Sunday 10 July 2011

ဦးနှောက်ကိုပျက်ဆီး စေတဲ.အချက် 10 ချက်





၁။ မနက်စာမစားခြင်း

 မနက်စာမစားသူတွေရဲ. သွေးထဲမှာသကြားဓာတ်ပိုနည်းတတ်ပါတယ်။အကျိုးဆက်အနေနဲ.ဦးနှောက်တွေ       တွက်လုံလောက်တဲ.အာဟာရ မရတော.ဘဲ ဦးနှောက်ရဲ.စွမ်းရည်ကို ကျဆင်းစေပါတယ်။

၂။လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင်. ဦးနှောက်ရဲ. သွေလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်း
ရည်ကိုပါ ကျဆင်းစေပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင်. ဦးနှောက်ကို ကျုံ.စေသလို အယ်လ်ဇိုင်းမား ရောဂါ ( လူရဲ. မှတ်ဥာဏ်နဲ.စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ. ရောဂါ)ပါ ဖြစ်လာနိုင်ပါတယ်။

၎။ အချိုများလွန်ကဲစွာစားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ.ရင် ပရိုတိန်းဓာတ်နဲ. အာဟာရတွေ စုပ်ယူမှုကို အဟန်.အတားဖြစ်စေပြီး
အာဟာရချို.တဲ.စေတဲ.အပြင် ဦးနှောက်ဖွံ.ဖြိုးမှုကိုပါ အနှောက် အယှက် ဖြစ်စေပါတယ်။


၅။ လေထုညစ်ညမ်းခြင်း


ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ. အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ.
လေကို ရူသွင်းခြင်းအားဖြင်. ဦးနှောက်ကို အောက်ဆီဂျင် ထောက်ပံ.မှု လျော.နည်းစေပြီး ဦးနှောက်ရဲ. စွမ်း
ဆောင်ရည်ကို ကျဆင်းစေပါတယ်။


၆။အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ.အခါမှာ 

ဦးနှောက်ရဲ. ဆဲလ်တွေ သေဆုံးတဲ.နှုန်းမြင်.မားလာစေပါတယ်။

၇။အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကို ဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင်. ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှု.ကို တိုးလာစေပြီး
အောက်ဆီဂျင်စုစည်းမှုကိုတော. လျော.ကျစေတာကြောင်.ဦးနှောက်ကို ပျက်ဆီးစေတဲ.အကျိုးဆက်ကို ရစေ
ပါတယ်။


၈။ ကျန်းမာရေးမကောင်းချိန်မှာ  ဦးနှောက်ကို အသုံးပြုခြင်း


ကျန်းမာရေး မကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ.)အလုပ်ပြင်းထန်စွာ လုပ်တာမျိုး စာကျက်စာဖတ် တာမျိုး
တွေဟာ ဦးနှောက်ရဲ. စွမ်းဆောင်နိုင်မှုတွေကို လျော.ကျစေသလို ဦးနှောက်ကိုလည်း ပျက်ဆီးစေပါတယ်။


၉။စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှု.မရှိခြင်း


စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ.ကျင်.ပေးဖို. အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို 
တက်ကြွစေတဲ. စဉ်းစားတွေးခေါ်မှု.တွေမလုပ်ပေးရင် ဦးနှောက်ကို ကျုံ.စေပါတယ်။


၁၀။စကားနည်းခြင်း


အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ. စကားစမြည်းမျိုး ပြောပေးခြင်းကြောင်. ဦးနှောက်ရဲ. စွမ်းရည်ကို တိုးတက်စေပါတယ်။




ကျန်းကိုး။  http://chemistryfield.blogspot.com

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။