Saturday 6 August 2011

အောင်ပွဲရ ဂျပန်အမျိုးသမီးဘောလုံးအသင်းအား People's Honor Award ပေးအပ်ချီးမြှင်.မည်


 


   ၂၀၁၁ ခုနှစ် အမျိုးသမီးကမ္ဘာ.ဖလား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ.သည်. ဂျပန်အမျိုးသမီးဘောလုံးအသင်းအား People's Honor Award ဆုကို ချီးမြှင်.မည် ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ရုံးမှ သြဂုတ် ၂ရက် သတင်းထုတ်ပြန်လိုက်သည်။    
   ပြီးခဲ.သည်. ဇူလိုင်လက ဂျာမနီနိုင်ငံတွင် ကျင်းပခဲ.သည်. ၂၀၁၁ ခုနှစ် ကမ္ဘာ.ဖလား အမျိုးသမီးဘောလုံး
ပြိုင်ပွဲတွင် ဂျပန်အသင်းက အမေရိကန်အသင်းအား ပင်နယ်တီ ဖြင်. ထိုက်တန်စွာ အနိုင်ယူခဲ.ကာ ကမ္ဘာ.ဖ
လားကို ကိုယ်မြှောက်အောင်ပွဲ ခံနိုင်ခဲ.သည်။ 


   
 

   ထိုပွဲကို ကြည်.မိသူတိုင်း သိလိမ်.မည်။ ဂျပန် သူတို.၏ အနိုင်မခံ မရှုံးမပေးသော စိတ်ဓါတ်သည် အင်မတန်ချီးကျူး အတုယူဖွယ်ရာ ကောင်းပါသည်။ ပွဲစဉ်တစ်လျှောက်လုံးလည်းအင်အားကြီးအသင်းများနှင်. ရင်ဆိုင်ခဲ.ရသော်လည်း တည်တည်ငြိမ်ငြိမ်နဲ. အနိုင်ယူသွားခဲ.သည်ကို တွေ.ရမည် ဖြစ်သည်။

 


   ဂျပန်အမျိုးသမီးတွင်သာမဟုတ်ဘဲ၊ ဂျပန်အမျိုးသားများသည်လည်း ပြီးခဲ.သည်. ကာတာနိုင်ငံတွင်ကျင်းပ
သော အာရှဖလားပြိုင်ပွဲတွင်  ဗိုလ်စွဲခဲ.ကာ အောင်ပွဲ ဆင်နိုင်ခဲ.သည် ။
   ထို.ပြင် ပြင်းထန်လှသော သဘာဝဘေးအန္တရာယ် ကြုံတွေ.ရင်ဆိုင်ခဲ.ရသော်လည်း ဂျပန်လူမျိုးတို.၏ ကြံ.
ကြံ.ခံနိုင်သော စိတ်ဓါတ်၊ အချိန်တိုတိုနှင်. မူလအခြေအနေသို. အမြန်ဆုံးပြန်ရောက်အောင် ကြိုးစားခဲ.ကြ
သော သူတို.ကို မချီးကျူးဘဲ မနေနိုင်ပါ။
    သတင်းစာထည်းမှာ သတင်းတစ်ပုဒ်တွေ.မိသည်။ ဂျပန်အမျိုးသမီးဘောလုံးအသင်းကိုဂျပန်အစိုးရက ပြည်သူ.သူရဲကောင်းမျာသဖွယ်ဂုဏ်ပြုချီးမြှင်.မည်.အစီအစဉ်သည် ဂျပန်နိုင်ငံတွင် ၁၉၇၇ ခုနှစ်နောက်ပိုင်းပထမဆုံးရွေးချယ်ချီးမြှင်.ခြင်းဖြစ်ကြောင်း
   ဥရောပ မြေမှာအင်အားတောင်.တင်းသောအမေရိကန်အသင်းကိုခက်ခက်ခဲခဲနှင်. နောက်ဆုံးအချိန်ထိ 
ရေဆုံးရေဖျား ကစားသွားခဲ.သည်. သူတို.အတွက် အထိုက်တန်ဆုံး ဆုတစ်ခုထပ်ရသွားသည်.အတွက်
ဝမ်းသာမိသည်။ အာရှ သူ တို.အတွက် ဂုဏ်ယူမိပါသည်။   မြန်မာ.အားကစားသမားများအတွက် ဂုဏ်ယူ
ရမည်. အချိန်ကိုမျှော်လင်.နေမိသည် ။  နိုင်ငံ အတွက် ကြိုးစားဖို.လိုအပ်နေသည်။ 


                                                                                  လေးစားစွာဖြင်.(မောင်မောင်)

     
     
  
              
         

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။