တညုင်းညုင်း- - -
ရွက်ကြွင်းဆွတ်ခြွေ၊ မြေသို.ရှပ်သွား
စည်းဝါးသံချို ၊ နွေလိုညများ- - - ။
တဖြောက်ဖြောက်- - -
မိုးပေါက် ဆွတ်ခြွေ၊ မြေသို.ရှပ်သွား
စည်းဝါးသံချို၊မိုးလိုညများ- - - ။
တသွေးသွေး- - -
နှင်းဖွေး ဆွတ်ခြွေ၊မြေသို.ရှပ်သွား
စည်းဝါးသံချို၊ဆောင်းလိုညများ- - -။
ရွက်ကြွေတေးနှင်.၊လေးအပင်.မှာ
မိုးကြွေတေးနှင်.၊လေအသင်.မှာ
နှင်းကြွေတေးနှင်.၊လေအဝင်.မှာ
သူပါလာနိုး၊တိတ်တခိုးဖြင်.
နွေမိုးဆောင်းရက်၊ကိုယ်.တသက်- - -
အိပ်ပျက်ညတွေဖြစ်ခဲ.ပြီ။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
2 comments:
နူးညံ့မှုတွေနဲ့ဖွဲ့စည်းထားတဲ့ကဗျာလေးကိုခံစားသွားပါတယ်
ရိုးရိုးရှင်းရှင်းနဲ့ လှလိုက်တဲ့ ကဗျာလေးပါ။
ခင်တဲ့
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။