Wednesday 27 July 2011

မှတ်သားဖွယ်ရာ ပညာရှိတို.၏ အဆိုအမိန်.များ


အလိမ္မာစာမှာရှိ

မှတ်ဖွယ်မှတ်ရာ၊ထိုထိုစာကို၊

ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊

ဖတ်ပြန်သော်ကား၊ဖတ်ပါများက၊

သားမယားပင်၊ မိုက်မှားခဲ.စွာ၊

မလိမ္မာလည်း၊စာပေစကား၊

နေ.တိုင်းကြားက၊ထူးခြားလိမ္မာ၊

ရှိသည်သာတည်.။

(ရှင်မဟာရဠသာရ)


ကွာခြားပါတယ်

မင်းနှင်.ပညာရှိသည်
မတူကွဲပြား ခြားနားမှုရှိ၏

မင်းသည်
တိုင်းပြည်၌သာ လေးစားမှုကို ခံရပြီး--

ပညာရှိကမှု
အရပ်ဒေသ အနှံ.အပြား၌
လေးစားကြည်ညိုမှုကို ခံရ၏။

(လောကနီတိ)



ရှင်လျှက်နှင်. မသေစေသင်.

လူ.ဘဝ လူလောကမှာ

ရောက်ရှိနေကြပေမဲ.

ဘယ်သူ.အကျိုးကိုမျှ

မပြုတဲ.သူတွေဟာ

ဒီဘဝမှာ အသက်ရှင်နေပေမဲ.

လူသေတွေလိုပဲ။

(ဝေဘူဆရာတော်)


လူရိုင်းကြီး မဖြစ်စေနဲ.

ပညာတွေ ဘယ်လောက်တတ်လို.

ဘွဲ.ကြီးတွေဘယ်လောက်ရပါစေ

သီလ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာဆိုတဲ.

အင်္ဂါလေးပါးနဲ. မပြည်.စုံရင်

ဒီလူဟာ နုညံ.တဲ. လူတစ်ယောက်

ဘယ်လိုနည်းနဲ.မှ ဖြစ်မလာနိုင်ဘူး။

လူရိုင်းလူကြမ်းကြီးလို.မှတ်ပါ။

(သီတဂူဆရာတော်)


သူခိုး နှစ်မျိုး

လောကမှာ သူခိုး နှစ်မျိုးရှိတယ်

ပစ္စည်းသူခိုးနဲ. အချိန်သူခိုး

ပစ္စည်းအခိုးခံရရင်

ပြန်ရှာလို.ရတယ်။

အချိန်ခိုးခံရရင်

ပြန်အစားမရနိုင်ဘူး

အချိန်သူခိုးတွေ အနားအကပ်မခံနဲ.

ကိုယ်ကလည်း အချိန်မခိုးနဲ.။

(ဓမ္မဒူတ အရှင်ပညာဇေတ)


 
     မကယ်နိုင်


ငါသည် ငါ၏အဖော်ဖြစ်၏။

ငါသည် ငါ၏လမ်းစဖြစ်သည်။

ငါသည် ငါ၏အပေါင်းအသင်းဖြစ်၏။

ငါ.ထက် မည်သူမျှ ငါ.ကို မကယ်နိုင်၍

ခံယူကြိုးစားရမည်။


                                     (ပီမိုးနင်း)


     လူကောင်းလူတော် 


လူတွေဟာ

တော်တိုင်းလည်း မကောင်းဘူး။

ကောင်းတိုင်းလည်း မတော်ဘူး။

လူကောင်းလူတော်ဟာ

အလွန်ရှားတယ်။

စောင်.စည်းမှ လူကောင်းတယ်။

ကြိုးစားမှ လူတော်တယ်။

လူတော်လူကောင်းလေးတွေဖြစ်အောင်

ကြိုးစားကြပါ။

           
                  (မဟာမြိုင်ဆရာတော်)


စာချစ်သူမိတ်ဆွေများ အသိပညားများ တိုးပွားစေခြင်းအလို.ငှာ အရှင်သာသန ရေးသားထားသော ပညာရှိ
တို.၏ အဆိုအမိန်.များ  (၃)မှ ပြန်လည် မျှဝေထားခြင်းဖြစ်ပါတယ်။


                                                                                            မောင်မောင်


1 comments:

အလင်းသစ် said...

သေသေချာချာကို မှတ်သားသွားပါတယ်ဗျာ။။။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။