Thursday 23 June 2011

တက္ကသိုလ်မင်းလောင်းရဲ. စိတ်ထား

   လူ ၆ ယောက် ဂန္ဓာရတိုင်းက တက္ကသိုလ်မြို.ကို သွားကြပါတယ်။ ခေါင်းဆောင်ကတော. ဘုရားလောင်း ပါ။ ဘုရားလောင်းက  ဗြဟ္မဒတ်မင်းရဲ. သားတစ်ရာထည်းက အငယ်ဆုံးသားဖြစ်ပါတယ်။  မင်းသားလေးဟာ နန်းတော်ကို ကြွလာတဲ. ရဟန်းတော်တွေကို အလုပ်အကြွေးပြုစုတာ အမြဲ.ပေါ.။ ခု မင်းသားလေး နေတဲ.မြို.နဲ.တက္ကသိုလ်မြို.ဟာယူဇနာ၁၂၀ ဝေးကွာကာလမ်းခရီးအကြားမှာလည်း တောအုပ်ကြီးတွေ ရှိတယ်။ ဖြတ်သန်း သွားရမယ်.တောအုပ်ထည်းမှာတော. ဘီလူးမတွေအများကြီးဘဲ။ ခရီးသွားတဲ.လူတွေကို အမျိုးမျိုးသွေးဆောင်ဖြားယောင်ပီး  နောက်ဆုံး ကိုက်သတ်စားကြပါတယ်။ သတိရှိပြီး တက္ကသိုလ်မြို.ကို  အရောက်သွားနိုင်ခဲ.ရင်  ၇ ရက်မြောက်မှာ ဘုရင် ဖြစ်လိမ်.မယ်။
   ဘုရားလောင်းဟာ  ရဟန်းတော်တွေ ချီးမြှင်.သော ပရိတ်သဲနဲ. ကြိုးကို ယူခဲ.ကာ မိဘတွေကို ကန်တော.ခဲ.ပါတယ်။ အပေါင်းအသင်း၅ ယောက်ကို  တက္ကသိုလ်မြို.ကို သွားပြီး မင်းအဖြစ်ကို ယူမယ်  နေ.ရစ်ကြလို.ပြောတော.  သူတို.လည်း လိုက်မယ် ဆို၍ လမ်းခရီးက ဘီလူးမတွေရဲ. အန္တရာယ်ကို ပြောပြကာ  ခရီးကို စတင်ခဲ.ကြတယ်။ လမ်းခရီးမှာ ဘီလူးမတွေက အမျိုးမျိုး ဖြားယောင်း
သွေးဆောင်ကာ  ကိုက်သတ်စားကြတာ တစ်ယောက်ပြီး တစ်ယောက်ပေါ.။ နောက်ဆုံး ဘုရားလောင်းဘဲ
ကျန်ပါတော.တယ်။ သတိကို မခွာတဲ. ဘုရားလောင်းကိုတော. ဖြားယောင်လို.မရပါဘူး။ နောက်ဆုံး တော.
မြို.အဝင် တံခါးဝက ဇရပ် တစ်ခုကို ရောက်သွားကာ  အမောဖြေနေ ၏။ ခပ်လှမ်းလှမ်းက လိုက်ပါလာတဲ. ဘီလူးမ က  ဘုရားလောင်းရဲ. တန်ခိုးတော်ကြောင်. ဇရပ်အတွင်းကို မဝင်ရဲပါဘူး။ နတ်သမီးအသွင် ဖနု
ဆင်းပြီး ဇရပ်ရဲ. တံခါးဝမှာ ရပ်နေပါတယ်။
   ထိုအချိန်မှာဘဲ တက္ကသိုလ်မင်းက ဥယျာဉ်ကို သွားတဲ.အခါ နတ်သမီးအသွင်ဖန်ဆင်းထားတဲ. ဘီလူးမကို
သဘောကျသွားပြီး  မိဖုရားခေါင်ကြီးအရာမှာ ထားတော.  တက္ကသိုလ်မင်းနဲ.တကွ ကြက်၊ ခွေးတွေက အ
စ နန်းတွင်း ရှိလူတွေအားလုံးကို  ကိုက်စားလိုက်တာ အရိုးတွေဘဲ ကျန်တော.တယ်။  ဘုရားလောင်းမှ ဘီ
လူးမကို  ပရိတ်သဲ နဲ.ပတ်ကာ  နိမ်နှင်းလိုက်ပါတယ်။ တိုင်းသူပြည်သားတွေဟာ ဘုရားလောင်းရဲ. တည်
ကြည်မှု၊ အသိပညာရှိမှုကို သဘောကျကာ တက္ကသိုလ်မင်း အဖြစ်တင်မြှောက်လိုက်ပါတယ်။
   လူ.လောက လူ.ဘဝတွေမှာလည်း အဖျက်အဆီးအာရုံတွေက ပေါလှပါတယ်။ မထိန်းသိမ်းနိုင်တဲ.လူ
တွေ၊ သာယာ ယစ်မှုးနေတဲ.လူတွေတော.  များပြားလှတဲ. အာရုံတွေထည်းမှာဘဲ  နစ်မြုပ်သွားတတ်ကြတာ
ပေါ.။


   ပန်းတိုင်ဆိုတာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်သူတွေသာ ရောက်နိုင်မှာ ဖြစ်သာကို သတိ
ပြုကြပါ။  အခက်အခဲတွေ ဆိုမှာလည်း  ကြမ်းတာတွေလည်း ရှိသလို နုတာတွေလည်း ရှိတတ်ပါတယ်။ ကြမ်းတာထက် နုတာက ပိုပြီး ဖြတ်ကျော်ဖို.ခက်တယ်နော်။ မမေ.ပါနဲ.။  တည်တည် ငြိမ်ငြိမ်နဲ. အမှားအမှန်
ကိုဝေဖန်ပိုင်းခြားပြီး ကျော်ဖြတ်မှသာ ဘဝရဲ. စစ်မှန်တဲ. ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

                                                                           လေးစားစွာဖြင်.(မောင်မောင်)

သာမဏေကျော်၏ အတုယူဖွယ်ရာ စိတ်ထားများ စာအုပ်မှပြန်လည်ကောက်နှုတ်ထားခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။