Thursday 23 June 2011

အတ္တနဲ့ပရ


သူသူငါငါ လူသားတိုင်း၏စိတ်သည် အတ္တကိုအခြေခံကြသဖြင့် ကိုယ့်အတွက်သာ
ကြည့်တတ်စမြဲဖြစ်သည်..

ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ငါ့အတွက် ငါ့မိသားစုအတွက်သာ ကြည့်တတ်ကြဦးစားပေးတတ်
ကြလေသည်..သို့ သော် သက်ရှိသတ္တ၀ါများအားလုံးတွင် လူသားများသာလျှင် လူအချင်းချင်း
နားလည်စာနာသောစိတ်၊ကိုယ်ချင်းစာစိတ် ၊ သနားဂရုဏာစိတ်များရှိတတ်ကြပြန်ရာ
၎င်းကောင်းမွန်သော စိတ်ဓါတ်တို့ သည်အရေးကြုံလာပါက နေ့ စဉ်းလွှမ်းမိုးနေသော
အတ္တများကြားမှ ထွက်ပေါ်လာတတ်ကြပြန်သည်...

ထို့ ကြောင့်သာလျှင် အတ္တနှင့်ဆန့် ကျင်သည့် ပရဟိတလုပ်ငန်းများကို
လူသားအချင်းချင်းပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်...
ပရဟိတလုပ်ငန်းများဆောင်ရွက်ကြရာဝယ် အများအတွက်အနစ်နာခံရွေ့ 
ကိုယ်ကျိုးစီးပွားစွန့် လွှတ်တတ်သော ၊လူအများကောင်းစားရေးအတွက် မိမိ၏
ဘ၀ကိုစတေးရဲသော အများအကျိုးအတွက် မိမိအသက်အိုးအိမ်စည်းစိမ်ကိုပါ
စွန့် လွှတ်ဝံ့သော စိတ်ဓါတ်များသည် လူသားများအတွက်ချီးကျူးဂုဏ်ပြုထိုက်သော
အနှိုင်းမဲ့ ဂုဏ်ဒြပ်များပင်ဖြစ်သည်..



လူ့ဘောင်လောကတွေင် မိမိအကျိုးစီးပွားတစ်ခုတည်းကိုသာကြည့်တတ်သော
အတ္တကြီးသည့် လူတစ်ဦး ၊မိသားစု ၊ အတ္တကြီးသည့်
ရပ်ရွာတိုင်ပြည်များသည် တနပ်စာနှင့် တဘ၀စာမျှသာဖြစ်သည်..
နီးစပ်ရာပါတ်ဝန်းကျင်သို့ လဲ တောမီသဖွယ် ပျံနှံ ၊ ငရဲတမျှလဲပူလောင်လှ၏...
ထို့ ကြောင့်လူသားအားလုံး '' ငါ့အတွက် ငါ့မိသားစုအတွက် " ဟူသောအတ္တတွေကြားမှာ
နစ်မြုပ်မနေကြဘဲလဲနေသူကိုထူပေးဖို့ အားငယ်သူကိုအားပေးဖို့  ၊ အစားအသောက်
အ၀တ်အစားငတ်မွတ်နေသူတွေကိုကိုယ်တတ်စွမ်းသလောက် ဝေမျှပေးဖို့ အတွက်
အတ္တနဲ့ ပရမျှတသော လူတစ်ယောက် ၊ မိသားတစ်စု ၊တိုင်းပြည်တစ်ပြည်ဖြစ်ဖို့ ကြိုးစားရန်မှာလူသားအားလုံးတွင် တာဝန်ရှိပါသည်.....
(Post by လုံးလုံး)

                                                                                  ဖေဘုတ် user မ    Ym Thinzar Kyaw
 ထံမှပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။    အင်မတန်မှ ကောင်းမွန်သော  အနှစ်သာရပြည်.သော ပို.စ်
ဖြစ်တယ်ဆိုတာ   ဖတ်ကြည်.မှသိသွားမယ်။

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။