--------- စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်များ
ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့်
ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင်
မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…" ဟဲ့..ယောင်္ကျား ဒါကဘယ်တုန်း "
ယောင်္ကျား… " ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ"
မိန်းမ…" ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို "
ယောင်္ကျား…" အော်အေး..မင်းပြောမှဘဲသတိရတော့တယ်…ထီးယူဖို့မေ့နေတယ်.."
- -----သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
``ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တယ်ဗျ..´´
``ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတယ်ဗျ…´´
ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်လေသည်..
` `ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
` `ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´
----စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန်
ဆေးရုံသို့ရောက်ရှိလာသည်။။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည်
သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအား
ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..
ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆြို ပီး
အသားကုန်သာလိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.
" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့
---စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။
ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက် မိတ်ဆုံစားပွဲတစ်ခု
ပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာအားလုံးစုထိုင်စေပြီး
ပန်းကန်အလွတ်နှင့်ဇွန်း ကိုယ်စီချထားပေးလေသည်..
ဆရာဝန်ကြီးမှ " ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး"ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.
လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့် ပန်းကန်အား
အသားကုန် လွေးပါတော့သည်..
ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ
သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား ကြည့်နေလေသည်။
ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ်သွားပြီဟုဆိုကာ
အနားသို့သွား၍ မေးလိုက်လေသည်.
" တပည့် ဘာဖြစ်လို့မစားတာလဲ "
"ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့ရမှာလဲ"
နောက်တစ်နေ့တွင် လူနာသုံးဦးကို အိမ်သာခွက်(၃)ခုတွင် တန်းစီစေပြီး
ငါးမျှားတံကိုင်ကာ
ငါးမျှားခိုင်းလေသည်.. ဆရာဝန်ကြီးမှာ လူနာ၏စိတ်အခြေအနေကို မေးလေသည်။
ဆရာဝန်.. " တပည့်. ငါးရရဲ့လား "
ပထမလူနာ…" အရူးရဲ့ တိုးတိုးပြော.. ဟိုမှာ ငါးပွက်နေပြီ..မမြင်ဘူးလား"
ဆရာဝန်…" တပည့်.. မင်းရော ငါးမျှားလို့ရလား.."
ဒုတိယလူနာ.." ဒီမှာ ဆွဲနေပြီ.. ဘေးဖယ် ငါးကကြီးတယ် "..
ဆရာဝန်…" တပည့်.. ငါးရရဲ့လား"
တတိယလူနာ.." ဟာခင်ဗျား ရူးနေလား… ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး
ငါးရှိမှာလဲ "
ဆရာဝန်ကြီးမှာ တတိယလူနာကို ပုံမှန်စိတ်ဖြစ်သွားပြီ ဖြစ်သဖြင့်..
ဆေးရုံက ပေးဆင်းလိုက်သည်။
သူ၏သူငယ်ချင်းနှစ်ယောက်မှာ ဘာကြောင့်ပေးဆင်းသည်ကိုသိချင်၍
သူငယ်ချင်း မင်းဘာကြောင့် ဒီကထွက်သွားရတာလဲကွာ
ဟိုလူငရူးပေါ့… ငါ့ကိုလာမေးတယ်.. ငါးရလားတဲ့..
ငါ့နေရာဒီလောက်အထိ ငါးပွက်တာ
ငါက အရူးမှမဟုတ်တာ…
ပြောပြလိုက်ရင် ဒီကောင် ငါ့နေရာကို လာမျှားမှာပေါ့ကွ…
အဲဒါမပြောရကောင်းမလားဆိုပြီးတော့ဒီကထွက်ခိုင်းတာနေမှာပေါ့ကွာ..
လို့ပြောလိုက်သတဲ့.
.............ကိုက်မထားနဲ့လေ
သွားကုခန်းတွင်ဖြစ်သည်။
အမေဖြစ်သူက ၎င်း၏သားငယ်ကိုပြောသည်။
``သားက လိမ္မာပါတယ်နော်၊ပါးစပ်ကို ဟလိုက်ပါကွယ်။အန်ကယ်ဒေါက်တာကို
သူ့လက်ညှိုးဆွဲထုတ်ခွင့် ပြုလိုက်ပါကွယ်။´´
ရယ်မော ခြင်းဖြင်. ဘဝ အမောတွေဖြေနိုင်ကြပါစေ ။
1 comments:
၇ီ၇တယ်ဗျို့
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။