြစ်ဆုံလို. ပေးဖြစ်သွားတာပါ။  အပြောင်းအလဲများတဲ.
သူလို.မထင်စေချင်ပါဘူး။  ဒါကြောင်. မောင်မောင်ရည်းစားတောင်မထားသေးတာ။ တော်ကြာ တစ်ယောက်
ပြီး တစ်ယောက်ပြောင်းမိမှာစိုးလို.။
    စေတနာတွေ တစ်ပွေ.တစ်ပိုက်နဲ.  ပေးဆပ်နေတဲ. ဘလော.ဂါ တွေ အားလုံးကို ကျနော် အရမ်းလေးစားပါတယ်။  နည်းပညာဆိုလည်း နည်းပညာအလျောက် တရားဓမ္မဆိုလည်း တရားဓမ္မ၊ ကဗျာ
ဆိုလည်း ကဗျာ၊ ၀ထ္ထုဆိုလည်း -၀ထ္ထု ၊ သတင်း ၊ ဆောင်းပါး၊ အတွေးအမြင် ဒဿန ၊ ဗဟုသုတ ၊စသည်.ရသပေါင်းစုံ တင်ဆက်ပေးနေတဲ. ဘလော.ဂါတွေအားလုံးအောင်မြင်ကြပါစေ။
ရှေ.ဆက် လက်တွေခိုင်ခိုင်တွဲ ပြီးလျှောက်ကြရအောင်။
    ကိုယ်.ဘက်ကကြည်.ရင် လက်ဖ၀ါး သူ.ဘက်ကကြည်.တော. လက်ဖမိုး ဆိုသလို  အမြင်မတူနေတဲ. မိတ်ဆွေတွေလည်း ဒီအချိန်မှာ  မတူတဲ. အမြင်တွေကို ရပ်ပြီး အားလုံး ပူးပေါင်းကြဖို.ယနေ.အချိန်မှာ တိုက်တွန်းပါရစေ။
    အမြဲလိုလိုလာလည်ဖြစ်သော ဘုန်းဘုန်း သီတဂူစတား ၊ လပြည်.၀န်း၊ အရှင်ဝိသုတ-ရေနီ ၊

       သမီးစံ ၊ ကိုချင်း ၊ jasmine (တောင်ကြီး)၊  shwezinu ၊ အန်တီတင်.၊ ချယ်ရီမြေ၊ zaza ၊
ကိုချဲ ၊ ဂျီးတော် ၊ အိုအေ စစ် ၊ နေမင်းမောင်၊အလင်းမိုးစက် ၊ မောင်(စွယ်စုံကျမ်း)၊ အဖြူလေး၊ phyophyo၊
မအိမ်သူ၊ ပုသိမ်သားလေး ဖြိုးဝေ၊ မဂျာမုန်းဒန်၊ Zp.lintan ၊ waipon ၊မင်းလှသားလေး ၊ မနုငယ် ၊ ကဗျာချစ်သူ၊
kztk၊ december mgmg ၊    ငွေလမင်း၊
   စာလေးတွေကူရေးပေးတတ်သော နယ်သား အောင်ဟိန်းထက်၊ အေးမင်းသန်.၊အလင်းမိုးစက်
အလုပ်ရှုပ်ခံ လင်.လေး ချိတ်ပေးထားသော မိတ်ဆွေများ ၊  မန်ဘာဝင်ပြီး မှအားပေးကြသော သူများ၊
  ဆိုဒ်လေးအတွက်ကူညီပေးသောကိုဗညားအောင်၊စတဲ.ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ကြောင်း
ပြောကြားလိုပါတယ်။  ကျန်နေခဲ.သောသူများရှိပါကလည်း နားလည်ပေးပါ(  ဟန်ထူးလွင် စတိုင်ပေါ.)
     ဒီတဂ်ပို.စ်လေးကို နောက်ဆုံးမှ ရေးဖြစ်တဲ.အတွက်လည်း တောင်းပန်ပါရစေ (  ၀ိုင်းဝိုင်း လေသံနဲ.)
ရှေ.ဆက်ပြီး ဘလော. မိတ်ဆွေတွေအားလုံး  စာဖတ်သူတွေအတွက် အသိပညာ ဗဟုသုတ ရသပေါင်းစုံ
ပေးစွမ်းနိုင်ပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


                                                                                                       မောင်မောင် (မြစ်ဆုံ)

5 comments:

KMC said...

ကျေးဇူးတင်ပါတယ်အစ်ကိုမြစ်ဆုံ:)

အဆောင်အောက်ကကန်တင်းဆိုင်မှာပဲစာမူခလေး

သိမ်းလိုက်ရတယ်ဆိုတာလေးသဘောကျသဗျာ။

အရေးအသားကောင်းတယ်ဆိုတာမညာတမ်း၊

မမြှောက်တမ်းချီးကျူးချင်ပါတယ်။

ဒီပို့စ်လေးကိုအမှတ်တရရေးပေးတဲ့အတွက်

ထာဝရကျေးဇူးတင်နေမိမှာပါအစ်ကို။

အများအကျိုးသယ်ပိုးနိုင်တဲ့စစ်ဗိုလ်ကောင်းကြီး

ဖြစ်ပါစေလို့ညီဆုတောင်းပါတယ်အစ်ကိုရေ..။

Anonymous said...

ရေးလည်းရေးမျက်နှာလည်းပြောင်ပေါ့ဟုတ်စ..
ဟုတ်တယ်မြစ်ဆုံရေ..ဒီတောင်ကိုမောင်မောင်ကျော်
နိုင်ခဲ့ပါတယ်(ဒါကြောင့်မို့အစ်မတို့နဲ့တွေ့တာပေါ့.[ဟဲဟဲ):P
ခုလိုမျိုးမအားတဲ့ကြားက.ဘလော့လေးတစ်ခုဖန်တီး
သူငယ်ချင်းတွေကိုဝေမျှပေးတဲ့အတွက်
မြစ်ဆုံဘလော့လေးလည်းနှစ်ပေါင်းများစွာတိုင်အောင်
အဓွန့်ရှည်ကာ..ဆက်လက်တည်မြဲနိုင်ပါစေကြောင်း
ဆုတောင်းပေးပါတယ်ရှင်။
ခင်မင်စွာဖြင့်
သမီးစံ

မောင်မောင် said...

ဦးဆုံး ကွန်မန်းရေးပေးကြတဲ. ကိုချင်းနဲ. အစ်မသမီးစံ တို.ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပေးတဲ. ဆုနဲ.ပြည်.ပါစေပေါ.နော်---
မောင်မောင်(မြစ်ဆုံ)

စံပယ်ချို said...

စာရေးအရမ်းကောင်းတယ်နော်....
ကျွန်မကတော့အဲလို စနစ်တကျမရေးတတ်
ပါဘူး...ဟိုရောင်ရောင် ဒီရောင်ရောင်တော့
ဖြစ်ပါတယ်...
စစ်ဗိုလ်ကြီးရေ
တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်နိုင်ပြီး
စာတွေလဲ ရေးနိုင်ပါစေရှင်...
ချမ်းမြေ့ပါစေ

ဇက်ဗီ said...

တက် လာဖတ်ပါတယ်။အေး အေး ဝါသနာကလည်း ရောဂါ တစ်မမျိုးပါပဲ...ကျနော်လည်း ထိုနည်း၎င်းပဲ...ကျောင်း စာဘက်သိပ်မလှည့်ချင်ဘူး..အလုပ်ကလေးရရင် ဘလောက်ရေးဖို့အတွက် နောက်နှစ်တော့ ကျောင်းနားတော့ မယ်...

ခင်လျက်...ဇက်ဗီ

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။