လောပန်းလောင်းတို. ပျော်ရာမြေ
ကျောင်းစိမ်းမြေမှ နေ.စဉ်လုပ်ငန်းခွင်
ကချင်ပြည်နယ်သားတိုင်း ကျောက်စိမ်းမြေကို သိကြတယ်။ အများစုလည်း ရောက်ဖူးကြလိမ်.မယ်။
မှော်ဆန်သော ကျောက်စိမ်းမြေ နဲ. ကချင်ပြည်နယ်သူ ပြည်နယ်သားတို.မှာ ကင်းနိုင်လိမ်.မည် မဟုတ်မှာ
တော.အသေအချာပင်။ယနေ.အခါတွင် ကျောက်စိမ်းမြေသာမက ရွှေမှော်ဟု ခေါ်ဝေါ်ကြသော ရွှေလုပ်ငန်း
များမှာလည်း အမြောက်အများ ပေါ်လာပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ တွင်းထွက်သယံဇာတအများစုမှာ ကချင်ပြည်နယ်မှာ ရှိလိမ်.မယ်လို. ကျနော်ကတော.ထင်တယ်။ နိုင်ငံကို ဒေါ်လာသန်းပေါင်းများစွာ ရှာပေးနေသည်မှာလည်း ထို ကျောက်မျက်ရတနာပြပွဲ များပင် ဖြစ်သည်။
ကျနော် ငယ်စဉ်ကတည်းကပင် ကျောက်စိမ်းမြေနှင်. ရင်းနှီးကျွမ်းဝင်ခဲ.တယ်။ ကျောက်တူး လို.တော.
မဟုတ်ဘူး.. အမေ နဲ. အဖွားတို. ကျောက်စိမ်းမြေဟု ခေါ်ကြသော လုံးခင်းရွာလေးမှာဈေးရောင်းခဲ.သော
ကြောင်. ကျောင်းပိတ်တိုင်း ကျနော် ရောက်ဖြစ်တယ်။ လုံးခင်က ရွာလို.သာ ဆိုပေမယ်. စည်ကား
ချက်ကတော. နေ.တိုင်းပွဲ ရှိတဲ.အတိုင်းပါဘဲ။ လက်ဖက်ရည်ဆိုင်တိုင်းမှာလည်း လူအပြည်.။ တည်းခိုခန်း
များကလည်း အခန်းလွတ်တယ်လို.မရှိ။ ဘုန်းကြီးကျောင်းများမှာပင် တည်းခိုတဲ.လူတွေ ရှိတယ်။ အိပ်စရာ
နေရာထိုင်ခင်းမရှိတော.လည်း နောက်ဆုံး ဘုန်းကြီးကျောင်းဘဲသွားတာပေါ. မဟုတ်လား။
မှော်ဆန်သော မြေဟု တင်စားရတဲ.အတိုင်း မထင်မှတ်ဘဲ အချိန်တိုတိုနဲ. သူဋ္ဌေး (လောပန်း=ဒေသအ
ခေါ်) ဖြစ်သွားကျတဲ.သူများလည်း ရှိသလို နှစ်ပေါင်းများစွာကြာတဲ.အထိထမင်းစားကျောက်လောက်နဲ.သာ ကျင်လည်နေပြီး နောက်ဆုံး ရှိတာအကုန်ရောင်း ပြီး အိမ်ပြန်မလှတဲ.သူတွေလည်း ဒုနဲ.ဒေးပါ။ ငှက်ဖျား မိပြီ
လူမသိ သူမသိ သေသွားတဲ.သူတွေလည်း ရှိသေးတယ်။ ငွေကို လွယ်လွယ်နဲ.ရတော. မထိန်းနိုင် မသိမ်း
နိုင်ဘဝပျက်သွားကြတဲ.သူတွေလည်း အများကြီးပါဘဲ။ နေ.စဉ်နဲ.အမျှကြားနေရတယ် မှော်သတင်းက
တော. နားနဲ.မဆန်.ပင်။
အမှုအခင်း လည်း များသောနေရာပင်။ နေ.ခင်းဆိုပင်ပင် ပန်းပန်းနဲ.လုပ် ညဆိုသောက်စားပျော်ပါးကြ
တော. အမှုအခင်း ပေါတယ်ဆိုတာကလည်း မဆန်းပါဘူး။ ကျောက်စိမ်းမြေကို လာတဲ.သူတွေထည်းမှာ ကချင်ပြည်နယ် တစ်ခုတည်းက မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က လူတွေအများကြီးပါ။
မျှော်လင်.ချက် တွေ အများကြီးနဲ. လာကြတဲ.သူတွေပေါ.။ ငယ်ငယ်က ကချင်အဆိုတော် Z ဒီးလာ၏
လောပန်းလောင်း သီချင်းမှာ ကျောက်စိမ်းမြေမှ ကျောက်တူးသမားလေးများအတွက် အားမာန် တက်စေ
မှာတော. အမှန်ပါ။ အဲ.သီချင်းကို ကျနော်မှတ်မိသလောက်ပြန်ပြောရရင် ကျင်းပေါင်း တစ်ထောင်ကုန်အောင်တူး ဇွဲမလျှော.ပါဘူး တစ်နေ.နေ. တစ်ချိန်ချိန် သိန်းကျောက်ရရင် လောပန်း ဖြစ်မှာပေါ.
တစ်ကယ်တော. ကျောက်တူးသမားတိုင်းဟာ လောပန်းလောင်းတွေပါ
လုံခင်း၊ ဖားကန်. ၊ ဆိုင်းတောင် ၊ တောမှော် စတဲ.နေရာတိုင်း ထိုသီချင်းတွေကို ဖွင်.တတ်ကြတယ်။
လောပန်းလောင်းတို.အင်မတန်မှ နှစ်သက်ကြတယ် မဟုတ်လား ။ နောက်ကျနော် ကြားဖူတာ ရှိသေး
တယ်။
သူငယ်ချင်းရေ ရွာရောက်ရင် အမေ.ကိုပြောပေးပါ ကျောက်စိမ်းရမှပြန်လာမယ် လောပန်း
ဖြစ်မှ အိမ်ကို ပြန်လာမယ်။
ကဲ. ဘယ်လောက်ကောင်းတဲ. သီချင်းလည်း အမေ.ကို ကျေးဇူးဆပ်နိုင်မှပြန်လာမယ်တဲ.။ ကျနော်လည်း ဆိုလိုက်ချင်သေးတယ်
အကိုရေ ရွာရောက်ရင် အမေ.ကိုပြောပေးပါ မာစတာဘွဲ.ရမှပြန်လာမယ် ပညာတတ်ကြီး
ဖြစ်မှပြန်လာမယ်ပေါ.။ ဟဲဟဲ အဲ.လိုတော.မရဘူးလေ သတ်မှတ်ထားတဲ. နှစ်အထိဘဲ နေရမှာကို။
ကဲ နောက်မှပြန် ဆက်ရေးပါအုန်းမယ် မှော်ဆန် မြေ အကြောင်းကို ခုတော. စာမေးပွဲလေးတွေ ရှိလို.
စာကျက်ဖို. လိုနေပြီလေ။ စာတွေအများကြီး ရေးချင်သေးတယ် ဗျာ။
အားလုံးကိုလေးစားစွာဖြင်. (မောင်မောင် )
ကျောက်စိမ်းမြေမှ ကျောက်သယ်ယဉ်များ
စွန်.ပစ်မြေစာတွေကြားထည်းမှာ ရေမဆေး ကျောက်ရှာနေကြသူများ
ဓါတ်ပုံများမှာ facebook user တစ်ယောက်၏ ပုံများကို ပြန်လည်
ဖော်ပြထားခြင်းဖြစ်ပါတယ်။
1 comments:
စာလာဖတ်သွားပါတယ် ကျောက်စိမ်းနယ်မြေအကြောင်း ဗဟုသုတအဖြစ် ဖတ်သွားပါတယ်
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။