Sunday 31 July 2011

ကောင်လေးနဲ. ခွေးလေး

စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ် အသစ်တစ်ခု ထပ်ချိတ်သည်။ ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်
တဲ.။ သည် ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်ဝင်စားသည်။ သူတို.က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝ သို.ရောက်လာသည်။
"ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျ" သူကမေးသည်။
"ဒေါ်လာ ၃၀ က ၅၀ အထိ ဈေးအစားစားရှိတယ် " ဆိုင်ရှင်က ဖြေသည်။
ကောင်လေးက သူ.အိတ်ထဲမှာ ရှိသည်. ပိုက်ဆံ အကြွေတွေ နှိုက်ထုတ်သည်။" ကျွန်တော်.မှာ ၂ ဒေါ်လာနဲ. ၃၇ဆင်.
ရှိပါတယ်၊ ခွေးလေးတွေ ကျွန်တော်ကြည်.လို.ရမလား ခင်ဗျ "
ဆိုင်ရှင်က ပြုံးသည်။ ထို.နောက်ခွေးအိမ်ထဲမှာရှိနေသည်. ခွေးမကြီးကို လေချွန်ပြီး ခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ခန်းထဲ ပြေးဝင်လာတော. သူ.နောက်က ခွေးပေါက်ကလေး ငါးကောင်တန်းစီ၍ လိုက်ပါလာသည်။ ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော. တစ်ကိုယ်လုံး အမွေးတွေ ဖုံးကာ လုံးနေသည်။ အဲ.သည်အထဲမှာ တစ်ကောင်ကဟိုးနောက်မှာ
ပြတ်ကျန်ခဲ.သည်။ သူကထော.တီး ထော.နဲ.နှင်. လမ်းမလျှောက်တတ်သလို။
ကောင်လေးက သည်ဟာလေး မြင်တော. ချက်ချင်း စိတ်ဝင်စားသွားသည်။
"ဒီခွေးလေးက ဘာဖြစ်တာလဲဟင် "
ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက် ပါမလာသဖြင်. တစ်သက်လုံး ခြေထော.နဲ.ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကုဆရာဝန်က ပြောဆိုသည်.အကြောင်းဆိုင်ရှင်က ရှင်းပြသည်။
ကောင်လေး ပို၍ စိတ်ဝင်စားသွားသည်။
"ဒီခွေးလေး ကျွန်တော် ဝယ်ချင်တယ်ဗျာ " သူက ဆိုသည်။
"-----မဝယ်ပါနဲ.ကွာ၊ မင်းတကယ်လိုချင်ရင် ငါပေးပါမယ် "
သည်စကားကြားတော. ကောင်လေး မျက်နှာပျက်သွားသည်။ သူက မကျေနပ်သည်. အမူအရာမျိုးနှင်. ဆိုင်ရှင်ကြီးကို မော.ကြီးပြီး ပြန်ပြောသည်။
" အလကားပေးတာ ကျွန်တော် မလိုချင်ဘူး ခင်ဗျ၊ ဒီခွေးလေးလဲ ကျန်တဲ.ခွေးတွေနဲ. တန်းတူ တန်ဖိုးရှိတာပဲ၊တစ်ပြားသားမှ မလျော.ပါဘူး၊ ကျွန်တော် တန်ဖိုး အပြည်.ပဲပေးမယ်၊ ဒါပေမယ်. ကျွန်တော်.မှာ လောလောဆယ်၂ ဒေါ်လာနဲ. ၃၇ ဆင်.ပဲပါတယ်၊အခု အဲဒါယူ ထားပါ၊ နောက်ကိုတစ်လ ဆင်.ငါးဆယ် စီကျေတဲ.အထိ ကျွန်တော် ဆက်ပေးပါမယ်"
သို.သော် စတိုးဆိုင်ရှင်က အလျှော.မပေး။
"မဝယ်ပါနဲ. ကလေးရ၊နောက်ကျတော. မင်းစိတ် ပျက်သွားလိမ်.မယ်၊ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊မင်း
နဲ.ခုန်ပေါက်ကစားနိုင်မှာ မဟုတ်ဘူး"
သည်အခါကျတော. ကောင်လေးက ဆိုင်ရှင်ကြီး ကိုမော.ကြည်.ကာ သူ.ဘောင်းဘီ အောက်နားစကို လှန်၍ ပြရင်း
လေသံတိုးတိုးနှင်. ပြောသည်။
"ကျွန်တော်လဲ ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ ၊ ပါပီလေးခမျာမှာ သူ.ကို ကိုယ်ချင်းစာမယ်. လူတစ်ယောက်တော.
ရှိဖို.လိုမှာပေါ." တဲ.။
ကောင်လေး၏ ဘယ်ခြေထောက် ကလေးက အတော် ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ လမ်းလျှောက်နိုင်ရန်
အတွက် သတ္တုချုပ်တံများဖြင်. အားဖြည်.ပေးထားရလေသည်။


ဆရာ ဖေမြင်. ဘာသာပြန်ထားတာပါ( နှလုံးသား အာဟာရ )။ မူရင်း Dan Clark ၏ Puppies For Sale

4 comments:

မင်းဧရာ said...

အေးဗျာ လောကမှာ တကယ်ကို လိုအပ်ပါတယ်
ကိုယ်ခြင်းစာခြင်းတွေ ကင်းကင်းလာလို့ လောကကြီးလည်း တင်းတင်းလာပြီ
ဒုက္ခတွေ ကြုံ နေကြရပြီလေ ယခုလို သတိပေးတဲ့ ပို့စ်လေးတွေ ဖတ်ရတာ တန်ဖိုးရှိလှတယ်ဗျာ။

Anonymous said...

ကောင်းတယ်ဗျို့။ လူတိုင်းအဲလိုစိတ်လေး
ထားနိုင်ရင်ကောင်းမယ်ဗျာ။

mstint said...

လူသားတိုင်း မှာရှိသင့်တဲ့ စိတ်ထားကောင်းလေးတွေပါ။
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးယံ said...

ဒီစာစုလေးတွေ သေချာ ပြန်ဖတ်လိုက်တိုင်း ခံစားမှု ပြန်ဖြစ်တာပဲ...ရိုးသွားတယ်လို့ကို မရှိပါဘူး။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။