Monday 4 July 2011

ဆရာတော်ဘုရားကြီးများ၏ ဆုံးမသြဝါဒ စကားများ

မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊
ဖြူအောင်စိတ်ကိုထား..
ပြော-ပြု-တွေးလျင်၊သတိယှဉ်၊
ဆင်ခြင်ဥာဏ်ရှေ့ ပွါး..
လုံ့ လနှင့် ဇွဲ၊မလျော့ ပဲ ၊
အမြဲတင်းတင်းထား၊
အရာရာတွင်အသုံးဝင်၊
အောင်မြင်ကြောင်းတရား..။ ။

(ကျေးဇူးတော်ရှင် ..ချမ်းမြေ့  ဆရာတော်ဘုရားကြီး)


“အချိန်တန်ရင် အကျိုးပေးမယ်”

အခုလောလောဆယ်
ညှစ်ထားတဲ့နို့ရည်ဟာ
ပင်ကိုယ်သဘာဝကနေ
ရုတ်တရက်ချက်ချင်းကြီး
ပြောင်းလဲမသွားသလို…
ချက်ချင်းချဉ်သွားတာမျိုး မဖြစ်သလို…
အခုလောလောဆယ်ပြုထားတဲ့
မကောင်းမှုအကုသိုလ်ကံဟာလည်း
ချက်ချင်းလက်ငင်းကြီး
အကျိုးမပေးသေးပါဘူး။
ဒါပေမယ့်… ပြာဖုံးနေတဲ့မီးခဲဟာ
နင်းလာသူကို ပူလောင်စေသလို
အဲဒီ မကောင်းမှုအကုသိုလ်ကံကလည်း
ကံပြုသူ လူမိုက်ရဲ့နောက်ကို
ဒုက္ခအပူမီးတွေနဲ့
လောင်ကျွမ်းအောင် ရှို့မြှိုက်ရင်း
အစဉ်တစိုက် လိုက်ပါနေပါတယ်။

(ဓမ္မပဒဂါထာ-၇၁)


-စေတနာကောင်းလျှင် ကံကောင်း၍ ဘ၀အကျိုးပေး ကောင်းမည်။
-စေတနာညံ့လျှင် ကံညံ့၍ ဘ၀အကျိုးပေး ညံ့မည်။
-စေတနာကောက်ကွေ့လျှင် ကံကောက်ကွေ့၍ ဘ၀အကျိုးပေး ကောက်ကွေ့မည်။
-စေတနာဖြောင့်လျှင် ကံဖြောင့်၍ ဘ၀အကျိုးပေး ဖြောင့်မည်။
-စေတနာယုတ်ညံ့လျှင် ကံယုတ်ညံ့၍ ဘ၀အကျိုးပေး ယုတ်ညံ့မည်။
-စေတနာမြင့်မြတ်လျှင် ကံမြင့်မြတ်၍ ဘ၀အကျိုးပေး မြင့်မြတ်မည်။

စေတနာတည်းဟူသော ကံကို ကောင်းစွာ နားလည်သဘောပေါက်ပါက မိမိဘ၀ကို ကြိုက်သလိုဖန်ဆင်း၍ နေနိုင်ကြပါသည်။ ဖန်ဆင်းရှင် အစစ်သည် စေတနာဖြစ်သည်။
(တောင်တန်းဆရာတော်ဘုရားကြီး)   


  

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။